အခန်း၂၁၂
Viewers 38k

အခန်း (၂၁၂) - တိုက်ခိုက်ခြင်း


လင်းချင်းဟယ်က ယင်းကို မသိလိုက်ပေ။ အလုပ်ဆင်းလာပြီးနောက် သူမသည် စုချန်ထံမှ ဒီအကြောင်းကို ကြားလိုက်ရသည်။ 


“ဒုတိယဒေါ်ကြီးက အရိုက်ခံလာရတယ်။ အဘွားက ဦးလေးတွေနဲ့ တခြားသူတွေကို ခေါ်ပြီး ဒေါ်ကြီးအတွက် ပြန်တိုက်ခိုက်ပေးဖို့ ခေါ်သွားတယ်” ဟု စုချန်က ရှင်းပြသည်။ 


“မင်းရဲ့ တတိယအစ်ကိုနဲ့ တခြားသူကတွေရော” လင်းချင်းဟယ်က မေးလိုက်သည်။ 


“တတိယအစ်ကိုက သူတို့နောက် လိုက်သွားတယ်။ သားက အိမ်စောင့်ဖို့ ကျန်ခဲ့တာ” စုချန်လေးက ပြန်ပြော၏။

 

စုချန်လေး၏ နူးညံ့သော အမူအရာကို ကြည့်ပြီး ဆုံးဖြတ်၍ မရ၊ စုချန်လေးက ကျေးလက်တွင် ကြီးပြင်းလာခြင်း ဖြစ်၏။ သူက တခြားကလေးများနှင့် တစ်ခါတရံ တိုက်ခိုက်တတ်ပြီး အထူးသဖြင့် သူ့တတိယအစ်ကိုနှင့် ပေါင်းပြီးနောက် ဖြစ်သည်။ 


ထို့ကြောင့် သူက သူ့အဘွားနှင့် တခြားသူများ တိုက်ခိုက်ဖို့ သွားသည်ကို ကြားပြီးနောက် မအံ့ဩချေ။ ကြောက်လည်း မကြောက်သွားပေ။ 


လင်းချင်းဟယ်က သူ့ကို ထိုသို့ မြင်ပြီးနောက် ရယ်ချင်နေသည်။ သူမက သူ့ခေါင်းလေးကို ပွတ်လိုက်ပြီးနောက် ပြော၏။ “တိုက်ခိုက်တာက မမှားဘူး။ ဒါပေမဲ့ တခြားသူက မင်းကို ရိုက်မှ မင်းက ပြန်တိုက်ခိုက်ရမယ်။ မင်း ဒါကို သည်းခံနေဖို့ မလိုဘူး”


“သားသိပါပြီ။ သားကို ဘယ်သူမှ မရိုက်ရဲဘူး” စုချန်လေးက ဂုဏ်ယူနေ၏။ 


သူ့ထံတွင် အစ်ကိုအများကြီး ရှိသည်။ နောက်ဆုံးတစ်ကြိမ်က သူ့ထက် အသက်ကြီးသူတစ်ဦး ရှိခဲ့၏။ သူက သူ့ကို မရိုက်နိုင်ပေ။ သူက အိမ်ပြန်လာပြီး သူ့တတိယအစ်ကိုကို တိတ်တိတ်လေး ပြောပြခဲ့၏။ သူ့တတိယအစ်ကိုက ဘာမှမပြောဘဲ သူ့အတွက် ပြန်သွားခဲ့သည်။ 


လင်းချင်းဟယ်က ယင်းအကြောင်းများကို မသိချေ။ သူမ သိခဲ့လျှင်ပင် ဘာမှမပြောမည်မဟုတ်ချေ။ 


သူမ၏ သင်ကြားရေးလမ်းကြောင်းက မှားယွင်းနေနိုင်သော်ငြား ကောင်လေးများ၊ အထူးသဖြင့် ကျေးလက်မှ ကောင်လေးများသည် ငယ်စဉ်က ကြမ်းတမ်းစွာ ပျိုးထောင်ခံရပေသည်။ တခြားသူနှင့် လုံးဝ မတိုက်ခိုက်ခဲ့ဘဲ ကောင်လေးများ ကြီးပြင်းလာပါက သူတို့၏ငယ်ဘဝမှာ အနည်းငယ် ပျင်းဖို့ ကောင်းပေမည်။ 


