အခန်း (၂၂၂) - အမှန်တကယ်ပင် သားတွေ သမီးတွေနှင့် ပြည်စုံသွားခဲ့ပြီ ဖြစ်သည်
ကျိုးရှောင်မိန်သည် သြဂုတ်လကုန်တွင် ကလေးမီးဖွားခဲ့ပြီး သမီးမိန်းကလေးတစ်ဦး ဖြစ်သည့်အတွက် သူမ အလွန်ကံကောင်းပါသည်။
ဒီတစ်ခါမှာတော့ အမှန်တကယ်ပင် သားတွေ သမီးတွေနှင့် ပြည်စုံသွားခဲ့ပြီ ဖြစ်သည်။
စုတာ့လင်းက သတင်းကောင်းကို ကြေငြာတဲ့အခါ သူ့မျက်နှာမှာ အပြုံးတွေနှင့် ပြည့်နှက်နေသည်။
သားနှစ်ယောက် သမီးတစ်ယောက်နဲ့ဆိုတော့ သူ တကယ်ကို ကျေနပ်နေသည်။
သူ့တစ်ဦးတည်းတင် မကပါဘူး။ သူ့ဦးလေးတို့လင်မယားတို့သည်လည်း အလွန်ပျော်သွားကြသည်။
ဤသားစဥ်မြေးဆက်များကို မွေးဖွားပြီးနောက် မိသားစုအတွင်းရှိ ကျိုးရှောင်မိန်၏ အဆင့်အတန်းဟာ မြင့်တက်သွားပြီး ယခင်စုမိသားစုဟောင်းမှာ မည်ကဲ့သို့ ဆက်ဆံခံရမှန်ကို မှန်းဆကြည့်၍ ရနိုင်ပေသည်။
အဓိကအချက်မှာ ကျိုးရှောင်မိန်ရဲ့ မိသားစုက ကောင်းမွန်ပြီး ကလေးတွေကို ပြုစုစောင့်ရှောက်ပေးဖို့ ဆန္ဒရှိတာကြောင့် ကျိုးရှောင်မိန်ဟာ သူမကိုယ်ပိုင်အလုပ်နဲ့ လစဥ်ဝင်ငွေလည်း ရရှိခဲ့သည်။ ယောက္ခမမိသားစု၏ ဦးလေးတို့လင်မယားအနေဖြင့် ကျိုးရှောင်မိန်ကို မထီမဲ့မြင်မပြုရဲကြပေ။
ပြီးတော့ စုတာ့လင်း၏ ဦးလေးတို့လင်မယားဟာ အပြစ်ရှာတတ်တဲ့ လူမျိုးတွေ မဟုတ်ကြဘူး။
လင်းချင်းဟယ်သည် မှောင်ခိုစျေးကွက်တွင် တွေ့ခဲ့ရသည့် လူငယ်လေးနှင့် ချိန်းဆိုထားသည့်နေ့ ဖြစ်သည်။ ထို့ကြောင့် လင်းချင်းဟယ်သည် ဝက်ခြေထောက် လေးချောင်းယူဆောင်သွားခဲ့ပြီး ကျိုးရှောင်မိန်ထံ မိခင်ဖက်မိသားစုကိုယ်စားလှယ်အဖြစ် သွားရောက်လည်ပတ်ခဲ့သည်။
အကြီးဆုံးမရီးက မြေပဲ သုံးကျင်း ပေးလိုက်ပြီး ဒုတိယမရီးက ပဲပိစပ် နှစ်ကျင်း ပေးခဲ့သည်။ သူမသည် နောက်ဆုံး၌ ကျိုးရှောင်မိန်၏ စိတ်နေစိတ်ထားကို သိသွားခဲ့ပြီ။
ကျိုးရှောင်မိန် လက်ထပ်သည့်အခါက သူမ ဘာမှ မပေးခဲ့တာကြောင့် ကျိုးရှောင်မိန် အိမ်ပြန်လာသည့်အခါတိုင်းမှာ အခြားမိသားစုသုံးစုက လက်ဆောင်တွေရရှိခဲ့ပြီး သူမရဲ့ မိသားစုက တစ်ခုတစ်လေမှ မရရှိခဲ့ဘူး။
ယခုအချိန်တွင် သူမရဲ့ အသိဥာဏ်က ပြန်လည်ကောင်းမွန်သောကြောင့် ဒီယောင်းမ ကျိုးရှောင်မိန်သည် သူမမျက်နှာကိုကြည့်ရန် မလိုအပ်ကြောင်း သိလာပေလိမ့်မည်။ ကျိုးရှောင်မိန်တစ်ယောက် အိမ်ထောင်ကျ ကံကောင်းသည်။ သူမ၏ မိသားစုသည် နောင်အနာဂတ်တွင် သူမထံမှ အကူအညီကို ရယူရပေလိမ့်မည်။ ဒါ့ကြောင့် သူမသည် ပဲပိစပ် နှစ်ကျင်း ပေးလိုက်သည်။
