အခန်း၂၁၄
Viewers 28k

အခန်း (၂၁၄) - အသနားခံရန် လာရောက်ခဲ့ကြသည်


အချိန်က ဆက်သွားနေပြီး မေလသို့ ရောက်လာသည်။ 


ဤအချိန်ကာလအတွင်း ရာသီဥတုက ပူလာပြီဖြစ်သည်။ အိမ်နောက်ဖေးမှာ စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များမှာ စားလို့ရပြီဖြစ်သည်။ 


ကြက်သွန်မြိတ်ကို ယခင်တည်းက စား၍ ရနေတာ ဖြစ်၏။ ကြက်သွန်မြိတ်က မိသားစု၏ အနှစ်သက်ဆုံး ဖြစ်၏။ 


လင်းချင်းဟယ်က စာသွားသင်ရသည်။ သူမက နေ့တိုင်း အလွန်အလုပ်များနေ၏။ အစ်မမိန့်က အလုပ်တစ်ခု စပြန်သည်။ ဝက်သားလုပ်ငန်းက ဆက်လုပ်နေပြီ။ 


သူမအမျိုးသားက ဝက်မွေးမြူရေးတွင် အလုပ်လုပ်၏။ သူက ထိုနေရာတွင် အထောက်အပံ့ အနည်းငယ်သာ ရပြီး ဘာလို့ မလုပ်ရမည်နည်း။ 


“ဒီမြို့က ဒီတစ်လော မငြိမ်းချမ်းဘူး။ မင်းရဲ့ဈေးဝယ်သူ အသစ်တွေနဲ့ ဘာပြဿနာမှ မရှိဘူး မဟုတ်လား” သူမ အသားသွားယူသောနေ့က အစ်မမိန့်က တီးတိုးမေးလာသည်။ 


“ပြဿနာမရှိပါဘူး” လင်းချင်းဟယ်က ခေါင်းညိတ်ပြီးနောက် သူမကို ဘာဖြစ်နေသည်ကို မေးမြန်းလိုက်၏။ 


“အပြင်ဘက်က လက်ပတ်နီစစ်သားတွေက ဘက်ပြောင်းတယ်လို့ ငါကြားတယ်။ မြို့ထဲမှာ လတ်တလော ဆူပူမှုတွေ ဖြစ်မယ်” အစ်မမိန့်က ပြောသည်။ 


“ဒီကာလပြီးသွားရင် အားလုံး အဆင်ပြေသွားလိမ့်မယ်” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။  


သူမ ဒီကို ရောက်လာပြီးနောက် ဒီခေတ်၏ လက်ပတ်နီစစ်သားဆိုသည့် အရာများကို သိလာရသည်။ 


သူတိုက အလွန် တက်ကြွနေ၏။ သို့သော် ယင်းက အဆုံးသတ်သွားပေမည်။ နောက်နှစ်တွင် မည်သည့်ပြဿနာမျှ မဖြစ်ဘဲ ပျောက်ကွယ်သွားပေမည်။ 


သို့သော်လည်း ပြင်ပမှ လက်ပတ်နီစစ်သားအုပ်စု၏ လှုပ်ရှားမှု အလွန်ကြီးမားလေသည်။ 


အားလုံးအနက် အဆုံးဆုံးမှာ အိမ်ထောင်ရေးဖောက်ပြန်မှု အပြစ်လုပ်ခဲ့သော ဝမ်လင်းနှင့် ကျိုးဟယ် ဖြစ်သည်။ 


အတိတ်မှ အရိပ်မည်းကြောင့် နှစ်ယောက်စလုံးမှာ လက်စားချေ ခံရလေသည်။ ကျိုးဟယ်က ပြန်ခေါ်သွားခံရတယ်လို့ ဆိုသည်။ ပြီးနောက် သူက မိန်းမစိုးလည်း ဖြစ်သွားသည်။ 


ဝမ်လင်းက သနားစရာကောင်းသည်။ သူမ မျက်နှာက ဖူးရောင်သည်အထိ အရိုက်ခံထားရသည်။ ရင်းနှီးသူများပင် သူမကို မမှတ်မိတော့ပေ။ 