သေချာသည်မှာ လုံလောက်သည့် အတိုင်းအတာကို သိရန်သာ လိုအပ်၏။ 


လင်းချင်းဟယ်က အမျိုးသမီးချိုင်ကို မေးလိုက်သည်။ အမျိုးသမီးချိုင်က ယင်းအကြောင်းကို ကြားသိပြီးဖြစ်ကာ သူမသည် အမေကျိုးက ရွာထဲမှ အမျိုးသမီးအချို့ကို ခေါ်သွားသည်ဟု ပြောပြခဲ့၏။ 


လင်းချင်းဟယ်သည် အမေကျိုး ခေါ်သွားသည့် အမျိုးသမီးတွေက ရွာထဲမှ အရက်စက်ဆုံး အမျိုးသမီးတွေဖြစ်မှန်း စိတ်ထဲမှ သိလိုက်သည်။ 


ထို့ကြောင့် သူမက မနေ့က အစ်မမိန့်ထံမှ ရလာသည့် လက်ကျန်အသားတချို့ကို ခေါက်ဆွဲနှင့် ချက်လိုက်သည်။ အမေကျိုးက လူလေးဦးနှင့် အတူတူ သွားတာဖြစ်၍ သူမသည် ပန်းကန်လုံးအကြီးလေးလုံးဖြင့် ခွဲလိုက်၏။ ၎င်းတို့ ဝေစုမှာ ကြီးမားလှသည်။ 


ကျိုးချင်းပိုင်နှင့် အခြားသူများမှာ ၇နာရီအထိ မပြန်လာသေးချေ။ သူတို့ ပြန်လာပြီးနောက် လင်းချင်းဟယ်က စားစရာများကို အဆင်သင့်ပြင်ပေးလိုက်သည်။ စကားမဆိုဘဲ သူတို့အား တည်ခင်းဧည့်ခံပေးလိုက်၏။ 


သူတို့က တစ်နပ်စားရန် နေလိုက်ကြသည်။ ပြီးနောက် သူတို့ကို အသားဖြင့် ချက်ထားသော ခေါက်ဆွဲကို လက်ဆောင်ပေးလိုက်၏။ ကူညီရန် ဖိတ်ခေါ်ခံရသူများက ဝမ်းသာသွားကြသည်။ 


အိမ်ထောင်သည်သမီးအတွက် တရားမျှတမှုရှာပေးရန် ရွာရှိ ရက်စက်သူများကို ခေါ်ခြင်းက ကျေးလက်တောရွာတွင် ပုံမှန်ဖြစ်လေ့ဖြစ်ထ ရှိသည်။ ယင်းအတွက် တစ်နပ်ကျွေးလျှင် လုံလောက်ပြီဖြစ်၏။ လင်းချင်းဟယ် ကဲ့သို့ အိမ်သို့ စားစရာ ပြင်ဆင်ပေးခြင်းက အတော်ရှားသည်။ 


သူတို့သည် ပန်းကန်လုံးများကို ဆေးပြီးနောက် ပြန်ပို့ပေးမည်ဟု ပြောလာသည်။ ရွာရှိ အိမ်ထောင်သည်သမီးများကို တစ်ယောက်ယောက်က အနိုင်ကျင့်ပါက သူတို့ကို ခေါ်နိုင်ပေသည်။ 


အားလုံး ပြီးနောက် လင်းချင်းဟယ်က နောက်ဆံးတွင် အမေကျိုးကို မေးမြန်းရန် အချိန်ရသွားပြီဖြစ်သည်။ 


အမေကျိုးက တံထွေးထွေးလိုက်ပြီးနောက် ဤသို့ ရှင်းပြခဲ့သည်၊ “အဲဒီဟွမ်အိမ်ဟောင်းက ကျိုးအိမ်ဟောင်းကို မျက်စိထဲ မထည့်ထားဘူးပေါ့လေ။ အဲဒီဖရဲသီးသုံးလုံးနဲ့ နှစ်ရက်လောက် တွေ့လိုက်ချင်တာ။ သူတို့က ငါတို့ရောက်သွားတာနဲ့ ရစရာမရှိအောင် ဖြစ်သွားကြတာပေါ့။”


