အခန်း (၂၀၉) - တောဝက်
ကျိုးအိမ်ဟောင်းတွင် စားသောက်ခဲ့ကြ၏။ စားပြီးနောက် ညီအစ်မနှစ်ယောက်လုံး လာထိုင်ကြသည်။
လင်းချင်ဟယ်က သူတို့ကို ကြိုဆိုလိုက်သည်။ တကယ်တမ်းတွင် သူတို့နှစ်ယောက်မှာ ဆွေကြီးမျိုးကြီးမှ မဟုတ်သော်လည်း အလွန်အေးချမ်းကြသည်။ ထို့ကြောင့် အိမ်တွင် သူတို့နှစ်ဦး ရှိနေခြင်းက အဆင်ပြေသည်။
ပထမအစ်မနှင့် ဒုတိယအစ်မ နှစ်ဘောက်လုံးသည် စတုတ္ထဇနီးက ပိုကောင်းဖို့ အမှန်တကယ် ပြောင်းလဲလာမှန်း သိသည်။ သူတို့က သဘာဝကျကျဖြင့် သူတို့နှင့် ရောနှောလိုလေသည်။
လင်းချင်းဟယ် မရောက်ခင်က သူတို့သည် ဤသို့ ခြေတစ်လှမ်းပင် မချခဲ့ချေ။ သူတို့ကို မူလပိုင်ရှင်က ဂရုမစိုက်သည်မှာ သေချာပေသည်။
မူလပိုင်ရှင်၏စိတ်ထဲတွင် လူမွဲနှစ်ယောက်နှင့် ဆက်ဆံရေးကို အရင်ဆုံးဖယ်ရှားခြင်းက ပိုကောင်းပေလိမ့်မည်။
အကြီးဆုံးအစ်မနှင့် ဒုတိယအစ်မ၏ အမျိုးသားများသည် နေ့လယ် ၁၂နာရီတွင် သူတို့လူများကို လာခေါ်ကြသည်။ မိသားစုနှစ်ခုသည် လမ်းအတူတူ လျှောက်သွားကြရ၏။ ထို့ကြောင့် ညီအစ်မနှစ်ယောက်က စကားပြောဖြစ်ကြသည်။
“အခု စတုတ္တလေးရဲ့ဇနီးက အခုဆို ပိုပြီးတော့ တွေးတတ်လာတယ်” အစ်မကြီးက ကျေနပ်စွာ မှတ်ချက်ချသည်။
“အရင်က ချင်းပိုင်က အိမ်မှာ မရှိဘူး။ အဲအချိန်မှာ သူက ငယ်ပြီးတော့ ကလေးသုံးယောက်နဲ့ ဆိုတော့ အတော်လေး မလွယ်ကူခဲ့ဘူး” ဒုတိယအစ်မက ပြောသည်။
ဒုတိယအစ်မက အကြောင်းရင်းကို ထောက်ပြလိုက်ခြင်း ဖြစ်၏။
အကြီးဆုံးအစ်ကိုသည်လည်း ထိုသို့ တွေးမိသည်။
အမျိုးသမီးတစ်ဦးအတွက် ကျန်သည့်အရာများမှာ အရေးမပါချေ။ မိသားစုတွင် အမျိုးသားမရှိပါက ရှေ့မဆက်နိုင်ချေ။
မိသားစုတွင် အမျိုးသားများသည် အိမ်တိုင်လုံးများနှင့် တူသည်။ အိမ်တိုင်လုံးမရှိလျှင် မည်သို့ လုပ်နိုင်မည်နည်း။
အကြီးဆုံးအစ်မနှင့် ဒုတိယအစ်မသည် အလွန်ပင် ရှေးရိုးစွဲ၏။ သို့သော် ထိုစိတ်ကြောင့် သူတို့က ကျေနပ်ပျော်ရွှင်စွာ နေထိုင်နိုင်လေသည်။
ဒုတိယအစ်မဘက်ရှိ ပထမအခွဲမှာ ယောက္ခမများထံမှ မခွဲရသေးသော်လည်း ယခုတွင်မူ သူတို့က အိမ်ပေါ်မှ ခွဲထွက်သွားပြီဖြစ်၏။ အနာဂတ်တွင် မည်သို့ပင် ဖြစ်ဖြစ် သူတို့က ထိခိုက်မည် မဟုတ်ချေ။
ထို့ကြောင့် စိတ်နှလုံး သက်သာရာရနေသည်။
“အစ်မကြီး၊ အစ်မကို ပေးရမဲ့ ငွေတွေကို အချိန်အတော်ကြာမှ ပြန်ပေးနိုင်မှာ စိုးတယ်” ဒုတိယအစ်မက အစ်မကြီးကို ပြောလိုက်သည်။
“ငါတို့ ဒါကို မပြောခင် နင့်ဘဝကို ကောင်းကောင်းနေ” အကြီးဆုံးအစ်မက စိတ်ထဲ မထားပေ။