တတိယမရီးသည်လည်း ပဲပိစပ်တွေ ပေးလိုက်ပြီး ဒါပေမယ့် သူမက သုံးကျင်း ပေးလိုက်တာ ဖြစ်သည်။ သူမသည် ယခုတစ်ကြိမ်တွင် ကိုယ်ဝန်မဆောင်ရသေးသော်လည်း သူမ၏ သားနှစ်ယောက်ကို နို့တိုက်ကျွေးပြီး ပြုစုပျိုးထောင်ပေးခဲ့သည့် ချစ်ခင်ကြင်နာမှုတွေ ရှိနေသေးသည်။
လင်းချင်းဟယ်နှင့် အမေကျိုးတို့ရဲ့ လက်ဆောင်တွေကတော့ ထိုဝက်ခြေထောက်များပင် ဖြစ်သည်။ ဝက်ခြေထောက် လေးချောင်းက အတော်လေးကို ကြီးမားသည်။
ကျိုးရှောင်မိန်သည် အခုတစ်ကြိမ်မှာ သမီးမိန်းကလေး မွေးဖွားခဲ့တာကြောင့် အရမ်းပျော်ရွှင်နေခဲ့သည်။ အခုဆို သူမမှာ သားရော သမီးရော ပြည့်စုံသွားပြီ။ သူမ နောက်ထပ် ကလေးထပ်မွေးဖို့ မလိုတော့ဘူး။
ကျိုးရှောင်မိန်တစ်ယောက် ဒီအကြောင်းကို တွေးနေသေးတာကို မြင်တော့ လင်းချင်းဟယ်တစ်ယောက် ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။ သူမ ထွက်မသွားခင် တစ်နာရီကျော်ကျော်ကြာအောင် ကျိုးရှောင်မိန်နှင့် အတူထိုင်နေခဲ့သည်။
ကျိုးရှောင်မိန်၏ မီးနေသည်အချိန်ကာလအတွင်း စုတာ့လင်းက အမြဲတမ်း အပြည့်အဝ ပြုစုစောင့်ရှောက်ခဲ့သည်။ စုတာ့လင်းသည် ထိုနယ်ပယ်တွင် ဝါရင့်သဘာရင့် ဖြစ်နေပြီ ဖြစ်သည်။ ဘယ်ကိုမှ စိတ်ပူစရာ မလိုတော့ဘူး။ ထို့အပြင် ဒီသမီးအငယ်ဆုံးလေးဟာ သူ့ရဲ့အဖိုးတန်လေး ဖြစ်သည်။
လင်းချင်းဟယ်သည် မှောင်ခိုစျေးကွက်သို့ ရောက်ရှိသွားသည်။
“အစ်မ၊ နင် ရောက်ပြီလား။” သူမကို မြင်တော့ လူငယ်လေးက ပြုံးပြလိုက်သည်။
တခြားသူတွေဆီက သတင်းတွေ သိချင်ရင် မင်းရဲ့ စိတ်နေစိတ်ထားက ပိုကောင်းမွန်ရမှာ သဘာဝပါပဲ။
“ငါ နည်းနည်း အလုပ်ရှုပ်နေလို့ ဘာမှ ထပ်မပြောတော့ဘူး။ အခုချက်ချင်းပဲ ပိုက်ဆံနဲ့ ပစ္စည်းတွေကို လဲလှယ်ရအောင်။” လင်းချင်းဟယ်က ဟိုဟိုဒီဒီစကားမများတော့ပဲ လိုရင်းကိုသာ တန်းပြောလိုက်သည်။
“ကောင်းပါပြီ။” လူငယ်လေးကလည်း ဝမ်းသာအားရဖြင့် ရွှေလက်ကောက်များ၊ ရွှေဆွဲကြိုးများ၊ ရွှေလက်စွပ်များ၊ ရွှေဆံထိုးများနှင့် ရွှေနားဆွဲတွေကို ထုတ်ယူလာခဲ့သည်။ ပစ္စည်းတွေ အများကြီး ရှိခဲ့သည်။
လင်းချင်းဟယ်က ထိုပစ္စည်းတွေ တစ်ခုပြီး တစ်ခု စစ်ဆေးပြီးနောက် “ဒါတွေက ဘယ်လောက်လဲ။” လို့ သူမက တီးတိုးမေးလိုက်သည်။
“စျေးမများပါဘူး။ အစ်မ၊ ဒါတွေအကုန်လုံးကို ယွမ် ၃၀၀နဲ့ ယူလို့ ရတယ်။” လူငယ်လေးက ပြောသည်။
ဒီရွှေအသုတ်အတွက် ယွမ် ၃၀၀က သိပ်တော့ မများပါဘူး။ အဆုံး၌ ဒီရွှေထည်တွေအားလုံး အလေးချိန်စီးပြီးတော့ လက်ရာတွေကတော့ ခေတ်ဟောင်းပုံစံတွေပဲ ဖြစ်သည်။
လင်းချင်းဟယ်က ၎င်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် စျေးကွက်စည်းမျဥ်းများအတိုင်း စျေးစစ်ခဲ့သည်။ လူငယ်လေးက ငါးယွမ် လျှော့စျေးပေးပြီးနောက် ထပ်မလျှော့ပေးတော့ပေ။
