အခန်း၂၁၃
Viewers 43k

အခန်း (၂၁၃) - ကြိုးကြိုးစားစားလေ့လာခြင်း


လင်းချင်းဟယ် အလုပ်ဆင်းသောအခါ အမေကျိုးက ဒုတိယအစ်မချေးထားသော ငွေကိုပြန်ပေးခဲ့၏။ ယွမ်ငါးဆယ် ဖြစ်သည်။ 


ထိုစဉ်က လင်းချင်းဟယ်က ဒုတိယအစ်မကို ယွမ်ငါးဆယ် ချေးပေးခဲ့သည်။ အကြီးဆုံးမရီးနှင့် ဒုတိယမရီးက ယွမ်နှစ်ဆယ်စီ ချေးပေးဖြစ်သည်။ ၁၀ယွမ်ကိုတော့ တတိယမရီးက ချေးပေးခဲ့ခြင်း ဖြစ်၏။ 


မည်သို့ပင်ဖြစ်စေ ထိုအရေအတွက်က မည်မျှပင်ဆိုစေကာမူ အမြဲတမ်း နှလုံးသားနဲ့ သက်ဆိုင်သည်။


“ဒုတိယအစ်မဘက်မှာရော ဘယ်လိုလဲ” လင်းချင်းဟယ်က ငွေကို ယူပြီးနောက် မေးလိုက်သည်။ 


“ဒါက အဆင်ပြေသွားပြီ။ သူတို့ ထပ်ပြီး မာန်မတက်ရဲတော့ဘူးလို့ ငါ ယုံတယ်” အမေကျိုးက ပြန်ပြောသည်။ 


တကယ်တမ်းတွင် ဤမတော်တဆမှာ အမျိုးသမီးဟွမ်က ဒုတိယအစ်မ၏ ငွေအားလုံးဖြင့် လဲလှယ်ထားသော အိုးကို လိုချင်တပ်မက်၍ ဖြစ်လေသည်။ 


ထိုအိုးက အသစ်မဟုတ်ချေ။ ယင်းတွင် အပေါက်နှစ်ခု ပါ၏။ 


သို့သော် ယနေ့ခေတ်လူများအတွက်မူ အိုးကို လက်ခံနိုင်သေးသည်။ 


အကြောင်းမှာ ဟွမ်မိသားစုဟောင်း၏ အိုးမှာ အပေါက် ၄ခု ၅ခု ရှိနေပြီး အမျိုးသမီးဟွမ်က ဒုတိယအစ်မ လဲလှယ်လာသော အိုးကို ရယူလဲလှယ်လို၍ ဖြစ်၏။ 


ဒုတိယခဲအိုက ထိုအချိန်တွင် အိမ်၌ မရှိပေ။ သူ အိမ်သို့ ရောက်သည့်အခါတွင် ဒုတိယအစ်မသည် မိဘအိမ်သို့ စစ်ကူခေါ်ရန် ပြန်နှင့်ပြီဖြစ်၏။ 


သူ့အမေ၊ သူ့အကြီးဆုံးမရီးနှင့် တခြားသူများ သူ့မိန်းမကို ရိုက်ကြောင်း ကြားသည်တွင် သူ ဒေါသထွက်ခဲ့သည်။ 


အမေကျိုးက လူများကို ဦးဆောင်၍ သူ့အရှေ့တွင်ပင် သူ့အမေကို မြေပေါ်သို့ ဖိထားကာ အော်သည်အထိ ရိုက်ချသည့်တိုင် ဒုတိယခဲအိုက လျစ်လျူရှုထားခဲ့သည်။ 


သူ့အမေသည် အင်အားမဲ့သူကို အမှန်ပင် ဖိနှိပ်ခဲ့သည်။

 

ထိုပြဿနာက ပြီးဆုံးသွားခဲ့သည်။ ဟွမ်မိသားစုဟောင်းက ဆိုးသွမ်းကြောင်းကို အမေကျိုးက သတင်းဖြန့်မည်မှာ အမှန်ပင်။ အမေကျိုးသည် ရွာ၌ ဂုဏ်သတင်းကောင်းသူ ဖြစ်သည်။ ထို့အပြင် ရွာသားများကလည်း ဒုတိယအစ်မက မည်သို့သောလူမှန်း သိကြသည်။ 


