အခန်း၂၃၀
Viewers 43k

အခန်း (၂၃၀) - ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်စတင်သည်။


နောင်လာနောက်သားတွေရဲ့ ဆိုရိုးစကားအရ- ဆင်းရဲလေလေ ကလေးပိုမွေးလေလေ၊ ပိုဆင်းရဲလေလေပါပဲ။


သို့သော် ခေတ်တိုင်းတွင် ကိုယ်ပိုင်စံနှုန်းများ ရှိကြသည်။ လက်ရှိအချိန်မှာတော့ ကလေးတွေကို ပြုစုပျိုးထောင်ရေးနဲ့ ပတ်သက်ပြီး သတိမထားမိသေးပါဘူး။


ရှိခဲ့ရင်တောင်မှ ဒါဟာ အလွန်သေးငယ်သော အပိုင်းဖြစ်သည်။


သူတို့ ကလေးတွေ မွေးဖွားပြီးရင် ကလေးတွေကို တစ်လုပ်စာ ကျွေးနိုင်ထားသရွေ့ အဆင်ပြေပါသည်။ သူတို့တွေက တခြားဘာကိုမှ သိပ်စဉ်းစားမှာ မဟုတ်ဘူး။


ဒီလိုနဲ့ပဲ ၁၉၇၆ ခုနှစ် နှစ်သစ်ကူးနေ့ကို ဖြတ်သန်းခဲ့သည်။


နှစ်သစ်ကူး ဒုတိယနေ့တွင် အစ်မအကြီးဆုံးနှင့် ဒုတိယအစ်မတို့သည် သူတို့ခင်ပွန်းတွေနှင့် သားသမီးတွေကို ခေါ်ဆောင်ကာ အလည်အပတ် ရောက်ရှိလာကြသည်။


နှစ်သစ်ကူးအပြီးတွင် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် စည်းကမ်းဓလေ့ဟောင်းများကို လိုက်နာကြသည်။ ကလေးတွေကို ဓာတ်ပုံရိုက်ပြီး ရုပ်ရှင်လိုက်ပြဖို့ မြို့ကို ခေါ်သွားကြသည်။


၁၉၇၆ ခုနှစ်သည် ထူးခြားသောနှစ်ဟု မှတ်ယူနိုင်သည်။


ဒီနှစ်မှာ အဖြစ်အပျက်တွေ အများကြီး ဖြစ်ခဲ့သည်။ လင်းချင်းဟယ်သည်ပင် ခရိုင်မြို့သို့ ခရီးထွက်တာ ရှားပါးခဲ့သည်။


လင်းချင်းဟယ်သည် သူမရဲ့ ကျောင်းသားတွေကို အားလပ်ချိန်တွင် ကျောင်းသားလှုပ်ရှားမှုအချို့တွင် မပါဝင်ရန်လည်း သူမက ညွှန်ကြားခဲ့သည့်အပြင် လောင်တကိုပါ ပြောကြားခဲ့သည်။ လောင်တသည် သူ့မိခင်၏စိုးရိမ်မှုကို မြင်နိုင်သောကြောင့် သူက သဘောတူခဲ့သည်။


ဒီနှစ်မှာတော့ အပြင်မှာ မငြိမ်မသက်မှုတွေ အများကြီးဖြစ်ခဲ့သည်။ ကျိုးချင်းပိုင်တစ်ယောက် ပိုးသတ်ဆေးဝယ်ဖို့ အပြင်ထွက်တဲ့အခါ ဒုက္ခရောက်လုနီးပါး ဖြစ်သွားခဲ့ရသေးသည်။ သူသည် စုံစမ်းစစ်ဆေးမှုကို ခံနိုင်ရည်ရှိပြီး ပြဿနာမရှိဘဲ ပြန်လာခဲ့သည်။


သို့သော်လည်း လင်းချင်းဟယ်မှာ ဒီအဖြစ်အပျက်ကြောင့် ကြောက်လန့်နေဆဲ ဖြစ်နေခဲ့သည်။ အပြင်မှာ နောက်ထပ် မုန်တိုင်းရှိမှန်း ခေါင်းဆောင်က သိတဲ့အတွက် ကျိုးချင်းပိုင်ကို ထပ်မလွှတ်တော့ဘူး။


ဤကဲ့သို့သော လှုပ်ရှားမှုမျိုးသည် ယခုနှစ်၏ ဒုတိယနှစ်ဝက်အထိ ဆက်လက် တည်ရှိနေခဲ့ပြီးနောက် တိုးတက်လာခဲ့သည်။


