အခန်း (၂၃၁) - ဘိုးဘေးများ၏ ကြည့်ရှုစောင်မမှု
လင်းချင်းဟယ်က သဘာဝအားဖြင့် မတွန့်တိုချေ။ သူမက လောင်တ၏ခန္ဓာကိုယ်ကို အားဖြည့်ရန် ကြက်တစ်ကောင်ကို သတ်လိုက်သည်။ သူမအတွက်လည်း ပါ၏။
ကောလိပ်ဝင်ခွင့်အတွက် ပြန်လည် ပြင်ဆင်နေသော်လည်း လင်းချင်းဟယ်က ဆက်လက်သင်ကြားနေဆဲ ဖြစ်သည်။ သူမပါ ကောလိပ်ဝင်ခွင့်ကို ဝင်ရောက်ဖြေဆိုမှာကို မည်သူမျှ မသိကြချေ။
လင်းချင်းဟယ်က ကောလိပ်ဝင်ခွင့်အတွက် လောင်တနှင့်အတူ သွားခဲ့သော်လည်း အားလုံးက သူနှင့်အတူ လိုက်သွားသည်ဟုသာ ထင်ကြသည်။
လောင်တက အရပ်ရှည်သော်လည်း သူသည် ၁၃နှစ်သာ ရှိသေးသည်။
သည်၁၃နှစ်သားကောင်လေးက ၁.၇၅မီတာ (၅ပေ ၇လက်မ)အထိ အရပ်ရှည်နေပြီဖြစ်ကာ လင်းချင်းဟယ်ထက် ခေါင်းတစ်ဝက်စာ ပိုရှည်သွားပြီဖြစ်သည်။
လင်းချင်းဟယ်၏ ဂရုစိုက်မှုနှင့် ကျိုးချင်းပိုင်၏ တိုက်ခိုက်ရေးသင်ကြားပေးမှုတို့ကြောင့် သူ၏ ကြီးထွားမှုနှုန်းက အလွန်မြန်သည်။ သူသည် ၁၇နှစ် ၁၈နှစ်ဟုပင် ဆိုလျှင်ပင် ယုံလောက်ပေသည်။
ကောလိပ်ဝင်ခွင့်နေ့တွင် ကျိုးချင်းပိုင်ပါ လိုက်လာပြီး သားအမိ၊ သားအဖတွေ အတူတူ သွားကြလေသည်။ သူတို့က စက်ဘီးနှစ်စီး စီးသွားကြ၏။
လောင်တက သူ့ဘာသာသူစီးသည်။ လင်းချင်းဟယ်က ကျိုးချင်းပိုင်ထံတွင် စီး၏။ သူတို့က မြို့တွင် စာမေးပွဲသွားဖြေလေသည်။
လင်းချင်းဟယ်က စာမေးပွဲခန်းထဲသို့ လောင်တနှင့်အတူ ဝင်သွားချိန်တွင် ကျိုးချင်းပိုင်က အပြင်ဘက်တွင် စောင့်နေလေ၏။
စာမေးပွဲခန်းအတွင်းသို့ ဝင်လိုက်သည်နှင့် လင်းချင်းဟယ်နှင့် လောင်တက ရင်းနှီးနေသော မျက်နှာများနှင့် တွေ့ဆုံလိုက်ရလေသည်။
ချန်ရှန်းနှင့် တခြားသော ပညာတတ်လူငယ်များဖြစ်သည်။ သူတို့ကလည်း လင်းချင်းဟယ်နှင့် လောင်တကို တွေ့လိုက်ရသည်။
လင်းချင်းဟယ်တို့ သားအမိကို တွေ့လိုက်သည့်အခိုက် သူတို့မျက်နှာများက ရုပ်ဆိုးသွားကြလေသည်။ ယခုတစ်ကြိမ် ဝင်ခွင့်စာမေးပွဲသည် တပ်သားတစ်ထောင်က သစ်လုံးတံတားကို ဖြတ်သည်ဟု ဆိုခြင်းမှာ ချဲ့ကားပြောဆိုခြင်း မဟုတ်ချေ။
မမျှော်လင့်ထားဘဲ ဒီသားအမိကလည်း ပါဝင်လာသည်။
သားအမိ စုံတွဲသည် တစ်ယောက်က ကိုယ်တိုင် လေ့လာသင်ယူခဲ့ပြီး တခြားတစ်ယောက်ကမူ ခရိုင်တစ်ခုလုံး၏ အထက်တန်းကျောင်းတွင် ထိပ်ဆုံးမှဖြစ်သည်။
လင်းချင်းဟယ်က အဆင်ပြေသေးသည်။ အကြောင်းမှာ သူမက သူမဘာသာ လေ့လာပြီး အလယ်တန်းအဆင့်သာ ဖြစ်သည်ဟု အားလုံးက တွေးထင်ထား၍ ဖြစ်သည်။ သူမက ကံစမ်းရန် လာခြင်း ဖြစ်နိုင်၏။ သို့သော်ငြား လောင်တကမူ စာလေ့လာရေး၌ အမှန်ပင် ဆရာတစ်ဆူ ဖြစ်လေသည်။