ထို့ကြောင့် ဟွမ်မိသားစုဟောင်းက ဘယ်လောက် အနိုင်ကျင့်ခဲ့မှန်း သိနိုင်သည်။ အထူးသဖြင့် လင်းချင်းဟယ်မှ ရွာထဲရှိ စိတ်တိုတတ်သော အမျိုးသမီးများကို အသားခေါက်ဆွဲဖြင့် ဧည့်ခံခဲ့ကြောင်းကို ပြောဆိုနေကြသည်။ 


လူများကို ရိုးရှင်းစွာ သေလမ်းသို့ ပို့နိုင်သည်။ 


လင်းချင်းဟယ်က ပြောသည်။ “သူတို့သာ နှစ်နှစ်လောက် ရပ်တည်နိုင်တယ် ဆိုရင် ပိုကောင်းလာလိမ့်မယ်”


မကြာခင် ခေတ်သစ်သို့ ရောက်လာလိမ့်မည်။ ခေတ်သစ်သို့ မရောက်မီ ပိုးဖလံတွေ မမွှေပါက ပိုကောင်းမည်။


အမေကျိုးက အကြောင်းပြချက်ကို မပြောပေ။ 


ဧပြီလလယ်တွင် မိုးသည်းထန်စွာ ရွာလာသည်။ အလွန်သည်းထန်သော မိုးဖြစ်သည်။ 


ထိုမိုးမျိုးသည် နွေရာသီ၌သာ ရွာသွန်းရမည် ဖြစ်၏။ နွေဦးအစပြီးနောက် မကြာမီ မိုးရွာမည်ဟု မတွေးထားမိကြပေ။ 


ရွာထဲရှိ လူနေအိမ်အချို့က ကျိုးပဲ့ကုန်သည်။ ကံကောင်းစွာဖြင့် မတော်တဆမှုကြောင့် သေသူ မရှိခဲ့ချေ။

 

လင်းချင်းဟယ်က ဒေါနရွက်များဖြင့် သူတို့အိမ်ကို ကျပ်တိုက်ထားလေသည်။ သို့မှသာ သူမက စိတ်သက်သာရာရသွားလေသည်။ သူမက ပြောလိုက်သည်။ 


“ရွာမှာ လျှပ်စစ်မီး ဘယ်တော့ရမလဲဆိုတာ မသိဘူးလား” 


လက်ရှိတွင် ကျေးလက်တွင် လျှပ်စစ်မီး မရှိသေးချေ။ ခရိုင်မြို့များတွင်သာ လျှပ်စစ်မီးရပြီးတာ ဖြစ်သည်။ 


“မကြာခင် ရတော့မှာပါ” လို့ ကျိုးချင်းပိုင်က အာမခံလေသည်။ 


လင်းချင်းဟယ်က ရွာမှာ လျှပ်စစ်မီး ရချိန်မှာ သူမက ဤနေရာမှာ ထပ်ရှိတော့မှာ မဟုတ်ဟု ခံစားမိလေသည်။ 


သူမက အားလုံး စီစဉ်ပြီးဖြစ်၏။ ကောလိပ်ဝင်ခွင့်ပြန်စတဲ့အခါ သူမက ထွက်သွားပေမည်။ သူမက သူမအမျိုးသားနှင့် ကလေးများကိုပါ သေချာပေါက် ခေါ်သွားမည် ဖြစ်၏။ သူမက သူတို့ကို ကျေးလက်မှာ မချန်ထားနိုင်ပေ။ 


“မင်း ဘာတွေ တွေးနေတာလဲ” သူမက ပြတင်းပေါက်ကို ငေးကြည့်နေသည်ကို မြင်ပြီး ကျိုးချင်းပိုင်က မေးသည်။ 


