အခန်း (၂၀၈) - ရစ်ငှက်
“ဒုတိယရဲ့ဇနီးက တော်တော်လေး ကပ်စေးနှဲတယ်။ ရှားရှားရဲ့ အဝတ်တွေက မနွေးဘူး။ သူမ ဘာလို့ ထူထူ မလုပ်ပေးတာလဲ” အမေကျိုးက အဖေကျိုးကို လှည့်ကြည့်လိုက်သည်။
“အရင်တုန်းက သူတို့အဖေထက်တော့ ပိုကောင်းပါတယ်” အဖေကျိုးက ဂရုမထားပေ။
မြေးများသည် သူတို့အဖေမျိုးဆက်ထက် အများကြီး ပိုကောင်းလာပြီဖြစ်သည်။ သူတို့သည် အနည်းဆုံး ၇၀ရာခိုင်နှုန်းမှ ၈၀ရာခိုင်နှုန်းအထိ အပြည့်အဝ စားနိုင်ကြသည်။
ယခင်တုန်းက တစ်ဝက်မျှသာ အပြည့်အဝ စားနိုင်ကြပေသည်။
“အဲတုန်းကထက်တော့ တော်ပါသေးတယ်” အမေကျိုးက ထိုအရာကို သဘောတူလိုက်သည်။
အဖေကျိုးက ပြောသည်။ “ရှားရှားကို လောင်တတို့ ညီအစ်ကိုနဲ့ မယှဉ်နဲ့လေ။ သူတို့က ငါတို့ရွာမပြောနဲ့၊ မြို့ပေါ်က တချို့ကလေးတွေတောင်မှ သူတို့လို နေနိုင်ကြမှာ မဟုတ်ဘူး”
ယင်းက အမှန်တရားဖြစ်၏။ အဖေကျိုးမြင်တွေ့ဖူးသော ကလေးများအနက် သူ့မြေးများဖြစ်သော လောင်တ၊ လောင်အာ့နှင့် လောင်စန်းတို့ မည်သူမျှ မရှိဖူးပေ။
ထိုဘဝနေထိုင်ပုံအတွက် ဆိုရန်စကားမရှိချေ။
မြို့နေကလေးများသည် ကောင်းချီပေးခြင်း ခံရသည်ဟု ဆိုသော်ငြား လောင်တနှင့် သူ့ညီများကဲ့သို့ မည်သည့်ကလေးမျှ ကောင်းချီပေးမခံရဟု အဖေကျိုးက ခံစားမိလေသည်။
အမေကျိုးက ၎င်းကို ကြားပြီးနောက် မည်သည့်စကားမျှ ပြန်မပြောခဲ့ချေ။
စတုတ္ထလေးဇနီး၏ ဦးနှောက်ဆေးခြင်းကို သူမက ခံထားရလေသည်။ ယခု သူမ တွေးလိုက်သည်တွင် ကိစ္စက ထိုသို့မဟုတ်နေချေ။
ရွာထဲက ဘယ်ကလေးကများ အေးပြီးတော့ မဆာဘဲနဲ့ ကျွေးမွေးခံရလို့လဲ။ လောင်တတို့ညီအစ်ကိုနှင့် နှိုင်းယှဉ်လို့တော့ မရချေ။
ရွာရှိကလေးများ၏ မနာလိုမှု အရင်းအမြစ်သည် လောတာ့တို့ညီအစ်ကိုတို့ဘဝမှာ အလွန်ကောင်းမွန်သောကြောင့်သာ ဖြစ်ပေ၏။
သို့သော် လောင်တပြောသည့်အတိုင်း သရဖူ၏အလေးချိန်ကို ခံနိုင်ရန် လိုပေသည်။
ဥပမာအားဖြင့် လောင်တသည် မနက်စာစားပြီးသည်နှင့် တန်းစာလုပ်ရသည်။ နှစ်သစ်ကူးပထမရက်၌ပင် အမြဲ လေ့လာနေရ၏။
