အခန်း၂၅၀
Viewers 40k

အခန်း (၂၅၀) - ဇနီးသည်နှင့်အတူအချိန်ဖြုန်းမည်


နောက်တစ်နေ့တွင် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်က စက်ဘီးနှစ်စီးဖြင့် မြို့သို့ သွားကြသည်။ 


ထိုသို့နှင့် ကျိုးရှောင်မိန်၏ စက်ဘီးကို သူမကို ပြန်ပေးခဲ့သည်။ ပြီးနောက် လင်းချင်းဟယ်က ရှန်ဟိုင်းမြို့မှ ဝယ်လာသော ပစ္စည်းများကို ရောင်းရန် ကျိုးချင်းပိုင်ကို ခေါ်သွားလိုက်သည်။ 


ကိစ္စတစ်ခုလုံးတွင် ကျိုးချင်းပိုင်က သူ့ဇနီးကို စောင့်ကြည့်ရုံသာ ဖြစ်သည်။ သူ့ဇနီးသည် အတွေ့အကြုံရှိပြီးမှန်း သိသာသည်။ သူက စွမ်းအားကင်းမဲ့သလို ခံစားရပြီး သဘောကျနေသည်။ 


နာရီများကို မှောင်ခိုဈေးတွင် ရောင်းချပြီးနောက် လင်းချင်းဟယ်က ယွမ်၆၀၀ ရရှိခဲ့သည်။ 


အစတွင် နာရီတစ်လုံးကို ၂၂၀-၂၃၀ ပြန်ရောင်းရန် စီစဉ်ထားသည်။ သူမ ဒါကို သေချာပြန်တွေးပြီးနောက် သူမက ဈေးချလိုက်၏။ နာရီတစ်လုံးကို ယွမ် ၂၀၀ဖြင့် ရောင်းချလိုက်သည်။ 


လင်းချင်းဟယ်က ခံစားချက် ကောင်း‌နေပြီး ကျိုးချင်းပိုင်ကို ပြောလိုက်သည်။ 


“ကျွန်မ အချိန်အားလို့ ရှန်ဟိုင်းမြို့မှာ တစ်ပတ်လျှောက်ကြည့်တုန်းက တစ်လုံးကို ယွမ် ၁၃၀နဲ့ ရထားတာ။ ယွမ် ၇၀နီးပါး အမြတ်ရတယ်”


ကျိုးချင်းပိုင်က အမ်း လို့သာ အသံတစ်ချက် ပြန်ပေးသည်။ သူ့ဇနီးသည် ပြုလုပ်သောအရာမှာ ခေတ်သစ်ကမ္ဘာတွင် ‘အမြတ်ကြီးစားခြင်း’ မှန်း သူသိသည်။ 


ဒါက အကြီးမားဆုံး ပြဿနာတစ်ရပ်ပင်။ ယင်းက တမင်သက်သက် ညစ်ပတ်ခြင်း မဟုတ်ပေမယ့် တခြားသူများနှင့် နှိုင်းယှဉ်ပါက သူ့ဇနီးသည် အနာဂတ်မှ ယူလာသော သေတ္တာသည် ပိုလုံခြုံပေသည်။ 

သို့တိုင် ကျိုးချင်းပိုင်က သူ့ဇနီးသည် ထိုသို့ လုပ်ရပ်မျိုးကို မလုပ်ကိုင်စေချင်ပေ။ 


“ကျွန်မကို လူမျိုးကြီးဝါဒရှိဖို့ မပြောနဲ့။ ဒီနည်းလမ်းက ကျွန်မကို ပျော်ရွှင်စေတယ်” လင်းချင်းဟယ်က သူ့ကို အကြည့်တစ်ချက် ပေးလိုက်ပြီး ပြောသည်။ 