မြို့တွင်းရှိ ရန်ပွဲများကြောင့် ရွာထဲရှိ လူတိုင်းက သူတို့နှစ်ယောက်ကို ပစ်ပယ်ထားကြသည်။ 


ကျိုးကျားရွာ၌ မည်သည့်ပြဿနာမှ မဖြစ်သော်လည်း လင်းမိသားစုတွင်မူ မတူညီပေ။ 


တတိယမောင်လေးလင်းက သူတို့ကို သတင်းပေးဖို့ ရောက်လာသည်။ 


“ဒုတိယလင်းက ရွာထဲက မုဆိုးမတစ်ယောက်နဲ့ ရှုပ်ရဲတာလား။ သူ သေချင်နေတာလား” လင်းချင်းဟယ်က အံ့ဩတကြီး အော်လိုက်သည်။ 


ဤအချိန်ကာလ၌ ပတ်ဝန်းကျင်က အလွန်အမင်း တင်းကျပ်လေကာ ဒုတိယအစ်ကိုလင်းက အစဉ်အလာကို ဆန့်ကျင်ပြီး ပြစ်မှုကျူးလွန်ရဲသည်။ သူ့မိန်းမပင်လျှင် အေးအေးဆေးဆေး နေရမည် မဟုတ်ပေ။ 


“ရွာက အမြဲတမ်း အဆင်ပြေနေတာ၊ ပြီးတော့ အပြင်ဘက်က ပြဿနာတွေ ပြင်းထန်နေတာကို မသိဘူး။ မနေ့တုန်းက သူတို့ကို အဝေးခေါ်သွားတယ်” တတိယမောင်လေးလင်းက ပြောသည်။ “ငါတို့မိဘတွေနဲ့ တခြားသူတွေက ခဲအိုကို ကူညီဖို့ လာမေးလိမ့်မယ်”


လင်းချင်းဟယ်က သရော်လိုက်သည်။ 


“လင်းမိသားစုဟောင်းက သူ့ကို အကူအညီတောင်းချင်တာလား။ ကောင်းပြီ၊ သူတို့က ဘယ်လောက်ပေးနိုင်မလဲ ဆိုတာအပေါ် မူတည်လိမ့်မယ်”


တတိယမောင်လေးလင်းက သူ့ပါးစပ်ကို စုထားလိုက်ပြီး ပြောသည်။ “အစ်မ အတိတ်တုန်းက ဘာပဲဖြစ်ခဲ့ ဖြစ်ခဲ့ ငါတို့တွေက မိသားစုတွေ ဖြစ်နေတုန်းပဲ”


“ဒုတိယအစ်ကိုလင်းနဲ့ငါက မိသားစုတွေ မဟုတ်တော့ဘူး။ လူအိုကြီးစုံတွဲလည်း အတူတူပဲ။ လက်ထပ်ပြီးတဲ့ သမီးက စီးဆင်းသွားတဲ့ ရေလိုပဲ အကြောင်းပြချက် မရှိဘူး” လင်းချင်းဟယ်က ခံစားချက်မဲ့စွာ ပြောလိုက်သည်။ 


သူမက မူလကိုယ် မဟုတ်ပေ။ သူမက ခန္ဓာကိုယ်ကို ဆက်ခံရရှိထားသော်လည်း မူလကိုယ်၏မိဘများကို ဆက်လက်ထောက်ပံ့မည် မဟုတ်ပေ။ 


မှန်ပေသည်။ မူလကိုယ်၏မိဘများက ကောင်းမွန်ပါက မကူညီနိုင်စရာ မရှိပေ။ သို့သော် ထိုလူအိုစုံတွဲက မည်သို့သောအရာမျိုးနည်း။ 


သူမက စော်ကားဖို့ကို ဂရုစိုက်နေမှာ မဟုတ်ပေ။ အသက်အရွယ်ကို ဆင်ခြင်အဖြစ် သုံးတာက သူမနှင့် အလုပ်မဖြစ်ပေ။ သူမက ယဉ်ကျေးနေမည် မဟုတ်ချေ။ 