ဤနှစ်က အလွန်အေး၏။ အလွန်အေး၍ အတူတကယ် မဆုံတွေ့ကြပေ။ လူတိုင်းက သူတို့အိမ်၌သာ နေကြ၏။ လောင်အာ့နှင့် လောင်စန်းအတွက်မူ ပိုကောင်းပေသည်။ သူတို့က အချိန်မီမပြီးလျှင်ပင် လင်းချင်းဟယ်က သူတို့ကို ဖိအားမပေးပေ။ သူတို့က အတော်လေး လွတ်လပ်သည်။
ညီအစ်ကိုနှစ်ယောက်မှာ ငြိမ်မနေချေ။ အပြင်၌ နှင်းမကျတော့သည်ကို မြင်ပြီးနောက် ကစားရန် ပြေးထွက်ကြတော့သည်။
ကျိုးချင်းပိုင်က မလွယ်ကူပေ။ သူသည် ရစ်ငှက် သို့မဟုတ် တောယုန်ကို အမဲလိုက်နိုင် မလိုက်နိုင် ကြည့်ရှုရန် ထွက်လာခဲ့သည်။
လောင်အာ့နှင့် လောင်စန်းက ၎င်းကို ကြားပြီးနောက် ဆော့နေသည်ကို ရပ်ပြီး သူတို့အဖေနောက် ချက်ချင်း လိုက်သွားတော့၏။
ဆောင်းရာသီ၌ ရစ်ငှက်များနှင့် တောယုန်များကို အမဲလိုက်ခြင်းက သူတို့အတွက် ကြီးမားသော ပျော်ရွှင်မှု ဖြစ်ပေသည်။
လောင်တကလည်း သွားချင်နေသည်။
“ဒီနှစ်တော့ သည်းခံလိုက် အလယ်တန်း ဒုတိယနှစ်အထိစောင့်ပြီးရင် သား အတန်းတွေ မကျော်ဘဲ စာကို ပုံမှန်ပဲ လုပ်လို့ရပြီ” လင်းချင်းဟယ်က နှစ်သိမ့်ပေးသည်။
လောင်တက အလွန်တွေးတောတတ်၏။ သည်နှစ်တွင် သူက ၁၁နှစ်ရှိပြီဖြစ်သည်။ သူက မြန်မြန် ကြီးပြင်းလာ၏။ သည်နှစ်တွင် ၁.၆မီတာ ရှိပြီဖြစ်သည်။ လင်းချင်းဟယ်ထက် အနည်းငယ်သာ ပုတော့သည်။
သူသည် သူ့အဖေ ကျိုးချင်းပိုင်နှင့် အတော်လေး တူသည်။ ရင့်ကျက်သော အသွင်အပြင်ဖြင့် ၁၃နှစ် ၁၄နှစ်အရွယ်ခန့် ထင်ရသည်။
နှောင်းပိုင်းမျိုးဆက်များ၏ အဆိုအရ သူ့ဖွံ့ဖြိုးမှုက အတော်လေး မြန်သည်။
ဒါပေမယ့် တကယ်တော့ ထိုသို့မဟုတ်ပေ။
လောင်တသည် သူ့အဖေနှင့် တူပြီး အလွန်ဆွဲဆောင်မှု ရှိသည်။
၁၇ ၁၈ အရွယ်အတွင် အသက်၂၀ အရွယ်ကဲ့သို့ ထင်ရပေမည်။ သို့သော် သူ အသက် ၂၅သို့ ရောက်လျှင် အားသာချက်များ သိသာလာပေမည်။ မျက်လုံးက အလွန်ဆွဲဆောင်မှုရှိပြီး ခံ့ညားလာပေမည်။
ဥပမာအားဖြင့် သူမသည် ကျိုးချင်းပိုင်၏ ညှို့ဓာတ်အောက်တွင် အမြဲတမ်း သက်ဆင်းရသည်။