ချန်ရှန်းက နှုတ်ဆက်ရန် အနားသို့ ရောက်လာ၏။ “ဆရာမလင်းကလည်း ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ပါဝင်တာပေါ့”
“ဟုတ်တယ်။ ဆရာချန်လည်း အတူတူပဲ မဟုတ်လား” လင်းချင်းဟယ်က တုံ့ပြန်လိုက်သည်။
ပြီးနောက် သူမက လောင်တကို ဦးဆောင်ကာ စာမေးပွဲခန်းထဲသို့ ဝင်သွားတော့၏။ အခြေခံအားဖြင့် ပညာတတ်လူငယ်များနှင့် စကားမပြောခဲ့ပေ။
ထို့အပြင် များစွာသော ပညာတတ်လူငယ်များအနက် ချန်ရှန်းသာလျှင် ဝင်ခွင့်ရခဲ့သည်။ သူမက တခြားသော ပြောင်းလဲမှုများ ရှိလျှင်တော့ မသိပေ။ မှတ်ဉာဏ်အရတော့ သူတို့မှာ စာမေးပွဲကို မအောင်မြင်ခဲ့ချေ။
စာမေးပွဲမေးခွန်းစာရွက် ရလာသောအခါ လင်းချင်းဟယ်က အရင်ဆုံးတစ်ချက် ဖတ်ကြည့်လိုက်သည်။ ပြီးနောက် သူမက စိတ်သက်သာရာရသွား၏။ ယင်းက မခက်ပေ။ အသိပညာများက အလွန်ပြည့်စုံပေ၏။ အဓိကအချက်များကို ဂရုတစိုက် မှတ်မိနေရန်သာ လိုပေသည်။ အခြေခံအားဖြင့် အမှန်တကယ် သိရှိခြင်း ရှိ မရှိ စစ်ဆေးခြင်းသာ ဖြစ်သည်။
ထို့အပြင် သူမသည် ယင်းတို့အပေါ် လောင်တကိုလည်း စစ်ဆေးခဲ့ပြီးဖြစ်၏။ လင်းချင်းဟယ်က လုပ်နိုင်သလို လောင်တလည်း လုပ်နိုင်ပေမည်။
ဆိုရလျှင် လင်းချင်းဟယ်က အလွန်ယုံကြည်မှု ရှိနေပေသည်။ စာမေးပွဲ ပြီးနောက် သူမက ဂရုမစိုက် ပြန်စစ်ရန် မမေ့ပေ။ သူမက အားလုံးကို ရေးချလိုက်ပြီးသော်လည်း လင်းချင်းဟယ်က အချိန်စေ့သည်တိုင် စာရွက်ကို ကိုင်ထားဆဲ ဖြစ်သည်။
အချိန်ပြည့်ပြီးနောက် လင်းချင်းဟယ်က စာရွက်ကို ပထမဆုံး အပ်နှံသူ ဖြစ်သည်။ သူမနောက်တွင် ညည်းညူနေသော ကျောင်းသားများစွာ ရှိ၏။
စိတ်ပျော့သူတစ်ဦးသည် မေးခွန်းစာရွက်ရသည်နှင့် ချက်ချင်းပင် စားပွဲပေါ် လဲပြိုကျကာ ငိုကြွေးတော့သည်။ လင်းချင်းဟယ်က တွေ့ဆုံရန် သတ်မှတ်ထားသော နေရာသို့ သွားပြီး လောင်တကို စောင့်နေလိုက်သည်။ မကြာမီ၌ လောင်တ ရောက်လာသည်။ ဟန်ရှုကျယ်နှင့်အတူ ဖြစ်၏။
လင်းချင်းဟယ် “...” ဒါက ကောလိပ်ဝင်ခွင့်စာမေးပွဲလေးပါ။ ဘယ်လိုတောင်မှ သူမက ဒါနဲ့ ဝင်တိုက်မိရတာလဲ။
“မင်္ဂလာပါ၊ အန်တီ” ဟန်ရှုကျယ်က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။
“အင်း... ရှုကျယ်” လင်းချင်းဟယ်က ပြုံးပြလိုက်၏။
စာမေးပွဲက လုံးဝ ပြီးသွားပြီးနောက် လင်းချင်ဟယ်နှင့် လောင်တက တရားမျှတမှုအတွက် ခိုင်မြဲသည့် အမြင်ရှိသော အမျိုးသားဇာတ်လိုက်ဖြစ်တဲ့ ဒီလူငယ်ကို နှုတ်ဆက်ခဲ့သည်။