လင်းချင်းဟယ်သည် လူငယ်လေးနှင့် အရောင်းအဝယ် ပြီးသွားခဲ့သည်။
လူငယ်လေးက ပိုက်ဆံတွေကို ရေတွက်နေရင်း မေးသည်။ “အစ်မ၊ ငါ နင့်ကို တစ်ခုလောက် မေးချင်လို့ပါ။ ဒီရွှေလက်စွပ်က နင့်အတွက် လက်ဆောင်ပါ။” လို့ ပြောရင်း အခြားရွှေလက်စွပ်တစ်ကွင်းကို ထုတ်ပေးခဲ့သည်။
ဒီအမျိုးသမီးက တစ်ကြိမ်တည်းမှာ ငွေအများကြီး သုံးနိုင်တာ ထူးဆန်းပါသည်။
လင်းချင်းဟယ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး “မေး၊ တကယ်လို့ ငါ သိတာ ဆိုရင်၊ ငါ နင့်ကို သေချာပေါက် ပြောပြမယ်။ ငါ မသိဘူးဆိုရင်တော့ မကူညီနိုင်ဘူးနော်။”
“အစ်မကြီး၊ နင် ဒီပစ္စည်းတွေကို လာစုဆောင်းနေတာ တစ်ခုခု ကြားမိလို့လား။” လူငယ်လေးက တိုးတိုးလေး မေးသည်။
လင်းချင်းဟယ်က ဒီလိုကိစ္စမျိုးကို ဘယ်လိုလုပ်ပြီး ပေါက်ကြားစေနိုင်ပါ့မလဲ။ သူမက ခေါင်းခါယမ်းပြီး ပေါ့ပေါ့ပါးပါး လိမ်ညာပြောဆိုလိုက်သည်၊ “ငါ့အမေက ရွှေတွေကို ကြိုက်တယ်။ သူမမှာ ဒီဆန္ဒတစ်ခုတည်း ရှိတယ်။ နောင်အနာဂတ် သူမ ကွယ်လွန်ချိန်မှာ ငါ သူ့ခေါင်းတလားထဲမှာ ထည့်ပေးဖို့ စိတ်ကူးရှိလို့ စုဆောင်းနေတာ။”
အမေလင်းသည် ရွှေထည်ပစ္စည်းများကို သဘောကျသည်မှာ သေချာသော်လည်း ရွှေထည်ပစ္စည်းတွေကို မြေကြီးထဲ ထည့်ပေးလိုက်ရန်မှာ သူမအတွက် မဖြစ်နိုင်ပေ။ ဒါက စကားလုံးသက်သက်ပင်။
လူငယ်လေးဟာ မှောင်ခိုစျေးကွက်မှာ ကျက်စားတာ ကြာမြင့်ပြီ ဖြစ်တာကြောင့် သူမရဲ့ စကားတွေကို မယုံကြည်ဘူး။ သူမကို ကြည့်ရတာ ပြောပြဖို့ လမ်းစ မမြင်တာကြောင့် “ကျွန်တော် အစ်မရဲ့အဖြေကို မကျေနပ်ဘူး။ ဒါ့ကြောင့် အစ်မကို ကျွန်တော် ဒီလက်စွပ် မပေးတော့ဘူး” လို့ ပြောလိုက်သည်။
“နင် ငါ့ကို မပေးဘူးဆိုရင်လည်း အဲ့လက်စွပ်အတွက် စျေးတစ်ခု ပြောလိုက်။” ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
ထို့နောက် ထိုလက်စွပ်ကို ယွမ် ၂၀ဖြင့် ဝယ်ယူပြီးနောက် လင်းချင်းဟယ်ဟာ ထွက်ခွာသွားခဲ့သည်။ ရွှေထည်ပစ္စည်းတွေကို စုဆောင်းတာ လုံလောက်ပြီဟု ပြောလို့ ရသောကြောင့် သူမအတွက် နောက်ထပ် စုဆောင်းနေစရာ မလိုတော့ဘူး။
သို့သော် သူမ၏ လုပ်ရပ်ဟာ လူငယ်လေးအား အနည်းငယ် ယုံကြည်သွားစေသည်။ သူမရဲ့ အကြီးအကဲ ခေါင်းတလားထဲသို့ ထည့်ပေးဖို့ သူမ တကယ် စုဆောင်းနေတာလား။
လူငယ်လေး သူ့ဦးလေးကို ရှာဖွေပြီးနောက် ပြောပြလိုက်သည်၊ “အကြီးဆုံးဦးလေး၊ ကျွန်တော်ကတော့ သေချာပေါက် ဒီလိုမျိုး ရိုးရှင်းမယ်လို့ မထင်ဘူး။ ဦးလေး အထင်ကရော...”