ကျိုးချင်းပိုင်သည် အရပ်မြင့်မြင့်ရှိပြီး ခန့်ညားသည်။ တစ်ရွာလုံးတွင် သူမအနားမှလူကို မည်သူမျှ မယှဉ်နိုင်ပေ။
ရွံစရာကောင် ချန်ရှန်းပင်လျှင် သူမချင်းပိုင်၏ ခြေဖျားပင် မမီပေ။
ချန်ရှန်းအကြောင်း ပြောရမယ်ဆိုလျှင် သူမနှင့် ခပ်ခွာခွာနေရမည်ကို နောက်ဆုံးတော့ သူသိသွားသည်။ သူသည် ပထမဆုံး ကျောင်းသို့ လာစဉ်က လေ့လာမှုလမ်းညွှန်အတွက် အကြောင်းပြချက်ကို မကြာခဏ သုံးခဲ့သေး၏။
သူမက သူ့ကို လုံးဝ အလေးမထားပေ။ အခုတော့ သူမသားက အလယ်တန်းသို့ တက်တော့မည်ဖြစ်ပြီး ခပ်ခွာခွာ နေဖို့ရာကို သူ မသိလျှင် မည်သူသိမည်နည်း။
သို့မဟုတ်ပါက သူ၏အားနည်းသော ခန္ဓာကိုယ်က သူမချင်းပိုင်၏ လက်သီးကို မခံနိုင်မှာ သေချာ၏။
သို့သော် ဝန်ခံရမည်မှာ ချန်ရှန်းသည် စကားပြောကောင်းသူ ဖြစ်ပြီး အသိပညာမှာလည်း ကျယ်ပြောလှသည်။ သို့သော် ကောလိပ်ဝင်ခွင့်စာမေးပွဲ အငွေ့အသက်ကို ရသည်နှင့် သီးသန့် ဖတ်ရှုလေ့လာတော့သည်။
သူမ ခန့်မှန်းချက် မှန်ကန်ခဲ့ပါက ချန်ရှန်းသည် ပညာတတ်လူငယ်အဖွဲ့အတွင်းမှ အခြားလူများထံသို့ သတင်းကို ပေါက်ကြားစေမည် မဟုတ်ပေ။
ထိုလူက မည်သို့ကြံစည်ရမည်ကို သိပေသည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည် စတင်ပြီးနောက် သူသည် စာမေးပွဲအောင်မြင်သူထဲတွင် ပါဝင်သည်မှာ မထူးဆန်းတော့ချေ။ နယ်မြေတော်တော်များများ၌ သူသာ အောင်မြင်သူ ဖြစ်ခဲ့သည်။
ယင်းက မအေးဆေးလွန်းပေဘူးလော။
သို့သော် ယခုမူ မတူတော့ချေ။ သူမနှင့် သူမသား နှစ်ယောက်လုံး အောင်မြင်ရမည်။ ချန်ရှန်းက တစ်ဦးတည်းသောသူ မဟုတ်တော့ချေ။
လင်းချင်းဟယ်က လောင်တကို ဆက်လက်လေ့လာစေခဲ့သည်။ ပြီးနောက် သူမက လောင်တအတွက် ပဲနီလိပ်နှင့် နှမ်းမြေပဲစွပ်ပြုတ်ကို ပြုလုပ်ခဲ့သည်။
ထုံးစံအတိုင်း သူမက လောင်တအား သူအဘိုးအဘွားများထံ တစ်ယောက်ပို့စေဖို့ မမေ့ခဲ့ချေ။
“ကောင်လေးတွေ (လောင်အာ့နဲ့ လောင်စန်း) သူတို့အဖေနဲ့ ရစ်ငှက်သွားဖမ်းတာကို ငါ တွေ့လိုက်တယ်။ မင်းက ဘာလို့ မလိုက်သွားတာလဲ” အမေကျိုးက မေးလိုက်သည်။
