အခန်း (၂၁၁) - ရိုက်နှက်ခံရခြင်း
လင်းချင်းဟယ်က ဆေးဖက်ဝင်အရက် လိမ်းပြီးသွား၍ မော့ကြည့်လိုက်သည်တွင် သူမကို ကြည့်နေသော ထိုလူကို တွေ့လိုက်ရသည်။ ဆေးလိမ်းပေးနေသည့် သူမရဲ့လက်က ခဏရပ်သွားပြီးနောက် “ဘာကြည့်နေတာလဲ” လို့ ပြောလိုက်သည်။
“နောက်တစ်ခါကျရင် သတိထားပါ့မယ်” ကျိုးချင်းပိုင်က ကတိပေးလိုက်သည်။
လင်းချင်းဟယ်က နှာခေါင်းရှုံ့ပြီး လှောင်ရယ်လိုက်သည်။
“ရှင် သတိထားဖို့ မလိုပါဘူး။ ရှင်သာ တစ်ခုခု ဖြစ်ခဲ့ရင် ကျွန်မကို မုဆိုးမအဖြစ် ဆက်နေဖို့ မမျှော်လင့်နဲ့။ ကျွန်မက ရှင့်သားတွေကို ခေါ်ပြီးတော့ နောက်အိမ်ထောင်ပြုမှာ။ ပြီးကျရင် ရှင့်သားတွေက တခြားသူကို အဖေလို့ ခေါ်ကြလိမ့်မယ်”
ကျိုးချင်းပိုင်၏ မျက်နှာက မည်းမှောင်သွားသည်။
လင်းချင်းဟယ်က သူ့ကို အရေးမစိုက်ဘဲ လှည့်ထွက်သွားသည်။
ကျိုးချင်းပိုင်က စွမ်းအားမဲ့သလို ခံစားလိုက်ရသည်။ သူ့ဇနီးသည် ဘာမဆို ပြောရဲသည်။ သူမက သူ့ရှေ့၌ပင် နောက်အိမ်ထောင်ဟူသော စကားကို ပြောရဲပေသည်။
သို့သော် ကျိုးချင်းပိုင်က သူ့သားများနှင့် သူ့ဇနီးက တခြားသူ၏အပိုင်ဖြစ်သွားသော ပုံရိပ်များကို တွေးလိုက်ပြီး သူ လုံးဝ လက်မခံနိုင်ပေ။
ထို့ကြောင့် သူက သူ့ကိုယ်သူ အမှန်ပင် ဂရုစိုက်ရပေမည်။
လင်းချင်းဟယ်က လောင်တ၏ခန္ဓာကိုယ်ကို စစ်ဆေးရန် ထွက်လာခဲ့သည်။ လောင်တက လင်းချင်းဟယ်ကို စိတ်အေးစေရန် “အမေစိတ်မပူပါနဲ့။ ကျွန်တော်နဲ့ ဦးလေးက မတိုက်ခိုက်ခဲ့ဘူး။ အဖေတစ်ယောက်တည်းကပဲ တောဝက်ကို လဲကျအောင် တိုက်ခိုက်ခဲ့တာ” ဟု ပြောခဲ့သည်။
ထိုသို့ပြောနေစဉ်တွင် လောင်တက အနည်းငယ် စိတ်လှုပ်ရှားနေလေသည်။
သူ့ဖခင်က အလွန်သန်မာ၏။ သူက သူ့စွမ်းရည်များကို အလွန်မနာလို ဖြစ်မိပေသည်။ သူသည်လည်း သူ့အဖေထံမှ သင်ကြားလို၏။
လင်းချင်းဟယ်က ထိုအကြောင်းကို မသိချေ။ လောင်တက သူ့အဖေကို သီးသန့်ရှာပြီး သဘောတူညီချက် ယူပြီးဖြစ်၏။ ကျိုးချင်းပိုင်ကလည်း မငြင်းပေ။ သူက သင်ပေးရန် ဆန္ဒရှိပေသည်။
တောဝက်နှင့် တိုက်ခိုက်မှု ဖြစ်စဉ်ကတည်းက လောင်တက သူ့ဖခင်ထံမှ တိုက်ခိုက်ရေးကို စတင်သင်ယူခဲ့သည်။
