အခန်း ၂၀၁
Viewers 40k

အခန်း (၂၀၁) - သားသမီးဝတ်ကျေနိုင်မှာ။ 


“အမျိုးသမီးဝမ်က မင်းအစ်ကိုကြီးကို ဘာလို့ ကောက်ခါငင်ခါကြီး ကြက်ဥတွေ ပေးရတာလဲ” လင်းချင်းဟယ်က လတ်တလောတွင် အလွန်အလုပ်များနေသည်။ ဆောင်းရာသီရိတ်သိမ်းပွဲက စတင်ပြီဖြစ်သည်။ သူမသည် စားကောင်းသောက်ဖွယ်များနှင့် စွပ်ပြုတ်အမျိုးမျိုး ကြားတွင် အလုပ်များနေပြီး ရွာသူရွာသားများကြား မည်သည့်အကြောင်း ဆွေးနွေးနေသည်ကို မသိရှိပေ။ 


“အစ်ကိုကြီးက ကောလိပ်တက်ဖို့ အလားအလာ အများကြီးရှိတယ်လို့ ရွာထဲမှာ ပြောနေကြတာ၊ သူတို့က အစ်ကိုကြီးကို သူတို့သားမက် ဖြစ်စေချင်နေကြတယ်” လောင်အာ့က ပြန်ပြောသည်။ 


လောင်တက အခန်းထဲမှ ထွက်လာသည်။ သူ့မျက်နှာတွင် ကူကယ်ရာမဲ့မှုများ ရှိနေ၏။ 


လင်းချင်းဟယ်က ရယ်မောပြီးနောက် ပြောလိုက်သည်။ “အဲဒါက ဒီလို ဖြစ်သွားတာပေါ့”


ပြီးနောက် သူမသည် လောင်အာ့ကို အမျိုးသမီးဝမ်ထံသို့ ‘ရှင့်ရဲ့ကြင်နာမှုအတွက် ကျေးဇူးပါ၊ ဒါပေမဲ့ အိမ်မှာလည်း ကြက်ဥတွေ ရှိတယ်၊ အခုက ဆောင်းရာသီရိတ်သိမ်းချိန်‌ ရောက်တော့မှာ ဖြစ်လို့ ရှင်တို့ မိသားစုအတွက် သိမ်းထားသင့်တယ်’ ဆိုသည့်စကားနှင့်အတူ ပြန်ပေးစေခဲ့သည်။ 


ယင်းမှာ အမျိုးသမီးဝမ်တစ်ဦးတည်း မဟုတ်ချေ။ အခြားသူများကလည်း ပေးခဲ့သည်။ လင်းချင်းဟယ်က အားလုံးကို ထိုသို့ ငြင်းဆိုခဲ့၏။ တချို့ကို လက်ခံပြီး တချို့ကို ငြင်းဆိုခဲ့ပါက ယင်းက လူများကို စော်ကားမိသလို ဖြစ်ပေလိမ့်မည်။ အားလုံးကို ညီတူမျှတူ ငြင်းဆိုလိုက်ခြင်းက ထိုသို့ မဖြစ်နိုင်တော့ချေ။ 


လင်းချင်းဟယ်က အမေကျိုးကို ထိုအကြောင်းပြောပြရင်း မရယ်ဘဲ မနေနိုင်ခဲ့ချေ။ 


အမေကျိုးက မအံ့ဩဘဲ ပြောလာသည်။ “အမျိုးသမီးချိုင်ကလည်း အတူတူပဲ လောင်တအတွက် အနာဂတ်မှာ ဘယ်လိုလူမျိုး ရှာဖွေမလဲ ဆိုတာကို အမြဲတမ်းမေးနေတာ”


ချိုင်ပါ့မိန်က သည်နှစ်တွင် လက်ထပ်ပြီး ဖြစ်သော်လည်း အမျိုးသမီးချိုင်ထံတွင် လောင်တထက် အသက်အနည်းငယ် ပိုကြီးသော သူမသားသမီးများ၏ ကလေးငယ်များရှိသေးသည်။ ထိုအထဲတွင် အသက်အရွယ် ကိုက်ညီသော မိန်းမငယ်လေးများ ရှိသည်။ 