သူမအိမ်က အကောင်းကြီး မဟုတ်သော်လည်း ပိုက်ဆံသုံးရန် အလောတကြီး မဖြစ်နေပေ။
ညီအစ်မနှစ်ယောက်သားသည် လမ်းခွဲသည့်တိုင် စကားများ ပြောနေခဲ့သည်။ ပြီးမှ သူတို့ အမျိုးသားကို ပြန်ခေါ်သွားကြ၏။
လင်းချင်းဟယ်က ထိုညီအစ်မများ၏ စကားဝိုင်းကို မသိချေ။ သူမသည် ပဲနီပြုတ်၏ အလယ်တွင် ရှိနေသည်။
သူမက ပဲနီမန်ထိုပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်၏။
ပဲနီများကို ရေကုန်သည်အထိ ပြုတ်ရမည်။ ပဲနီကို အနှစ်ဖြစ်စေရန် ဇွန်းတစ်ချောင်းဖြင့် သေချာကျေညက်အောင် မွှေပေးရသည်။ ပြီးနောက် သင့်တော်သည့် သကြားပမာဏကို ထည့်ပြီး ကောင်းစွာ မွှေပေးရမည်။
ပြီးလျှင် ဇွန်းဖြင့် ဖယ်ထုတ်ထားပြီး ဂျုံမုန့်ညှပ်ကို နယ်ကာ ယင်းကို ထုပ်ပြီးနောက် ပေါင်းအိုးထဲ ထည့်ရမည်။ မန်ထိုကို ပေါင်းပြီးနောက် ပဲနီလေးမန်ထို ရလာမည်။
ယင်းက ချိုရုံမျှသာ ဖြစ်သည်။ ကျိုးချင်းပိုင်က တစ်ခါလျှင် ၇လုံးပင်စားနိုင်လေ၏။
ကောင်လေးများကလည်း ၎င်းကို အလွန်ကြိုက်ကြသည်။
အဖေကျိုးနှင့် အမေကျိုးမှာ ပြောရန်မလိုတော့ပေ။ နှမ်းမြေပဲနှပ်စွပ်ပြုတ်နှင့်အတူ အနည်းငယ် စားနိုင်ပေ၏။
ဤနှစ်ဆောင်းရာသီက မည်မျှ အေးလဲ ဆိုလျှင် သူတို့က မြို့သို့ပင် မသွားနိုင်ချေ။ နွေဦးပေါက်သည်အထိ စောင့်ရုံသာ ရှိတော့သည်။ တစ်နှစ်တစ်ကြိမ် ဓာတ်ပုံရိုက်ခြင်းက ကောင်းပေ၏။
ကျိုးချင်ပိုင်းနှင့်သူ့သားများသည် ဘာမှလုပ်စရာမရှိ၍ ရစ်ငှက်များနှင့် ယုန်များကို အမဲလိုက်ရန် သွားကြသည်။ လင်းချင်းဟယ်က အားချိန်၌ စားစရာများကိုသာ ချက်ပြုတ်နေခဲ့သည်။
အားလုံးထဲတွင် လောင်တက အလုပ်အများဆုံး ဖြစ်ပြီး ကျက်စာများကို ကျက်ရပြီး ပုစ္ဆာများကို ဖြေရှင်းကာ စာစီစာကုံးများ ရေးနေရသည်။
ပထမဆုံးလ၏ ခုနှစ်ရက်နေ့တွင် လင်းချင်းဟယ်က သူ့ကို အားလပ်ရက် ပေးလိုက်သည်။
“မင်းအဖေနဲ့ မင်းဦးလေးက ရစ်ငှက်တွေကို အမဲလိုက်ဖို့ သွားကြမှာ၊ မင်း သူတို့နဲ့ လိုက်သွားချင်လား”
လင်းချင်းဟယ်က မေးလိုက်သည်။
လောင်တက အလွန်စိတ်လှုပ်ရှားသွားပြီး သူ့အဖေကို ကြည့်လိုက်သည်။
ကျိုးချင်းပိုင်က မတားသော်လည်း ထုတ်ပြောလိုက်သည်။ “ငါတို့ကို မဆွဲချနဲ့”
“ကျွန်တော် မလုပ်ဘူး” လောင်တက ချက်ချင်း ပြန်ဖြေလိုက်၏။
သူတို့သွားမည့် နေရာက အလွန်ဝေးသောကြောင့် လောင်အာ့နှင့် လောင်စန်းကို ခေါ်၍ မရပေ။ လောင်တအတွက်ကမူ ပြဿနာမရှိပေ။ ထိုကလေးသည် ၁၄နှစ်အရွယ်ထက်ပင် ပိုထွားသေး၏။ သူသည် ၁.၆မီတာ (၅ပေ ၂လက်မ) ရှိပြီဖြစ်သည်။
