အခန်း (၂၀၇) - မအေးတော့ဘူး။
ကျိုးချင်းပိုင်က ပျော်ရွှင်နေသည်။ လတ်တလောမှာ သူက စိတ်ကျေနပ်စေဖို့ အကြောင်းအရာတွေနဲ့ စိတ်ကျေနပ်နေခဲ့သည်။ သူ့မိဘတွေက ကျန်းမာနေသည်။ ညီအစ်ကိုအချင်းချင်း ဆက်ဆံရေးကောင်းနေ၏။ သိမ်မွေ့သောဇနီးရှိကာ တွေးတောတတ်ပြီး ကျန်းမာသန်စွမ်းသော ကလေးများ ရှိသည်။
ယောက်ျားတစ်ယောက်အတွက် ဤထက်ပိုသည့် ပြည့်စုံမှု ရှိပါအုံးမည်လော။
သူ့၌ရှိသော အရာရာတိုင်းကို သူ့ဇနီးက ပေးခဲ့ခြင်း ဖြစ်သည်။ သူက သူမကို ကျေးဇူးတင်ပြီး ပွေ့ဖက်ထားလိုပေသည်။
သူက အတင်းအကျပ် လုပ်ချင်နေတာကို လင်းချင်းဟယ်က ရှားရှားပါးပါး မြင်တွေ့လိုက်ရသည်။ သူမက သူ့လည်တိုင်ကို ပွေ့ဖက်လိုက်ပြီး ပြုံးလျက် ပြောသည်။ “ဘာဖြစ်တာလဲ၊ လောင်စန်းဆီက သင်ထားတာလား”
ကျိုးချင်းပိုင်က သူ့ဇနီး၏မျက်လုံးများကို စိုက်ကြည့်လိုက်၏။ ယင်းက သူ့အတွက် တွယ်တာမှု အပြည့်ရှိနေ၏။ သူ့နှုတ်ခမ်းစွန်းက အနည်းငယ် မြင့်တက်သွားသည်။
သည်လူက အမြဲတမ်း ကြမ်းတမ်းလေ့ရှိသော်လည်း ယင်းက အိမ်အပြင်မှာသာ ဖြစ်သည်။ သူ အိမ်ပြန်လာသောအခါ သူ့အိမ်မှ နွေးထွေးမှုကို သူ နှစ်သက်သည်။
လင်းချင်းဟယ်က ဤကိစ္စများတွင် ဘယ်တုန်းကမှ တွန့်တိုခြင်းမရှိပေ။
သူသည် အိမ်အပြင်၌ မည်မျှ ပင်ပန်းလာပါစေ ကိစ္စမရှိ၊ သူ အိမ်ပြန်ရောက်သောအခါ သူမက သူ့ကို နွေးထွေးမှု အမြဲတမ်း ပေးပေသည်။
ကျိုးချင်းပိုင်က မိသားစုအတွက် အပြင်မှာ စီးပွားရှာပြီး အလုပ်များနေတာကြောင့် သူမသည် သူ စိတ်ပူစရာ မလိုအောင် မိသားစုကို သဘာဝကျကျ ဂရုစိုက်မည် ဖြစ်ပြီး ထိုအတွက် သူ စိတ်ပူရန် မလိုပေ။
မိသားစုကို သူနှင့်သူမ နှစ်ယောက်သား တည်ထောင်ထားခြင်း ဖြစ်တာကြောင့် တာဝန်အကုန်လုံးကို သူ တစ်ဦးတည်း တာဝန်ယူဖို့ မလိုပေ။
ကျိုးချင်းပိုင်သည် လင်းချင်းဟယ်ကို ပွေ့ချီပြီး အနွေးခုတင်ပေါ် တင်လိုက်သည်။ သုံးမိနစ်ကြာ အနမ်းဖြင့် နှုတ်ဆက်သည်။
“အရက်နံ့ ရတယ်”
နမ်းပြီးသည်နှင့် လင်းချင်းဟယ်က သူ့ကို အနည်းငယ် တွန်းလိုက်ပြီး နှုတ်ခမ်းဆူလိုက်သည်။