ထိုလေ့ကျင့်မှုကြောင့် လောင်တက သူ့ဖခင်ထက် ပို၍ အစားကြီးလာ၏။
လင်းချင်းဟယ်က သူမမိသားစုထံတွင် မသမာသည့် ဝင်ငွေတချို့ မရှိပါက သူမက ထိုသားကို ကြည့်ရှုစောင့်ရှောက်နိုင်မည် မဟုတ်ဟု ခံစားမိလေသည်။ ထိုမျှသာမက နှစ်ယောက်လည်း ရှိသေး၏။
တောဝက်သားကို ဇန်နဝါရီလကုန်အထိ စားခဲ့ရသည်။ ဇန်နဝါရီလကုန်တွင် နွေးသင့်သော်လည်း ဤနှစ်တွင် အေးနေဆဲ ဖြစ်၏။ ယခုတိုင်အောင် အပူချိန်က မမြင့်တက်လာသေးပေ။
၎င်းက နွေဦးစိုက်ပျိုးမှုတွင် သက်ရောက်မှု ရှိမည်ဟု ခန့်မှန်းနိုင်သည်။
လင်းချင်းဟယ်က ထိုနေ့ မနက်ပိုင်းတွင် သူမစုဆောင်းထားသော အတိုအစများကို ထုတ်လိုက်ရန် မြို့သို့ လာခဲ့သည်။
လဝက်လောက် စုဆောင်းပြီးနောက် ဇန်နဝါရီ ၁၅ရက်နေ့တွင် သူမနှင့် ကျိုးချင်းပိုင်က ကလေးများကို ခေါ်၍ မြို့သို့သွားကာ အတွဲလိုက် ရောင်းချ၍ ဓာတ်ပုံရိုက်ပြီး ပျော်ရွှင်ခဲ့ရလေသည်။ ဤအတွဲလိုက်မှာ အစ်မမိန်ထံမှ အများဆုံး ဝယ်ယူထားခြင်း ဖြစ်လေသည်။
ဤနှစ်ကား ၇၅ခုနှစ် ဖြစ်သည်။ လေထုမှာ များစွာတင်းကျပ်သေးသော်လည်း အစောပိုင်းနှစ်များထက် ပိုကောင်းလာပြီဖြစ်သည်။
သူမ ဖြစ်စေ အစ်မမိန်ဖြစ်စေ သေချာတွေးကြည့်ပါက သူတို့က ဤဝန်းကျင်တွင် အတွေ့အကြုံရှိပြီးဖြစ်၏။ ထိုနေရာတွင် လွဲချော်ဖူးခြင်း မရှိချေ။
တစ်ကျင်းမျှ ရောင်းခြင်းကနေ ငွေအများအပြား ရလာနိုင်ပြီး အစ်မမိန့်က သူမထံမှ ငွေများ ဖလှယ်နေခဲ့သည်။
ဤတစ်ကြိမ်တွင် အသားတင်အမြတ် ယွမ်၃၀ ရရှိခဲ့၏။
ယင်းက လဝက်မျှသာ ရှိသေး၏။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဈေးကွက်တွင် အသားများ ဝယ်လိုအား မည်မျှမြင့်သည်ကို ပြသနေပေသည်။
လင်းချင်းဟယ်က နေရာလွတ်ထဲမှ ခြင်းကြားနှစ်ခုကို ထုတ်ယူလိုက်ပြီး မှောင်ခိုဈေးတွင် ကြက်ဥဝယ်ရန် လာခဲ့လိုက်သည်။ အိမ်၌ ကြက်၌လိုအပ်ချက်က အလွန်အံ့အားသင့်ဖွယ် ကောင်း၏။ အလွန်မြင့်မားပေသည်။ သူမ လာသည့် အကြိမ်တိုင်း ကြက်ဥဝယ်ရသည်။
ကျန်သည်ကတော့ ဝယ်ရန် မလိုအပ်ချေ။ အိမ်တွင် သိုလှောင်ထားပြီး ဖြစ်သည်။ လင်းချင်းဟယ်က ကျောင်းသုံးပစ္စည်းများကို ဝယ်ပြီး အိမ်ပြန်လာ၏။