“အမေ ဘယ်လို ပြန်ပြောမလဲ” လင်းချင်းဟယ်က ဆိုသည်။ 


“ငါကတော့ မင်းက လောင်တရဲ့ကိစ္စတွေကို တာဝန်ယူထားတာ ငါ ဝင်စွက်ဖက်မှာ မဟုတ်ဘူးလို့ ပြန်ပြောလိုက်တယ်” အမေကျိုးက ပြန်ပြောသည်။ 


ထိုစကားကို ဆိုရင်း အမေကျိုးသည် ရယ်ချင်နေခဲ့သည်။ မတိုင်မီက သူမသည် ကောင်လေးများ၏ လက်ထပ်ပွဲအတွက် စိုးရိမ်ပူပန်ခဲ့သည်။ သို့သော် ယခုတွင်မူ ထိုအစား လောင်တသည် တက္ကသိုလ် တက်ရောက်ရန် အလားအလာ ရှိကြောင်း ရွာတွင် ပျံ့နှံ့ခဲ့သည်။ လောင်တထံတွင် ရွေးချယ်ရန် မိန်းမငယ်လေးများစွာ ရှိလာလေသည်။ 


လင်းချင်းဟယ်က ဘာမှပြန်မပြောပေ။ 


လက်ရှိလူများ စိတ်ထဲတွင်ရှိသည့် ခေါ်နေကြသည့် တက္ကသိုလ်မှာ အမှန်တကယ်တွင် အလုပ်သမား၊ လယ်သမားနှင့် စစ်သား တက္ကသိုလ်မျှသာ ဖြစ်သည်။ 


၎င်းက လူများစွာ၏ အကြံပြုချက်များ လိုအပ်နေသေးဆဲ ဖြစ်သည်။ ယင်းက အလွန်အမင်း သာမန်ဆန်၏။ ၎င်းမှာ စာမေးပွဲဖြေခြင်းလောက် မကောင်းပေ။ 


ကောလိပ်ကျောင်းသား ဟူသော စကားနှစ်လုံးသည် အလွန်လွှမ်းမိုးနိုင်စွမ်း ရှိပေသည်။ ယင်းက အလွန် ထူးခြားပြောင်မြောက်သော စကားစု ဖြစ်ပေသည်။ 


အလုပ်သမား၊ လယ်သမား၊ စစ်သားများ တက္ကသိုလ် တက်ရောက်ခွင့်ရရန်မှာ နောက်ခံ ရှင်းလင်းရန် လိုပေသည်။ မတိုင်မီကတည်းက လင်းချင်းဟယ်သည် ပျင်းရိခြင်းနှင့် အစားကောင်းများစားခြင်းက လောင်တကို သက်ရောက်မှုရှိမည်ကို များစွာ မပူပန်ခဲ့ချေ။ ထိုအစား သူမ၏ အမှားအယွင်းကို ဖုံးကွယ်၍ သိက္ခာဆယ်ရန် ကြိုးပမ်းခြင်းက အတိုင်းအထက်အလွန် အောင်မြင်ခဲ့လေသည်။ 


ထို့ကြောင့် လောင်တတွင် အရည်အချင်းရှိသရွေ့ ပြဿနာရှိလိမ့်မည် မဟုတ်ချေ။ 


အပြင်ဘက်မှာ လောင်တကို အာရုံစိုက်နေကြတုန်း ဖြစ်သည်။ သို့သော် ရက်အနည်းငယ်ပြီးနောက် ဆောင်းရာသီရိတ်သိမ်းမှုက အလွန်အလုပ်များလာသည်။ မည်သူမှ များများစားစား ဂရုစိုက်ရန် အချိန်မရှိကြတော့ချေ။ 


ဆောင်းရာသီ ရိတ်သိမ်းမှု နှစ်ရက်မြောက်နေ့မှာ အဖေဖြစ်သူ ကျိုးချင်းပိုင်က ယုန်ဝဝ နောက်တစ်ကောင်ကို ဖမ်းမိခဲ့သည်။ 


အားလုံးက မနာလိုအားကျနေခဲ့ကြသည်။ 


ကျိုးချင်းပိုင်သည် ဆရာမလင်းကဲ့သို့သော အမျိုးသမီးကို ယူနိုင်ခဲ့တာ အံ့ဩဖွယ်မဟုတ်ချေ။ ကျိုးချင်းပိုင်က သာမန်လူမဟုတ်ပေ။ 