ဒုတိယသမီးအတွက် အမေကျိုးရဲ့ သဘောထားကို သူမ နားလည်၏။ သူမ အမေအိမ်သို့ ပြန်လာပြီး တိုင်ကြားလိုက်ရသည်အထိ ဖိအားပေးခံလိုက်ရသောအခါတွင် သူတို့က မည်သို့ ယဥ်ကျေးနိုင်ပါတော့မည်နည်း။


သူမသမီး၏ ညီအစ်ကိုမောင်နှမများကို ရိုးရှင်းစွာ စစ်ကူခေါ်ပြီး တရားမျှတမှုအတွက် တိုက်ရိုက်ပင် ပြေးသွားတော့သည်။ 


သူတို့ ရောက်သွားတော့ ဟွမ်မိသားစု၏ သက်ကြီးအမျိုးသမီးနှင့် အကြီးဆုံးချွေးမက လိုက်ပါသွားသော အမျိုးသမီးများကြောင့် မြေပေါ်တွင် လဲအောင် ရိုက်ခံလိုက်ရတော့သည်။ ဟွမ်မိသားစုမှ အမျိုးသားများမှာ လှုပ်ပင် မလှုပ်ရဲကြချေ။ 


ဟွမ်မိသားစုဟောင်းကို ထိုမျှ ရှင်းလင်းမှုက မလုံလောက်ပေ။ ဟွမ်မိသားစု၏ အကြီးဆုံးချွေးမ၏ အမေဘက်မှ မိသားစုကိုလည်း စွပ်စွဲခဲ့သည်။ သူတို့က ရွာတူပြီး အလွန်စည်းရုံးလေသည်။ သူတို့က ဒုတိယအစ်မကို ရိုက်နှက်ခဲ့ရာ၌ ပါဝင်ခဲ့ကြသည်။ 


သဘာဝကျကျပင် အမေဘက်မှ မိသားစုက ရပ်မနေကျပေ။ သူတို့တွင်လည်း ညီအစ်ကိုများစွာ ရှိပြီး ချက်ချင်း ဝင်လာကြသည်။ သို့သော် သူတို့မည်သို့မျှ မလုပ်ရသေးခင်တွင် သူတို့ကို ကျိုးချင်းပိုင် တစ်ယောက်တည်းက အမှောက်သိပ်လိုက်သည်။ 


အစ်ကိုကြီးနှင့် တခြားသူများပင် လှုပ်ရှားရန် မလိုလိုက်ပေ။ 


ကျိုးချင်းပိုင်က အမျိုးသမီးများ တိုက်ခိုက်နေသည်ကို ဝင်မပါပေ။ သို့သော်လည်း ကျိုးချင်းပိုင်က အမျိုးသားများကိုမူ ညှာတာနေမည် မဟုတ်ချေ။ 


ဟွမ်မိသားစုချွေးမ၏ အမေဘက်မှ အစ်ကိုများ မြေပေါ်တွင် ညည်းညူနေကြရတော့သည်။ မည်သူမျှ ထပ်မလှုပ်ရှားရဲကြတော့ချေ။ သူတို့သာ လှုပ်ရှားပါက ကျိုးချင်းပိုင်က ခြေထောက်တစ်ဖက်တည်းဖြင့် ရိုက်နှက်မည် ဖြစ်သည်။ မည်သူက လှုပ်ရှားရဲမည်နည်း။ 


ပြောရလျှင် ကျိုးချင်းပိုင်က ကာကွယ်နိုင်သောဗီဇ ရှိ၏။ 


ပြီးနောက် ကျိုးချင်းပိုင်က သူ့ဒုတိယအစ်မ၏ သဘောထားကို သိသည်။ ယမန်နှစ်က အတင်းဖိအားပေးခံရပြီး အမေအိမ်တွင် ငွေချေးစေသည်ကိုတောင် သူမက တိုင်ကြားမည် မဟုတ်ပေ။ ဤတစ်ကြိမ်တွင် သူမအမေအိမ်တွင် အကူအညီအတွက် မေးရန် အရိုက်ခံခဲ့ရသည်။ ကျိုးချင်းပိုင်က သူမကို တရားမျှတမှုပေးရန် သူမအတွက် ရပ်တည်ရမည်မှာ သေချာ၏။ 