“အဖေနဲ့ အမေက မကြာခင် ဒီကို ရောက်လာတော့မှာ” တတိယမောင်လေးလင်းက ပြောသည်။ 


သူက မထွက်သွားခဲ့ပေ။ ခဏအကြာ၌ အဖေလင်းနှင့် အမေလင်းက ရောက်လာသည်။ သူတို့လူအိုစုံတွဲ အတူတူ ရောက်လာဖို့က ရှားပါးလှ၏။ 


သူတို့က ရွေးချယ်စရာ မရှိပေ။ သူတို့ မလာပါက သူတို့၏ဒုတိယသားက ပြီးဆုံးသွားလိမ့်မည်။ သူတို့မလာချင်လျှင်ပင် လာရမည်။ 


သို့သော် လူအိုစုံတွဲသာ ဖြစ်သည်။ အစ်ကိုကြီးလင်းနှင့် ဒုတိယမရီးလင်းက မလာပေ။ 


“အို... စီးသွားတဲ့ရေဖြစ်တဲ့ ကျွန်မကို တွေ့ဖို့ နှစ်ယောက်သားက တကယ်ကြီး ရောက်လာတာလား။ အတော်လေး ရှားပါးတဲ့ ဧည့်သည့်တွေပဲ” လင်းချင်းဟယ်က ရိုးရိုးတန်းတန်း ထုတ်ပြောလိုက်သည်။ 


“ချင်းဟယ်... အာ... မင်း မင်းရဲ့ဒုတိယအစ်ကိုကို ကယ်ပေးရမယ်။ တစ်စုံတစ်ယောက်ကို သေမှာကို မြင်ရက်နဲ့ အသိတရား မရှိဘဲ မကယ်ပေးဖို့ မရဘူး” အမေလင်းက ငိုကြွေးနေသည်။ 


လင်းချင်းဟယ်က နှာခေါင်းရှုံ့လိုက်၏။ “ဒီနည်းလမ်းက ကျွန်မအပေါ် အလုပ်ဖြစ်မယ်လို့ ထင်ရင် ဆက်ငိုလို့ရတယ်။ ကျွန်မ စောင့်ကြည့်နေမယ်”


“ချင်းဟယ် မင်းက အခု ဒီရွာဝန်းကျင်က အလယ်တန်းဆရာမ။ မင်းရဲ့ပုံရိပ်ကို ဂရုမစိုက်တော့ဘူးလား” အမေလင်းက သူမကို စိုက်ကြည့်လာသည်။ 


ထိုဝေ့လည်ကြောင်ပတ် စကားကြောင့် လင်းချင်းဟယ်က သူမကို နှလုံးသားအောက်ခြေမှ အထင်သေးသွားသည်။ သူမက သရော်လိုက်သည်။ “ဘာကို ကျွန်မရဲ့ဂုဏ်သတင်းလဲ။ ရှင်သာ ကျွန်မကို မသိတတ်တဲ့ မိန်းကလေးလို့ စွပ်စွဲရဲရင် ရှင်တို့ကို ပဒေသရာဇ်ခေတ်က အုပ်ထိန်းမှုပုံစံအတွက် အပြစ်တင်ခွင့်ပေးလိုက်မယ်။ ဒီလူတွေက ရှင်အသက်ကြီးလို့ ဆိုပြီးတော့ ခွင့်လွှတ်မှာ မဟုတ်ဘူး”


အမေလင်းက ဒေါသကြောင့် တဆတ်ဆတ် တုန်ရီလာသည်။ “နင် .. နင်.. နင့်အမေကို ဒီလို ဆက်ဆံတာလား၊ နင့်သားတွေ နောင်မှာ နင့်ကို ဒီလို ဆက်ဆံမှာကို မကြောက်ဖူးလား”


