အခန်း၂၃၃
Viewers 40k

အခန်း (၂၃၃) - အလကားလူက အရိုက်ခံချင်နေတယ်

 

ကောလိပ်စာမေးပွဲဝင်ခွင့် ရလဒ်ကို စောင့်ဆိုင်းနေကြစဉ် လူများသည် အနည်းငယ် စိတ်အားထက်သန်မှုကို ခံစားရသည်။ 


လင်းချင်းဟယ် သိသလောက် သည်နှစ်က ကောလိပ်စာမေးပွဲကို ပထမဆုံးအကြိမ် ပြန်လည်စတင်သောနှစ်ဖြစ်တာကြောင့် အရာရာဟာ လျင်မြန်ပြီး အခြေအနေတွေက ပေါ့လျော့နေသေးသည်။ သို့သော်ငြား ဒုတိယနှစ်တွင် ဇနီးရှိသူ ခင်ပွန်းရှိသူများ ဖြေဆိုခွင့်မရပေ။ 


အကြောင်းမှာ ဒုတိယနှစ်၏ လိုအပ်ချက်အရ ကောလိပ်ဝင်ခွင့်ဖြေဆိုသူများမှာ လူလွတ်ဖြစ်ရပေမည်။ အိမ်ထောင်ရှိသူများကို ကောလိပ်ဝင်ခွင့် မပြုတော့ပေ။ 


ယင်းက မည်သို့ အဓိပ္ပာယ်နည်း။ 


ဆိုလိုသည်မှာ ကျေးလက်သို့ ပို့ခံထားရသော ပညာတတ်လူငယ်များတွင် ကွာရှင်းရန် ရွေးချယ်ကြလိမ့်မည်။ 


ဒီနှစ်က စိတ်အားထက်သန်တဲ့ လူတွေပဲ ဖြေဆိုကြတာ ဖြစ်ကာ နောက်နှစ်တွင် ပိုရှုပ်ထွေးပေမည်။ 


ပညာတတ်အသိုင်းအဝိုင်းမှ ပညာရေးရုံး၏လက်ထောက်က မကြာမီ ရွေးချယ်ရမည့်ပုံစံ ကြေညာစာ ထုတ်ပြန်ပေးလာသည်။ 


လင်းချင်းဟယ်နှင့် လောင်တတို့လည်း အလျင်အမြန် သွားရောက်ခဲ့ကြသည်။

 

တခြားသော ပညာတတ်လူငယ်များသည်လည်း ထိုနေရာတွင် ရောက်ရှိနေကြပြီး သူတို့က ရွေးချယ်ရမည့်ပုံစံကို ရလိုက်ကြသော်လည်း သူတို့က မည်သို့ဖြည့်ရမည်ကို မသိသဖြင့် သူတိုက အဆုံးတွင် လင်းချင်းဟယ်ထံသို့ ရောက်လာကြသည်။ 


လင်းချင်းဟယ်၏ ရွေးချယ်မှုက အလွန်ရိုးရှင်းကာ ပေကျင်းတက္ကသိုလ်၊ ဟွားချောင်းတက္ကသိုလ်၊ ဖူတန့်တက္ကသိုလ်၊ ကျဲ့ကျန်းတက္ကသိုလ်တို့ ဖြစ်သည်။ 


ထိုတက္ကသိုလ် လေးခုသာ ဖြစ်ပေသည်။ 


လောင်တက သူ့အမေဆီမှ တိုက်ရိုက် ကူးချလိုက်သည်။ သူ့အဘွားက သူ့ကို သူ့အမေနှင့် တူညီသော တက္ကသိုလ် အတူတူ သေချာပေါက်ဝင်ရန် သီးသန့် လာရှာခဲ့၏။ 


ထို့အပြင် လောင်တက စာမေးပွဲ အောင်မြင်ဖို့ များသည်။ ဆိုရလျှင် သူက လက်ရှိတွင် အထက်တန်းကျောင်းဆင်း တစ်ယောက် ဖြစ်ပြီး မေးခွန်းများကို ပိုင်နိုင်ပေမည်။ 


တခြားသူများအမြင်တွင် သူ့အမေနှင့်သူကို ထိုသို့မြင်သောအခါ သူတို့ပါးစပ်များ တွန့်ကွေးသွားလေသည်။ သည်ရည်မှန်းချက်က မကြီးကျယ်လွန်းဘူးလား။


