အခန်း (၂၁၀) - ငါ့နှလုံးသားက နာကျင်ရတယ်။
“ညီအစ်ကိုကျိုး ဒီလို မလုပ်ပါနဲ့၊ ငါတို့ ရွာသားတွေထဲ ဒီလိုရှက်ဖို့ကောင်းတာကို လုပ်ရဲရင် ငါ မင်းနဲ့ ရပ်တည်ပေးမယ်” ခေါင်းဆောင်က ချက်ချင်း ထရပ်လိုက်သည်။
ကျိုးမိသားစုဟောင်းနှင့် ဆက်ဆံရေးကောင်းသော တခြားသူများကလည်း သူတို့၏ရပ်တည်မှုကို ဖော်ပြခဲ့ကြသည်။
ယခုတွင် မည်သူကမျှ ကျိုးမိသားစုကို မစော်ကားလိုကြချေ။ ကျိုးချင်ပိုင်ကဲ့သို့သော ပုဂ္ဂိုလ်သည် လုံခြုရေးဗျူရိုနှင့် အဆက်အသွယ် ရှိပေသည်။
ဘယ်ထုတ်ဝေရေးအဖွဲ့ကများ သူတို့ ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာတွေ လိုအပ်ချိန်တိုင်း အကူအညီအတွက် သူ့ကို လာရှာတာ မရှိလို့လဲ။
လင်းချင်းဟယ်သည်လည်း ရပ်ရွာ၏ အလယ်တန်းကျောင်းဆရာမတစ်ဦးဖြစ်၏။ သူမ၏ သင်ကြားမှုအောက်တွင် ကျောင်းသားများက တက္ကသိုလ်တက်ရန် အခွင့်အရေး ရကြလိမ့်မည်။ ကျောင်းသားမည်မျှကို သင်ပေးဖူးသနည်း။ သူမတွင် မည်မျှ အဆက်အသွယ် ရှိသနည်း။
အမှန်တွင် အရေးကြီးသောအရာမှာ ဆယ်ကျော်သက်အရွယ် လောင်တ ဖြစ်၏။
သူသည် အလယ်တန်း ပထမနှစ်သို့ တက်ရောက်နေပြီး ဒုတိယနှစ်ကို ခုန်ကျော်ကာ အထက်တန်းတက်ရန် စီစဉ်ထားပြီ ဖြစ်လေ၏။ မည်သို့သော ဉာဏ်ကြီးရှင်နည်း။
ယခင်တည်းကစ၍ ဤလူအဖွဲ့အစည်းတွင် သူသည် ပြည်နယ်အဆင့်ဘွဲ့ရတစ်ဦး ဖြစ်လာနိုင်၏။
မည်သူမဆို သိမြင်တတ်သူတိုင်းမှာ ကျိုးမိသားစုမှ တိုးတက်လာမည်ကို မြင်နိုင်၏။
ထို့အပြင် ကျိုးမိသားစုဟောင်းမှာ ရွာတွင် အခင်အမင် မပျက်ခဲ့ကြချေ။ တစ်ယောက်ယောက် လိုအပ်ပါက သူတို့က ကူညီပေးလိမ့်မည်။
ထို့သောသူတို့၏စိတ်ထဲ အတွေးအချို့ ရှိခဲ့လျှင်ပင် သူတို့သည် ရွာ၏ရပ်တည်မှုကို မြင်ပြီးနောက် မည်သူမျှ မဆိုရဲကြတော့ချေ။
ရွာရှိ ဝက်သတ်သမားကို လာပြီး ဝက်သတ်ခိုင်းလိုက်သည်။
အရင်နှစ်ကုန်တွင် ရွာသားများကို ခွဲဝေပေးသော ဝက်များသည် အခြေခံအားဖြင် ယခုနှစ်သစ်ကူးတွင် ကုန်သွားပြီဖြစ်သည်။ ထို့ကြောင့် တောဝက်သာ မဝယ်ပါက ဤနှစ်ရာသီအကုန်အထိ စောင့်ရပေလိမ့်မည်။
ထို့ကြောင့် လူအများက တောဝက်ကို လာဝယ်ကြသည်။
ကျိုးတုန်သည်လည်း ချိုင်ပါ့မိန်နှင့်အတူ ဝယ်ခဲ့သည်။ တောဝက်ရိုင်းသည် အာဟာရပြည့်ဝသည်။ ဇနီးသည် နို့တိုက်ကျွေးရန်အတွက် ဟင်းချက်ကျွေးရန် သင့်တော်သည်။