တိုက်ခိုက်ပြီးနောက် လူတိုင်းက ထိုင်ပြီး ဆွေးနွေးကြတော့သည်။ 


သဘာဝအားဖြင့် တောင်းပန်ရမည်က ကျိန်းသေသည်။ တောင်းပန်ရုံသာမက လျော်ကြေးလည်း ပေးရပေမည်။ ယင်းက အမေကျိုးသည် သူ့သမီးအတွက် တရားမျှတမှု ရှာပေးရသည်က ရှားပါးသော အခွင့်အရေးဖြစ်ကာ သူမက ဟွမ်မိသားစုအား မည်သို့ လွယ်လွယ် ခွင့်ပြုမည်နည်း။ 


နောက်ဆုံးအကြိမ် မိသားစုမှ ခွဲထွက်ခဲ့ခြင်းက မတရားခဲ့‌ပေ။ ဤတစ်ကြိမ်တွင် ရန်ကြွေးဟောင်းနှင့် ရန်ကြွေးအသစ်တို့ကို အတူတူ စာရင်းရှင်းရပေမည်။ 


လမ်း၌ အမေကျိုးက သူ့အဖော်များကို အခြေအနေကို ရှင်းပြခဲ့၏။ ယင်းက ထိုအရာများကို ရှင်းရန် အကောင်းဆုံး ဖြစ်ပေသည်။ 


ထို့ကြောင့် ဒုတိယအစ်မကို မိသားစုခွဲထွက်သည့်စရိတ် ယွမ်၁၀၀ ရရန် ကူညီပေးလိုက်ကြသည်။ သို့ဖြင့် ရိုက်နှက်မှုက ပြီးဆုံးသွားခဲ့သည်။ 


သို့မှသာ ဟွမ်ဟဲ ထုတ်လုပ်ရေးရွာ ဟွမ်အိမ်ဟောင်း၏ ဒုတိယချွေးမမှာ မိသားစုမရှိတာ မဟုတ်မှန်း သဘောပေါက်သွားကြသည်။ သူတို့သည် လှုပ်ရှားခဲ့ပြီးနောက် ယခုတွင် ဟွမ်အိမ်ဟောင်းမိသားစုမှာ ထိခိုက်ခဲ့တော့သည်။ 


ထို့အပြင် သူတို့သည် သင်ခန်းစာအတွက် နှာခေါင်းကျိုးသွားခဲ့ရသည်။ သူတို့သည် ဒုတိယချွေးမ၏ သဘောထားကို နောက်တစ်ကြိမ် ဂရုမစိုက် မလုပ်ရဲတော့ပေ။ 


လင်းချင်းဟယ်က သူတို့၏လက်ချက်ကိုသဘောကျသည်။ တကယ်တမ်းတွင် ဤနည်းက အလုပ်ဖြစ်ပေသည်။ 


ထို့အပြင် ရွာသားအချို့၏ တိုက်ခိုက်မှုစွမ်းအားမှာ အလွန်ကောင်းမွန်ပေသည်။ နှစ်ယောက်တစ်ယောက် တိုက်နိုင်၏။ လင်းချင်းဟယ်က သူမ၏ အသားခေါက်ဆွဲပန်းကန်မှာ အလွန်ပင် ထိုက်တန်သည်ဟု ခံစားလိုက်ရလေသည်။ 


ပြီးနောက် သူတို့မိသားစုမှ ကလေးများက ဆေးပြီးသား ပန်းကန်များ ပြန်လာပို့ပေးလေသည်။

 

နောက်နေ့တွင် ဒုတိယအစ်မက ထပ်ရောက်လာသည်။ 


ဤတစ်ကြိမ်တွင် သူမမျက်နှာ၌ အပြုံးတစ်ခု ရှိနေ၏။ သူမက သူမအမေ တိုက်ခိုက်ပေးခဲ့သော မိသားစုခွဲစရိတ် ၁၀၀ယွမ်ကို ယူလာခဲ့သည်။ 


ပထမတွင် သူမက သူမအမေဘက်မှ ယောက်မတွေကို ပိုက်ဆံ အရင်ပြန်ပေးသည်။ အစ်မကြီးနှင့် ညီမလေး၏ အကြွေးကိုတော့ ခဏဆိုင်းထားမည် ဖြစ်သည်။ 