“ဒီလို လှည့်ပတ်ပြောဆိုနေတာတွေကို ဖယ်ထားလိုက်ပါ၊ ရှင် ကျွန်မကို ဆက်ဆံတဲ့ပုံစံနဲ့ ကျွန်မက ကျွန်မသားတွေကို ဆက်ဆံတာက တူလို့လား။ သူတို့က ကျွန်မကို ဘယ်လို ဆက်ဆံရမလဲ ဆိုတာ သိတယ်။ ပြီးတော့ ကျွန်မက ရှင့်ကို ဘယ်လို ဆက်ဆံရမလဲဆိုတာ သိတယ်။ ကျွန်မက လင်းမိသားစုဟောင်းကို ငွေဘယ်လောက်တောင် ထောက်ပံ့ပေးခဲ့လဲ။ ကျွန်မ ငယ်ငယ်တုန်းက လင်းမိသားစုအတွက် အလုပ် ဘယ်လောက်တောင် လုပ်ပေးခဲ့လဲ။ ကျွန်မက လင်းမိသားစုဟောင်းကို အကြွေးမရှိဘူးလို့ ကျွန်မထင်တယ်” လင်းချင်းဟယ်က အရေးမကြီးသလို စိုက်ကြည့်လိုက်သည်။ 


အမေလင်းက ရူးသွပ်လုနီးပါး ဖြစ်သွားသည်။ သူမက မြေပြင်ပေါ်ကို ပစ်လဲချကာ ထိုင်ချလိုက်၏။ 


လင်းချင်းဟယ်က သူမ ပစ်လဲချလိုက်သည်နှင့် ခွေးခြေခုံတစ်လုံး ယူလိုက်ကာ ထိုင်လိုက်ပြီးပြောသည်။ “ပြကွက်တစ်ခု လုပ်ကြည့်လိုက်လေ၊ ကျွန်မ ဒီမှာ ထိုင်ကြည့်နေပေးမယ်”


အမေလင်းက ဆက်မလုပ်နိုင်တော့ပေ။ သူမက သူမ၏သည်သမီးသည် ရက်စက်ပြီး ခံစားမရှိဖြစ်လိမ့်မည်ဟု တစ်ခါမျှ မတွေးဖူးပေ။ 


“ချင်းပိုင် ဘယ်မှာလဲ” အဖေလင်းက သူ့သမီးကို ကြည့်ပြီး မေးလိုက်သည်။ 


“အလုပ်သွားတယ်။ ကျွန်မတို့ မိသားစုမှာ လူအများကြီးရှိတာ သူသာ အလုပ်မလုပ်ရင် ဘာနဲ့စားမလဲ” 


လင်းချင်းဟယ်က သာမန်ကာလျှံကာ ပြန်ဖြေလိုက်သည်။ 


“ချင်းဟယ်၊ အရင်က မင်းကို ငါတို့ အမှားလုပ်ခဲ့တာကို အဖေသိပါတယ်။ ဒါပေမဲ့ ငါတို့တွေက မိသားစုဝင်တွေပဲ။ ဒါကိုတော့ လက်မခံချင်ရင်တောင် မရဘူး၊ ဒီအချိန်မှာ မင်းရဲ့ဒုတိယအစ်ကိုကိစ္စက...”


အဖေလင်း ပြောမပြီးသေးခင်တွင် လင်းချင်းဟယ်က စကားစဖြတ်လိုက်သည်။ “ကျွန်မရဲ့ဒုတိယအစ်ကိုလို့ မပြောနဲ့၊ သူက ကျွန်မရဲ့ဒုတိယအစ်ကို မဟုတ်တော့ဘူး။ ကျွန်မမှာ သူ့လိုမျိုး ဒုတိယအစ်ကို မရှိဘူး။ ရှက်ဖို့ကောင်းလွန်းတယ်။ ဇနီးရှိရဲ့သားနဲ့ မုဆိုးမတစ်ယောက်နဲ့ မရှင်းမလင်းဖြစ်တယ်။ ဖမ်းမိတော့ ဘယ်သူ့ကို အပြစ်တင်ရမှာလဲ”