ဤထုတ်ဝေရေးအသင်း မဆိုးထားနှင့် အခြားသော ထုတ်ဝေရေးအသင်းများတွင်လည်း ရိတ်သိမ်းချိန်တွင် နှစ်တိုင်း ယုန်ဖမ်းမိသော ဖြစ်ရပ်မျိုး မရှိခဲ့ချေ။ 


ဤနှစ်ဆောင်းရာသီ ရိတ်သိမ်းမှု၌ စုချန်ငယ်လေးက ကောက်ရိတ်သိမ်းမှုမှာ ပါဝင်လာသည်။ ကောင်ငယ်လေးက အနည်းငယ် ပင်ပန်းနေသော်လည်း စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။ 


အကြောင်းမှာ ကလေးများအားလုံး ထိုနေရာ၌ ရှိနေ၍ ဖြစ်၏။ 


အနာဂတ်တွင် ဤမျိုးဆက်များသည် ငယ်ဘဝတွင် အမှန်တကယ် အနည်းငယ် သနားဖို့ ကောင်းပေလိမ့်မည်။ သို့တိုင် ငယ်စဉ်ဘဝကတော့ အမှန်ပင် ငယ်ဘဝတစ်ခု ရှိပေလိမ့်မည်။ 


“ယုန်သား... ယုန်သား...” စုချန်ငယ်လေးက သူ့စတုတ္တဦးလေး ယုန်တစ်ကောင်ဖမ်းမိကြောင်း ကြားရချိန်၌ ပျော်ရွှင်သွားတော့သည်။


ကလေးမလေးက ပြောသည်။ “ယုန်လေးက သိပ်ချစ်ဖို့ကောင်းတာကို ဘယ်လိုလုပ် စားရက်တာလဲ”


“ယုန်က အစားအသောက်တွေကို ခိုးတယ်လေ အစားအသောက်တွေ ကြီးထွားလာစေမဲ့ မြေကြီးတွေကိုလည်း တူးတယ်... သူတို့က အားလုံးတော့ ချစ်ဖို့မကောင်းဘူး နှပ်လိုက်ရင်တော့ အရသာရှိတယ်” စုချန်ငယ်လေးက အလွန်ငယ်သေး၍ နက်နဲသောမေးခွန်းများကို မဖြေတတ်သေးချေ။ လောင်စန်းက တာဝန်ယူ ဖြေပေးလိုက်သည်။ 


လောင်စန်းက ထိုသို့ ဖြေလိုက်သည်တွင် စုချန်ငယ်လေးက တက်ကြွစွာ ဖြေလိုက်သည်။ “ဟုတ်တယ် နှပ်ရမယ်”


သူသည် ငယ်သေးသည့်တိုင် ယုန်သားနှပ်က အရသာရှိကြောင်း ရေးရေးတော့ သတိရသေးပေသည်။

 

ကလေးမလေးက ယုန်သားနှပ်အကြောင်း ကြားသောအခါ အနည်းငယ် စားချင်လာပြီးနောက် တီးတိုးပြောလိုက်သည်။ “နင်တို့ ငါ့ကို အရသာပေးမြည်းလို့ ရမလား အရင်က တစ်ခါမှ မစားဖူးဘူး”


“သေချာတာပေါ့ ဒါပေမဲ့ ငါ မင်းကို တစ်ကိုက်ပဲ ပေးနိုင်မှာ ထပ်မရတော့ဘူး” လောင်စန်းက ပြောလိုက်သည်။ 


“လောင်စန်း နင်က သိပ်ကောင်းတာပဲ” ကလေးမလေးက သူ့ကို ပျော်ရွှင်စွာ ကြည့်နေလေသည်။ 


လောင်စန်းက သူ့လက်ကို စိတ်မရှိကြောင်း ဝေ့ယမ်းလိုက်သည်။

 

အမှန်မှာ ကလေးမလေးသည် ကလေးမလေးသည် ဝမ်လင်း၏သမီးဖြစ်သည်။ သူမမိခင်၏ အရေးကိစ္စကြောင့် ရွာမှလူများက သူမကို သိပ်မဖော်ရွေကြပေ။ သူမဖခင်မှာမူ အသစ်ထပ်ရှာနေပြီဖြစ်သည်။ ဤနှစ်အတွင်း အိမ်သို့ မိထွေးရောက်လည်မှာ အဖြစ်နိုင်ဆုံးဖြစ်သည်။ သူမဘဝ၏အနာဂတ်မှာ မည်မျှ ခက်ခဲမည်ကို ခန့်မှန်းရင်ပင် မလိုတော့ချေ။ 


