အခန်း၂၃၄
Viewers 43k

အခန်း (၂၃၄) - ထိပ်တန်းရူပသိပ္ပံပညာရှင်


ကျိုးချင်းပိုင်က သူ့သားနှစ်ယောက်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်ပြီး ဘာမှမပြောချေ။ 


သူ့ဇနီးသည်ကို လာရောက်ခိုးယူချင်တယ် ဆိုကတည်းက သူက ချန်ရှန်းကို လွယ်လွယ်နှင့် လွတ်ပေးမည် မဟုတ်ချေ။ 


သို့သော် ဤကိစ္စအတွက် သူ့သားနှစ်ယောက်ကို မလိုပေ။ သူတို့က ငယ်သေး၏။ 


သားအဖတွေ အိမ်ပြန်လာသည့်အချိန်တွင် လင်းချင်းဟယ်က စားစရာများကို ပြင်ဆင်ပြီး ဖြစ်၏။ ထမင်းတစ်နပ်က ရိုးရှင်းသည်။ ဂျုံမန်ထိုရိုးရိုးနှင့် ဝက်သားဂျုံလုံးချက်၊ ဝက်ရိုးနှင့် ပဲနှပ်၊ ပြီးတော့ ဥနီစွပ်ပြုတ် ဖြစ်သည်။ 


အဖေကျိုးနှင့် အမေကျိုးလည်း ရှိ၏။ 


စုချန်လေးနှင့် စုရွှင်းလေးကိုမူ ပို့ပေးလိုက်ပြီဖြစ်သည်။ စုတာ့လင်း၏အဒေါ်က ကလေးများကို ကြည့်ရှုရန် ဆန္ဒရှိသဖြင့် ပြဿနာမရှိတော့ပေ။ 


အခုတော့ သူတို့မိသားစုတွင် အဖေကျိုးနှင့် အမေကျိုးသာ အတူတူ ထမင်းစားရန် ရှိတော့သည်။ 


“အမေ အမေချက်ထားတာက သိပ်အရသာရှိတာပဲ” လောင်စန်းက မန်ထိုစားရင်းဖြင့် ပြောသည်။ ပြီးနောက် ပန်းကန်တချို့ စားခဲ့၏။ 


လောင်အာ့က သူ့ညီကို စိုက်ကြည့်ပြီးနောက် စိတ်ထဲတွင် ပြောလိုက်သည်။ ‘မင်းကတော့ ဘာမှမသိဘူး။ ငါတို့ ဒီနေ့ အမေ့ကို ဆုံးရှုံးတော့မလို့၊ မင်းက စားဖို့ပဲ သိတယ်’


“နောက်ကျရင် စွပ်ပြုတ်များများ သောက်” လင်းချင်းဟယ်က သင်ပေးလိုက်သည်။ 


“ကောင်းပါပြီ” လောင်စန်းက ဂရုမထားဟန်ဖြင့် ဖြေလိုက်သည်။ 


အဖေကျိုးနှင့် အမေကျိုးကလည်း စားနေကြသည်။ အသက်ကြီးပိုင်း နှစ်ယောက်က သိပ်မစားကြပေ။ နှစ်ယောက်သားက မန်ထိုနှစ်ခုနှင့် တခြားဟင်းလျာများဆိုလျှင် လုံလောက်ပြီဖြစ်သည်။ လင်းချင်းဟယ်က အသက်ကြီးပိုင်းနှစ်ယောက်၏ ရည်ရွယ်ရင်းကို သိလေသည်။ ယင်းက သူတို့မြေးများ များများ စားစေရန် ဖြစ်သည်။ 


ဆိုရလျှင် ကြီးထွားလာသော သားသုံးယောက်၏ ဖိအားက သိသာထင်ရှားပေသည်။ 


လင်းချင်းဟယ်၏ မန်ထို ပမာဏက လက်သီးဆုပ်လောက် ရှိ၏။ လောင်တက ငါးခု စားနိုင်ပြီး လောင်အာ့နှင့် လောင်စန်းကလည်း အနည်းငယ်သာ လျော့သည်။ သို့တိုင် အများကြီး မလျော့ပေ။ 

လင်းချင်းဟယ်က ထုံးစံအတိုင်း နှမ်းထောပတ်၊ မြေပဲထောပတ်တို့ကို ပြုလုပ်ခဲ့သည်။ 


တကယ်ဆို အိမ်မှာ ဘာမှ မကျန်တော့ဘူး။


သို့သော်လည်း လင်းချင်းဟယ်က အဖေကျိုးနှင့် အမေကျိုးကို များများစားရန် တိုက်တွန်းသေးသည်။ မန်ထိုနှစ်ခုက အတော်လေးများသော်လည်း မန်ထိုနောက်တစ်ဝက်က စားချင်စိတ်ကို လုံလောက်စေသည်။