အရင်နှစ်ကထက် ၁၀စင်တီမီတာ ပိုရှည်လာသည်။ ဤဆောင်းတွင်းတွင် သူမသည် ယခင်မှ အဝတ်များ မတော်တော့၍ သူ့အတွက် အဝတ်သစ်နှစ်စုံ လုပ်ပေးခဲ့သည်။
ထို့အပြင် ခန္ဓာကိုယ်ကြံ့ခိုင်မှုကလည်း ကောင်းမွန်လှသည်။ ရာသီဥတုသာ မအေးနေပါက သူက သူ့အဖေနှင့်တူ ပြေးလိမ့်မည်။
တတိယမောင်လေးလင်း ရောက်လာပြီးနောက် သူတို့ အတူသွားကြ၏။ အရေးပေါ်အခြေအနေအတွက် ရဲတင်းတစ်လက်စီ ကိုင်သွားကြသည်။
ဆောင်းရာသီ၌ တောရိုင်းကောင်များ အစာရှာထွက်ကြသည်က မထူးဆန်းပေ။
အမှန်တွင် ကျိုးချင်းပိုင်မှာ ရဲတင်းကို မလိုချေ။ သူသည် လက်ဗလာဖြင့်လည်း ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်သူ ဖြစ်သည်။ ဝံပုလွေတစ်ကောင်ပင် သူ့ပြိုင်ဘက် မဟုတ်နေချေ။
တတိယမောင်လေးလင်းနှင့် လောင်တတွင် တစ်ခုစီရှိပြီး မန်ထိုလည်း ရှိလေသည်။ သူတို့က နေ့လယ်စာ ပြန်စားရန် မလိုပေ။ အပြင်ဘက်တွင် မန်ထိုသာ စားရပေမည်။
ထမင်းတစ်နပ်စာသာ ဖြစ်၍ စိတ်ပူရန် မလိုပေ။ သူတို့ ညပိုင်း အိမ်ပြန်ရောက်ချိန်၌ ဟင်းကောင်းကောင်း စားရပေမည်။
ကြီးမားလှသော အကောင်ကြီးကို ကျိုးချင်းပိုင်၊ တတိယမောင်လေးလင်းနှင့် လောင်တသို့ အိမ်သို့ ဆွဲယူလာသောအခါ မှောင်စပြုနေပြီဖြစ်၏။
မှန်၏။ ကြီးမားသော အကောင်ကြီး ဖြစ်ပေ၏။
“တောဝက်..” လင်းချင်းဟယ်မှာ မျက်ဝန်းများ ပြူးကျယ်ကာ မှင်တက်သွားလေသည်။
သစ်သားဘုတ်ဖြင့် ဆွဲယူလာသည်မှာ အမှန်ပင် အစွယ်များဖြင့် တောဝက်ကြီး ဖြစ်ပေသည်။
ယနေ့တွင် သူတို့သည် ရစ်ငှက်ဖမ်းရန် သွားသော်လည်း တောဝက်ကြီးကို ပြန်ယူလာခဲ့သည်။
အဖေကျိုးနှင့် အမေကျိုးတို့ ရောက်လာကြ၏။ သူတို့က တောဝက်ကြီးကို မြင်သောအခါ အံ့အားသင့်သွားကြသည်။
“ချင်းပိုင် လောင်တ အဆင်ပြေကြရဲ့လား” အမေကျိုးက အလောတကြီးမေး၏။
“အဆင်ပြေပါတယ် အဖေနဲ့အမေ မစိုးရိမ်ပါနဲ့” လင်းချင်းဟယ်က နှစ်သိမ့်လိုက်သည်။
တတိယမောင်လေးလင်းကလည်း အဆင်ပြေလေသည်။
တောဝက်အကြောင်း ပြောပါက ကံကောင်းခြင်းတစ်ခုသာ ဖြစ်သည်။ ယင်းမှာ ကျိုးချင်းပိုင်မှ ထိုးနှက်ချက်ကြီးကို ခံခဲ့ရသူ ဖြစ်သည်။ သူက အရေထူသည့် တောဝက်ကို နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ပြီး တောဝက်ကလည်း သူ့ကို ပြန်တုံ့ပြန်ခဲ့သည်။ ကျိုးချင်းပိုင်က မည်သို့အရည်အသွေး ရှိသနည်း။
သူက ရည်ရွက်ချက်ရှိရှိဖြင့် တောဝက်ကို ပက်စေခဲ့သည်။ ပြီးနောက် ကျိုးချင်းပိုင်က ရှောင်လိုက်သောအခါ ကျောက်တုံးကြီးဖြင့် တိုက်မိသွားသည်။ ပြီးနောက် ကျန်နှစ်ယောက်ကပါ ဝိုင်းတိုက်ခိုက်သည်တွင် တောဝက်က သေသွားသည်။