ထိုအရာများသည် မည်သို့သော နတ်ဘုရားဆန်သည့် တက္ကသိုလ်များ ဖြစ်သနည်း။ 


ဒီသားအမိကို အကိုးအကားပြုရန် နည်းလမ်းမရှိတော့ပေ။ တခြားသူများက ချန်ရှန်းနည်းလမ်းအတိုင်း လိုက်ကြ၏။ 


ချန်ရှန်းက ဝူဟန်တက္ကသိုလ်ကို နှစ်သက်ကြောင်း လျှောက်ထားခဲ့သည်။ 


လင်းချင်းဟယ်က ယင်းကို ဂရုမထားပေ။ သူမက ရွေးချယ်မှုများကို ဖြည့်ပြီးသည်နှင့် တည်ငြိမ်စွာဖြင့် ပညာရေးလက်ထောက်ထံသို့ အပ်လိုက်လေသည်။ ပြီးနောက် သူမက လောင်တနှင့်အတူ အိမ်ပြန်လာသည်။ 


ဝင်ခွင့်သတိပေးချက်ကို တစ်လကျော်ကြာ ထုတ်ပြန်ထားခဲ့သည်။ ချန်ရှန်းက ဝူဟန်တက္ကသိုလ်ကို ဝင်ခွင့်ရသွားသည်။ သူက ဤပတ်ဝန်းကျင်တစ်ခုလုံးတွင် တစ်ဦးတည်းသော ကောလိပ်ကျောင်းသား ဖြစ်သည်။ 


ဒီလူက သူတစ်ပါး၏ ဇနီးသည်ကို ဖြားယောင်းသွေးဆောင်ချင်ခဲ့ပြီး ထိုအချက်မှလွဲ၍ တခြားသော ကောင်းသည့် အချက်များ ရှိပေသည်။ ကျေးလက်တွင် မည်သူမျှ သူ့အတွက် ခက်ခဲစေနိုင်မည် မဟုတ်ပေ။ 


သူက ဝင်ခွင့်စာကို အောင်မြင်စွာ ရရှိခဲ့ပေသည်။ 


ဆယ်မိုင်နှင့် ရှစ်ရွာအတွင်း အားလုံးက ချန်ရှန်းကို အလင်းရောင်သစ်အဖြစ် မြင်ကြလေသည်။ 


လင်းချင်းဟယ်တွင် အတန်းရှိသေးပေသည်။ ၎င်းက နောက်ဆုံးစာသင်နှစ်တစ်ဖြတ် ဖြစ်သည်။ အားလပ်ရက် မရောက်မီတွင် သင်ကြားရန် အတန်းအနည်းငယ်သာ ကျန်တော့သည်။ အကြောင်းမှာ ကောလိပ်ဝင်ခွင့် စာမေးပွဲ ပြန်လည်စတင်ခြင်းသည် ပညာရေးက ပိုအရေးကြီးလာသည်။ 


အလယ်တန်းကျောင်းအုပ်စုတွင်ပင် ပညာသင်ဆုများကို စတင်သတ်မှတ်ကြတော့မည်။ မကြာမီတွင် အခြားအသိုင်းအဝိုင်းများနှင့် ပူးတွဲစာမေးပွဲတွင် ရလဒ်ကောင်းများ ရနိုင်သရွေ့ သူတို့က ပညာသင်ဆုများ ရရှိမည် ဖြစ်သည်။ 


ထိုရည်ရွယ်ချက်က ကလေးများကို လေ့လာရန်နှင့် သင်ကြားရန် အားပေးအားမြှောက်ပြုခြင်းပင် ဖြစ်ပေသည်။ 


ယနေ့ အတန်းပြီးနောက် ချန်ရှန်းက လင်းချင်းဟယ်ကို လာရှာသည်။ 


“ကျွန်တာ် မနက်ဖြန် ထွက်သွားတော့မယ်” ချန်ရှန်းက လင်းချင်းဟယ်ကို ကြည့်ပြီးနောက် ပြောသည်။ 