 

အဖေကျိုးနှင့် အမေကျိုးကို ပေးလိုက်သည်။ 


စားသောက်ပြီးနောက် လောင်စန်းက ပန်းကန်နှင့် တူများကို ရှင်းလင်းခဲ့သည်။ ယနေ့တွင် သူ့အလှည့် ဖြစ်ပေသည်။ အမေကျိုးက လင်းချင်းဟယ်ကို ဝင်ခွင့်ကြေညာချက်အကြောင်း ပြောခဲ့သည်။ 


“ကျွန်မနဲ့ လောင်တတို့ရဲ့ အကြောင်းကြားစာက လမ်းမှာ ရောက်နေလောက်ပြီ။” လင်းချင်းဟယ်က ပြောလိုက်သည်။ 


သူမနှင့် လောင်တက ယင်းကို ရရန်သေချာသည်။ သူမနှင့် သူမ သားကြီးသည် စာမေးပွဲကျရှုံးမည်ဟု မခံစားရချေ။ 


ကျိုးချင်းပိုင်က နောက်ရက်မနက်တွင်လည်း သူက မနက်ခင်းပြေးရန် ထွက်သွားခဲ့သည်။ 


နှင်းကျသောနေ့တွင်ပင် သူက ပြေးတတ်သော အလေ့အကျင့် ရှိ၍ လင်းချင်းဟယ်က သိပ်အများကြီး မတွေးဘူး။ မထင်ထားသော တစ်ခုမှာ မနေ့ညက သူက သူမကို အဆုံးမရှိ အလုပ်ပေးခဲ့ခြင်း ဖြစ်ပေသည်။ 


ကျိုးချင်းပိုင်က ခရိုင်မြို့သို့ သွားရာလမ်း၌ ချန်ရှန်းကို စောင့်နေမည်ဟု သူမက သံသယ မရှိခဲ့ချေ။ ချန်ရှန်းလို လူစားကို ကျိုးချင်းပိုင်က ကြမ်းကြမ်းတမ်းတမ်း လုပ်ဖို့ စိတ်မဝင်စားချေ။ 


သူ ဘာပြောရမှန်း မသိသေးခင် ချန်ရှန်း၏မျက်နှာက အလွန်ဖြူရော်သွားသည်။ သူက သူ့ခေါင်းကို ငုံ့လိုက်ပြီး ခရိုင်မြို့သို့ လမ်းလျှောက်သွားလိုက်သည်။ 


ကျိုးချင်းပိုင်က သူ့ကို လျစ်လျူရှုထားသည်။ သတိပေးပြီးနောက် သူက ပြန်သွား၏။ ချန်ရှန်းသည် သူ ထွက်သွားပြီးနောက် နောက်လှည့်၍ ကျိုးကျားရွာ၏ အကွာအဝေးတစ်ခုမှ လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးအတွင်း စိတ်ပျက်ခြင်းများ ပြည့်နေသည်။ 


ကျိုးချင်းပိုင်က မဆိုးသော်လည်း သူ ဘယ်လိုပင် ကြီးကျယ်နေပါစေ စားစရာအတွက် လယ်ထဲတွင် အလုပ်လုပ်ရသည်။ လင်းချင်းဟယ် မင်းလိုမိန်းမက ငါ့ကို မလိုချင်ပဲ ဘာဖြစ်လို့ သူ့ကိုပဲ လိုချင်နေရတာလဲ။ ဘယ်နေရာကများ ငါက သူ့ထက် ညံ့နေလို့လဲ။ 


ကျိုးချင်းပိုင်က သူ့ရန်သူကို အနိုင်ယူပြီးနောက် အိမ်ပြန်လာခဲ့သည်။ သူ့ဇနီးက အိပ်နေဆဲ ဖြစ်၏။ ၆နာရီသာ ရှိသေးသည်။ သူက ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး အနွေးခုတင်ပေါ် တက်ကာ သူ့ဇနီးကို လက်မောင်းထဲသို့ ထွေးပွေ့ထားလိုက်သည်။ 


“ရှင်ပြန်လာပြီ” လင်းချင်းဟယ်က အိပ်မှုန်ဝါးဝါးဖြင့် ပြောသည်။ 


“အင်း” ကျိုးချင်းပိုင်က ပြန်ဖြေလိုက်ပြီးနောက် သူမပါးကို နမ်းလိုက်၏။ 


လင်းချင်းဟယ်က တခစ်ခစ် ရယ်လိုက်သည်။ ကျိုးချင်းပိုင်က သူ့ကို ထပ်နမ်းသည်။ ဤတစ်ကြိမ်တွင်တော့ သူမနှုတ်ခမ်းကို ဖြစ်၏။ လင်းချင်းဟယ်က သူ့လည်ပင်းကို ဖက်လိုက်သည်။ 