“ကျွန်တော်က အိမ်စာတွေ လုပ်ဖို့ ရှိသေးတယ်” လောင်တက ပြန်ပြောလိုက်၏။
“ကိုယ့်ကိုယ်ကိုယ် ခြေကုန်လက်ပမ်းမကျစေနဲ့၊ ဒုတိယနှစ်ဝင်ခွင့် စာမေးပွဲ မအောင်ရင်တောင် ပထမနှစ်မှာ ဆက်တက်တာလည်း ကောင်းပါတယ်” အမေကျိုးက ပြောလိုက်သည်။
“ဟမ်... လောင်တက ဒုတိယနှစ် တက်ရတော့မှာလား။ မင်း ပထမနှစ်ပဲဝင်သေးတာ မဟုတ်ဘူးလား” အကြီးဆုံးမရီးက ရောက်လာပြီး တအံ့တဩ အော်လိုက်သည်။
“ဒီနှစ်အတန်းကို ကျော်ပြီးတော့ ဒုတိယနှစ် ဆက်တက်ဖို့ စီစဉ်ထားတယ်” လောင်တက ပြောလိုက်သည်။
“အဲဒါက... မင်း လုပ်နိုင်လိုလား” အကြီးဆုံးမရီးက မနေနိုင်ဘဲ ဖွင့်မေးလိုက်မိသည်။
“အမေက ကျွန်တော့်ကို ဖြည့်စွက်သင်ခန်းစာတွေ ပေးထားတယ်။ ဒါက ဖြစ်နိုင်ပါတယ်” လောင်တက ပြန်ဖြေလိုက်သည်။
အလယ်တန်းတွင် သင်ရိုးများစွာ ရှိသော်လည်း သူ့အမေက အဓိကအချက်ကိုသာ အာရုံစိုက်ထားသဖြင့် သင်ယူရသည်က မပင်ပန်းချေ။ တကယ်တမ်းတွင် လေ့လာခြင်းက အချိန်ကုန်ရုံသာ ရှိပြီး ကျန်သည့်ပင်ပန်းမှုမျိုး မရှိချေ။
လောင်တက ကြာကြာမနေဘဲ ပြန်သွား၏။
အကြီးဆုံးမရီးတွင် မနာလိုသော အမူအရာများ ရှိနေသည်။ “ယန်ယန်သာ လောင်တလိုသာဆို ကျွန်မတော့ သိပ်ကျေနပ်မိမှာပဲ”
သူမ၏ အကြီးဆုံးသား ယန်ယန်သည် ဤနှစ်တွင် ၈နှစ် ရှိနေပြီ။ လောင်အာ့ထက် တစ်နှစ်သာ ငယ်၏။ သို့သော် ယခုနှစ်တွင်မှ ကျောင်းထားရန် စီစဉ်ထားခဲ့သည်။ သူမနှင့် အစ်ကိုကြီးက နားမလည်တော့ လင်းချင်းဟယ်ကဲ့သို့ အိမ်တွင် သင်ပေးရန် မဖြစ်နိုင်ချေ။
သူသာ ငယ်ရွယ်လွန်းပါက စေလွှတ်ပါကလည်း သူ နားလည်မည် မဟုတ်ပေ။ ထို့ကြောင့် ယခုနှစ်တွင်မှ ထားရန် သူတို့ စီစဉ်ခဲ့ကြခြင်း ဖြစ်၏။
အဆုံးတွင် ၇နှစ်အရွယ် လောင်စန်းက ဤနှစ်တွင် ပထမတန်း၏ နောက်စာသင်နှစ်ကို တက်မည်ဖြစ်၏။ သူတို့သားက အများကြီးနောက်ကျ၍ မရပေ။
ထိုအကြောင်း ပြောပါက သူမသည် လင်းချင်းဟယ်ကို အမှန်ပင် အားကျမိလေသည်။