သို့သော်ငြား လောင်စန်း၏ စိတ်က အလွန် အပြစ်ကင်းသေးသည်။ သူသည် သူတို့နှင့် အဆင်ပြေလျှင် ထိုသူ၏နောက်ခံကို စိတ်ထဲမထားချေ။ အကယ်၍ သူက အဆင်မပြေလျှင် ဘယ်လိုနောက်ခံကောင်းနေပါစေ သူက နောက်တစ်ကြိမ် ပြန်ကြည့်မည် မဟုတ်ချေ။ 


ညနေပိုင်း သူတို့ ယုန်သားနှပ်သည့်အခါ ကလေးမလေးသည် အပြင်ဘက်ဝင်ပေါက်၌ အမှန်ပင် စောင့်ဆိုင်းနေခဲ့၏။ လောင်စန်းက သူမကို မမေ့ခဲ့ပေ။ သူက သူမအတွက် အပိုင်းသေးသေးလေးတစ်ခု ယူပေးခဲ့သည်။ 


သူမသည် တစ်ကိုယ်ရေသန့်ရှင်းရေးကို လုံးဝ အလေးမထားပေ။ ကလေးမလေးသည် တစ်ဘဝလုံးတွင် ယုန်သားသည် မည်မျှ အရသာရှိသည်ကို အမှတ်ရသွားတော့ပေမည်။ 


အချိန်ကြာလာပြီးနောက်မှာတော့ ရွှင်ပျသော ကောင်ကလေးက အဝေးကို ထွက်သွားလိုက်မည်မှာ အနည်းငယ် နှမြောဖို့ ကောင်းပေသည်။ တစ်ဘဝလုံး အတူတူ ရှိနေခြင်းက မဖြစ်နိုင်ချေ။ 


“လောင်စန်း မင်းဘာလို့ အသားကို ဖယ်ထားတာလဲ” လောင်အာ့က မေးလိုက်သည်။ 


“ဘာမှမဟုတ်ပါဘူး” လောင်စန်းက ပန်းကန်လုံးကို ကောက်ယူပြီးနောက် စစားဖို့ ပြင်လိုက်သည်။ သူက စုချန်လေးကို လှည့်ကြည့်ပြီးနောက်၊ “ညီငယ်လေး ယုန်သားက အရသာရှိလား”


“အရသာရှိတယ်၊ တအား အရသာရှိ...” စုချန်ငယ်လေးက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ သူသည် ယုန်ခြေထောက်တစ်ချောင်းကို ရရှိခဲ့သည်။ ၎င်းကို သူက အသံမြည်အောင် ဝါးရင်း အလွန်ပျော်ရွှင်နေလေသည်။ 


“အရသာရှိရင် များများစား...” လောင်စန်းက ပြုံးဖြီးဖြီး ပြောလိုက်သည်။ 


လင်းချင်းဟယ်က ကျိုးချင်းပိုင်နှင့် အဖေကျိုးကို များများစားရန် ပြောလိုက်သည်။ ဤနှစ်ဆောင်းရာသီ ရိတ်သိမ်းမှုသည်လည်း အလွန်ပင်ပန်းလေသည်။ 


လောင်တသည် သူ့လေ့ကျင့်မှုများဖြင့် ပြည့်နှက်နေသော်လည်း မွန်းလွဲပိုင်း ဆောင်းရာသီရိတ်သိမ်းမှု၌ ပါဝင်သေးဆဲ ဖြစ်သည်။ လင်းချင်းဟယ်က သူ့ကို မတားခဲ့ပေ။ သူမသည် ညစာစားပြီးနောက် ရေချိုးခိုင်းကာ စာကျက်ခိုင်းခဲ့သည်။ 


အဘိုးဖြစ်သူ အဖေကျိုးသည် အလွန်ကျေနပ်သွား၏။ အပြင်မှလူများသည် သူ့မိသားစုမှ ကောလိပ်ကျောင်းသား တစ်ယောက်ကို မွေးထုတ်ပေးနိုင်သည်ဟု ပြောဆိုနေကြသည်။ အဘိုးတစ်ယောက်အနေနှင့် မည်သို့ အားရဝမ်းသာ မနေဘဲ နေမည်နည်း။ 