“ဇနီးလေး...” ကျိုးချင်းပိုင်က သူမကို အက်ရှရှအသံဖြင့် ခေါ်လိုက်သည်။
ထိုဇနီးလေးဟူသော ခေါ်သံက ထိုအမျိုးသား၏ သူမအပေါ် နက်ရှိုင်းသော ချစ်ခြင်းတရားတို့ ပါဝင်နေသည်။ လင်းချင်းဟယ်၏ ခန္ဓာကိုယ်က ပျော့ပျောင်းသွား၏။
သဘာဝကျကျပင် နှစ်ယောက်သားက နူးညံ့သောချစ်ခြင်းတို့ ရှိခဲ့ကြသည်။
ညလယ်ခေါင်၌ အပူချိန်က ထပ်ကျသွားသည်။
ဤနှစ်ဆောင်းရာသီက နှစ်သစ်ကူးမှာပင် အလွန်အေးခဲနေသေးသည်။ ကျိုးချင်းပိုင်က သူ့သားသုံးယောက်ကို စစ်ဆေးရန် သွားလိုက်သည်။ အနွေးခုတင်က အတော်လေး နွေးနေသေး၍ သူ့စိတ်ထဲ သက်သာရာရသွား၏။
အပြင်ဘက်တွင် ဖေးယင်အတွက် ဟောင်းနွမ်းနေသော အနွေးဘောင်းဘီတစ်စုံကို ထည့်ပေးလိုက်သည်။ ဖေးယင်းက သူ့အမြှီးကို လှုပ်ယမ်းလျက် တုံ့ပြန်သည်။ ကျိုးချင်းပိုင်က ဆက်အိပ်ရန် အထဲဝင်လာတော့သည်။
“ဒီနေ့ တကယ်အေးတယ်” လင်းချင်းဟယ်ကလည်း နိုးနေပြီး ပြောလိုက်သည်။
“ကိုယ် ငယ်ငယ်တုန်းက ဒီလိုမျိုး တစ်ကြိမ် အေးဖူးတယ်” ကျိုးချင်းပိုင်က သူမကို ဖက်ရင်း တုံ့ပြန်လိုက်သည်။
“အဖေနဲ့အမေက ရှင့်ကို အချစ်ဆုံးဆိုတော့ သူတို့က ရှင့်ကို အအေးခံခိုင်းမှာ မဟုတ်ဘူးဆိုတာ ကျွန်မပြောနိုင်တယ်” လင်းချင်းဟယ်က ခပ်ဖွဖွ ပြုံးလိုက်သည်။
“သူတို့က ကိုယ်ကို တအားချစ်တာ ဆိုပေမယ့် အိမ်ရဲ့အခြေအနေက သိပ်မကောင်းဘူး။ ကိုယ်တို့အားလုံး ရောထွေးပြီး အတူတူ အိပ်ကြတယ်” ကျိုးချင်းပိုင်က ဆိုသည်။
ထိုအချိန်တွင် ထိုမျှကြီးမားသော ဂွမ်းကပ် မရှိသေးပေ။ အားလုံးကို ကောက်ရိုးဖြင့်သာ ပြုလုပ်ထားရ၏။ ကောက်ရိုးက မည်သို့ နွေးနိုင်မည်နည်း။ ကံကောင်းစွာဖြင့် အဖေကျိုးနှင့် အမေကျိုးက အိမ်ကို အတော်လေး အလေးထားသည်။ သူတို့က သူတို့အစာအိမ်ကို ၅၀-၆၀ရာခိုင်နှုန်းခန့် ဖြည့်တင်းနိုင်ခဲ့၏။ ထို့ကြောင့် ထိုဆောင်းတွင်းမှာ အတော်လေး အေးသော်လည်း သူတို့က မအေးခဲသွားခဲ့ချေ။
သူတို့မိသားစုတစ်ခုလုံးက အဆင်ပြေခဲ့သော်လည်း တခြားသော မိသားစုများမှာမူ ကံမကောင်းခဲ့ကြချေ။
ဆိုရလျှင် မိဘများအနေဖြင့် အဖေကျိုးနှင့် အမေကျိုးတို့က ကြီးမြတ်ပေသည်။ ထို့ကြောင့်သာ မောင်နှမများက သိတတ်ခြင်း ဖြစ်ပေသည်။