“ကိုယ် မလုပ်ပါဘူး” ကျိုးချင်းပိုင်က ငြင်းလိုက်သည်။ 


ပြီးနောက် လင်းချင်းဟယ်က သူ့ကို နောက်မှလိုက်ရန် ခွင့်ပြုလိုက်သည်။ အရင်က သူမသည် သူမပစ္စည်းရောင်းသည့်အခါ သူ့ကို နောက်မှ မလိုက်စေချင်သော်ငြား သူက နောက်မှလိုက်ရန် တောင်းဆိုခဲ့သည်။ ထို့ကြောင့် သူမက သူ့ကို ခွင့်ပြုလိုက်သည်။ သို့သော်လည်း သူ့ကို နှောင့်ယှက်ခွင့်တော့ မပြုပေ။ 


ပြီးနောက် လင်းချင်းဟယ်က သူမလက်ထဲမှ လက်ကျန်နာရီတွေကို ရောင်းချလိုက်သည်။ လျှပ်စစ်ပန်ကာနှင့် ရေဒီယိုလည်း ရှိသေးသည်။ သူတို့သည် ‌ရောင်းလိုအားနှင့် ဝယ်လိုအား သမဝါယအသင်းသို့ သွားလိုက်ကြသည်။ 


သူတို့က ရှန်ယွီကို ရှာပြီးနောက် သူမလက်ထဲမှ ပစ္စည်းများကို လက်ကားဈေးဖြင့် ရောင်းချခဲ့သည်။ 

ရှန်ယွီကို သူမကိုယ်တိုင် ရောင်းခွင့်ပြုခဲ့သည်။ 


ရှန်ယွီက သတ္တိရှိသည်။ အထူးသဖြင့် သူမတွင် ကလေးနှစ်ယောက် ရှိလာကတည်းက ဖြစ်သည်။ သူမမိသားစုအတွက် ဝင်ငွေနှစ်ခု ရစေမည်ကို မည်သူက ငွေများများရရှိမည့်အလုပ်ကို ပိုမကြိုက်ပဲ ရှိပါ့မည်နည်း။ 


သူမက လင်းချင်းဟယ်ဆီမှ ပစ္စည်းများကို စုဆောင်းထားသည်။ တစ်ဖက်တွင် သူမသည် ပစ္စည်းရောင်းဖို့ ဈေးကွက်ရှာရန်သာ လိုအပ်သည်။ ယင်းက ပြဿနာမရှိပေ။ 


အထူးသဖြင့် ဤအချိန်တွင် ပစ္စည်းများက အလျင်အမြန် ကုန်လွယ်သည်။ 


သူမက သေချာပေါက် သတိထားရမည်။ သိသာထင်ရှားလို့ မဖြစ်ပေ။ 


အချုပ်ဆိုရသော် လင်းချင်းဟယ်၏ ပစ္စည်းများအားလုံး ရောင်းကုန်သွားပြီး ငွေပမာဏတစ်ခု ပြန်ရလာခဲ့သည်။ 


ထိုနေရာတွင် ရှိစဉ် လင်းချင်းဟယ်သည် နှစ်သစ်ကူးပစ္စည်းတချို့ ဝယ်ပြီး အိမ်ပြန်လာသည်။ သူမသည် နှစ်သစ်ကူးတွင် မိသားစုနှင့် အပြင်ထွက်ဖို့မှတစ်ပါး ထပ်လာဖို့ အစီအစဉ်မရှိပေ။ 


“ရှန်ဟိုင်းမြို့က ဘယ်တောင် တိုးတက်နေပြီလဲ” ကျိုးချင်းပိုင်က မေးလာသည်။ 


“အဲဘက်မှာ အတော်လေး မြန်မြန် တိုးတက်နေတာ။ ရှင်မသိလို့ အဲမှာ ပစ္စည်းတွေ ဝယ်ဖို့ ကူပွန်တွေ မလိုတော့ဘူး။ ငွေရှိသရွေ့ အဲဒါတွေ ဝယ်လို့ရတယ်” လင်းချင်းဟယ်က ပြန်ပြောသည်။ 