ကျင်းအတော်များများ ရောင်းလိုက်ရသည်။ ကျိုးချင်းပိုင်က သူနှင့် ရင်းနှီးသော ရွာသားများကို ပိုပေးခဲ့သည်။ သိပ်မများပေ။ ၅၀-၁၀၀ ဂရမ်သာ ရှိ၏။ ယင်းက ခင်မင်ရင်းနှီးမှုအပေါ် မူတည်နေသည်။
သူတို့၌ ကောင်းမွန်သည့် ဆက်ဆံရေး ရှိပါက ၅၀-၁၀၀ ဂရမ် ပေးလိုက်နိုင်သည်။ ဆက်ဆံရေးမဆိုးပါက ၂၅ဂရမ်လောက်တော့ ဖြတ်နိုင်သည်။
ယင်းမှာ ရွာ၏ ကုန်သွယ်ရေးပင် ဖြစ်၏။ တူညီသော ပတ်ဝန်းကျင်တွင် ဖြစ်ပြီး မကူညီနိုင်ကြချေ။
ကျိုးတုန် ရောက်လာသောအခါ လင်းချင်းဟယ်က ဝက်ခြေထောက်နှစ်ခုကို ထုတ်ပေးလိုက်ပြီး သူ့ဇနီး နို့ထွက်ကောင်းစေရန် ပျော့ပျော့လေး ချက်ဖို့ ပြောလိုက်သည်။ ကျိုးတုန်က အလွန်ကျေးဇူးတင်သွား၏။
သူ့ဘေးတွင် အမျိုးသမီးချိုင်က ပါလာသည်။ ထိုမြင်ကွင်းကို မြင်သောအခါ ပြုံးလျက် ပြောသည်။ “ချင်းပိုင်ရဲ့ဇနီး မကြာခဏ လာထိုင်ပါအုံး..”
“ဒါဆို နောက်ကျ အဒေါ်ကို ယဉ်ကျေးမနေတော့ဘူးနော်” လင်းချင်းဟယ်က ပြုံးလျက် တုံ့ပြန်လိုက်သည်။
တခြားသူများကလည်း လာဝယ်ကြသည်။ အစ်ကိုကြီး၊ ဒုတိယအစ်ကိုနှင့် တတိယအစ်ကိုတို့အား ထုံးစံအတိုင်း ငွေတောင်းသော်လည်း အသားဖြတ်ပိုင်းများက ပိုကြီးခဲ့သည်။
ယေဘုယျအားဖြင့် ထိုတောဝက်မှာ လူကြိုက်များပြီး ရောင်းတန်းဝင်သည်။ လူတိုင်း တောဝက်သားကို ဝယ်ပြီး စိတ်ကျေနပ်ကြသည်။
ထိုကြီးမားသည့် တောဝက်၏ အလေးချိန်မှာ လေးရာကျင်းနီးပါး ရှိ၏။ ကျိုးချင်းပိုင်သည် အသားများကို ပထမ၊ ဒုတိယ၊ တတိယဟူ၍ သုံးမျိုးသုံးစား ခွဲ၍ ရောင်းခဲ့သည်။ စုစုပေါင်း ရောင်းရငွေ ၂၇၀ယွမ်ထက် ပိုများ၏။
တတိယမောင်လေးလင်းကိုလည်း ယွမ်ငါးဆယ်နှင့် လေးကျင်းခန့် ရှိသည့် အဆီများသော အသားကြီးတစ်ပိုင်း ပေးလိုက်သည်။
“မလိုပါဘူး ယောက်ဖ၊ ဒါက များလွန်းတယ်” တတိယမောင်လေးလင်းက ရှက်ရွံ့မှုဖြင့် မျက်နှာနီသွားသည်။
ရိုးရိုးသားသား ဆိုရလျှင် တောဝက်ကြီးကို မြင်သောအခါ သူက မှင်တက်နေခဲ့သည်။ လောင်တက သူ့ကို ဆွဲလျက် ပြေးခြင်းဖြစ်၏။
ထိုတောဝက်ကို သူ့ယောက်ဖကသာ တစ်ဦးတည်း အမဲလိုက်ခဲ့ခြင်း ဖြစ်၏။ မဟုတ်ပါက သူ၏ခန္ဓာကိုယ်သေးသေးဖြင့် တောဝက်ပက်၍ အနောက်ဘက်သို့ ပျံတက်သွားပေလိမ့်မည်။ မည်သည့်တောဝက်ကို လိုက်မည်နည်း။
တောဝက်ကို အိမ်သယ်ရာ၌သာ သူ့ခွန်အားအချို့ကို ထုတ်သုံးခဲ့ရခြင်း ဖြစ်သည်။
“ယူလိုက်” ကျိုးချင်းပိုင်က လေးလေးနက်နက် ပြောသည်။
လင်းချင်းဟယ်က ပိုက်ဆံ ယူလိုက်ပြီး တတိယမောင်လေး၏ လက်ထဲသို့ ထိုးပေးလိုက်သည်။ “မင်းယောက်ဖက မင်းကို ယူလို့ ပြောနေတာ။ ဒါဆို ယူလိုက်ပေါ့။ အခုက နောက်ကျနေပြီ။ မင်းမပြန်သေးရင် မင်းမိန်းမနဲ့ ကလေးတွေ စိတ်ပူနေလိမ့်မယ်”