ဥပမာအားဖြင့် အငယ်ဆုံးညီမလေး ကျိုးရှောင်မိန်နှင့် ပထမအစ်မကြီးနှင့် ဒုတိယအစ်မကြီးတို့၏ မိသားစုများမှာ မချမ်းသာပေ။ စုတာ့လင်းက စုချန်၏ညီအစ်ကိုများကို ပြန်ခေါ်လာချိန်တွင် အဖေကျိုးနှင့် အမေကျိုးအတွက် ဂျုံမှုန့်ဖြူ ၁၀ကျင်းကို ယူလာခဲ့သည်။ ယင်းအပြင် ၁၀ယွမ်ပါသော အနီရောင်စာအိတ်နီလည်း ပါသေး၏။
သူတို့က အလွန်သိတတ်ပေသည်။
“ကိုယ်တို့မိသားစုအတွက် ဒီဂွမ်းကပ်နှစ်ထည်နဲ့ မွေ့ရာကို ယူလာခဲ့တာလား” ကျိုးချင်းပိုင်က မေးလိုက်သည်။
“အမ်း” လင်းချင်းဟယ်က ပြုံးလိုက်၏။
သူမ ဝန်မခံမီကတည်းက သူက သံသယဖြစ်နေမှန်း သူမ ခန့်မှန်းမိသည်။ သူက အပြင်သို့ ထုတ်မပြောခဲ့ခြင်းသာ ဖြစ်သည်။
ကျိုးချင်းပိုင်က တကယ့်ကို သံသယဖြစ်ခဲ့သော်လည်း သူ့အတွေးက သိပ်မကောင်းချေ။
တကယ်တမ်းတော့ ဤဂွမ်းကပ်နှစ်ထည်က အလွန်ရှားပါးသည်။ သူတို့က ပြုလုပ်ရန် မလွယ်ကူချေ။
ပြီးတော့ မွေ့ရာက အလွန်နွေးထွေးပြီး သက်သောင့်သက်သာ ရှိ၏။
ကျိုးရှောင်မိန်က မနေ့က လင်းချင်းဟယ်ကို မေးခဲ့သည်။
ဂွမ်းကပ်စောင်ကို မေ့ထားလျှင်ပင် မိသားစုတွင် မွေ့ရာမရှိပေ။ သူမက ဤသိုးမွှေးမွေ့ရာက အတော်လေး ကောင်းတာကို တွေ့ခဲ့ရသည်။
သို့သော် လင်းချင်းဟယ်ကြောင့် အတွေးပျက်သွားရသည်။ သူမက မှောင်ခိုးဈေးတွင် ဝယ်ခဲ့ပြီး ဘယ်ကနေ ရောင်းမှန်းမသိဟု ပြောခဲ့သည်။
“အဲတုန်းက ကျွန်မမှာ ပိုက်ဆံ သိပ်မရှိခဲ့ဘူး။ မဟုတ်ရင် ကျွန်က ငှက်သိုက်နဲ့ ဂျယ်လီငါးတွေ စုဆောင်းထားခဲ့မှာ”
လင်းချင်းဟယ်က ပြောနေစဉ်တွင် နောင်တနေခဲ့သည်။
ထိုစဉ်က သူမသည် ငွေအားလုံးကို သုံးခဲ့ပြီး သူမအိတ်ကပ်မှာ ပြားကပ်သွားခဲ့သည်။ သူမက အိပ်နေစဉ်တွင် ရောက်လာမည်ဟု ဘယ်သူမှ မသိခဲ့ချေ။
ပြီးတော့ အော်ဒါတင်ထားခဲ့သော ဘန်းကိတ်များနှင့် ယူမလာခဲ့ရချေ။
ယင်းကို တွေးမိလျှင် ရင်နာရ၏။
ကျိုးချင်းပိုင်က ပြုံးလိုက်သည်။
“သွားအိပ်စို့... ဒီနေ့တွေမှာ စောင်အောက်မှာနေတာ အကောင်းဆုံးပဲ” လင်းချင်းဟယ်က ပြောလိုက်သည်။
ကျိုးချင်းပိုင်က သူမနှင့်အတူ အိပ်လိုက်၏။
