အခန်း၂၁၆
Viewers 38k

အခန်း (၂၁၆) - ခေါက်ဆွဲအေးအစပ်ဟင်းလျာ


ရွာ၏ နွေရာသီရိတ်သိမ်းမှု ဟွန်းသံကို ကြားသော်လည်း လောင်တနှင့် တခြားသော ဒုတိယနှစ်ကျောင်းသားများတွင် ပါဝင်ရန် အချိန်မရှိကြချေ။ 


အကြောင်းမှာ သူတို့ ပါဝင်ဖြေဆိုရမည့် ဝင်ခွင့်စာမေးပွဲက ဇူလိုင်လလယ်၌ ဖြစ်၏။ 


ထိုအချိန်တွင် မြို့၌လည်း ဝင်ခွင့်စာမေးပွဲ ကျင်းပနေလေသည်။ 


လင်းချင်းဟယ်၏ ပထမနှစ်များ ရပ်တန့်ခဲ့သည်မှာ ကြာပြီဖြစ်၏။ ပထမနှစ်ကျောင်းသားများအားလုံးက နွေရာသီရိတ်သိမ်းပွဲ၌ ပါဝင်ခဲ့ကြသည်။ သည်မနက်ခင်းတွင် လင်းချင်းဟယ်က လောင်တကို ပို့ဆောင်ပေးသည်။ သူမက အချိန်မီ ထွက်လာခဲ့၏။ 


မထင်မှတ်ဘဲ သူမ ရောက်သောအခါ ဒုတိယနှစ်ဆရာ၊ ဆရာမများက သက်ဆိုင်ရာအတန်းတွင် စောင့်နေကြပြီဖြစ်၏။ 


လင်းချင်းဟယ်က လောင်တကို ခေါ်လာသည်ကို မြင်မှ လောင်တ၏ အတန်းပိုင်ဆရာမက စိတ်သက်သာရာရသွား၏။ သူမက လောင်တကို စာမေးပွဲတွင် ကောင်းမွန်သည့်နေရာရရှိရန် မျှော်လင့်ထား၏။ သူသာ ခရိုင်တွင် မြင့်မားသောအဆင့် ရရှိပါက သူမက ဘောနပ်ရမည် မဟုတ်ပေ။ သို့သော်လည်း ကျောင်းက မျက်နှာရပေမည်။ 


ဤကာလတွင် အထက်တန်းကျောင်း ဝင်ခွင့်စာမေးပွဲက နောင်မျိုးဆက်များကဲ့သို့ နှစ်ရက် မကြာပေ။ တစ်ရက်အတွင်း ပြီး၏။ 


လောင်တ ထွက်လာသောအခါ လင်းချင်းဟယ်က စောင့်ဆိုင်းနေခဲ့သည်။ ယနေ့တွင် သူမက သူနှင့်အတူ ရှိရန် လာခြင်းဖြစ်သည်။ ဤအချိန်တွင် စက်ဘီးနောက်၌ ဖရဲသီးကြီးတစ်လုံးရှိနေလသည်။ 


“အမေ... ကျွန်တော်တို့ စာမေးပွဲ ပြီးပြီ” လောင်တက သဘာဝကျကျပင် ကျေနပ်နေခဲ့သည်။ သူသည် ကျောင်းတွင် ဤသို့ ပြုမူဆက်ဆံခံရသော တစ်ဦးတည်းသူ ဖြစ်သည်။ သူ့အမေက သူနှင့်တစ်နေကုန် ရှိနေပေး၏။ 


လင်းချင်းဟယ်က ကလေးများစာမေးပွဲဖြေရာတွင် အတူလိုက်ပေးမည့် အနာဂတ်မျိုးဆက်အတွက် စံပြလူသား ဖြစ်လာသည်။ ပြောရမည် ဆိုပါက မည်သည့်မျှ လုပ်ရန် မရှိ၍ ခက်သည်ဟု ဆိုနိုင်ပေသည်။ 


သားဖြစ်သူ ဝင်သွားပြီးနောက် သူမက မှောင်ခိုဈေး ပတ်ပတ်လည်တွင် ဝက်သားသွားရောင်းခဲ့သည်။ တစ်နေကုန်ပြီးနောက် သူမက ပင်ပန်းနေပြီဖြစ်သည်။ 


ထို့ကြောင့် လောင်တက သူမကို စက်ဘီးနင်းရန် ကမ်းလှမ်းခဲ့၏။ 


“ကောင်းပြီ...”