ဇန်နဝါရီလ၏ ခုနှစ်ရက် ရှစ်ရက်မြောက်တွင် နေ့ရက်များက စတင်နွေးထွေးလာ၏။ သို့သော်လည်း နှစ်ရက်ခန့် ပူနွေးပြီးနောက်တွင် အအေးဓာတ်က တစ်ဟုန်ထိုး ရောက်လာပြီး တစ်ဖန် ပြန်အေးလာတော့သည်။ (အင်္ဂလိပ်ထရန်သမားက ပြောထားတာပါ။ ငါလည်း မသိဘူး။ သူတို့မိသားစုက ဇန်နဝါရီ ၁၅မှာ မြို့ကို သွားပြီးတော့ ၇ရက် ၈ရက်ကို ပြန်ရောက်သွားတယ်.. တဲ့)
“ဘာလုပ်ရမလဲ” ရွာထဲရှိ အချို့သော လူအိုများက စတင်စိုးရိမ်လာကြသည်။ ၎င်းက ယခုတိုင် အေးဆဲ ဖြစ်၏။ ဤနှစ်၏ စိုက်ပျိုးခြင်းတွင် အကျိုးသက်ရောက်ပေလိမ့်မည်။
ဖေဖော်ဝါရီလလယ်တွင် နောက်ဆုံး၌ ရာသီဥတုက ပူနွေးလာ၏။ လူတိုင်းက ရင်ဆိုင်နိုင်ခဲ့ကြသည်။
ဤနှစ်၏ ဆောင်းဦးထယ်ထိုးခြင်းက ယမန်နှစ်ကထက် ၁၀ရက် နောက်ကျခဲ့သည်။ မည်သည့်နည်းနှင့်မျှ တစ်ခဏပင် မနှောင့်နှေးစေခဲ့ကြ၊ သို့မဟုတ်ပါက ဤနှစ်အတွက် တမြေ့မြေ့ စိတ်ပူပန်နေရပေမည်။
ဤနှစ်တွင် လောင်တက ဒုတိယနှစ်သို့ ဝင်ခဲ့သည်။ ကျောင်းစတင်သည့်အခါ ဒုတိယနှစ်ဆရာ၊ ဆရာမများ၏ မေးခွန်းများကို ဖြေရန် ကျောင်းအုပ်ကြီးရုံးခန်းသို့ သွားခဲ့သည်။ ပြီးနောက် သူက စာမေးပွဲ အောင်မြင်ခဲ့၏။
ဘာသာရပ်တစ်ခုစီတွင် ၉၀မှတ်အထက် ရခဲ့ပြီး မည်သည့် ပြဿနာမှ မရှိခဲ့ပေ။
ဆရာ၊ ဆရာမများက အလွန်အံ့ဩခဲ့ကြရ၏။ သဘာဝကျကျဖြင့် လင်းချင်းဟယ်ကို သူ့အား မည်သို့သင်ကြားခဲ့သနည်းဟု မေးမြန်းခဲ့ကြသည်။ သူက မည်သို့ ထိုမျှ ဉာဏ်ကောင်းရသနည်း။
လင်းချင်းဟယ်က မိသားစု၏ဝန်ထုပ်ဝန်ပိုးကို ပုခုံးထမ်းကူညီလိုပြီး အလုပ်ကြိုးစားသော ကလေးကို ဖော်ထုတ်ခဲ့သည်။
ဤအချိန်ကာလ၌ ပညာသင်စရိတ်က သိပ်မများသော်လည်း စာသင်နှစ်တစ်ဖြတ်စာအတွက် ၁၀ယွမ်ကုန်ကျကာ ယင်းမှာ လယ်သမားများအတွက် များပြားလေသည်။
လောင်တက ပထမနှစ်၏ ဒုတိယအဖြတ်ကို ခုန်ကျော်ခဲ့ပြီး ဒုတိယနှစ်၏ ပထမအဖြတ်ကိုလည်း ခုန်ကျော်ခဲ့လေရာ ယင်းက သူက ၂၀ယွမ်ကို သက်သာစေသည်ဟု ဆိုလိုလေသည်။
၂၀ယွမ်မှာ သူ နို့သောက်ဖို့ အချိန်ကာလတစ်ခုစာ လုံလောက်ပေ၏။