သူတို့ရဲ့ ထုတ်လုပ်ရေးအဖွဲ့က ဘေးကင်းကောင်းမွန်တယ်လို့ ယူဆသော်လည်း အခြားထုတ်လုပ်ရေးအဖွဲ့များမှ လူအများအပြားသည် အလုပ်မလုပ်ကြပါ။


အထူးသဖြင့် လှုပ်ရှားမှုကြီးပြီးသွားတော့ လူဆိုးတွေကို ဖမ်းမိပြီးတဲ့ နောက်မှာတော့ အခမ်းအနားတစ်ခုနီးပါး ဖြစ်သွားခဲ့သည်။


လင်းချင်းဟယ်သည် ထိုဖြစ်ရပ် အစမှအဆုံး အပြင်မထွက်ခဲ့ပါ။ အစ်မမိန်ထံမှ အသားများကို ဆက်လက်စုဆောင်းနေဆဲဖြစ်သော်လည်း အားလုံးကို နေရာလွတ်ထဲတွင် သိမ်းဆည်းထားသည်။ ဘာပဲဖြစ်ဖြစ် မဆိုးပါဘူး။ ခရိုင်မြို့နဲ့ ပတ်သက်ရင် ဒီနှစ်တော့ သွားဖို့ ရည်ရွယ်ချက် မရှိပါဘူး။


ကျောင်းက လူတိုင်းက ဆွေးနွေးကြသည်။


"အနာဂတ်မှာ ဘာဖြစ်မယ် မသိဘူး။" ကျောင်းအုပ်ကြီးက ခံစားချက်တွေ ထွေပြားစွာ ပြောခဲ့သည်။


လင်းချင်းဟယ်က ဘာပြောရမှန်း မသိပေမယ့် ချန်ရှန်းက "ကျောင်းအုပ်ကြီး၊ စိတ်မပူပါနဲ့။ လူဆိုးတွေ ရှုံးသွားပြီ။ အနာဂတ်မှာ ပိုကောင်းလာမှာ သေချာတယ်" လို့ ပြောခဲ့သည်။


ယခုနှစ်တွင် မြူနီစပယ်မြို့မှ ဆွေမျိုးများထံ ပြန်လည်သွားရောက်ရန် လျှောက်ထားခဲ့သည်။ ချန်ရှန်းသည် မြူနီစပယ်မြို့မှဖြစ်သည်။ ဒါပေမယ့် ကောလိပ်ဝင်ခွင့် စာမေးပွဲ ပြန်လည် ဖြေဆိုပြီးတဲ့ နောက်မှာတော့ သူဟာ တက္ကသိုလ်ဝင်ခွင့်ရရှိခဲ့ပြီး တခြားပြည်နယ်တွေကို သွားခဲ့ပါသည်။


အခြားဆရာများကမူ သတင်းတစ်ခုခု ရသည်ဟု ထင်ကာ အားလုံး ဝိုင်းဝန်း မေးမြန်းနေခဲ့ကြသည်။


ချန်ရှန်းက လင်းချင်းဟယ်ကို ကြည့်လိုက်သည်။


ယခုအချိန်အထိ သူသည် လင်းချင်းဟယ်ကို လုံးဝလက်မလွှတ်သေးပေ။


လင်းချင်းဟယ်သည် ကျေးလက်ဒေသခံ ကျိုးချင်းပိုင်ကိုသာ သူမမျက်လုံးထဲတွင် မြင်ကြောင်းကို သူသိသည်။ လင်းချင်းဟယ်လို ထက်မြက်ပြီး ကိုယ်တိုင်‌လေ့လာသင်ယူနိုင်သည့် အမျိုးသမီးတစ်ယောက်အနေဖြင့် ကျိုးချင်းပိုင်လို အနာဂတ်မရှိသော ဒီလို လူကြမ်းသူကြမ်းပုံစံမျိုးကို အဘယ်ကြောင့် လိုချင်နှစ်သက်နေသည်ကို သူနားမလည်နိုင်ခဲ့ပေ။


ထို့ကြောင့် သူသည် လင်းချင်းဟယ်ကို အခါအားလျော်စွာ စမ်းသပ်နေဆဲ ဖြစ်သည်။


လင်းချင်းဟယ်ကတော့ သူ့ကို ဘယ်တုန်းကမှ မျှော်လင့်ချက် မပေးခဲ့ပေ။


ဥပမာအားဖြင့် ဤတစ်ကြိမ်တွင် သူ တစ်ချက်လှမ်းကြည့်လိုက်သည့်အခါတွင် လင်းချင်းဟယ်က သူ့ကိုယ်ပိုင်စာရွက်ကို ခွဲထုတ်ရာမှာသာ အာရုံစိုက်ထားပြီး ချန်ရှန်းမှာ သတင်းရထားတာ ရှိလား မရှိဘူးလား ဆိုတာကိုပင် စပ်စုနေခြင်း အလျဥ်းမရှိပေ။