“ကောလိပ်ဝင်ခွင့်စာမေးပွဲအကြောင်း‌ တွေးနေတာ” လင်းချင်းဟယ်က ပြန်ဖြေသည်။ 


ကျိုးချင်းပိုင်က သူမကို စိုက်ကြည့်လိုက်သည်။ လင်းချင်းဟယ်က သူမအမျိုးသား၏ မျက်နှာချောချောကို ပွတ်သပ်လိုက်ပြီး‌နောက် ပြော၏။ “အချိန်တန်ရင် ရှင်တို့ သားအဖတွေ ကျွန်မနောက်ကို လိုက်လာရမယ်။ နားလည်လား”


“အိမ်ထောင်စုစာရင်းမရှိဘူး။ သူတို့က တခြားဆီမှာ သင်ယူလို့ မရနိုင်ဘူး” ကျိုးချင်းပိုင်က သူမကို ကြည့်ရင်း ပြောလိုက်သည်။ 


လင်းချင်းဟယ်က အံ့အားသင့်သွားသည်။ ယင်းက သူမဆီ ရောက်လာပေပြီ။ အိမ်ထောင်စုစာရင်း စီမံချက်က အလွန်တင်းကျပ်သည်။ အိမ်ထောင်စုစာရင်းကို ရွေ့ပြောင်း၍ မရပါက ဆောင်ရွက်ရန် မလွယ်ကူချေ။ 


“ဒါဆို ဘယ်လိုလုပ်မလဲ” လင်းချင်းဟယ်က သူ့ကို ငေးကြောင်ကြောင် ကြည့်လိုက်မိသည်။ 


“မင်းက သွားပြီးတော့ စာလေ့လာ။ ကိုယ်တို့က မင်းကို အိမ်မှာ စောင့်နေမယ်” ကျိုးချင်းပိုင်က သူ့နှုတ်ခမ်းကို စုဝိုင်းလျက် ပြောသည်။ 


ထုံးစံအတိုင်း သူသည် သူမနှင့် ခွဲနေရန် တွန့်ဆုတ်ပေသည်။ သူက ထိုအကြောင်းကို တွေးပင်မတွေးရဲချေ။ သို့သော် သူက သူမ၏ တိုးတက်မှုကို ဟန့်တား၍ မဖြစ်ပေ။ သူမက ကောလိပ်ဝင်ခွင့်ကို အလွန်တန်ဖိုးထားကြောင်း သိပေသည်။ သူမက ပထမဆုံး ဝင့်ကြားလိုသည်။ ဤစာမေးပွဲသည် တိုးတက်မှုအတွက် အကောင်းဆုံးနည်းလမ်း ဖြစ်သည်။ 


လင်းချင်းဟယ်က သူ့ကို ကြည့်ပြီးနောက် ပြောသည်။ “ရှင်က အိမ်မှာနေပြီးတော့ ကျွန်မက သွားသင်ယူရမယ်။ ကျွန်မက ဘယ်လို ထားခဲ့နိုင်မှာလဲ”


ကျိုးချင်းပိုင်က ပြုံးလျက် ပြောသည်။ “မင်းက စာမေးပွဲမှာ အကောင်းဆုံးရလဒ် ရလိမ့်မယ်။ ခြွင်းချက်တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်တာပဲလေ”


သူက ပြောရုံသာ ဖြစ်သော်လည်း လင်းချင်းဟယ်က အလေးအနက်ထားခဲ့သည်။ အကယ်၍ သူမက စာမေးပွဲတွင် အံ့ဖွယ်ရလဒ်ဖြင့် အောင်မြင်ခဲ့ပါက သူမသည် ယင်းအခွင့်အရေးအတွက် တိုက်ခိုက်ရန် အခွင့်အရေးတစ်ခု ရပေလိမ့်မည်။ 


ထို့ကြောင့် လင်းချင်းဟယ်က အလေးအနက်ထား ခေါင်းညိတ်လိုက်လျက် သူ့ကို ကြည့်ကာ ကြေညာလိုက်သည်။ 


