အခန်း၂၂၅
Viewers 40k

အခန်း (၂၂၅) – ကောင်းမွန်စွာ ကျွေးမွေးပြုစုပျိုးထောင်ဖို့ ဆန္ဒရှိတယ်


ယခုနှစ် ဆောင်းဦးရိတ်သိမ်းချိန်ဟာ အလွန်ချောမွေ့ခဲ့သည်။ ဆောင်းတွင်းကောက်နှံပင်များကို စိုက်ပျိုးပြီးတာနဲ့ မိုးက အချိန်ကိုက် ရွာသွန်းလာခဲ့သည်။


ယခုအချိန်တွင် ထုတ်လုပ်ရေးအဖွဲ့၏ အများသူငှာ ရိက္ခာများကို ဖြန့်ဖြူးသည့်နေ့ရက်ဖြစ်ပြီး လူတိုင်း၏ စားနပ်ရိက္ခာများကိုလည်း ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် သူတို့သည် ဓားကိုသွေးပြီး အသားဖြန့်ဖြူးဖို့ကို ဆက်လက်ပြင်ဆင်နေခဲ့ကြသည်။


ဤအချိန်သည် ကျိုးတာ့နီ၏ လက်ထပ်ထိမ်းမြားမည့် နေ့ရက်လည်း ဖြစ်သည်။


ဒါက ကျိုးမိသားစု၏ အကြီးဆုံးမြေးမဖြစ်ပြီး အလုပ်ပါးသည့် အချိန်ခါမှာ မင်္ဂလာပွဲ ကျင်းပခဲ့တာလည်း ဖြစ်သေးသည်။ ဒါ့ကြောင့် သူတို့ဟာ အခမ်းအနားအတွက် ပြင်ဆင်ဖို့ အချိန်အားရှိကြသည်။


မျိုးဆက်တစ်ခု ကွာခြားတာကြောင့် လင်းချင်းဟယ်သည် ကျိုး‌ရှောင်မိန် လက်ထပ်သည့် အချိန်ကကဲ့သို့ ခန်းဝင်ပစ္စည်းကို သူမလက်ထဲ တိုက်ရိုက်မပေးခဲ့ချေ။


လင်းချင်းဟယ်သည် အခြားသော မရီးများနည်းတူ ၅ ယွမ် ပေးခဲ့သည်။


သို့သော်လည်း ကျိုးတာ့နီကို ဝတ်စုံအသစ်တစ်စုံ ချုပ်ဝတ်နိုင်စေရန်အတွက် နောက်ထပ် အထည်စ တစ်စအား ထပ်ဆောင်း ပေးခဲ့သေးသည်။ ဒါကလည်း သူမအတွက် အကောင်းဆုံး ဖြစ်စေချင်သည့် ဆန္ဒတစ်ခုပါပဲ။


အသားဖြန့်ဖြူးပြီးနောက်နေ့တွင် ကျိုးတာ့နီတစ်ယောက် လက်ထပ်ထိမ်းမြားခဲ့သည်။


လင်းချင်းဟယ်က ပြန်လည်တောင်းတအောက်မေ့မိသည်။ သူမ ကူးပြောင်းလာသောအခါက ကျိုးတာ့နီသည် အရွယ်ရောက်စလေးသာ ရှိသေးသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ အိမ်ထောင်ပြုပြီး မကြာခင်မှာ မိခင်တစ်ဦး ဖြစ်လာတော့မည်။


လင်းချင်းဟယ်က စာသင်ကြားဖို့ ရှိနေသဖြင့် အကူအညီ သိပ်မပေးနိုင်ဘူး။ အဆိုပါပွဲသို့ ကျိုးချင်းပိုင် တက်ရောက်ခဲ့သည်။