"ဒီတစ်ခေါက် ကျွန်တော် မြို့ပြန်သွားတုန်းက စကားနည်းနည်းတော့ ကြားမိပေမယ့် ဒီအကြောင်းကို ဖြန့်လို့မရဘူး" ချန်ရှန်းက တိုးသာဆုတ်သာ ပြောဆိုခဲ့သည်။


ဤသို့ဆိုလိုက်တာနဲ့ လူတိုင်းဟာ ရွှင်မြူးတက်ကြွသွားခဲ့ကြသည်။


လင်းချင်းဟယ်ကတော့ စိတ်ထဲမှာ လှောင်ရယ်လိုက်ပြီး ဒီလူယုတ်မာက လူတွေကို ချော့မြူနိုင်တဲ့ အစွမ်းရှိသည်။


သူ တစ်ခုခု ပြောခဲ့လို့လား။ သူ ဘာမှမပြောဘူးလို့တောင် ပြောလို့ရပါတယ်။


အနာဂတ်မှာ ပိုကောင်းလာပြီး ပိုကောင်းလာမယ်လို့ ပြောနေတာ၊ ဒါက အဓိပ္ပါယ်မရှိဘူး မဟုတ်လား။ အနာဂတ်မှာ ပိုဆိုးလာမယ်လို့ ဘယ်သူပြောရဲမလဲ။ ဒီစကားက လူတစ်ဦးကို တိုက်ရိုက်သေစေနိုင်သည်။


၁၉၇၆ ခုနှစ်တွင် လင်းချင်းဟယ်သည် အလွန်သတိထားနေခဲ့ပြီး တစ်ချိန်တည်းမှာပင် သူမသည် အနည်းငယ် စိတ်အားထက်သန်နေပါသည်။ နောက်နှစ်ကတော့ သူမကို အရမ်းစောင့်ကြိုနေတဲ့ ၁၉၇၇ ခုနှစ် ဖြစ်သည်။


နှစ်တစ်နှစ်ရဲ့ အစလည်း ဖြစ်လိမ့်မည်။


ဆောင်းဦးရာသီ ဒုတိယနှစ်ဝက်၏ အောက်တိုဘာလတွင် ကျေးလက်ဒေသသည် ဆောင်းဦးရာသီရိတ်သိမ်းခြင်းနှင့် ပတ်သက်၍ အလုပ်ရှုပ်နေချိန်တွင် လင်းချင်းဟယ်သည်လည်း ခရိုင်မြို့ပေါ်သို့သွားရန် အချိန်ရလာကာ ယခုနှစ်တွင် သူမသိမ်းဆည်းထားခဲ့သော ဝက်သားလက်ကျန်မှန်သမျှကို သွားရောက်ရောင်းချခဲ့သည်။


သူမသည် ယွမ်သုံးရာနီးပါး အမြတ်ငွေရပြီး ရှန်းယွီထံမှ ပစ္စည်းတစ်သုတ် ဝယ်ယူခဲ့သည်။


၁၉၇၆ ခုနှစ်က အချိန်ကုန်တာ အရမ်းမြန်သည်။


ယခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်တွင် လင်းချင်းဟယ်သည် သဘာဝအတိုင်း ကောင်းမွန်စွာ ကျင်းပခဲ့သည်။ လာမယ့်နှစ်မှစတင်၍ သူမနှင့် သူမ သားကြီးတို့ဟာ တက္ကသိုလ်တက်ရတော့မှာ ဖြစ်သည်။


သူမနှင့် လောင်တို့ သားအမိနှစ်ဦးစလုံးသည် ကောလိပ်တွင် နေရာတစ်ခုရရှိရန် ကြိုးပမ်းခဲ့ကြသည်။


ဟုတ်ပါတယ်၊ ဒါကတော့ လင်းချင်းဟယ်တစ်ယောက် စီစဥ်ထားတာပဲ ဖြစ်သည်။ လောင်တကတော့ ဒီအကြောင်းကို မသိသေးဘူး။ အထက်တန်းကျောင်းပြီးသောအခါ လင်းချင်းဟယ်က သူ့ကို စာမေးပွဲဖြေခိုင်းဖို့ အစီအစဉ်မရှိပေ။ အဲဒီအစား သူ့ကို စောင့်ခိုင်းသည်။


လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး ဟိုးအရင်ကတည်းက ပြောဆိုခဲ့ပြီးသား ဖြစ်သည်။ သူက ကန့်ကွက်တာမျိုး မရှိပဲ အနည်းငယ် နှုတ်ဆိတ်နေခဲ့သည်။


၁၉၇၇ ခုနှစ် အောက်တိုဘာလတွင် ကောလိပ်ဝင်ခွင့် စာမေးပွဲ ပြန်လည်စတင်ကြောင်း ကြေငြာချက်သည် တရုတ်နိုင်ငံတစ်ဝှမ်းတွင် ပျံ့နှံ့ခဲ့ပြီး စာမေးပွဲကို တစ်လအကြာတွင် ဖြေဆိုရမည် ဖြစ်သည်။


ကျေးလက်နေ ပညာတတ် မြို့ပြလူငယ်များ အားလုံး ရူးသွပ်လုနီးပါး ဖြစ်သွားကြသည်။


စာအုပ်တွေ ငှားရမ်းဖို့ နေရာအနှံ့ သွားကြသည်။ သူတို့သည် လယ်ယာလုပ်ငန်းခွင် မဆင်းကြတော့ပဲ စာတွေကို ပြန်လည်သုံးသပ်လေ့လာရန် အခန်းထဲတွင် နေခဲ့ကြသည်။


ဤသည်မှာ သူတို့မြို့သို့ ပြန်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ အဲဒါကို သူတို့ ဘယ်လိုလုပ်ပြီး လက်လွတ်ခံနိုင်မှာလဲ။ သူတို့သည် ကျေးလက်ဒေသတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရသည်။ သူတို့ မြို့ကို အရမ်းပြန်ချင်ကြသည်။ သူတို့ ကျေးလက်ဒေသမှာ ဒီလောက် နေရတာကပင် လုံလောက်နေပြီ။


"ဒါက တကယ်ကံဆိုးတာပဲ၊ သူတို့မြို့ကို ပြန်သွားရင် သူတို့ရဲ့ ယောက်ျားတွေနဲ့ ဇနီးမယားတွေက ဘယ်လိုဖြစ်မလဲ" စီးကရက်ကြီးတစ်လိပ်သောက်ရင်း ခေါင်းဆောင်က ကျိုးချင်းပိုင်ကို မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။


ခေါင်းဆောင်၏သမီးသည် မြို့ပြပညာတတ်လူငယ်တစ်ဦးနှင့် လက်ထပ်ခဲ့သည်။ အရင်ကတော့ အားလုံးအဆင်ပြေပေမယ့် အခုချိန်မှာတော့ စာသင်ဖို့ မျှော်လင့်ချက်တွေ ထားခဲ့သည်။


နောက်မှ မြို့ကိုပြန်သွားရင် သူ့သမီးနဲ့မြေး ဘာဖြစ်သွားမလဲ။


ထို့အပြင်၊ ထိုသို့သော ဖြစ်စဥ်များစွာ ရှိခဲ့ကြသည်။


ကျေးလက်သို့ စေလွှတ်ခံရသော ပညာတတ်လူငယ် အများအပြားသည် အိမ်ထောင်ကျပြီး သားသမီးများ ရှိကြသည်။ ပညာတတ်လူငယ် အမျိုးသားရော အမျိုးသမီးတွေပါ စာမေးပွဲအောင်ပြီး ကောလိပ်ဝင်ခွင့် စာမေးပွဲကို ပြန်လည်ဖြေဆိုပြီး ကျေးလက်ဒေသမှ ထွက်သွားချင်ကြသည်။ သူတို့တွေရဲ့ မိသားစုတွေက ဘယ်လိုလုပ်ကြမလဲ။


မိသားစုတွေက သူတို့နောက်ကို လိုက်လို့မရဘူး။ အိမ်ထောင်စုစာရင်းကို နေရာရွှေ့ခြင်းသည် ပြဿနာကြီးတစ်ခုဖြစ်သည်။ သူတို့တွင် အိမ်နဲ့ အလုပ် မရှိပါက အိမ်ထောင်စုစာရင်းပြောင်းဖို့ မေ့ထားရမည်။


ကျိုးချင်းပိုင်က ဘာမှပြန်မပြောဘူး။ သူအိမ်ပြန်ရောက်ရင် သူ့မိန်းမနဲ့ ဆွေးနွေးရမယ်။


လင်းချင်းဟယ်က ခေါင်းခါလိုက်သည်။ သူမ ဘာပြောရမလဲ။ မြို့တော်ကို သွားရောက်တာက အဓိက လှုပ်ရှားမှုတစ်ခုဖြစ်ပြီး ကြီးမားတဲ့ အပြောင်းအလဲတစ်ခုလည်း ဖြစ်သည်။ အနှေးနဲ့အမြန် ဆိုသလို ဒီကိစ္စတွေက ဖြစ်သွားပါလိမ့်မည်။ ပညာတတ်လူငယ်အများစုသည် လယ်ကွင်းထဲတွင် မနေချင်ကြပေ။