“ကောင်းပြီ” လင်းချင်းဟယ်က သူမသားကြီး၏ စွမ်းရည်ကို သိသည်။ ယင်းက စက်ဘီးတစ်စီးသာ ဖြစ်၏။ သူက ရှစ်နှစ်သားတည်းက စီးတတ်ပြီးဖြစ်သည်။ 


ယခုတွင် သူက ၁၁နှစ် ရှိပြီဖြစ်ကာ အရပ်ကလည်း ၁.၆၅မီတာ (၅ပေ ၄လက်မ) ရှည်၏။ သူမထက် အနည်းငယ်သာ နိမ့်တော့သည်။ မကြာမီ သူမကို ကျော်သွားပေလိမ့်မည်။ 


လောင်တက သူ့အမေကို အိမ်သို့ ခေါ်လာ၏။ လမ်းတွင် တခြားသောဆရာဆရာမများနှင့် ဆုံတွေ့လေသည်။ 


အမေနှင့် သား အိမ်ပြန်သည်ကို ကြည့်ပြီးနောက် တခြားသော ဆရာဆရာမများ၏ အမူအရာမှာ မနာလိုသွားကြတော့၏။ “ဆရာမလင်းက ကလေးတွေကို ဘယ်လို သင်ပေးရမလဲ သိတယ်”


“ဘယ်သူက သဘောမတူမှာလဲ။ သူမရဲ့ ပညာအရည်အချင်းက တအားကောင်းပြီးတော့ သူနဲ့အတူ ရှိဖို့တောင် လာခဲ့တာ” 


“ဒါက သိပ်ဈေးများလွန်းတယ်။ ငါကြားတာတော့ ကျိုးခိုင်က နေ့တိုင်း တစ်ရက်ကို နွားနို့ နှစ်ပုလင်း သောက်တယ်တဲ့”


တစ်ရက်ကို နွားနို့ နှစ်ပုလင်းက ဘယ်လောက်တောင် အကုန်အကျ များလိုက်သလဲ။ အဲဒီအတွက် လစာ၏တစ်ဝက်တောင် သုံးရမည်။ ထို့အပြင် တခြားကလေးများကိုလည်း ထိုသို့သာ ပေးသည်ဟု ပြောသည်။ ကုန်ကျစရိတ်က အများကြီးပင်။ 


သို့သော်လည်း သူတို့နှင့် ဘာမှမဆိုင်ချေ။ သူမက သူမသားတွေကို ကျွေးမွေးဖို့ ဆန္ဒရှိတော သူတို့က ဘာပြောနိုင်မှာလဲ။


အမေနှင့်သားက အိမ်ပြန်ရောက်သောအခါ အစောနေသေး၏။ လင်းချင်းဟယ်က လောင်တ စက်ဘီးစီးပြီး လယ်တောကို သွားနေစဉ်မှာ ဖရဲသီးကို အအေးခံထားလိုက်သည်။ 


ဤအချိန်တွင် သူက တစ်နာရီကျော်ခန့် ကူညီနိုင်သေးပေသည်။ သူ လုပ်နိုင်သလောက် သူ အလုပ်မှတ်တော့ ရအုံးမည်။ 


ဤကလေးမှာ ကြီးလာသည့်အလျောက် မိသားစုကို ကူညီရန် နားလည်လာသည်။ 


အကြောင်းမှာ မိသားစုတွင် ငွေမရှိကြောင်း သိနေ၏။ မိသားစုမှ ငွေအားလုံးကို သူတို့ညီအစ်ကို စားဖို့သောက်ဖို့အတွက် သုံးခဲ့ခြင်း ဖြစ်သည်။ 