လင်းချင်းဟယ်က မျက်ဆန်လှန်လိုက်၏။ “ဆရာချန်း ဂုဏ်ယူပါတယ်။ ဆရာတစ်ယောက် အနေနဲ့ တခြားသူကို ကြင်နာဖို့ မျှော်လင့်ပါတယ်၊ ဆရာတစ်ယောက် ဆိုတာ.. လူမှုပတ်ဝန်းကျင်ကို ကူညီထောက်ပံ့ပေးရတာ။ လူမှုပတ်ဝန်းကျင်ရဲ့ မကောင်းတဲ့သူ မဖြစ်စေနဲ့”


လင်းချင်းဟယ်က ချန်ရှန်း မြန်မြန် ထွက်သွားရန် စိတ်ထက်သန်နေသည်။ မြန်မြန် ထွက်သွားပြီးရင် သည်ဘဝတွင် ဘယ်တော့မှ ထပ်ဆုံကြတော့မည် မဟုတ်ချေ။ ဆိုလိုသည်က သည်နေရာတွင်ပင် ပြီးဆုံးပြီ ဖြစ်လေသည်။ 


“ဆရာမလင်း ခင်ဗျားအပေါ် ကျွန်တော် စိတ်ဝင်စားတာကို ခင်ဗျားသိတယ် မဟုတ်လား။ လွန်ခဲ့တဲ့နှစ်တွေတည်းက ကျွန်တော် မပြောင်းလဲသွားဘူး။ အခု ဆရာမလင်း ကျွန်တော်နဲ့ လိုက်လာဖို့ကို မျှော်လင့်တယ်။ ကျေးလက်ကနေ ကျွန်တော်နဲ့ ထွက်သွားပြီးတော့ မြို့မှာ အခြေချကြမယ်” ချန်ရှန်းက သူမကို စိုက်ကြည့်ပြီး တရားဝင် ထုတ်ပြောလာသည်။ 


တက္ကသိုလ်၏ ခွင့်ပြုချက် ကြေညာစာကို လက်ခံရရှိပြီးနောက် ဖြစ်နိုင်ပြီး ချန်ရှန်းက အနည်းငယ် မျက်နှာပြောင် တိုက်လာသည်။ လင်းချင်းဟယ်အပေါ် သူ၏ အယောင်ဆောင်မှုက သူ့မျက်လုံးအတွင်း ဗြောင်ကျလာသည်။ 


“မင်း ရွံစရာအကောင် ငါ မင်းကို သေအောင် ကန်ပစ်မယ်” လောင်အာ့က ယခုတွင် ဒုတိယနှစ် ရှိပြီဖြစ်သည်။ သူက တစ်ချက်တည်းဖြင့် ချန်ရှန်းကို အဝေးသို့ ကန်ပစ်လိုက်သည်။ 


လောင်အာ့က ၁၁နှစ်သာ ရှိသေးသော်လည်း အထင်မသေးသင့်ပေ။ သူက ချန်ရှန်းထက် အနည်းငယ်သာ ပု၏။ ချန်ရှန်းက ၁.၇၃၊ ၁.၇၄ မီတာ (၅ပေ ၆လက်မ၊ ၅ပေ ၇လက်မ) ခန့် ရှိသည်။ လောင်အာ့က လင်းချင်းဟယ်လောက် ၁.၆၅ မီတာ (၅ပေ ၄လက်မ) ရှိ၏။ 


လင်းချင်းဟယ်၏ ဂရုတစိုက် ကျွေးမွေးခြင်းကြောင့် သူက ကောင်းကောင်းကြီးပြင်းလာသည်။ သူက ဘောလုံးကစားခြင်းနှင့် ခရိုင်အထက်တန်းကျောင်းတွင် ဘတ်စ်ကတ်ဘော ကစားခြင်းကို နှစ်သက်သည်။ သူက ကျွဲလိုနွားလို သန်မာသည်။ ထို့ကြောင့် သူက ချန်ရှန်းကို လုံးဝ မကြောက်ပေ။ 


ချန်ရှန်ကလည်း သူ ထိုနေရာတွင် ရှိနေမည်ဟု မမျှော်လင့်ထားပေ။ သူက လင်းချင်းဟယ်ကို နောက်ဆုံး အကြည့်တစ်ချက် ပေးလိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။ 


“အဲမှာ ရပ်နေစမ်း” လောင်အာ့က သူ့ကို ဘယ်လို လွတ်ပေးမည်နည်း။ သူ့မျက်လုံးများက ဒေါသကြောင့် နီရဲနေသည်။ 