“သူမ မပြောရင်လည်း အဆင်ပြေတယ်။ ငါတို့အတွက် နည်းနည်းလောက် စုဆောင်းထားရအောင်။ ပြီးရင် နေရာတစ်ခုရှာပြီး မြှုပ်ထားလိုက်။” သူ့ရဲ့ အကြီးဆုံးဦးလေးက ပြောသည်။
“ကောင်းပြီ” လူငယ်လေးက ခေါင်းညိတ်သည်။
လင်းချင်းဟယ်က မှောင်ခိုစျေးကွက်မှ ထွက်လာခဲ့ပြီးနောက် သူမကိုယ်သူမ သန့်ရှင်းသပ်ရပ်သွားအောင် ပြုလုပ်ခဲ့သည်။ ထို့နောက် မှောင်ခိုစျေးကွက်မှာ တစ်ခုခု ဝယ်ယူခဲ့ပြီးနောက် အိမ်ပြန်လာခဲ့သည်။
လင်းချင်းဟယ်သည် နောင်အနာဂတ်မှာ မှောင်ခိုစျေးကွက်တွင် ရွှေထည်ပစ္စည်းများကို မစုဆောင်းတော့ဘူး။ ဟုတ်ပါတယ်၊ ထက်မြက်တဲ့သူတွေ ရှိနေဆဲပါပဲ။ သူမ ရွှေထည်ပစ္စည်းတွေကို စုဆောင်းလိုက်တာနဲ့ သူတို့က တစ်ခုခုကို အနံ့ခံမိသွားခဲ့ကြသည်။
ဘေးကင်းလုံခြုံရေးအတွက် ဒါကို မေ့ထားလိုက်မည်။ အနာဂတ်မှာ မြို့ကိုသွားကြည့်ဖို့ အချိန်ရှာလိုက်ဦးမည်။
လင်းချင်းဟယ်သည် ဖရဲသီးတစ်လုံးကိုဝယ်ပြီး အိမ်ပြန်လာခဲ့သည်။ ကျိူးချင်းပိုင် အလုပ်မှ ပြန်လာသောအခါ လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို မေးသည်၊ “ရှင် ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးတွေဝယ်ဖို့ မြူနီစပယ်ကို ဘယ်အချိန်လောက် သွားဖြစ်မလဲ။”
“မင်းလည်း လိုက်ချင်လို့လား။” ကျိုးချင်းပိုင်က မျက်ခုံးပင့်ရင်း မေးလိုက်သည်။
“ကျွန်မ မြို့ပေါ် လှည့်ပတ်ကြည့်ချင်လို့။” လင်းချင်းဟယ်က ပြောသည်။
ကျိုးချင်းပိုင်က ဒါကို မယုံဘူး။ သူက တခြားဖက်သို့ ပြန်လှည့်သွားပြီး သူ့မျက်နှာကို ဆက်လက်ဆေးကြောနေခဲ့သည်။ လင်းချင်းဟယ်က “ကျွန်မ ရှင့်အတွက် ဝက်သားဟင်းချက်ထားတယ်။ အရမ်းမွှေးကြိုင်နေတာပဲ။” လို့ ပြောလိုက်သည်။
“ညကျမှ ကိုယ်တို့ ဆက်ဆွေးနွေးကြမယ်။” ကျိုးချင်းပိုင် အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။
သူ့ဇနီးသည်က တစ်ခုခု လိုချင်တိုင်း ဒီလှည့်ကွက်ကို အသုံးပြုပေမယ့် သူ အခုထိတိုင် မလွန်ဆန်နိုင်သေးဘူး။ သို့ရာတွင် သူ့မျက်နှာပေါ်မှာတော့ မတုန်မလှုပ် အသွင် ပါပဲ။