လင်းချင်းဟယ်က အိမ်တွင် အစားအစာကို ပြင်ဆင်ခဲ့သည်။ 


ယနေ့တွင် ရိုးရှင်းသောတစ်ခုခု လုပ်ခြင်းက ပိုကောင်းမည်။ အနည်းငယ် တွေးတောပြီးနောက် လင်းချင်းဟယ်က အစပ်ခေါက်ဆွဲအေးဟင်းလျာ ပြုလုပ်လိုက်သည်။ 


အစပ်ခေါက်ဆွဲအေးဟင်းလျာက ပြုလုပ်ရမခက်ပေ။ အချိန်နှင့် စွမ်းအင် အနည်းငယ် အသုံးပြုရုံသာ ဖြစ်၏။ လင်းချင်းဟယ်က စိတ်ထဲမထားပေ။ အခု အိမ်မှာ ဘာမှလုပ်စရာမရှိတော့ သူတို့ ကောင်းတာတစ်ခုခု စားကြတာက ဘာပြဿနာမှမရှိဘူး မဟုတ်လား။ 


အစပ်ခေါက်ဆွဲအေးဟင်းလျာကို အပြီးသတ်ပြီးနောက် လင်းချင်းဟယ်က ကြက်ဥအချို့ကို ကြော်သည်။ ပဲတောင့်ရှည် လက်တစ်ဆုပ်စာကို ခူးကာ ရေဆေးပြီးနောက် ပိုင်းလိုက်ကာ ကြော်လိုက်သည်။ ပြီးလျှင် ကြက်ဥမွှေကြော်နှင့် ရောချက်လိုက်သည်။ ဝဥနှင့် ရောစားချင်သူအတွက် ဇွန်းတစ်ချောင်းကို အနားတွင် ချထားလိုက်သည်။ 


အရသာက အနည်းငယ် ပေါ့ပါက ငရုတ်ဆော့စ်တစ်ဇွန်း ထည့်နိုင်သည်။ မနှစ်က ငရုတ်ဆော့စ်တစ်ပုလင်း ကျန်သေးပြီး ယင်းက အရသာရှိလှသည်။ 


လင်းချင်းဟယ်က သူမဘာသာ စားချင်စိတ် ပြင်းပြနေ၏။ သို့တိုင် သူမက သူမမိသားစု ပြန်အလာကို စောင့်ဆိုင်းနေလိုက်သည်။ 


သူမ ပြုလုပ်ပြီးနောက် အချိန်ကို ကြည့်လိုက်တော့ ယင်းက ၆နာရီသာ ရှိသေးသည်။ အကြောင်းမှာ နေ့တာက မှောင်တာ နောက်ကျပြီး သူတို့သည် အချိန်ကို ဆန့်ကျင်၍ အလုပ်လုပ်ကြကာ ၆နာရီမှ အလုပ်သိမ်းလေသည်။ မကြာမီ သူတို့က ၆နာရီခွဲဝန်းကျင်၌ အိမ်ပြန်ရောက်နိုင်သည်။ 


လင်းချင်းဟယ်က ဝက်ခြံနှင့် ကြက်ခြံကို သန့်ရှင်းရေး လုပ်လိုက်သည်။ သန့်ရှင်းသွားပြီးနောက် သူမက ထပ်မံ ရေချိုးလိုက်၏။ သူမတစ်ကိုယ်လုံးက လတ်ဆတ်နေပြီး မွှေးပျံ့နေသည်။ ပြီးနောက် ကျိုးချင်းပိုင်၊ အဖေကျိုးနှင့် ကလေးများက အိမ်ပြန်လာသည်။ 


“ညစာစားချိန်ပဲ” လင်းချင်းဟယ်က ဒီနေ့ ခေါင်းလျှော်ထား၏။ သူမ၏ဆံပင်က ရေစိုနေဆဲ ဖြစ်သည်။ သူမက တာဝါတစ်ခုကို ယူလိုက်ပြီး သူမဆံပင်များကို ပေါင်းထားလိုက်ကာ အစပ်ခေါက်ဆွဲအေးဟင်းလျာကို ပြုလုပ်ပေးလိုက်သည်။ 