ဤရွံစရာကောင်က သူတို့အမေ သွေးဆောင်ရဲပြီး သူတို့အမေကို သူ့သားနှင့် သူ့အမျိုးသားကို ထားရစ်စေကာ သူနှင့်အတူတူ ထွက်သွားစေလိုသည်။ အရိုက်ခံချင်လို့ မေးလိုက်တာပဲ။ 


“အဟမ်း... လောင်အာ့... နောက်ကျနေပြီ အိမ်ပြန်ချိန် ရောက်ပြီ” လင်းချင်းဟယ်က သူမသားလက်ကို ကိုင်ပြီး ပြောလိုက်သည်။ 


လောင်တက ၁၃နှစ်ဖြင့် ၁.၇၅ မီတာ (၅ပေ ၇လက်မ) ရှည်သည်။ လောင်အာ့က ၁၁နှစ်ဖြင့် ၁.၆၅ မီတာ (၅ပေ ၄လက်မ) ရှည်သည်။ ပြီးလျှင် လောင်စန်း။ သူသည်လည်း အသက်ကိုးနှစ်ရှိပြီဖြစ်ကာ အရပ်ပုတဲ့အထဲ မပါပေ။ 


ရိုးရှင်းစွာ ဆိုရလျှင် လင်းချင်းဟယ်က သားသုံးယောက်လုံးကို ထိုသို့ ကြီးထွားလာစေရန် လုပ်ဆောင်နိုင်ခဲ့သည်။ 


“အမေ ဒီမျိုးမစစ်ရဲ့အဓိပ္ပာယ်မဲ့စကားတွေကို နားမထောင်နဲ့။ သူက အမေ့ကို ဘာပေးနိုင်မှာလဲ၊ အစ်ကိုကြီးနဲ့ ကျွန်တော်လည်း အမေ့ကို အကုန်ပေးနိုင်တယ်” လောင်အာ့က သူ့အမေကို ဖျောင်းဖျသည်။ 


“ဟေး... ကောင်လေး မင်းအမေ ငါက ကြီးမားတဲ့ နစ်နာမှုဖြစ်သွားတာ။ ကောလိပ်ကျောင်းသားက ငါ့ကို လိုက်ခဲ့ဖို့ ခေါ်ပြီးတော့ သူနဲ့အတူ ကောင်းတဲ့ဘဝတစ်ခုကို ဖြတ်သန်းစေချင်နေတာ” လင်းချင်းဟယ်က သတိတရဟန်ဖြင့် ပြောလိုက်သည်။ 


လောင်အာ့က ဒေါသတကြီး ဖြစ်သွားသည်။ 


“အမေ သူ အပျော့ဆွဲတာကို မခံရစေနဲ့။ သူလို အားနည်းတဲ့ကြက်က အမေ့ကို ဘယ်လိုလုပ် ကောင်းမွန်တဲ့ဘဝပေးနိုင်မှာလဲ။ ကျွန်တော်နဲ့ အစ်ကိုကြိးရှိတယ်။ ပြီးတော့ အဖေရောပဲ။ လောင်စန်းကလည်း ကြီးလာမှာ။ ကျွန်တော်တို့ လေးယောက်က သူ့ထက်ကို ပိုကောင်းတယ်” လောင်အာ့က လျင်မြန်စွာ ဖြတ်ပြောလိုက်သည်။ 


လင်းချင်းဟယ်က သူ့ပခုံးကို ပုတ်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်၏။ “စက်ဘီးသွားနင်းတော့..”

ပြီး‌နောက် သူမက လောင်အာ့နောက်မှ လိုက်ပြီး ပြန်လာခဲ့သည်။ 


ယခုတွင် လောင်အာ့က နင်းကာ သူမက ထိုင်လေသည်။ 


သူမ အိမ်ပြန်ရောက်ပြီးနောက် ညစာပြင်ဆင်ရန် စတင်လိုက်သည်။ လောင်အာ့က သူ့အစ်ကိုကြီးကို ထိုအကြောင်း ပြောရန် လိုက်ရှာလေသည်။ လောင်စန်းကမှာ အလွန်ငယ်သေးပေ၏။ 


“ထူးဆန်းတဲ့အမူအရာက ဘာဖြစ်တာလဲ” လောင်တက မေးလိုက်သည်။

 