“ကျွန်မ ကောင်းကောင်း ကြိုးစားမယ်”


ကျိုးချင်းပိုင်က ပြောသည်။ “မင်းကိုယ်မင်း ဖိအားမဖြစ်စေနဲ့ အနာဂတ်နေ့ရက်တွေက ရှည်လျားတယ်”


အနာဂတ်တိုင်းပြည်က အကန့်အသတ်မဲ့ ဖွံ့ဖြိုးလာမည်ဟု သူမက ဆိုခဲ့သည်။ သူမသာ သူ့ထက်ပိုကောင်းသော တခြားအမျိုးသား၏ ဆွဲဆောင်မှုကို မခံရပါက သူက စောင့်နိုင်ပေသည်။ 


သေချာပေါက်ပင် ကျိုးချင်းပိုင်က ယင်းကို ထုတ်မပြောခဲ့ပေ။ ထိုအမျိုးသားက ယုံကြည်မှု ရှိသော်လည်း သူ့ဇနီးရှေ့တွင်တွင် သူက ယုံကြည်မှု မရှိချေ။ 


သူ့ဇနီးကဲ့သို့သော အမျိုးသမီးမှာ သဘာ၀ကျကျပင် အလွန်ထူးကဲပေသည်။ သူမသာ အပြင်သို့ ထွက်သွားပါက သူမက လူအများ၏ အာရုံစိုက်မှုကို ခံရပေမည်။ 


ကျိုးချင်းပိုင်က သူ့ဇနီးကို ဖိအားမပေးပေ။ သို့သောာ် သူ့သားကို ဖိအားပေးဖို့ကမူ ပြဿနာမရှိချေ။

 

သူက လောင်တကို စကားပြောရန် ခေါ်လိုက်သည်။ 


“ဘာ... ကျွန်တော့်အသိပညာနဲ့ အမေ့ကို နှိုင်းယှဉ်လို့ ရမလား” လောင်တက မှင်တက်သွားသည်။ ပြီးနောက် သူ့အဖေကို အလေးအနက် စိုက်ကြည့်လိုက်၏။ “အဖေ ကျွန်တော်က အခုမှ ဒုတိယနှစ်ပဲ ရှိသေးတာ”


သူက သူ့အမေ၏ အသိပညာအဆင့်က မည်မျှ ရှိမှန်း မသိသည့်တိုင် အထက်တန်းအဆင့်ထက် မနိမ့်သည်ကို သူ သိပေသည်။ 


သူက ယင်းကို မြင်နိုင်ပေ၏။ သူ့အမေက အထက်တန်းကျောင်း ဒုတိယနှစ်ကို လေ့လာပြီးဖြစ်သည်။ 


လောင်တက အလွန်အမင်း သဘောကျပေသည်။ သူသည် သူ့အမေထက် အဆင့်နိမ့်ကြောင်း ခံစားရလေသည်။ သူက သူ့အဖေ ထိုသို့မေးလာမည်ကို တစ်ခါမျှ မတွေးဖူးပေ။ 


ကျိုးချင်းပိုင်က သူ့အသားအကြီးဆုံးကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ 


လောင်တက မအံ့ဩသွားချေ။ သူက မေးလိုက်၏။ “အဖေ ဒါကို ဘာလို့ ကျွန်တော့်ကို မေးတာလဲ”


“တကယ်လို့ မင်းအမေက နောင်မှာ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေချင်ခဲ့ရင် မင်းလည်း မင်းအမေနဲ့ တက္ကသိုလ်အတူတူမှာ တက်နိုင်ဖို့ ငါ မျှော်လင့်တယ်” ကျိုးချင်းပိုင်က သူ့အစီအစဉ်ကို ထုတ်ပြောလိုက်သည်။ 