စာမေးပွဲပြီးနောက် ပိုပြီး စိတ်သက်သာရာရတာက ပုံမှန်သာဖြစ်သည်။
လင်းချင်းဟယ်က လောင်တနှင့်အတူ တက္ကသိုလ်အတွက် လိုအပ်သော ပြင်ဆင်မှုများအတွက် အတူတူ ပြုလုပ်ရန် အိမ်ပြန်လာခဲ့သည်။
“အမေ အမေက ကျွန်တော်စာမေးပွဲအောင်မှာကို သေချာနေတာလား” လောင်တက ရယ်မောလိုက်သည်။
“တအားခက်ခဲတဲ့ ခေါင်းစီးမပါဘူး။ မင်းကို ပြန်နွေးဖို့ ငါ အမြဲတမ်း လုပ်ပေးခဲ့တာ။ စာမေးပွဲအောင်ဖို့က ပြဿနာမရှိဘူး” လင်းချင်းဟယ်က ကျိုးချင်းပိုင်၏နောက်တွင် ထိုင်လိုက်ရင်း ပြောသည်။
“အမေ ဒီစာမေးပွဲက ဘယ်လိုလဲ” လောင်တက မေးသည်။
“ငါ မသိသေးဘူး” လင်းချင်းဟယ်က ခေါင်းယမ်းလိုက်သည်။ မည်သည့်မတော်တဆမှုမျိုးမှ မရှိပါက စာမေးပွဲတွင် ၉၇ ၉၈ ရာခိုင်နှုန်းလောက် မှန်မည်ဟု သူမ ခန့်မှန်းထားသည်။
အိမ်ပြန်ရောက်လာပြီးနောက် ကျိုးချင်းပိုင်က သူ့သားကြီးကို သီးသန့်ရှာလိုက်သည်။ ယင်းက မူလလက်ဟောင်းစကားများကို ထပ်မံသတိပေးပြောဆိုခြင်းသာ ဖြစ်၏။
ထို့အပြင် ကျိုးချင်းပိုင်က သူ့ကို ဘယ်နေရာမှာမဆို မေးနိုင်သည်။ သူက ဘာလို့ ဒီလိုမေးနေရတာလဲ။
သို့သော် လောင်တက နားလည်၏။ ထိုအကြောင်းကြောင့် ဖြစ်ပေမည်။
လောင်တက တစ်ခဏမျှ တွေးပြီးနောက် ဖြေလိုက်သည်။
“ကျွန်တော့်မှာ မသေချာတဲ့ မေးခွန်းတစ်ခု ရှိတယ်။ ကျန်တာကတော့ သေချာပေါက် ရခဲ့တယ်။ အမေဆိုရင်တော့ ကျွန်တော်စိတ်ထင် သူမက အားလုံးကို လုပ်နိုင်လိမ့်မယ်။ သူမက တအား အရည်အချင်းရှိတာ”
သူ့အမေအကြောင်း ပြောပါက လောင်တသည် လေးစားမှုအပြည့် ဖြစ်နေ၏။
သူ့အမေက ပြန်သုံးသပ်ဖို့ သူ့ကို အချက်အလက်တွေ ထုတ်ပေးခဲ့သည်။ စမ်းသပ်ချက်ရပ်ဝန်းက သဘာဝအားဖြင့် တူညီ၏။ နည်းနည်းလောက် လွဲရင်တောင်မှ အများကြီး မဟုတ်ပေ။
ထို့ကြောင့် လောင်တသည် သူ့အမေက သူ့ထက်သာမည်ဟု ယုံကြည်လေသည်။ သူမရမှတ်က သူ့ထက်သာပေမည်။
ကျိုးချင်းပိုင်က သူ့သားကြီးကို အထင်တသေး ကြည့်လိုက်သည်။ လောင်တက ပြောလိုက်၏။ “အဖေ ကျွန်တော့်ကို ဒီလို မကြည့်နဲ့။ ကျွန်တော့်စိတ်ထင် ခရိုင်တစ်ခုလုံးမှာ ကျွန်တော့်အမေလိုလူမျိုး နောက်ထပ် မရှိနိုင်ဘူး”
လောင်တ၏ မျက်စိထဲတွင် ခရိုင်တစ်ခုလုံး၏ ပထမနေရာတွင် သူ့အမေက သေချာပေါက် ရလိမ့်မည်။
သို့သော် သူ့အမေက အလွန်သိုဝှက်သည်။ သူမက ဘာမှမပြောပေ။ ထို့ကြောင့် လောင်တကလည်း ဘာမှပြောမည် မဟုတ်ချေ။
အစပိုင်းတွင် လူတိုင်းက လင်းချင်းဟယ် ကောလိပ်စာမေးပွဲတွင် ပါဝင်သည့်အကြောင်းကို မသိကြချေ။ ပညာတတ်လူငယ်များလည်း မသိခဲ့ကြချေ။