ကျိုးတာ့နီ လက်ထပ်ထိမ်းမြားသောအခါ အဒေါ်အချို့ကလည်း (အဖေ့၏ ညီအစ်မများ) တွေကလည်း ငွေပို့ပေးခဲ့သည်။ သိပ်မများပေမယ့် လူတစ်ဦးလျှင် ၅ ယွမ်လောက် ရှိသည်။ သို့တိုင် ထိုဝင်ငွေသည် ကျိုးတာ့နီ၏ ခန်းဝင်ပစ္စည်းအားလုံး ဖြစ်သည်။ ယောက္ခမမိသားစုနဲ့ အိမ်ထောင်စု မခွဲခွာရသေးရင်တောင် ထိုပိုက်ဆံကို ပေးစရာ မလိုပါဘူး။


ဒါပေါ့၊ မကောင်းတဲ့ ယောက္ခမမျိုးနဲ့သာဆိုရင် ယောက္ခမဖြစ်သူက သူ့ချွေးမဆီကနေ ထိုခန်းဝင်ပစ္စည်းတွေကို တကယ် တောင်းယူလိမ့်မည်။ ကံကောင်းထောက်မစွာဖြင့် အကြီးဆုံးမရီးသည် သူ့သမီးကြီးအား မီးပုံထဲ တွန်းချဖို့ အစီအစဥ် မရှိခဲ့ပေ။ သူမသည် ယုံကြည်စိတ်ချရသော အိမ်ထောင်စုကို ရှာဖွေပေးခဲ့တာ ဖြစ်သည်။


အခုအချိန်သည် ရိတ်သိမ်းပြီးစရာသီဖြစ်သောကြောင့် ရာသီဥတုက အေးစပြုလာသည်။


အထူးသဖြင့် ဆောင်းဦးမိုးရွာသွန်းပြီးနောက် အပူချိန် ကျဆင်းလာသည်။


“နင်တို့ညီအစ်ကိုတွေ နွေးနွေးထွေးထွေးနေဖို့ လိုအပ်တယ်။ နင်တို့ကို ရေထဲဆင်းကစားခွင့် မပေးတော့ဘူး နားလည်လား။” လင်းချင်းဟယ်က မနက်စောစော အိပ်ရာထပြီး စုညီအစ်ကိုတွေကို သတိပေးလိုက်သည်။


အခုဆို သူတို့နှစ်ယောက်ဟာ ဒီဖက်အိမ်မှာပဲ နေထိုင်ကြသည်။ ညီအစ်ကိုတွေက ဒီဖက်အိမ်ကို နှစ်သက်ကြပြီး ကျိုးအိမ်ဟောင်းထံ မကြာခဏ ပြန်သွားလေ့မရှိပေ။


“ကျွန်တော်တို့ ရေကစားတာကို ရပ်ထားတာ ကြာပါပြီ။ ကျွန်တော်တို့က ကျောက်ဒိုးပစ်တမ်းပဲ ကစားတော့တာပါ။” စုချန်လေးက ပြန်ဖြေသည်။


“ဗိုက်ဆာတယ်။” သူ့ညီငယ်လေး စုရွှင်းထံမှ အသံထွက်လာသည်။


“မင်း ဗိုက်ဆာနေပြီလား။ ငါတို့ယုန်သား စားကြရအောင်။” ဟု အဝတ်အစားလဲပြီးသည့် လောင်စန်းလေးက ပြောလိုက်သည်။


“ဟင့်အင်း၊ ဟင့်အင်း၊ ယုန်လေးတွေကို မစားပါနဲ့။” စုရွှင်းလေးက ချက်ချင်း ပြန်ပြောခဲ့သည်။


ဆောင်းဦးပေါက်တွင် ဖမ်းမိခဲ့သော ယုန်လေးတွေကို မွေးမြူထားသည်။ အခုဆို တော်တော်ကြီးလာပြီ။ စုရွှင်းလေးက သူတို့ကို အလွန်တန်ဖိုးထားပြီး သူတို့ကို သတ်မစားစေချင်ပေ။