သူနှင့် သူ့သားငယ်နှစ်ယောက်က မလိုက်နိုင်ပေ။ အိမ်ထောင်စုစာရင်းက အကြီးဆုံးပြဿနာ ဖြစ်၏။ သို့သော် သူ့သားအကြီးဆုံးက လုပ်နိုင်ပေမည်။ သူ့ဇနီးက သူ့ကို အတန်းကျော်တက်ခိုင်းရသည့် အကြောင်းပြချက်မှာ သူ့ကို ပထမဘတ်စ်ကား မီစေရန် ဖြစ်သည်။ 


သို့သော်လည်း သူ့သားအကြီးဆုံးမှာ ကျိုးချင်းပိုင် မှီခိုအားထားနိုင်သည့် နောက်ဆုံးလူဖြစ်သည်။ 


လောင်တက မှင်တက်နေ၏။ “အမေက ကောလိပ်ဝင်ခွင့် ဖြေမလို့လား”


“ဘာလဲ သူမက မလုပ်နိုင်ဘူးလား” ကျိုးချင်းပိုင်က သာမန်သာ မေးလိုက်သည်။ 


“မဖြစ်နိုင်တာ မဟုတ်ပါဘူး။ အမေက အရည်အချင်းရှိတယ်။ သေချာပေါက် ဖြတ်ကျော်နိုင်မှာ။ ဒါပေမဲ့ အမေက ကောလိပ်ရောက်သွားရင် မိသားစုကို ဘယ်လိုလုပ်မလဲ” လောင်တက မေးသည်။ 


“ငါတို့မှာ မင်းအဘွားရှိတယ်” ကျိုးချင်းပိုင်က ပြောသည်။ 


လောင်တက အဘွားက အဘွား အမေကအမေ သူတို့ကို မနှိုင်းယှဉ်ဖို့ ပြောချင်ခဲ့သည်။ သို့သော် သူက ထုတ်မပြောလိုက်ဘဲ ရိုးသားစွာ ပြောလိုက်သည်။ “ကျွန်တော်က ကြိုးစားပါ့မယ်။ အမေနဲ့ တက္ကသိုလ်တစ်ခုတည်း အတူတူ တက်နိုင်မလားတော့ အဲဒီအချိန်ကျမှ သိနိုင်လိမ့်မယ်”


လက်ရှိတွင်မူ နှိုင်းယှဉ်ရန် မရှိသေးချေ။ သူ့အမေက သူ့ကို မေးခွန်းအားလုံး ထုတ်ပေးထားတာ ဖြစ်သည်။ သူက သူမအမေကို ဘယ်လို ရိုက်ချနိုင်မည်နည်း။ 


ကျိုးချင်းပိုင်က သူ့သားကြီးကို ဖိအားမပေးချေ။ သူက ထထွက်သွားလိုက်၏။ လောင်တက သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။ သူ့အမေ တက္ကသိုလ်တက်ရင် တခြားသူတွေရဲ့ သွေးဆောင်ခံရမှာကို သူ့အဖေက စိတ်ပူနေတာလား။ သူက သူ့ကို စောင့်ကြည့်စေချင်နေတာလား။ 


လောင်တက အလွန်ဖြစ်နိုင်သည်ဟု ခံစားမိလေသည်။ သူ့အမေက လှပပြီး မြင့်မားသည့် တန်းပညာရှိသည်။ သူမသာ တက္ကသိုလ်တက်ပါက လူပျိုလှည့်သူက အဆုံးရှိမည် မဟုတ်ချေ။ 


သူ့အမေကိုသာ ဆုံးရှုံးသွားသည်ဟု တွေးမိသောအခါ လောင်တက နိုးကြားသွား၏။ သူက သေချာပေါက်ပင် ကြိုးကြိုးစားစား လေ့လာပေမည်။ 


လင်းချင်းဟယ်က ယင်းကို မသိပေ။ သူမက အချို့သော အရာသာရှိအစားအသောက်များလုပ်ပြီးနောက် အင်္ဂလိပ်စာလေ့လာရန် အခန်းထဲသို့ ပြန်လာသည်။ 


လူအများကို ဖြတ်ကျော်နိုင်ရန်မှာ အင်္ဂလိပ်စာက အဓိကလက်နက်ဖြစ်သည်။