ပြီးနောက် မနက်ခင်းတွင် လင်မယားစုံတွဲက လေ့ကျင့်ခန်းတစ်ခေါက် လုပ်လိုက်ကြသည်။ 


လင်းချင်းဟယ် နိုးလာတော့ ၇နာရီ ရှိပြီဖြစ်သည်။ သူမက ကျိုးချင်းပိုင်ကို သံတူတစ်ချောင်း ပေးလိုက်သည်။ မနက်စောစော သူမကို တကယ်ပင် ဆွဲဆောင်ခဲ့သည်။ 


အိမ်တွင် မန်ထိုအများကြီး ရှိပြီး သူမက မနက်ခင်းတွင် အိုးထဲထည့်ကာ ပေါင်းလိုက်သည်။ ကလေးများက တစ်ယောက်ပြီးတစ်ယောက် ထလာသည်။ 


လောင်တနှင့် လောင်အာ့က သူတို့အဖေကို မကောင်းတဲ့ကောင်ကို ရှင်းလိုက်ပြီလားဟု မေးလိုက်သည်။ 


“သူ သွားပြီ” ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။ 


ညီအစ်ကိုနှစ်ယောက်လုံး နားလည်သည်။ သူတို့က သူ့ကို ရှာခဲ့သည်။ ထို့ကြောင့် သူတို့က စိတ်သက်သာရာရသွား၏။ 


“အစ်ကိုကြီး အချိန်ရောက်ရင် မင်း သေချာဂရုစိုက်ရမယ်။ မင်း အမေ့ကို သေချာ စောင့်ရှောက်ရမယ်။ သူမက သိပ်လှတယ်။ သိပ်ဗဟုသုတ ရှိတယ်။ သူမရဲ့ အချက်အပြုတ် စွမ်းရည်ကလည်း တအားကောင်းတယ်။ ငါတို့ ပတ်ဝန်းကျင်မှာ ငါတို့အမေလို နောက်တစ်ယောက် ရှာမတွေ့နိုင်ဘူး။ မင်း တက္ကသိုလ်တက်တဲ့ခါ လူတွေ အများကြီးက ငါတို့အမေကို ပိုးပန်းကြလိမ့်မယ်” လောင်အာ့က ပြောသည်။ 


ချန်ရှန်း၏ကိစ္စပြီးနောက် လောင်အာ့က အသိတရားရသွား၏။ လူတိုင်းက အကျင့်သီလ မပြည့်စုံပေ။ သူတို့အမေသည် လက်ထပ်ပြီး သားသုံးယောက် ရှိမှန်း သိသည့်တိုင် သူက သူတို့အမေနား ချဉ်းကပ်လာပြီး ဆွဲယူသွားချင်တုန်း ဖြစ်သည်။ 


ကောလိပ်ကျောင်းသားများက ယင်းကို မသိပေ။ သူတို့က သူမကို လိုက်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ပေ။ 

သူတို့ မလိုက်နိုင်သော်လည်း သူတို့အစ်ကိုကြီးကိုတော့ လွှတ်လိုက်နိုင်သည်။


“ငါ သိပါတယ်” လောင်တက ဖြေလိုက်သည်။ 


ကျိုးချင်းပိုင်ကမူ ဘာမှမပြောချေ။ သူက သူ့ဇနီးသည်ကို တွန့်တိုသလိုသာ ခံစားရသည်။ မယုံကြည်တာမျိုး မရှိပေ။ မတိုင်ခင်က သူ မယုံကြည်တာမျိုး ဖြစ်ခဲ့သော်ငြား ယခုတွင် သူ့မှာ ထိုစိတ်တွေ မရှိတော့ချေ။


သူက သူမကို ချစ်ပြီး သူမကို ယုံကြည်သဖြင့် တချို့သောအရာများက ပြောရန် ရှင်းရှင်းလင်းလင်းပင် မလိုအပ်ချေ။ 


လင်းချင်းဟယ်နှင့် လောင်တတို့၏ ဝင်ခွင့်ကြေညာချက်က ရောက်လာသည်။ ယင်းက အတူတူ ရောက်လာ၏။ အမေရော သားပါ ပေကျင်းတက္ကသိုလ်သို့ ဝင်ခွင့်ရပေသည်။ 


ယင်း ကြေညာစာနှစ်စောင် ပို့ပေးလာပြီးနောက် ကျိုးကျားတစ်ရွာလုံး ပေါက်ကွဲသွားတော့သည်။ 