“သူတို့ကို စားဖို့ မွေးထားတာ။ ပြီးခဲ့တဲ့တစ်ခေါက် မင်း ယုန်သားစားတုန်းက အရမ်းကြိုက်တာပဲ မဟုတ်လား။ မင်းပဲ ပျော်ပျော်ရွှင်ရွှင် စားသောက်ခဲ့တာ မဟုတ်ဘူးလား။” လောင်စန်းက ပြောသည်။


“ဟုတ်တယ်၊ သူတို့ကို စားဖို့ မွေးမြူထားတာ အရမ်းကောင်းတယ်။ သူတို့ကို စားရတာ ကြက်သားကို စားနေရသလိုပဲ။” စုချန်လေးက လက်တွေ့ပိုကျသည်။


“မစားပါနဲ့။ မွေးမြူထားပါ။” စုရွှင်းလေးက ဆန္ဒပြသည်။ သူက နှာခေါင်းလေး ရှုံ့လာသည်။ ကြည့်ရတာ မကြာခင်မှာ ငိုချတော့မယ့်ပုံပါပဲ။


“မငိုနဲ့။ နင်ငိုရင် ငါတို့ ယုန်တွေကို တကယ် သတ်စားလိုက်မှာ။” လင်းချင်းဟယ်က ကြားဖြတ်ဝင်ပြောလိုက်သည်။

 

စုရွှင်းလေးသည် လျှံကျလာသော မျက်ရည်များကို ချက်ချင်းဆိုသလို သုတ်ဖယ်လိုက်သည်။


“ကောင်းတယ်။ နင် ဆန္ဒရှိရင် ငါတို့ ယုန်တွေကို မွေးမြူထားပေးမယ်။” လင်းချင်းဟယ်က ပြောသည်။ သူတို့ကို ဝဖြိုးအောင် မွေးမြူပြီးတဲ့ အချိန်ထိ စောင့်ဆိုင်းပြီးနောက် နှစ်သစ်ကူးကျရင် သူတို့ကို သတ်စားနိုင်လိမ့်မည်။


စုရွှင်းလေးက ပျော်ရွှင်သွားသည်။


မနက်စာစားပြီးနောက် ယုန်တွေကို ပြုစုစောင့်ရှောက်ဖို့ စုရွှင်းလေးက သွားရောက်ခဲ့သည်။ လင်းချင်းဟယ်က သူ့ကို လွှတ်ပေးထားလိုက်သည်။ လောင်တအတွက် ဆွယ်တာအင်္ကျီတစ်ထည်ကိုသာ စတင် ချည်ထိုးနေခဲ့သည်။


အရင်အင်္ကျီတွေက အဆင်မပြေတော့ဘူး။ ဒါကြောင့် ဒီနှစ်မှာ လောင်တအတွက် ဆွယ်တာအင်္ကျီအသစ်တစ်ထည်ထိုးဖို့ သိုးမွှေးချည် နှစ်ကျင်း ဝယ်ယူခဲ့သည်။ အင်္ကျီအဟောင်းကတော့ လောင်အာ့အတွက် ဖြစ်သွားသည်။ ဒီလိုဆို ဖြုန်းတီးတာမျိုး မဖြစ်တော့ပါ။


ဆောင်းဦးမိုးစဲပြီးနောက် ကျိုးချင်းပိုင်သည် ‌ဆောင်းရာသီအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ထင်းအရှာထွက်သည်။


ဒီနှစ်က မနှစ်ကထက် ပိုပူနွေးသည်။ မနှစ်က ဒီလိုအချိန်ဆို အရမ်းအေးနေပြီ။ ထို့ကြောင့် လင်းချင်းဟယ်သည် ထင်းကို ကြိုတင်စုဆောင်းထားဖို့ ပိုက်ဆံသုံးရန် စိတ်မဝင်စားခဲ့ပေ။

 

ဒီနှစ်က သိပ်မအေးဘူးဆိုတော့ လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ထင်းရှာခွင့်ပေးလိုက်သည်။