“အမေ ဒါက ဘာလဲ” လောင်စန်းက တောက်ပသော မျက်လုံးများဖြင့် မေးသည်။ 


“စားကောင်းမဲ့ဟာတွေ...” စုချန်၏ မျက်လုံးများကလည်း တောက်ပနေသည်။

 

“စား... စား...” သူ၏ညီငယ်လေး စုရွှင်းကပင် အတော်လေး ကြီးပြင်းလာပြီဖြစ်သည်။ သူက ရိုးရှင်းသော အသံထွက်များကို ထုတ်ပြောနိုင်ပြီဖြစ်သည်။ ဥပမာ စား... ဟူသောအသံက အလွန်ရှင်းလင်းလှ၏။ 


“မျက်နှာသစ် လက်ဆေးမယ်။ ပြီးရင် လာပြီးတော့ ဝဥကို စားမယ်” လင်းချင်းဟယ်က သူမလက်ကို ဝေ့ယမ်းလိုက်သည်။ 


သည်နေရာတွင် အစပ်ခေါက်ဆွဲအေးဟင်းလျာစားသည့် အလေ့မရှိကြချေ။ သို့တိုင် အစားအစာကောင်းကို မိသားစုတစ်ခုလုံးက ကြိုက်နှစ်သက်ကြသေးသည်။ 


အဖေကျိုးနှင့် အမေကျိုးက အလွန်ပင် နှစ်သက်ကြသည်။ ကြက်ဥပဲတောင့်ရှည်ကြော်နှင့် ငရုတ်သီးဆော့က အရသာရှိသော ပေါင်းစည်းမှု ဖြစ်သည်။ 


“အရသာရှိတယ်။ တကယ့်ကို အရသာရှိတယ်” စုချန်ငယ်လေးက ပန်းကန်ထဲသို့ မျက်နှာကို ဝင်တော့မတတ်ဖြင့် ဆက်တိုက် ကောက်ချက်ချသည်။ 


 “ဒါက အရသာရှိတယ်ဆိုရင် နောက်တစ်ခါ လုပ်ပေးမယ်” လင်းချင်းဟယ်က ပြုံးလိုက်သည်။ 


သူမက ကျိုးချင်းပိုင်ကို လှည့်ကြည့်လိုက်သည်။ ကျိုးချင်းပိုင်က သူ့အစားအသောက်ကို အလွန် စိတ်ကျေနပ်နေသည်။ သူက အစပ်ကို ကြိုက်သည်။ သူက ငရုတ်ဆော့စ်တစ်ဇွန်းကိုပါ ထည့်စားပြီးနောက် ချွေးအနည်းငယ် ထွက်နေ၏။ 


“ဖြည်းဖြည်းစား...” လင်းချင်းဟယ်က သူ့ကို လက်ကိုင်ပုဝါဖြင့် ချွေးသုတ်ပေးလိုက်သည်။ 


လောင်တနှင့် သူ့ညီများက မျက်ခုံးတွန့်လိုက်ကြသည်။ 


ကျိုးချင်းပိုင်က သူ့ဇနီးကို စိုက်ကြည့်ပြီးနောက် ပြောလိုက်သည်။ “မနက်ဖြန် ထပ်လုပ်ပေးပါဦး။”


“ကောင်းပြီ” လင်းချင်းဟယ်က လက်သင့်ခံလိုက်သည်။ 


“အမေ အဖေက ဒါကို အရသာရှိတယ်ပြောတော့ အမေက ထပ်လုပ်ပေးမယ် ပြောတယ်။ ဘယ်သူက နောက်တစ်ခါကို သိမလဲ။ အဖေက မနက်ဖြန်လို့ ပြောတော့ အမေက တစ်စက္ကန့်တောင် မတွေးဘဲ ချက်ချင်း သဘောတူလိုက်တယ်” လောင်စန်းက အဓိကအချက်ကို ထောက်ပြသည်။ 