လင်းချင်းဟယ် ချက်ပြုတ်ထားသည့် ဝက်သားဟင်းက အရမ်း အရသာရှိသည်။ အထူးသဖြင့် အရမ်းမွှေးကြိုင်ပြီး အရသာရှိသည်။ သူတို့မှာ ဆန်ရှိသည်။ ထမင်းပေါ်တွင် စွပ်ပြုတ်အရည်ကို ဆမ်းထားသဖြင့် ထမင်းစေ့လေးတွေဟာ တောက်ပြောင်နေခဲ့ကာ ဝက်သားဟင်းနှင့် တွဲဖက်စားသုံးလိုက်ချိန်တွင် အလွန်အရသာရှိမှန်းကို ပြောစရာပင် မလိုလောက်ချေ။
အဆီများတာကို တိုက်ဖျက်ရန်အတွက် သခွားသီးနှင့် ခရမ်းချဥ်သီးကြက်ဥစွပ်ပြုတ်တို့လည်း ရှိနေပါသေးသည်။ ကလေးတွေအတွက် ဒါက အရမ်းကို စိတ်ကျေနပ်စရာပါပဲ။
ကျိုးချင်းပိုင်အတွက်လည်း ထုံးစံအတိုင်း စိတ်ကျေနပ်နေမိသည်။
အဖေကျိုးနှင့် အမေကျိုးတို့ကတော့ စိတ်ခံစားချက်များ ရောနှောနေခဲ့သည်။ ဒီလိုဘဝမျိုးကို... တကယ့် ဘဝလို့ ခေါ်ဆိုတာပဲ။
ညဖက်အချိန်အခါတင် ကျိုးချင်းပိုင်သည် ဇနီးသည်အား ရေကူးသွားဖို့ မခေါ်မီ ကလေးတွေ အိပ်ပျော်ရန် စောင့်ဆိုင်းနေခဲ့သည်။ သူတို့နှစ်ဦးသား နာရီဝက်ကျော်ကြာ ရေကူးပြီးနောက် အိမ်ပြန်လာခဲ့ကြသည်။
သူတို့လင်မယားဟာ အနွေးကုတင်ပေါ် တက်ခဲ့ကြသည်။ ကျိုးချင်းပိုင်က သူ့ဇနီးသည်ကို မြူနီစပယ်မြို့ပေါ်မှာ ဘာလုပ်စရာရှိလို့လဲလို့ မေးမြန်းခဲ့သည်။ မြို့ပေါ် ဟိုဟိုဒီဒီ လိုက်ကြည့်ချင်လို့ ဟု ပြောတာကို သူ မယုံဘူး။
“ကျွန်မ တကယ်ပဲ ဟိုဟိုဒီဒီ လိုက်ကြည့်ချင်ရုံပါပဲ။ တကယ်လို့ ရှင် ကျွန်မကို မယုံဘူးဆိုရင် ရှင် ကျွန်မနောက် တစ်ချိန်လုံး လိုက်နိုင်တယ်။” လင်းချင်းဟယ်က ပြောသည်။ သူမ ဒီလို ပြောလိုက်သည့်အချိန်တွင် သူမလက်တွေက သူ့ခါးတစ်ဝိုက်တွင် မငြိမ်မသက် လှည့်ပတ်ကျီစယ်နေတုန်းပါပဲ။
ကျိုးချင်းပိုင်က အာရုံပြောင်းသွားသည်။ သူ့ရဲ့ ဇနီးဖြစ်သူအား စုံစမ်းစစ်ဆေးနေမှုသည် ရုပ်ပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးနေမှုအသွင် ပြောင်းလဲသွားခဲ့သည်။
ဘယ်သူက ရှုံးပြီး ဘယ်သူ အနိုင်ရသွားလဲ မသိတော့ဘူး။ မည်သို့ပင်ဆိုစေကာမူ ဒီကိစ္စဟာ ဤကဲ့သို့ပင် ပြီးဆုံးသွားခဲ့သည်။ နောက်တစ်ကြိမ် မြူနီစပယ်မြို့ပေါ်သွားရင် သူမကို ခေါ်သွားမယ်လို့ ကတိပေးခဲ့သည်။
ကျိုးချင်းပိုင်သည် နောက်ပိုင်းတွင် အလှတရားကြောင့် အမှားလုပ်မိကြောင်း သဘောပေါက်လာခဲ့သည်။