ကျိုးချင်းပိုင် အိမ်ပြန်လာသောအခါတွင် ရစ်ငှက်တစ်ကောင်ကိုပါ ပြန်ယူလာခဲ့သည်။ သူက ထင်းခွေနေတုန်း ရစ်ငှက်ပါ ဖမ်းမိခဲ့သည်။


လင်းချင်းဟယ်က မှိုလက်တစ်ဆုပ်စာကို ချက်ချင်း ထုတ်ယူခဲ့ပြီး ရေစိမ်ထားလိုက်သည်။ ဒီရစ်ငှက်တွေကို မှိုနှင့် ကြော်စားလျှင် အကောင်းဆုံး ဖြစ်သည်။


“လာမယ့် နှစ်ရက်အတွင်း လောင်တအတွက် အဝတ်အစားတွေ ပို့ပေးဖို့ ကျွန်မ မြို့ထဲကို သွားမလို့။ ရှင် ဝယ်ချင်တာ ရှိလား။” လင်းချင်းဟယ်က သူ့ကို မေးသည်။


“မင်းအတွက်မင်း ကြိုက်တာကိုသာ ဝယ်ခဲ့ပါ။” ကျိုးချင်းပိုင်က သူမကို ပြောသည်။


လင်းချင်းဟယ်က သူ့ကို ပြုံးပြသည်၊ “ကျွန်မ ကိုယ့်ကိုယ်ကို ဆိုးဆိုးရွားရွး ဆက်ဆံရမလား။”


ကြမ်းတမ်းသော အမျိုးသားဖြစ်သည့် ကျိုးချင်းပိုင်သည် သူမအား နူးညံ့သော အကြည့်တစ်ချက်ပေးပြီးနောက် ထင်းခွဲရန် စတင်လိုက်သည်။


နေလှန်းရန် လိုအပ်သော ထင်းအချို့ ကျန်ရှိနေသေးပြီး ဖြန့်ခင်းရန် လိုအပ်သည်။


ဒီကိစ္စတွေက သူ့တာဝန်တွေပင်။ ထို့နောက် သူ့ကို ရစ်ငှက်အား သတ်ခိုင်းလိုက်သည်။ သူမဟာ ဒီအမျိုးသားကို ချစ်မြတ်နိုးသော်လည်း လင်းချင်းဟယ်က သူ့ကို အလုပ်လုပ်ခိုင်းဖို့ ငြင်းဆန်မည် မဟုတ်ပေ။


ယောကျာ်းတစ်ယောက်အနေနဲ့ မိသားစုသဟဇာတဖြစ်မှု တိုးတက်စေရန်အတွက် အလုပ်များများ လုပ်ကိုင်ပေးသင့်သည်။ ပြီးတော့ သူမကိုယ်တိုင်လည်း အလုပ်များများလုပ်ဖို့ မလိုအပ်တော့ဘူး။


ဒါပေမယ့် နေ့စဥ် ထမင်းသုံးနပ်ကို ကောင်းကောင်းကျွေးမွေးသည်။ ဒါမှ တရားမျှတလိမ့်မည် မဟုတ်ပါလား။


ရစ်ငှက်နဲ့ မှိုကို ရောကြော်ထားသည့် ဟင်းလျာတစ်ခွက်ဟာ ပြီးပြည့်စုံတဲ့ ဟင်းတစ်ခွက်ပဲ ဖြစ်လေသည်။ အရသာရှိပြီး အနံ့မွှေးကြိုင်သည်။ ထမင်းနဲ့ တွဲဖက်စားသုံးလိုက်သည့်အခါမှာ အရသာက အံ့မခန်းပင်။ တစ်မိသားစုလုံး စားသောက်ပြီးနောက် စိတ်ကျေနပ်သွားကြသည်။