အဖေကျိုးနှင့် အမေကျိုးတို့က မည်သို့ ဖြစ်မည်ကို ပြောရန်ပင် မလိုတော့ပေ။ 


သူတို့၏ ကျိုးမိသားစုတွင် ယခုတော့ ကောလိပ်ကျောင်းသားနှစ်ယောက် ရှိသွားပြီဖြစ်သည်။ ထို့အပြင် တိုင်းပြည်မှ အကောင်းဆုံးတက္ကသိုလ်တွင် ဖြစ်၏။ 


မြို့တော်က မည်သို့သော နေရာမျိုးနည်း။ 


လူတိုင်း မရောက်နိုင်သော ထိုနေရာတွင် နိုင်ငံခေါင်းဆောင်များသာ နေထိုင်ပေသည်။ 


ယခုတွင်တော့ စတုတ္ထလေး၏ဇနီးသည်နှင့် သားကြီးက အကောင်းဆုံးတက္ကသိုလ်ဝင်ခွင့်ကို ရလာသည်။ 


ကျိုးကျားရွာတွင်သာ မကပေ။ 


ခရိုင်မြို့မှ ခေါင်းဆောင်များနှင့် ဒေသန္တရအုပ်ချုပ်ခံမြို့မှ ခေါင်းဆောင်များ ကဲ့သို့သော ကျေးလက်ဆိုင်ရာမြို့တော်၏ အဆင့်မြင့်ဆုံး ခေါင်းဆောင်များပင် ရောက်လာကြသည်။ 


သားအမိနှစ်ယောက်စလုံးက ရူပသိပ္ပံပညာသင်ဆု ပထမနေရာနှင့် ဒုတိယနေရာ ရရှိခဲ့ကြသည်။ သားအမိနှစ်ယောက် အမှတ်ဒါဇင်ခန့် အကွာဖြင့် ပေကျင်းတက္ကသိုလ်သို့ အတူတူ ဝင်ခွင့် ရခဲ့သည်။ 


ဒီလိုကိစ္စမျိုးကို သတင်းစာများတွင်ပါ ကြော်ငြာမည် ဖြစ်သည်။ 


သူတို့က ကားနှင့် လာရောက်ခဲ့ကြပြီး ဓာတ်ပုံများရိုက်ယူခြင်းနှင့် အင်တာဗျူးများ ပြုလုပ်ပြီးနောက် မပြန်ခင်တွင် ပညာသင်ဆုကို လက်လွဲပေးကြသည်။ 


သူတို့ ထွက်သွားပြီးနောက် ခရိုင်ချန်ပီယံ လင်းချင်းဟယ်ကို ရွာထဲမှ လူတိုင်းက ဝိုင်းရံထားတော့သည်။ 


သူတို့က ကြက်မများ၊ ကြက်ဥများ လက်ဆောင်ပို့ပေးကြ၏။ ရိုးရိုးရှင်းရှင်းပင် အလွန်စိတ်အားထက်သန် နေကြသည်။ သို့တိုင် လင်းချင်းဟယ်နှင့် လောင်တက မူလစည်းမျဉ်းအတိုင်း မည်သည့်ပစ္စည်းကိုမှ လက်မခံထားပေ။ 


သူမက စကားလုံးတချို့ကို ပြောထုတ်လိုက်သည်။ ကလေးများသာ ပညာသင်ယူချင်ပါက သူတို့ကို မေးမြန်းနိုင်သည်။ 


ယနေ့တွင် ၂၇ရက်နေ့ ဖြစ်သည်။ 


၎င်းသာ မရောက်လာပါက လင်းချင်းဟယ်က စိတ်ပူလိမ့်မည်။ ၎င်းက ကြန့်ကြာနေသည်လား။ ဆိုရလျှင် ဤရက်များအတွင်း တချို့သောသူများကိုယ်စား တက္ကသိုလ်သွားတက်သည်များ ရှိပေသည်။ 


သို့သော် ကံကောင်းစွာဖြင့် အစားကောင်းကောင်းအတွက် ကြန့်ကြာနေမှာကို မစိုးရိမ်ရတော့ချေ။ ယင်းက ရောက်လာပြီဖြစ်သည်။ 


မျှော်လင့်ထားသော ညအတွက် မိသားစု အောင်ပွဲခံကြသည်။ 


သူတို့က မောင်နှမအရင်းများနှင့် မရီးများကို ခေါ်သော်လည်း ကလေးတွေတော့ မပါချေ။ 


လူတိုင်းက အားလုံးအတူတူ စုပြီး တစ်နပ်စားလိုက်ကြသည်။