“မနေ့တုန်းက မင်းယောက်မတွေ တိုက်ခိုက်ဖို့ မလာတာကို အပြစ်မတင်နဲ့။ သူတို့က ဟွမ်မိသားစုရဲ့ အပေါက်ဆိုးဆိုး မိန်းမတွေရဲ့ ပြိုင်ဘက်မဟုတ်ဘူး။ ငါတို့ မနေ့က ပြန်လာတော့ လောင်တအမေက ငါတို့ကို ကူညီခဲ့သူတွေအတွက် ဟင်းတွေ ချက်ထားပေးခဲ့တယ်” အမေကျိုးက ရှင်းပြ၏။ 


“အမေပြောတာကို ငါ့စိတ်ထဲမှာ မှတ်ထားလိုက်မယ်” ဒုတိယအစ်မက ပြုံးလိုက်သည်။ သဘာဝကျကျပင် သူမက စိတ်မရှိပေ။ သူမ၏ မောင်လေး လေးယောက်လုံး ပါဝင်ခဲ့ပြီး ၎င်းက လုံလောက်ပေပြီ။ 


“ချင်းပိုင်ရဲ့ဇနီးက သူမပိုက်ဆံအိတ်ကို သုံးခဲ့တာပေါ့” ဒုတိယအစ်မက ဆက်ပြောသည်။ 


အမေကျိုးက ဘာမှမပြောချေ။ သူမထံ ပြန်ဆပ်သည့် ငွေများကို ဦးစွာ လက်ခံပြီးနောက် ပြောလိုက်၏။ “အခု... နင့်ယောက္ခမတွေကို ထောက်ပံ့ပေးဖို့အတွက် အဖြူအမည်းနဲ့ ရေးသားခဲ့တယ်။ အနာဂတ်မှာ သူတို့က အဓိကအခွဲနဲ့ နေလိမ့်မယ်။ ဒါပေမဲ့ မင်းကလည်း ထောက်ပံ့ပေးမှုကို ဆက်လုပ်ပေးဖို့ လိုသေးတယ်။ အချိန်မှန် စားစရာပို့တာမျိုးတွေ လုပ်ပေးရမယ်။ နှလုံးသား မည်းနက်တဲ့သူက စပါးအဟောင်းတွေ ပေးတယ်လို့ ပြောနိုင်လို့ စပါးတွေ ပို့တဲ့အခါ အိမ်နီးချင်းတွေကို သက်သေထားဖို့ မမေ့ပါနဲ့”


အမေကျိုးက တစ်ဘဝလုံး ရှင်သန်လာပြီးပြီ။ သူမက မရေမတွက်နိုင်သော အမျိုးအစားများကို သိမြင်ဖူး၏။ 


တချို့က ယင်းသို့ဖြစ်သည်။ ချွေးမက စပါးအသစ်များ ပေးလိုက်သည်မှာ သိသာသော်လည်း စပါးအဟောင်းအဖြစ် လှည့်ကွက် ဖြစ်သွားလေသ်ည။ ယခင်က ရွာ၌ ထိုသို့သော ဖြစ်ရပ် ဖြစ်ပွားဖူး၏။ ကံကောင်းစွာဖြင့် ချွေးမက လွတ်သွားခဲ့သည်။ သူမက လွှဲပေးသောအခါ သက်သေများဖြင့် သူတို့ကို ကြည့်စေသည်။ 


သတင်းတွေ ပျံ့သွားပြီးနောက် သူမက တချို့သော အာမခံချက်များ ရှိရပေမည်။ မဟုတ်ပါက သူမက အမှန်ပင် မှားသွားလိမ့်မည်။ 


ဒုတိယအစ်မကလည်း ထိုအကြံကို လက်ခံ၏။ 


သူတို့က တစ်ကြိမ် အရိုက်ခံရသော်လည်း ဒုတိယအစ်မသည် သူတို့က ချုပ်ထားခံရပြီး အရိုက်ခံရသည်ကို တွေ့ခဲ့ရသည်။ သူတို့၏ငိုကြွေးသံကို ကြားသောအခါ လွန်ခဲ့သော နှစ်များအတွက် သူမ ဒေါသထွက်လာပြန်သည်။ 


သူမ၏ စိတ်ဝိညာဉ်က ခြားနားသွားပြီဖြစ်သည်။ 


ကျေးလက်မှာ သားအတွက် ဘာလို့ အသည်းအသန် ရုန်းကန်ကြသနည်း။ ဤတိုက်ပွဲမှ မိသားစုအတွင်း ယောကျာ်းသားများခြင်း၏ အားသာချက်များကို တွေ့နိုင်ပေသည်။