“အဖေ၊ ဒီနှစ်ကျရင်ရော ဦးလေးနဲ့အတူ အမဲလိုက်ဦးမှာလား။” လောင်စန်းက မေးသည်။


သူက အသက်ကြီးပြီ။ တောဝက်ဖမ်းမိသည့် အရေးအခင်းကို သူ ကောင်းကောင်း မှတ်မိပြီး ထိုအကြောင်းကို ပြန်စဥ်းစားတိုင်း စိတ်လှုပ်ရှားစရာကောင်းသည်။  


“ဘာကို အမဲလိုက်ချင်နေတာလဲ။ နင် အဲ့ဒီတောကောင်တွေကို မြင်တဲ့အခါ ပုန်းအောင်းဖို့ နောက်ကျနေလောက်ပြီ။ ဘာကို အမဲလိုက်ချင်နေရတာလဲ။” လင်းချင်းဟယ်က ပြောသည်။


“လောင်တက နောင်အခါ တက္ကသိုလ် တက်ရလိမ့်မယ်ဆိုတော့ ကျူရှင်စရိတ် နည်းနည်းသက်သာသွားရင်လည်း မဆိုးဘူး။” အမေကျိုးက ပြောသည်။

 

တကယ်လို့ အငယ်ဆုံးသားမှာ အဲဒီအရည်အချင်းမျိုး မရှိရင် သေချာပေါက် ဒီစကားကိုပြောမှာ မဟုတ်ဘူး။ အဓိကကတော့ အငယ်ဆုံးသားမှာ အဲဒီအရည်အချင်းရှိတာကြောင့် အနာဂတ်မှာ မြေးဖြစ်သူ၏ ကောလိပ်ကျူရှင်စရိတ် ကုန်ကျဖို့ ရှိသေးတယ်ဆိုတော့ အမဲလိုက်သွားတာက ပိုကောင်းလိမ့်မည်။


“ကောလိပ်တက်ဖို့ ပိုက်ဆံမလိုဘူး။ နေထိုင်စရိတ်လည်း မလိုအပ်ဘူး။ ထောက်ပံ့ကြေးတွေလည်း ရှိတယ်။ ဘာမှ မလိုအပ်တာကြောင့် ရှင့်ကို ဒီလိုမျိုး အန္တရာယ်များတဲ့ အရာတွေကို လုပ်ခွင့်မပေးဘူး။” လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ချက်ချင်း ပြောဆိုခဲ့သည်။


“အင်း” ကျိုးချင်းပိုင်က ခေါင်းညိတ်သည်။


အမေကျိုးသည် သူ့ချွေးမ၏ အပြစ်တင်ခြင်းကို ခံနေရသော်လည်း သူမစိတ်ထဲမှာ ကျေနပ်နေမိသည်။ စတုတ္ထလေး၏ ဇနီးသည်ဟာ စတုတ္ထလေးကို တကယ် ဂရုစိုက်သည်။


လင်းချင်းဟယ်က ဒါကို ဂရုမစိုက်ဘူး။ တောဝက်တွေကို အမဲလိုက်ရမှာလား။ ထိုအရာသည် အန္တရာယ်ကြီးမားလွန်းသည်။ ထို့အပြင် ဒီခေတ်အချိန်ခါမှာ ဆေးဘက်ဆိုင်ရာ ကုသမှုအခြေအနေတွေက ဆိုးရွားသည်။ အမဲလိုက်ဖို့အကြောင်း စဥ်းတောင်မစဥ်းစားပါနဲ့။ ရစ်ငှက်တွေ၊ တောယုန်တို့လို အကောင်မျိုးကို ပိုနှစ်သက်ကြသည်။


ဆွယ်တာအင်္ကျီထိုးပြီးသောအခါ လင်းချင်းဟယ်သည် လောင်တကို ပေးရန်အတွက် မြို့တက်သွားသည်။ အိမ်က ကလေးတွေအတွက် နို့မှုန့်မဝယ်ခင် မှောင်ခိုစျေးကွက်မှာ အသားအရင်ရောင်းချခဲ့သည်။