အပြင်ဘက်တွင် နှင်းကျဆင်းမှုက အမှန်ပင် ထူထဲလှ၏။ နောက်ရက်သို့ ရောက်သောအခါ ခြံဝန်းအတွင်း ထူထဲသော နှင်းလွှာတစ်ထပ် ဖြစ်သွားပေသည်။
ကျိုးချင်းပိုင်က ကလေးများကို ကြည့်လိုက်သည်။ လောင်တနှင့် အခြားသူများက အိပ်နေဆဲ ဖြစ်၏။ ပြီးနောက် သူက ကျိုးအိမ်ဟောင်းသို့ လာခဲ့လိုက်သည်။
အဖေကျိုးနှင့် အမေကျိုးက ကျန်းမာနေပြီဖြစ်၍ သူက စိတ်ကိုစုစည်းလျက် ယာဂုချက်ရန် ပြန်လာခဲ့လိုက်သည်။
သို့သော်ငြား လင်းချင်းဟယ်က သူ့ကို မလိုပေ။ သူမက ထပြီးနောက် ဂျုံယာဂုနှင့် ကြာစေ့ယာဂုကို သူမဘာသာ ချက်ပြုတ်ပြီးဖြစ်၏။ ကျိုးချင်းပိုင်က ယင်းကို နောက်မှ ပြန်လာပြီးလုပ်လျှင် အငန် သို့မဟုတ် အချိုဖြစ်နိုင်ပေသည်။
ဘာမှလုပ်စရာမရှိလို့ ကျိုးချင်းပိုင်က အပြင်ကို ပြေးထွက်လာသည်။
ဤနှစ်က အလွန်အေး၏။ မွေးရန် ဝက်ငယ်လေးများ ယူထားပါက အသက်မရှင်နိုင်မည်ကို ပူပန်ရသည်။ ထို့ကြောင့် သူတို့ကို မယူလာခင် နွေးသောအချိန်ကို စောင့်ရန် စီမံထားလိုက်သည်။
ကြက်မများကို ထင်းတဲထဲသို့ ရွေ့ထားလိုက်ကြသည်။ သူတို့သည် ကြက်ခြင်းထဲတွင်သာ ထားလျှင် အေးခဲသွားပေလိမ့်မည်။
ရာသီဥတုက အလွန်အေးသောကြောင့် လောင်တက ပုံမှန် မပြေးနိုင်တော့ချေ။
လင်းချင်းဟယ် ယာဂုချက်ပြီးနောက် လောင်တက နိုးလာသည်။ လောင်အာ့နှင့် လောင်စန်းတို့က အနွေးခုတင်ပေါ်တွင် ဝက်ပေါက်စများအလား အိပ်နေဆဲ ဖြစ်၏။
“သွားတိုက်၊ မျက်နှာသစ်၊ ပြီးရင် ဒါကို မင်းတို့ အဘိုးနဲ့အဘွားဆီ သွားပို့ပေးလိုက်” လင်းချင်းဟယ်က သူ့ကို ညွှန်ကြားလိုက်သည်။
လောင်တက ပြောသည်။ “ကျွန်တော့် အရင်ဆုံး သွားပို့လိုက်မယ်”
လင်းချင်းဟယ်က စားစရာသေတ္တာထဲ ထည့်ပေးလိုက်ပြီး သူ့အဘိုးအဘွားဆီ ပို့ခိုင်းလိုက်သည်။
အဖေကျိုးက မထသေးပေ။ အမေကျိုးကိုသာ တွေ့၏။
လောင်တက မေးလိုက်သည်။ “အဘွား၊ အဘိုးရဲ့အခြေအနေ ဘယ်လိုလဲ၊ မနေ့က နှင်းတအားကျတယ်”
“သူ အဆင်ပြေပါတယ်။ မင်းအမေ ငါတို့ကို ပေးထားတဲ့ ဂွမ်းကပ်စောင်က နွေးတယ်။ ငါတို့ မအေးကြဘူး”
အမေကျိုးက ပြုံးလျက် ပြောသည်။