“အစ်မ ဒါက များလွန်းတယ်” တတိယမောင်လေးလင်းက မြန်မြန် ပြောလိုက်သည်။
“မင်းက မင်းရဲ့ယောက်ဖကို အမဲလိုက်ဖို့ ခေါ်ခဲ့တာ။ မင်းသာ မရှိရင် ဒီတောဝက်ကို သူ ရလာမှာ မဟုတ်ဘူး။ တော်လောက်ပြီ ပြန်တော့” လင်းချင်းဟယ်က ညွှန်ကြားလိုက်သည်။
တတိယမောင်လေးလင်းက အလွန်ရှက်သွား၏။ သို့တိုင် အသားကိုတော့ ယူသွားသေးသည်။
ထင်သည့်အတိုင်း တတိယယောက်မလင်းက အလွန်စိတ်ပူနေခဲ့သည်။ နောက်ကျနေပြီး သူမ၏ယောက်ျားက အခုချိန်ထိ မပြန်လာသေးပေ။ တစ်ခုခု ဖြစ်နေတာတာများလား။
တတိယယောက်မလင်းက သူမယောက်ျား မတော်တဆ တစ်ခုခု ဖြစ်လျှင် မည်သို့ နေရမည်ကိုပင် မတွေးရဲချေ။
သူမက တံခါးဝတွင် စောင့်နေခဲ့သည်။ မည်သို့ပင် အေးလာပါစေ သူမက အမှုမထားပေ။ နာရီအနည်းငယ်ခန့် စောင့်ပြီးနောက် သူမယောက်ျားပြန်အလာကို စောင့်နိုင်ခဲ့သည်။
သူမက တတိယမောင်လေးလင်းကို တွေ့သည်နှင့် ငိုချင်သွား၏။
သို့သော် သူမ မငိုခင်တွင် သူမယောက်ျားလက်ထဲမှ အသားတုံးကြီးကို သတိပြုမိပြီး အေးခဲသွားသည်။ “ဘာလို့ ဒီလောက်ကြီးတဲ့ အသားတုံးက ရှိနေရတာလဲ”
တတိယမောင်လေးလင်းက သူမကို ဘေးတွင် ဦးဆောင်ခေါ်သွားပြီး နွေးထွေးစေရန် ရေနွေးပူပူတစ်ခွက်ကို သောက်လိုက်သည်။ ပြီးနောက် ယနေ့၏ ပျော်ရွှင်ဖွယ် အတွေ့အကြုံကို ပြောပြတော့သည်။
သူတို့သည် ရစ်ငှက် သို့မဟုတ် တောယုန်ကို မဖမ်းမိခဲ့ပေ။ ထိုအစား တောဝက်တစ်ကောင်ကို ဖမ်းမိခဲ့၏။
တတိယယောက်မလင်းက ထိတ်လန့်သွားသည်။ တောဝက်သည် အရွယ်ရောက်ပြီးသူများနှင့် ယှဉ်ပြိုင်နိုင်လေသည်။
“အဲအချိန်တုန်းက ငါက ကြောက်လန့်နေတာ။ လောင်တက ငါ့ကို သစ်ပင်ပေါ် ဆွဲတက်သွားတာ။ ငါ့ယောက်ဖက ဒါကို သူ့ဖာသာ ကိုင်တွယ်လိုက်တယ်။ ငါ့ယောက်ဖက အပြန်လမ်းမှာ အားထုတ်လို့ ယွမ်ငါးဆယ် ပေးခဲ့တယ်” သူက ငွေကို ထုတ်လိုက်ပြီး ရှက်ရွံ့စွာ ပြောလိုက်သည်။
“ရှင်က ဒီလိုအစ်မမျိုးနဲ့ ယောက်ဖကို ရထားတာ ဘယ်လို ကံကောင်းမှုလဲ မသိဘူး” တတိယယောက်မလင်းက ပိုက်ဆံကို စိုက်ကြည့်လိုက်သည်။ အသားတုံးကြီးကြီးလည်း ရှိ၏။ သူမစိတ်ထဲတွင် ကျေးဇူးတင်မှုများ ပြည့်နေလေ၏။ သူမက သူမ၏သူရူးကို ကြည့်ပြီး မှတ်ချက်ချလိုက်၏။
တတိယမောင်လေးလင်းက ပြုံးလျက် သူမကို ပိုက်ဆံပေးလိုက်သည်။ “မင်း ဒီငွေကို သိမ်းထား၊ နောက်နှစ် ငါတို့ရဲ့သမီးကြီးကို ကျောင်းပို့သင့်တယ်”