အနာဂတ်မှာ လွတ်လွတ်လပ်လပ်ဖြစ်သွားပြီး အရင်ကနဲ့ မတူတော့ဘူး။ အများစုကတော့ မြို့ထဲမှာ အိမ်ငှားနေလို့ရသည်။


ဒါပေမယ့် ဒီနှစ်နှစ်သုံးနှစ်အတွင်းမှာတော့ ဒီအတိုင်းပဲရှိနေမှာ သေချာပါသည်။


လူတွေရဲ့ နှလုံးသားတွေ ဂနာမငြိမ်ဖြစ်ခဲ့ရတာ ကြာပြီ။ ဒီနှစ်နှစ်မှ သုံးနှစ်အတွင်း လူများစွာနှင့် မိသားစုများစွာ ကွဲကွာသွားစေရန် လုံလောက်ပါသည်။


ဒါပေမယ့် ဘာလုပ်နိုင်မလဲ။ ဒီခေတ်အချိန်ခါက လူတွေဟာ အမြဲတမ်း ခက်ခဲပင်ပန်းလွန်းသည်။


"ဆရာမလင်း အိမ်မှာ စာအုပ်တွေရှိလားဟင်။ ကျွန်မတို့ကို ငှားပေးပါဦး။" ပညာတတ်လူငယ် အမျိုးသမီးနှစ်ဦး အိမ်ကို ရောက်လာသည်။


"မင်းတို့ ကျောင်းကို သွားမေးလို့ရတယ်။ ငါဆီက စာအုပ်တွေအကုန် ငှားထားပြီးပြီ။" လင်းချင်းဟယ်က ပြောသည်။


သူမနဲ့ လောင်တတို့အတွက် အတွဲတစ်တွဲတော့ ကျန်ပါသေးသည်။ သို့သော် အချိန်ကာလက တစ်လ ကျန်သေးသည်။ သူမနှင့် လောင်တတို့ စာတွေကို သေသေချာချာ လေ့လာနေရဆဲ ဖြစ်သည်။


လောင်တသည် အဟောင်းကို ပြန်လည်သုံးသပ်ပြီး အသစ်ကို သင်ယူရာတွင် အလွန် လုံ့လစိုက်ထုတ်ခဲ့သည်။


အစပိုင်းတွင် အထက်တန်း ဒုတိယနှစ် စာသင်ပြီးသောအခါ အလုပ်သမား၊ တောင်သူလယ်သမားနှင့် စစ်သား တက္ကသိုလ်သို့ တိုက်ရိုက်တက်ရောက်ချင်ခဲ့သည်။ ဒါပေမယ့် သူ့အဖေက တားမြစ်ခဲ့သည်။


ပြီးတော့ တခြားသူတွေကို ဝင်ဖို့ အကြံပြုထားသည်။


လောင်တသည် အစပိုင်းတွင် အလွန်ဒေါသထွက်ပြီး ပဟေဋ္ဌိဖြစ်ခဲ့သည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်လည်ကျင်းပမယ့်သတင်း ထွက်ပေါ်လာသည့်အချိန်အထိ သူ့အဖေက သူ့ကို စောင့်ခိုင်းထားသည်။ 


ထို့အပြင်၊ ဒါက သူ့အတွက် အရမ်းကောင်းတဲ့ အခွင့်အရေးတစ်ခုဆိုတာ သိသာပါသည်။ ဒါကြောင့် လောင်တက အခု အရမ်းစာကြိုးစားနေခဲ့တာ ဖြစ်သည်။


အဖေကျိုးနှင့် အမေကျိုးတို့သည် သူတို့၏မြေးကို အလွန်ထောက်ခံကြသည်။ သူသည် ကောလိပ်ကျောင်းသားဖြစ်လာပြီး သူ့ဘိုးဘေးတို့အား ဂုဏ်ကျက်သရေဆောင်ကြဉ်းပေးနိုင်ရန် မျှော်လင့်ခဲ့ကြသည်။


ထို့ကြောင့်၊ သူတို့သည် လောင်တ၏ ခန္ဓာကိုယ်ကို အားဖြည့်ရန်အတွက် ကြက်စွပ်ပြုတ်လုပ်ပေးရန် လင်းချင်းဟယ်ကို တိုက်တွန်းခဲ့သည်။