ယခင်က သဟဇာတ မဖြစ်ခဲ့သော်လည်း ယခုမူ အတူတူ ရောနှောနေပြီးနောက် သူတို့ထဲမှ မည်သူမျှ သူမကို မလိုက်မီတော့ချေ။
ကျိုးမိသားစုတွင် မျိုးရိုးမရှိခဲ့၍ အမေကျိုးက အကြီးဆုံးမရီးကို နှိမ့်ချမပြောချေ။ လောင်တ၏ လေ့လာခြင်းက သူတို့အမေထံမှ ဆင်းသက်လာခြင်းကြောင့် ယန်ယန်ကို အလုပ်ကြိုးစားခိုင်းသည်က ပိုကောင်းပေမည်။
ကောလိပ်ကျောင်းသားများကဲ့သို့ ရှားပါးပုဂ္ဂိုလ်များက ရှားပါးလေ ပိုကောင်းလေ ဖြစ်ပေသည်။
ထိုနေ့တွင် ကျိုးချင်းပိုင်သည် လောင်အာ့၊ လောင်စန်းတို့နှင့်အတူ ရစ်ငှက်နှစ်ကောင်ကို ကြိုးဖြင့် ဆွဲလျက် အိမ်ပြန်လာ၏။
လင်းချင်းဟယ်က အံ့ဩပျော်ရွှင်သွား၏။ “ဘာလို့ နှစ်ကောင်ဖြစ်နေတာလဲ”
“အဖေက တစ်ကောင်ကို ဖမ်းပြီးတော့ ကျန်တာကို သားဖမ်းခဲ့တာ” လောင်စန်းက ချက်ချင်း ပြောလိုက်၏။
ကောင်ငယ်လေးက အတော်လေး ပျော်ရွှင်နေ၏။ ရစ်ငှက်နှစ်ကောင်က စားတော်ပွဲကြီး ဖြစ်လာနိုင်သည်။
“ကောင်းကောင်းလုပ်ခဲ့တာပဲ” လင်းချင်းဟယ်က အာမေဍိတ်သံ ပြုလိုက်ပြီးနောက် ကျိုးချင်းပိုင်အား သန့်ရှင်းပေးရန် မေးလိုက်သည်။
ရစ်ငှက်နှစ်ကောင်တွင် တစ်ကောင်ကို သူတို့ စားလိုက်မည်။ ကျန်တစ်ကောင်ကို နှစ်သစ်ကူးနေ့၌ သမက်ရောက်လာချိန်အတွင် ဖယ်ထားရမည်။ ယင်းကို ဟင်းပွဲကြီးအဖြစ် ထည့်တွက်၍ ရနိုင်သည်။
သုံးရက်မြောက်နေ့တွင် ဒုတိယအစ်မနှင့် ဒုတိယခဲအို၊ အစ်မကြီးနှင့် အကြီးဆုံးခဲအိုတို့ပါ ရောက်လာကြသည်။
ဤနှစ်တွင် သူတို့က သူတို့ကလေးများကို သဘာဝကျကျ ခေါ်လာချင်သည်။ သို့သော် အေးလွန်းပြီး အနွေးထည် အလုံအလောက် မရှိပေ။ ထို့ကြောင့် လူကြီးများသာ လာခဲ့ကြပြီး ကလေးများကို ခေါ်မလာကြချေ။
ထိုရစ်ငှက်ကို ခုတ်ထစ်ကာ စိမ်ထားသော မှိုများဖြင့် နှပ်လိုက်သည်။ ဟင်းရွက်စိမ်းတစ်အိုးကြီး ကြော်လိုက်သည်။ တစ်ပန်းကန်ကို အိမ်၌ ချန်ထားခိုင်းလိုက်၏။ ကျန်သည်ကို ကျိုးအိမ်ဟောင်းသို့ ပို့ရန် လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ပြောလိုက်သည်။ သူမက ကျိုးချင်းပိုင်ကိုလည်း ပါဝင်စေခဲ့သည်။