သို့သော်ငြား သူမက ထုတ်ဝေရေးအသင်းကို လျှို့ဝှက်မထားခဲ့ချေ။
အဖေကျိုးနှင့်အမေကျိုးက ၎င်းကို ကြားသိပြီးနောက် မှင်တက်သွားကြသည်။
အကြီးဆုံးမရီး၊ ဒုတိယမရီး၊ တတိယမရီးတို့က အပြေးအလွှား ရောက်လာကြ၏။
“လောင်တအမေ မင်းက တကယ်ကြီး ကောလိပ်ဝင်ခွင့်ကို ဖြေခဲ့တာလား” အကြီးဆုံးမရီးနှင့် တခြားသူများက မေးသည်။
“အင်း ပျင်းနေပြီး ဘာမှလုပ်စရာ မရှိလို့လေ။ ဒီတော့ ကျွန်မ သွားပြီး စမ်းကြည့်လိုက်တာ”
လင်းချင်းဟယ်က ပြုံးလျက် ဖြေသည်။
“မင်းစာမေးပွဲမှာ ဘယ်လို လုပ်ခဲ့တာလဲ” တတိယမရီးက မေးလာသည်။
“ကျွန်မမသိဘူး။ ကျွန်မသိသလောက်ပဲ လုပ်ခဲ့ရုံပါ။ မှားလားမှန်လားဆိုတာ... ကျွန်မ မသိဘူးလေ”
လင်းချင်းဟယ်က မကြွားဝါပေ။
ပြီးလျှင် သူမက အများကြီး မပြောနိုင်ဘူး မဟုတ်လား။
“တကယ်လို့ နင် ဝင်ခွင့်ရသွားရင် နင်က သတင်းစာမှာ ပါမှာလား” ဒုတိယမရီးက သဘောတကျ ပြောသည်။
ဒီစတုတ္ထယောက်မသည် သူတို့ ကြောက်ရွံ့သည့်အရာကို အမှန်ပင် လုပ်ခဲ့၏။ သူမက ပညာတတ်လူငယ်များသာ လုပ်နိုင်သော ကောလိပ်ဝင်ခွင့်ကို အမှန်ပင် ဖြေဆိုခဲ့သည်။
ဆယ်မိုင်နှင့် ရှစ်ရွာအတွင်း မည်သူမျှ ရှာတွေ့နိုင်မည် မဟုတ်ပေ။ ထို့အပြင် သူမက ရွံ့ခြေထောက်၊ ရှင်းလင်းသော နောက်ကြောင်း၊ ဘိုးဘေး၁၈ဆက်တိုင် ဆင်းရဲသောတောင်သူလယ်သမား မျိုးဆက်တွင် မွေးခဲ့တာ ဖြစ်သည်။
“မပြောပလောက်တဲ့ကိစ္စလေးပါ” လင်းချင်းဟယ်က ပြုံးလျက် ပြန်ဖြေသည်။
အိမ်နီးချင်းများကလည်း မေးခွန်းများ လာမေးကြ၏။ ဆရာမလင်းဖြစ်သော လင်းချင်းဟယ်သည် ကျက်သရေရှိရှိ တောက်ပနေတော့သည်။
သူမ စာမေးပွဲ အောင်အောင် မအောင်အောင် သူမ၏ အသိပညာနှင့် အောင်မြင်မှုကို သူမ၏အခန်းအတွင်း ရက်အနည်းငယ်မျှ အားကိုးအားထား ပြုရုံဖြင့် သူမ မည်မျှ စိတ်အားတက်သန်ကြောင်း သိနိုင်ပေသည်။
သူမ အလုပ်မလုပ်ဟု ပြောရန် သူတို့လုပ်ခဲ့ကြသေး၏။ ယင်းမှာ သူတို့က ဆရာမလင်းကို အမှန်ပင် နားမလည်ခဲ့ခြင်း ဖြစ်ပုံရသည်။
ယင်းက အသိပညာကို ပိုမိုလေ့လာလိုပြီး တခြားသော ဒုက္ခများကို လက်ခံနိုင်သောတစ်ယောက် ဖြစ်ပေသည်။ သည်စိတ်ဝိညာဉ်မျိုးသည် လူများစွာထံတွင် မရှိနိုင်ပေ။
အဖေကျိုးက ကြည်နူးနေလေသည်။ စတုတ္ထလေး၏ဇနီးသာ စာမေးပွဲ အောင်သွားပါက သူတို့မိသားစုတွင် ကောလိပ်ကျောင်းသား နှစ်ယောက် ရှိသွားမည် ဖြစ်သည်။
ယင်းက ဘိုးဘေးများထံမှ စောင်မကြည့်ရှုမှုပင် ဖြစ်သည်။