“အစ်ကိုကြီး ငါတို့အမေကို ဆုံးရှုံးလုနီးပါးပဲ မင်းသိလား” လောင်အာ့က ထိုစာကြောင်းဖြင့် စတင်ပြောတော့၏။ 


ကျိုးချင်းပိုင်သည် ညီအစ်ကိုနှစ်ယောက် ပုန်းအောင်းပြီး စကားပြောနေသောနေရာကို ဖြတ်သွားရင်း စကားအနည်းငယ်ကို ကြားလိုက်ရ၏။ သူကြားလိုက်ရပြီးနောက် သူ့မျက်နှာက မည်းမှောင်သွားတော့သည်။ 


သို့သော် သူက အသံတစ်ချက်မျှ မပြုပေ။ သူက ဆက်နားထောင်နေ၏။ 


“ဘာဖြစ်ခဲ့တာလဲ။” လောင်တက ထိတ်လန့်သွားတော့သည်။ 


“ငါ အမေနဲ့ အိမ်ပြန်ရမှာမဟုတ်လား။ အမေက ငါ့ကို လာမရှာတာနဲ့ ငါက အမေ့ဆီ သွားရှာတာ။ ငါ ဘာကို တွေ့ခဲ့လဲ မှန်းကြည့်ကြည့်” လောင်အာ့က ပြောရင်းဖြင့် တုန်လှုပ်နေသည်။ 


“မင်း ဘာတွေ့ခဲ့တာလဲ” လောင်တက မျက်မှောင်ကြုတ်သွား၏။ 


“ချန်ရှန်း... တက္ကသိုလ်ဝင်ခွင့် ရပြီးတဲ့ တစ်ယောက်လေ။ သူက အမေ့ကို တားပြီးတော့ ဖွင့်ပြောခဲ့တယ်။ သူက သူမကို သားတွေနဲ့ ယောက်ျားကို ထားခဲ့ပြီးတော့ သူနဲ့အတူ ထွက်သွားစေချင်နေတာ” လောင်အာ့က ပြောရင်းဖြင့် ဒေါသထွက်လာသည်။ 


လောင်တ၏ အမူအရာကို ပျက်ယွင်းသွားသည်ကို မျက်စိဖြင့် မြင်နိုင်၏။ 


လောင်တတစ်ဦးတည်းတင် မကချေ။ ခိုးနားထောင်နေသော ကျိုးချင်းပိုင်၏ မျက်လုံးများက မှင်ကဲ့သို့ နက်မှောင်လာသည်။ 


“ငါ အရမ်းစိတ်တိုပြီးတော့ အဲတုန်းက သူ့ကို တစ်ချက် ကန်လိုက်တယ်။ ဒါပေမဲ့ အစ်ကိုကြီး ဒီကိစ္စကို ဒီအတိုင်းထားလို့ မရဘူး။ အဲလို မကောင်းတဲ့ကောင်တွေကို ငါတို့ လွှတ်ထားလို့ မရဘူး” လောင်အာ့က ထုတ်ပြောလိုက်သည်။ 


လောင်တ၏ မျက်နှာက ဆိုးဝါးသည့် အပြုံး ပေါ်လာ၏။ ညီအစ်ကိုနှစ်ယောက်သည် အတူတူ ရေရွတ်လိုက်ကြသည်။ သူတို့ ထွက်လာပြီးနောက်တွင် သူတို့အဖေကို တွေ့လိုက်ရတော့၏။ 


ညီအစ်ကိုနှစ်ယောက်လုံး လန့်သွားကြသည်။ “အဖေ”


“ပြန်သွား” ကျိုးချင်းပိုင်က သူ့သားနှစ်ယောက်ကို စိုက်ကြည့်လိုက်ပြီး အိမ်ဆီသို့ လျှောက်သွားလိုက်၏။ 


လောင်တနှင့် လောင်အာ့က အချင်းချင်း စိုက်ကြည့်လိုက်ကြပြီးနောက် သူ့အဖေနောက်သို့ ပြေးလိုက်တော့သည်။ “အဖေ ဒါကို ကြားသွားတာလား”


“အဖေ၊ အဖေ ဘာလုပ်မလို့လဲ” လောင်တကလည်း အနောက်မှ လိုက်လာသည်။