အဖေလင်းက ဒေါသထွက်လာသည်။ “ဖြစ်တာက ဖြစ်ပြီးပြီ။ မင်း ဘာတတ်နိုင်မှာတုန်း၊ သူ့ကို မကူညီဘူးလား။ သူ ဒီလိုဖြစ်တာကို ကြည့်နေတော့မှာလား” 


“ကျွန်မက ဘယ်လို ကူညီရမလဲ။ ကျွန်မက အလယ်တန်းကျောင်းဆရာတစ်ယောက်သာသာပဲ။ သူ့ကို ဖမ်းမိတာနဲ့ ခရိုင်မြို့ကို ပို့လိုက်ပြီ မဟုတ်လား။ ကျွန်မက ကူညီဖို့ အင်အားမရှိဘူး” လင်းချင်းဟယ်က ပြန်ပြောသည်။ 


တကယ်တမ်းတွင် သူမက မကူညီချင်ပေ။ ဤကိစ္စက အသေးအဖွဲ့မဟုတ်။ လွတ်ဖို့ ဘယ်လို လွယ်ကူမည်နည်း။ 


ပြီးလျှင် ဤခေတ်သည် သတင်းပို့နိုင်သောခေတ် ဖြစ်သည်။ ဒုတိယအစ်ကိုလင်းက ပြစ်မှုကျူးလွန်ခဲ့ပြီးနောက် လွတ်မြောက်ခဲ့ပါက တခြားသူများ မည်သို့ ဖြစ်မည်နည်း။ တခြားသူတွေလည်း ထွက်သွားနိုင်မည်လော။ 


ထိုအချိန်တွင် ကျိုးချင်းပိုင်ပါ ငြိစွန်းနိုင်လေသည်။ ထို့ကြောင့် လင်းချင်းဟယ်က မကူညီချင်ပေ။ 


သူမ၏ ရက်စက်သော သမီးက သူ့အား ရက်ရက်စက်စက် ပစ်ထားတော့မည်ကို မြင်သောအခါ အမေလင်းက အော်ငိုတော့သည်။ 


“အကြင်တရားမဲ့တဲ့မိန်းကလေး၊ ငါတို့လင်းမိသားစုဟောင်းရဲ့ ရက်စက်တဲ့ သမီး၊ သူမရဲ့ဒုတိယအစ်ကိုက အဖမ်းခံထားရတာကို သူမက သူ့ကို မကယ်တင်ဘူး။ ဘယ်လိုတောင် လူမဆန်တဲ့ သမီးလဲ”


“အဘွားကြီး၊ ဆက်ပြီး အော်လိုက်ပါအုံး။ ပြီးရင် မိသားစုအပေါ် သစ္စာစောင့်သိတာက မှန်၊ မမှန် လူတိုင်းကို ဆုံးဖြတ်ခိုင်းကြတာပေါ့” လင်းချင်းဟယ်၏ အမူအရာက ဂရုမစိုက်ဘဲ မပြောင်းလဲသွားချေ။ 


“အစ်မ...” တတိယမောင်လေးလင်းက အတင်းအကျပ် ဖွင့်ဟလာပြီးနောက် သူ့အစ်မကို ကြည့်လိုက်သည်။ 


“ပါးစပ်ပိတ်ထား...” လင်းချင်းဟယ်က သူ့ကို အကြည့်တစ်ချက် ပေးလိုက်ပြီးနောက် ပြောသည်။ 


“ရူးမိုက်တာပဲ။ အစ်ကိုကြီးလင်းနဲ့ ဒုတိယအစ်ကိုလင်းရဲ့ မိန်းမကတောင် ငြိစွန်းမှာ ကြောက်လို့ မလာခဲ့ဘူး။ မင်းက မျက်စိမှိတ် ပြေးလာပြီးတော့ အလုပ်မသွားဘူး။ မင်းရဲ့ဇနီးနဲ့ကလေးတွေကို စောင့်ရှောက်ဖို့ မလိုတော့ဘူးလား”