သက်ကြီးပိုင်းတွေရဲ့ အကြီးမားဆုံးဆန္ဒက ဘာများလဲ။ 


သူတို့သည် သူတို့၏နောင်မျိုးဆက်တစ်ယောက်စီသည် ယခင်ကထက် ပိုသန်မာလာစေဖို့ မျှော်လင့်တာသာ ဖြစ်သည်။ သူ့အငယ်ဆုံးသားသည် သူ့ထက်သာပြီး သူ့ထက် လုပ်နိုင်စွမ်း ပိုရှိသည်။ ယခုတွင်မူ သူ့မြေးသည် သူ့သားထက် လုပ်နိုင်စွမ်း ပိုရှိလေသည်။ လူတိုင်း၏ မျက်စိထဲတွင် သူသည် နောင်တွင် ကောလိပ်ကျောင်းသား ဖြစ်လိမ့်မည်။ ယင်းကို အဘယ်သို့ မပျော်ဘဲ နေမည်နည်း။ 


အခုတော့ အဖေကျိုး အပြင်ထွက်တိုင်း လူတိုင်းက သူ့ကို လေးစားနေကြတော့သည်။ 


အဖေကျိုးက စကားများများ ပြောရန် မရှိပေ။ သူ့မြေးလေးသည် ကျောင်းမှ ပြန်လာလျှင် စာကျက်ပြီး အလွတ်ရွတ်လေ့ရှိသည်။ တစ်ခါတရံ သူ့အား စစ်ဆေးရန် အကူအညီတောင်းတတ်သည်။ 


အဖေကျိုးက စာလုံးအနည်းငယ်ကို သိသည်။ သူ မရသည့်အခါတွင် လောင်အာ့ကို တာဝန်ပေး ကြည့်ခိုင်းပေမည်။ 


သို့သော် ၎င်းကပင် တခြားသော သက်ကြီးပိုင်းများ၏ အားကျမနာလိုမှုကို ခံရပေသည်။ 


“နောင်မှာ မင်းကတော့ သက်သောင့်သက်သာနဲ့ လွယ်ကူတော့မှာပဲ” လူတိုင်းက သူ့ကို ပြောသည်။ 


“ငါ အခုကို ပျော်ရွှင်နေရပါပြီကွာ။” အဖေကျိုးက ရိုးရှင်းစွာ ပြန်တုံ့ပြန်လိုက်သည်။ 


စတုတ္ထလေး၏ဇနီးနှင့် လာစားစဉ်ကတည်းက အဖေကျိုးသည် ဘဝရှင်သန်မှုကို ရှာတွေ့ခဲ့ပြီဖြစ်သည်။ ယင်းက အလွန်အမင်း သက်သောင့်သက်သာ ရှိပြီဖြစ်သည်။ 


ရိုးသားစွာ ဆိုရလျှင် အတိတ်တုန်းက အဖေကျိုးသည် အခေါင်းထဲ ဝင်ရတော့မည့်အရွယ်ဟု ခံစားခဲ့ရသည်။ သို့သော် ယခုတွင်မူ အဖေကျိုးသည် နှစ်အနည်းငယ်လောက် ထပ်နေရအုံးမည်ဟု ခံစားရလေသည်။ 


ဤနှစ်စက သူသည် အလုပ်ရမှတ်နှစ်ခုကို ထပ်မံဖယ်ထုတ်လိုက်ပြီး အလုပ်ရမှတ် ၆မှတ်သာ ရယူခဲ့သည်။ 


စတုတ္ထလေး၏ဇနီးသည် ယင်းကို သိပြီးနောက်တွင် သူ့ကို ဝေဖန်အပြစ်ရှာမနေဘဲ သူမက ထောက်ခံခဲ့သည်။ သူမက သူ့ကို ပြောခဲ့၏။ 


“အဖေ့ကို အများကြီး အပင်ပန်းမခံဖို့ ပြောချင်နေတာ ကြာပြီ အဖေ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်မှာ စိုးနေတာ၊ အဖေက အသက်ဒီလောက် ရှိနေပြီ အဖေ့ခန္ဓာကိုယ်ကို သေချာပေါက် ကာကွယ်ရတော့မှာ ဒါမှ အနာဂတ်မှာ အဖေ့မြေးတွေက အဖေ့ကို သားသမီးဝတ်ကျေနိုင်မှာ”