နို့ပို့သမားက နို့ပြန်ပို့ပြီဖြစ်၏။ လောင်တအတွက် နို့နှစ်ပုလင်း လိုအပ်လာပြီဖြစ်သည်။
ကျောင်းမှ ဆရာမအားလုံးက လစာများ ရရှိကြသည်။ သူတို့က လောင်တကို အနည်းဆုံး ၁၄နှစ်လောက်ရှိပြီဟု ထင်ခဲ့ကြပြီး ၁၁နှစ်ဟု မထင်ကြပေ။
ဆရာမများက အလွန်အံ့အားသင့်သွားကြသည်။
“ဆရာမလင်း သူ့ကို ဘာတွေ ကျွေးတာလဲ” ဆရာမရွှီက မေးသည်။
လင်းချင်းဟယ်က ရယ်လိုက်ပြီးနောက်။ “ဒါက ထူးခြားတာတွေ မကျွေးပါဘူး။ တစ်ရက် ထမင်းသုံးနပ်နဲ့ အပိုအနေနဲ့ မနက်တိုင်း နွားနို့နှစ်ပုလင်းလောက်ပါပဲ”
“ဒါက အရမ်းများလွန်းတယ် မဟုတ်ဘူးလား” တခြားဆရာမက ပြန်ပြော၏။
“မဟုတ်ဘူး။ ဒီကလေးက သူ အရပ်ရှည်မယ့် နှစ်အပိုင်းအခြားကို ရောက်နေပြီ။ ဒါက ရွှေရောင်ကာလပဲ။ သူ့ကို ပြုစုပျိုးထောင်ရမယ်။ သူ့ကို သူ့အဖေလိုမျိုး အရပ်ရှည်လာဖို့ မျှော်လင့်တယ်” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
ပြောဖို့မလိုဘဲ ကျိုးချင်းပိုင်၏အရပ်က အတော်လေး ရှည်သည်။
ဆရာမအချို့မှာ လက်ထပ်ပြီး ကလေးများ ရှိလေသည်။ သူမစကားကို ကြားပြီးနောက် သူတို့မှာ ကိုယ်ပိုင်အတွေးများ ရှိလာလေသည်။
လင်းချင်းဟယ်က စကားများများ မပြောပေ။ လူတိုင်းက သူတို့ကလေးကို ပျိုးထောင်ရန် ကိုယ်ပိုင်နည်းလမ်းများ ရှိပေသည်။ မည်သို့ပင်ဆိုစေကာမူ သူမနှင့် သူတို့သည် တူညီသော မျိုးဆက် မဟုတ်ချေ။ သူမ၏ ပညာရေးခံယူချက်မှာ နှောင်းပိုင်းမျိုးဆက်မှဖြစ်ပြီး သူတို့က သူမထံမှ မသင်ယူနိုင်ပေ။
တကယ်တမ်းတွင် သူမ၏အမြင်မှာ တစ်လလျှင် ၁၀ယွမ်ဖြင့် လတ်ဆတ်သော သဘာဝနွားနို့ကို ကလေးများအား တိုက်ခြင်းက အလွန်တန်ဖိုးရှိပေသည်။
သို့သော် ဤကာလ၌ ၁၀ယွမ်က အမှန်ပင် များပေ၏။ မြို့မှ မိသားစုတစ်စုရှိ လူသုံးယောက်ပင်လျှင် ခြိုးခြံချွေတာပါက တစ်လမျှ စားသုံးနိုင်ပေသည်။
၁၁နှစ်အရွယ် လောင်တ၏အရပ်မှာ ၁၄နှစ်နှင့် နှိုင်းယှဉ်၍ ရပေသည်။ ယင်းမှာ လောင်တအား ဒုတိယနှစ်သို့ဝင်ရန် ပြဿနာမရှိပေ။ လောင်တမှာ အမှန်ပင် လိုက်လျောညီထွေနေတတ်သည်။ သူက မကြာမီပင် အတန်းထဲ၌ ခြေကုပ်ယူနိုင်သွားလေသည်။