လောင်တကတော့ ဒါတွေ မလိုအပ်တော့ဘူး။ ခရိုင်မြို့သည် ကျေးလက်ဒေသနှင့် မတူပေ။ ဆောင်းရာသီအချိန်ကာလမှာတောင် နွားနို့မှာယူလို့ရသည်။


“စတုတ္ထယောင်းမက ကလေးတွေကို ကောင်းကောင်းကျွေးမွေးဖို့ တကယ် ဆန္ဒရှိတာပဲ။” ထိုနေ့က ကျိုးရှောင်မိန်တစ်ယောက် အိမ်ပြန်ရောက်သောအခါ လောင်တ၏ ဆွယ်တာအင်္ကျီအသစ်ကို မြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားစွာ မှတ်ချက်ပြုမိသည်။


“အမှန်ပဲ” စုတာ့လင်းက သဘောတူသည်။


“စတုတ္ထယောင်းမရဲ့ လစာက အခြေခံအားဖြင့် အကုန်သုံးစွဲလိုက်တယ်လို့ ကျွန်မ ထင်တာပဲ။” ကျိုးရှောင်မိန်က ခွဲခြမ်းစိတ်ဖြာပြသည်။


“သူတို့အားလုံး... ကြီးပြင်းလာကြတယ်... အရမ်းကောင်းတယ်” စုတာ့လင်းက ပြောသည်။


သူ ရည်ညွှန်းလိုသည်မှာ လင်းချင်းဟယ် ပြုစုပျိုးထောင်ပေးသော ကလေးတွေက ထူးချွန်သူများ ဖြစ်ကြသည်။ ကျိုးရှောင်မိန်က ဆုံးဖြတ်ချက်ချလိုက်သည်၊ “အနာဂတ်မှာ ကျွန်မတို့လည်း ကျွန်မတို့စတုတ္ထယောင်းမလို ကျွန်မတို့ကလေးတွေကို ပြုစုပျိုးထောင်ရမယ်။” 


“ကောင်းပြီ” စုတာ့လင်းက ခေါင်းညိတ်ထောက်ခံသည်။


လောင်တက အိမ်မှာ မရှိဘူး။ သူက ဘတ်စကတ်ဘော ကစားဖို့ အပြင်ကို ထွက်လာသည်။ သူနဲ့ သူ့အတန်းဖော်တွေက ဘတ်စကတ်ဘောဝယ်ဖို့ ပိုက်ဆံစုကြသည်။ ပြောရမယဆိုရင် မြို့က လူနေမှုဘဝဟာ ကျေးလက်ဒေသမှာထက် အရောင်အသွေး ပိုမိုစုံလင်လှသည်။


ရုပ်ရှင်ကြည့်တာမျိုး၊ ပန်းခြံထဲမှာ လမ်းလျှောက်တာမျိုး၊ ဘတ်စကတ်ဘော ကစားတာမျိုး၊ စားသောက်ဆိုင်မှာ သွားစားတာမျိုးတို့လို အရာအားလုံး ရှိသည်။


ကျေးလက်ဒေသမှာ ကစားဖို့ရတဲ့ အရာတွေ အများကြီး ရှိပေမယ့် နောက်ဆုံးမှာတော့ မြို့လောက် မဖွံ့ဖြိုးသေးပါဘူး။


ဘတ်စကတ်ဘောကစားပြီးနောက် လောင်တသည် သူ့အဒေါ်အိမ်သို့ လမ်းလျှောက်ပြန်လာခဲ့သည်။ အနာဂတ်မှာ အလုပ်လုပ်တဲ့အခါ မြို့ထဲမှ အခြေချနေထိုင်နိုင်ရန် အိမ်ဝယ်ဖို့ ပိုက်ဆံစုရမယ်။ သူ့မိဘတွေကိုလည်း အိမ်မှာ ခေါ်ထားနိုင်လိမ့်မည်။