“ကောင်းပြီ” တတိယယောက်မလင်းက ကန့်ကွက်ရန် ပါးစပ်ဟလိုက်သော်လည်း တတိယအစ်မ၏ ပညာရေးတွင် အရေးပါမှုကြောင့် ခေါင်းညိတ်လိုက်၏။
ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့မှာ ထိတ်လန့်ရသော်လည်း ဝင်ငွေက ကောင်းမွန်လှသည်။
တတိယမောင်လေးလင်းအား ယွမ်ငါးဆယ်ပေးပြီးနောက် ယွမ်နှစ်ရာကျော် ကျန်နေသေး၏။
သူတို့စားရန် အသားများစွာလည်း ဖယ်ထားသေး၏။
လောင်အာ့နှင့် လောင်စန်းတို့သည် သူတို့ဖခင်၏ ရဲစွမ်းသတ္တိနှင့် ကျင်းလေးရာရှိသော တောဝက်ကို မည်သို့ ဖမ်းခဲ့ကြောင်း ငါးကြိမ်မြောက်ပြောရန် လောင်တကို မရပ်မနား ပူဆာနေခဲ့သည်။
လင်းချင်းဟယ်က သူတို့ အခန်းထဲ၌ ကျိုးချင်းပိုင်၏ အဝတ်များကို ချွတ်လိုက်သည်။
သူမသည် တောဝက်ကြီးမှ ထိုလူအား မည်သည့်ဒဏ်ရာမျှ မပေးသည်ကို မယုံချေ။ ထင်သည့်အတိုင်း သူမသည် သူ့ပေါင်၌ ဒဏ်ရာများကို ရှာတွေ့လိုက်သည်။
“နောက်တစ်ခါ ပိုက်ဆံ နည်းနည်းအတွက်နဲ့ ရှင့်အသက်ကို ရင်းရတာမျိုး ကျွန်မ တွေ့ရင် ရှင်နဲ့ကျွန်မ မပြီးဘူး မှတ်”
လင်းချင်းဟယ်က လှည့်ပတ်ကြည့်ပြီးနောက် ဆေးဖက်ဝင်အရက်ကို လောင်းထည့်လိုက်သည်။ သူမက စိတ်ဆိုးပြီး ကျိုးချင်းပိုင်ကို စိုက်ကြည့်လိုက်သည်။
“ဒါက ဒဏ်ရာသေးသေးလေးပါ” ကျိုးချင်းပိုင်က သိပ်အမှုမထားပေ။
စစ်တပ်ထဲတွင် နေစဉ်က ထိုထက်ပြင်းထန်သော ဒဏ်ရာကို ရခဲ့ဖူးသည်။ ထိုစဉ်က အလွန်သတိထားခဲ့၌ များစွာ မထိခိုက်ခဲ့ပေ။ ယင်းမှာ ကျောက်တုံးဖြင့် မတော်တဆ တိုက်မိခဲ့၍သာ ဖြစ်ပေ၏။
လင်းချင်းဟယ်က ပြောလိုက်သည်။ “ရှင် ဒါကို အလေးမထားဘူးလား”
ကျိုးချင်းပိုင်က သူမကို သတိထားမိလိုက်ပြီး။ “နောက်တစ်ခါကျ ပိုသတိထားပါ့မယ်”
လင်းချင်းဟယ်က ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။ သူမက ထိုအဓိပ္ပာယ်ကို နားလည်သည်။ တံခါးဝသို့ ရောက်လာသော ထိုတောဝက်ကြီးကို သူက မစွန့်လွှတ်နိုင်ပေ။
“ကျွန်မတို့ မိသားစုမှာ ယွမ်၅၀၀၀ အထက် ရှိတယ်။ ဒါတွေကို မလိုဘူး။ ရှင် ဒီလိုလုပ်တာက ကျွန်မကို ရင်နာစေတယ်” လင်းချင်းဟယ်က ဆေးဖက်ဝင်အရက်ကို လိမ်းပေးရင်း ပြောလိုက်သည်။
ဤလူသည် သူ့ကိုယ်သူ သံမဏိလူသားဟု တွေးနေခဲ့သည်။ သူသည် အသွေးအသားနဲ့ တည်ဆောက်ထားမှန်း မသိသည်လော။
ကျိုးချင်းပိုင်က ဆေးဖက်ဝင်အရက်ကို လိမ်းပေးနေသည့် သူ့ဇနီးကို ညင်သာစွာ ငုံ့ကြည့်လိုက်၏။