သူက နောင်တွင် အတန်းကျော်ရန် မလိုတော့သဖြင့် ဒုတိယနှစ်မှ အသိပညာများကို လေးလေးနက်နက် စတင်လေ့လာတော့သည်။ အတန်းအလိုက် တစ်ဆင့်ပြီးတစ်ဆင့် လေ့လာခြင်းက အဆင်ပြေပေမည်။
သို့သော်လည်း လင်းချင်းဟယ်က သူ့ကို အာရုံစိုက်ပြီး မေးမြန်းစုံစမ်းနေသေးပေသည်။
ယင်းတို့မှာ လောင်တအတွက် သာမန်အိမ်စာများသာ ဖြစ်ပေသည်။ ယခုတွင်မူ သူက အတန်းပြီးတိုင်း ဝက်ခြံအတွက် ဝက်စာရွက်များကို အများအပြားကို စုနိုင်ပြီဖြစ်သည်။
လောင်စန်းက အတန်းတက်ပြီဖြစ်၍ ဝက်စာရွက်များ စုဆောင်းတာကို ရပ်လိုက်ပြီဖြစ်၏။ ကျောင်းဆင်းသည်နှင့် ကျောင်းလွယ်အိတ်ကို ပစ်ချကာ ဆော့ရန် ပြေးထွက်သွားတော့သည်။
စုချန်လေးနှင့် စုရွှမ်လေးတို့ကလည်း ပြန်ရောက်လာသည်။ စုရွှမ်က အမေကျိုးနှင့်ဖြစ်ကာ စုချန်လေးက လောင်စန်း၏အမြီးလေး ဖြစ်လာသည်။
လောင်စန်းက ကျောင်းမှ အိမ်သို့ ပြန်လာတိုင်း သူ့တတိယအစ်ကိုနှင့် ဆော့ကစားလိမ့်မည်။
သာယာသောနေရက်များတွင် ဒုတိယအစ်မက သူမမိဘအိမ်သို့ ရုတ်တရက် ပြန်လာ၏။ သူမမျက်နှာတွင် မျက်ရည်များ ရှိနေပြီး ထိုမျှသာမက လက်သည်းရာများလည်း ရှိနေသည်။
“ဘာဖြစ်ခဲ့တာလဲ” အမေကျိုးက မျက်နှာမည်းမည်းဖြင့် မေးလိုက်သည်။
“အမေ... သမီးတို့ ညီအစ်ကိုမောင်နှမတွေကို စုစည်းလိုက်... သမီးတို့ ဟွမ်မိသားစုဟောင်းကို သွားပြီးတော့ စာရင်းရှင်းကြမယ်” ဟု ဒုတိယအစ်မက ထုတ်ပြောလာသည်။
ဟွမ်မိသားစုဟောင်းသည် သူမယောကျ်ား၏ မိသားစုဖြစ်သည်။ သူမ၏ဒဏ်ရာများမှာ သူမ၏အကြီးဆုံးမရီးနှင့် သူမယောက္ခမမှ သူမအား ကျူးလွန်ခဲ့ခြင်း ဖြစ်လေသည်။ ပြီးလျှင် သူမ၏အကြီးဆုံးမရီး၏ မိခင်ဘက်မှ ယောက်မလည်း ပါဝင်လေသည်။
ယခုတွင် အချိန်မရှိတော့ပေ။ လယ်ထဲသို့ သွားသော ထိုသူများမှာ ပြန်လာမည် မဟုတ်ပေ။ သို့သော် ကိစ္စမရှိ၊ ကျိုးချင်းပိုင်နှင့် သူ့အစ်ကိုများက ကျိုးတာ့နီ၏ သွားရောက်ခေါ်မှုကြောင့် မကြာမီ ပြန်လာပေမည်။
အမေကျိုးက စက်ဆုပ်ဖွယ်လူများကို ကိုင်တွယ်ရန် သိနားလည်သော အမျိုးသမီးအချို့ကို သွားခေါ်ခဲ့သည်။ ပြီးနောက် သူတို့က ဟွမ်မိသားစုအိမ်သို့ တရားမျှတမှုတောင်းခံရန် သွားကြတော့သည်။