“ဒါဆို မင်းတို့ စားမှာလား မစားဘူးလား” လင်းချင်းဟယ်က မေးလိုက်သည်။


“စားမှာ...” လောင်အာ့က ပြန်ဖြေ၏။ 


အဖေကျိုးနှင့် အမေကျိုးက ရယ်မောလိုက်၏။ ဤတစ်နပ်က စိတ်ကျေနပ်ဖို့ ကောင်းလွန်းခဲ့သည်။ 


အားလုံးပြီးနောက် ဖရဲသီးကြီးတစ်လုံးက ရှိနေသေးသည်။ အလုပ်များသော တစ်ရက်တာပြီးနောက် ယင်းက အနားယူရန် တကယ့်ကို သက်တောင့်သက်သာ ဖြစ်လွန်းသည်။ 


ခြံဝန်းထဲရှိ အုတ်ခဲနှင့် ကျောက်တုံးများကို ရေလောင်းပေးလိုက်ကြသည်။ ယင်းက ပူနေပြီဖြစ်သည်။ အပူတွေ ပျောက်သွားကြသည်။ နွေရာသီဖျာများကို ခင်းလိုက်ကြပြီး ကလေးများက ယင်းအပေါ်တွင် လိမ့်ကာ အနားယူကြသည်။ ၎င်းက အလွန်သက်တောင့်သက်သာ ရှိလှသည်။ 


လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်က တခြားဖျာပေါ်တွင် နေကြကာ မျောက်လောင်းများနှင့် အတူတူ မထိုင်ကြချေ။ 


ထမင်းစားပြီး နာရီဝက်ခန့် ကြာပြီးနောက် လင်းချင်းဟယ်က လောင်တကို ဖရဲသီးခွဲရန် စေခိုင်းလိုက်သည်။ 


မိသားစုတစ်ခုလုံးက ဖရဲသီးစားရင် စကားပြော ရယ်မောကြသည်။ တစ်ခဏနားပြီးနောက် သူတို့က ရေချိုးရန် သွားကြတော့သည်။ 


၉နာရီဝန်းကျင်တွင် ကလေးများအားလုံး အိပ်သွားကြသည်။ သူတို့က အလွန်ပင်ပန်းနေပြီဖြစ်ကာ သဘာဝကျကျပင် သူတို့က စောစောအိပ်ရာဝင်ကြသည်။ 


ကျိုးချင်းပိုင်က ဝက်များကို အစာကျွေးလိုက်သည်။ ပြီးနောက် သူက သူ့ဇနီးကို ရှာရန် အခန်းသို့ ပြန်ကာ ရေကူးရန် သွားကြသည်။ 


လင်းချင်းဟယ်က အစီအစဉ်မရှိပေ။ သူမက ပြောသည်။ “ကျွန်မ ဒီနေ့ ခေါင်းလျှော်ထားတာ။ ရှင့်ဘာသာရှင်သွား...” ဤလူက နွေရာသီတွင် ရေကူးခြင်းကို အထူးတလည် နှစ်သက်သည်။ သူက အချိန်တိုင်း သူနှင့် အတူသွားရန် မကြာခဏ ခေါ်လေ့ ရှိသည်။ 


လင်းချင်းဟယ်က တစ်ခါတလေ လိုက်သော်လည်း တစ်ခါတလေ မလိုက်ပေ။ 


သူမ မသွားသဖြင့် သူက သူ့ဖာသာသူ သွားလိုက်သည်။ 


သို့သော်လည်း သူက ထိုညက ပြန်လာတာ နောက်ကျသည်။ သူက ၉နာရီကျော်တွင် သွားပြီးနောက် ပုံမှန်ဆိုလျှင် ၁၀နာရီခွဲ၌ ပြန်လာလေ့ ရှိသည်။ သို့သော် သူက ယနေ့တွင် လင်းချင်းဟယ် အိပ်မောကျပြီးမှ ပြန်ရောက်လာသည်။ အနွေးကုတင်ခေါင်းရင်းရှိ နာရီကို ကြည့်လိုက်တော့ ၁၂နာရီထိုးခါနီး ရှိပြီဖြစ်၏။ 


“ရှင် ဘယ်သွားနေတာလဲ” လင်းချင်းဟယ်က သမ်းဝေလိုက်ရင်း မေးလိုက်သည်။