“ဒါကောင်းတာပဲ” လောင်တက ခေါင်းညိတ်ပြီးနောက် သူမအား စားစရာသေတ္တာကို ပေးလိုက်သည်။ သူက မပြန်ခင်တွင် ပူပူနွေးနွေးစားရန် ပြောခဲ့သေးသည်။
အမေကျိုးက ၎င်းကို ယူလိုက်ပြီးနောက် အဖေကျိုးကို ထခိုင်းလိုက်သည်။ အဖေကျိုးက အိပ်ရာထဲတွင် မနေပေ။ သူက နွေးနွေးထွေးထွေး ဝတ်ပြီး သွားတိုက်ပြီး မျက်နှာသစ်ဖို့ သွားနေသည်။ ပြီးနောက် သူက မနက်စာစား၏။
ကြာစေ့ကဲ့သို့သော အရာများသည် အလွန်အဖိုးတန်၏။ တကယ်တမ်းတွင် ဤနေရာ၌ ကြာမြစ်ကို စိုက်ပျိုးရန် ရေကန်မရှိချေ။ ယင်းတို့က ပြင်ပမှ သွင်းကုန်များဖြစ်၏။
သို့သော်လည်း လင်းချင်းဟယ်၏ အမြင်တွင် ယင်းမှာ တန်ဖိုးမရှိချေ။
သူမက အများအပြား ဝယ်ထားပြီး သိုလှောင်ထားသည်။ သူမက စားချင်ပါက ကြာအညှောင့်ကို ဖြတ်သည့်အချိန်တွင် ဂရုစိုက်ရပေမည်။ မိသားစုတစ်ခုလုံးက ၎င်းကို နှစ်သက်လေရာ အဘယ်ကြောင့် မဝယ်ရမည်နည်း။
ကျိုးရှားက ကြာစေ့နှင့် နံရိုးယာဂုကို သွားရည်ကျနေသည်။ သူ မည်မျှ မက်မောတောင့်တပါစေ၊ သူ့အဘိုးက နေမကောင်းသဖြင့် သူက ယင်းကို မတောင်းဆိုနိုင်ပေ။
“အဘွား... ဒီကြာစေ့ယာဂုက အရသာရှိလား” ကျိုးရှားက သူ့အဘွားဘက်သို့ လှည့်လိုက်သည်။
အမေကျိုးက မတွန့်တိုပေ။ သူမက သူ့ကို တစ်ဇွန်းအပြည့် တိုက်လိုက်သည်။ ယင်းက ကြာစေ့အနည်းငယ်ပါပြီး အမှန်ပင် သင်းပျံ့လေသည်။
ကျိုးရှားက တစ်ဇွန်းစားပြီးနောက် ထပ်မရတော့ပေ။ သူသည် လောင်စန်းနှင့် သူ့ညီအစ်ကိုများကို မနာလိုလေ့ရှိသည်။ စတုတ္ထအဒေါ် ဘာလုပ်လုပ် စားကောင်း၏။
“ဒီနေ့က သိပ်အေးတယ်။ မင်း ဘာလို့ အဝတ် ထပ်မဝတ်တာလဲ” အမေကျိုးက သူ့ကို မေးလိုက်သည်။
“အဝတ်မရှိတော့ဘူး။ ဒါပေမဲ့ ကျွန်တော်က အအေးဒဏ်ကို ပို ခံနိုင်ရည် ရှိပါတယ်” ကျိုးရှားက ပြန်ဖြေသည်။
အမေကျိုးက မျက်မှောင်ကြုတ်လိုက်ပြီး အဝတ်အစားများကို ကိုင်လိုက်သည်။ ယင်းက မထူပေ။
“အခန်းထဲကိုသွားပြီး အဲမှာပဲနေ။ အပြင်မထွက်လာနဲ့။ ဒီအေးခဲတဲ့ရာသီမှာ မင်းသာ အအေးမိရင် ဆေးထိုးရလိမ့်မယ်”
ဆေးထိုးရမည်ဟု ဆိုခြင်းက ကျိုးရှားအပေါ်တွင် သက်ရောက်သွားပြီး နာနာခံခံဖြင့် ပြန်သွားလိုက်လေသည်။