လောင်တက ဖြစ်စဉ်ကို သရုပ်ဖော်ပြသောအခါ ရိုးရှင်းသည်ဟု ထင်ရသော်လည်း စိတ်လှုပ်ရှားဖွယ် ကောင်းနေ၏။
တစ်ချိန်တည်းမှာပင် သူတို့သုံးယောက်လုံးက စားသောက်နေကြရင်း စကားပြောနေတာ ဖြစ်သည်။ သူတို့က နံရိုးခေါက်ဆွဲစားနေ၏။ ကြက်ဥမွှေကြော် တစ်ပန်းကန်ကိုလည်း တွဲဖက်တည်ခင်းထားသည်။
ကျိုးချင်းပိုင်အပါ သူတို့ သုံးယောက်လုံး အငမ်းမရစားသောက်ကြသည်။ အလွန်သန်မာသည့် ကျိုးချင်းပိုင်သည်ပင် အဝေးနေရာမှ တောဝက်ကို ဆွဲလာပြီးချိန်၌ အားနည်းသွားသည်။ အထူးသဖြင့် နေ့လယ်က မန်ထိုနှစ်လုံးမှာ လုံးဝ ဗိုက်မဝပေ။
သူတို့သုံးယောက်လုံး၏ အဆင်ပြေနေသော အခြေအနေကို မြင်တော့မှ အမေကျိုးက စိတ်သက်သာရာ ရတော့သည်။
တံခါးအပြင်ဘက်မှ ရွာသားများမှာ အကျိုးအမြတ်ကို လိုချင်ပြီး သည်းမခံနိုင်ကြတော့ပေ။ “ဆရာမလင်း ဒီတောဝက်က အရမ်းကြီးတာပဲ။ ဘာဖြစ်လို့ ခွဲဝေ မပေးတာလဲ။”
လင်းချင်းဟယ်က ပါးစပ်မဟမီ အမေကျိုးက အရင်ပြောလိုက်သည်။ “မင်းတို့ စိတ်ကူးယဉ်နေလိုက်၊ ငါတို့ ချင်းပိုင်နဲ့ တခြားလူတွေက သူတို့အသက်ကို ရင်းပြီးတော့ ဒါကို ရလာတာ။ မင်းကတော့ ပါးစပ်ဟရုံလေးနဲ့ လိုချင်နေတယ်။ ဘာလို့ ကောင်းကင်အထိ မပျံတက်သွားတာလဲ။”
“ကျွန်မတို့ မိသားစုက ဒီအသားနဲ့မပြီးဘူး။ လောင်တက ဒီနှစ် အထက်တန်းကျောင်း တက်ရမှာ။ ငါတို့ မိသားစုက ကုန်ကျစရိတ်ကြီးတယ်။ ပိုက်ဆံက သိပ်မကျန်တော့ဘူး။ ဒီတောဝက်က အချိန်မှန် ရောက်လာတာပဲ” လင်းချင်းဟယ်က ပြောလိုက်သည်။
လူတိုင်းက နားလည်သွားကြသည်။ ဒီတောဝက်သားက ရောင်းချမှာလား။
“လောင်တက ဒီနှစ် အလယ်တန်း ပထမနှစ် မဟုတ်ဘူးလား။ ဘာလို့ အထက်တန်း တက်ရမှာလဲ” တစ်ယောက်ယောက်က မေးလာသည်။
“ဒီနှစ်မှာ အတန်းတစ်တန်းကျော်ဖို့ စီစဉ်ထားတယ်။ ဒုတိယနှစ်ကို ချက်ချင်းတက်မှာ။ ဒုတိယနှစ်ဝက်မှာ အထက်တန်းဝင်ခွင့် စာမေးပွဲ ရှိတယ် မဟုတ်ဘူးလား” လင်းချင်းဟယ်က ပြောလိုက်သည်။
လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
“ဒီဝက်သားက ရောင်းတာလို့ ထည့်တွက်လို့ မရဘူး။ ဒါက ရောင်းတာ မဟုတ်ဘူး။ ငါတို့ကလေးတွေရဲ့ ပညာရေးအတွက် ငါတို့မိသားစုက ရွေးချယ်စရာ မရှိဘူး။ ဘယ်သူကမဆို ငါ့စတုတ္ထသားကို ရောင်းတယ်လို့ တိုင်ချင်ရင် လုပ်ကြည့်။ ငါတို့ဆင်းရဲတဲ့မိဘတွေက မျိုးဆက်ဒါဇင်မက ရှိတာ။ ငါတို့က တိုင်းပြည်အတွက် ကောလိပ်ကျောင်းသားကို မွေးထုတ်ချင်တယ်” အဖေကျိုးက အလေးအနက် ပြောလိုက်၏။