ယခုက ၁၉၇၈ ခုနှစ် အကုန်ဖြစ်သည်။ အလျင်အမြန် တိုးတက်နေသော အပြင်ဘက်လောကကို တွေ့နိုင်ပြီ။ ဒေသတစ်ခုစီသည် တခြားတစ်ခုနှင့် ကွာခြားသည်။ 


“ကိုယ် တချို့ အချိန်တွေ အပြင်ထွက်ပြီး တစ်ချက် ကြည့်လိုက်မယ်” ကျိုးချင်းပိုင်က ထုတ်ပြောသည်။ 


“ရှင် လောဖို့ မလိုဘူး၊ ရှင့်မှာ အချိန်ရှိရင် မြို့တော်မှာ ကျွန်မကို လာကြည့်ပါ” လင်းချင်းဟယ်က ပြောသည်။ 


“ကိုယ့်ကို လာစေချင်တာလား” ကျိုးချင်းပိုင်က နှုတ်ခမ်းများ ကွေးတက်လျက် မေးသည်။ 


လင်းချင်းဟယ်က ပြောသည်။ “ကျွန်မ ရှင့်ကို လာစေချင်တာ သဘာဝပဲလေ။ ကျွန်မ ရှင့်ကို ဘယ်လောက်လွမ်းလဲ ရှင်မသိပါဘူး။ တစ်ခါတလေ ကျွန်မ ရှင့်ကို အိပ်မက်မက်တယ်။ ဒါပေမဲ့ ရှင် အလုပ်များတာကို ကျွန်မလည်း သိနေတာပဲ။ အဲဒါအပြင် သွားဖို့က လေးရက်လောက် ကြာမှာလေ။ အတော်လေး အချိန်ကုန်တယ်”


“မနက်ဖြန် ကိုယ် သွားဖို့ အချိန်ရှာထားလိုက်မယ်” ကျိုးချင်းပိုင်က ပြောလိုက်သည်။ 


“ကောင်းပြီ” လင်းချင်းဟယ်က ပြန်ပြောလိုက်၏။ 


ကျိုးချင်းပိုင်၏ နှုတ်ခမ်းများက ကျေနပ်သော အမူအရာ ပေါ်လာသည်။ အစိုးရဌာနရှိ သူ့သွေးသောက်ရဲဘော်နှင့် ထိုင်ရန် သွားသောအခါ သူ့သွေးသောက်ရဲဘော်က သူ့ကို သတိပေးခဲ့သည်။ 


ဤနှစ်တွင် ပညာတတ်လူငယ်များ၏ ကောလိပ်သို့သွားခြင်းနှင့် ပြန်ခြင်းတွင် များစွာသော မတော်တဆမှုများ ဖြစ်ခဲ့သည်။  


မရီး၏ အုတ်မြစ်က ကျေးရွာတွင် ဖြစ်သော်လည်း သူက အာရုံစိုက်သင့်ပေသည်။ အပြင်ဘက်မှ ကောလိပ်ကျောင်းသားများသည် သူတို့၏လက်ဖျားတွင်ပင် လှည့်စားခဲ့ကြသည်။ 


သို့သော်လည်း ကျိုးချင်းပိုင်က အစမှအဆုံးထိ သူ့ဇနီးသည်ကို ယုံကြည်ခဲ့သည်။ 


ဥပမာ ယခုတွင် ဖြစ်သည်။ သူက ကျေးရွာသားဖြစ်ပြီး သူမတက္ကသိုလ်သို့ သူ လိုက်သွားပါက အရှက်ရလိမ့် ဖြစ်သော်ငြား သူမက သူ့ကို အထင်မသေးချေ။


ဆန့်ကျင်ဘက်အနေဖြင့် သူမက သိသိသာသာကို သူမကို တွေ့ရန် လာစေချင်သည်။ 


ကျိုးချင်းပိုင်၏ ခံစားချက်က ဘယ်လိုလုပ်ပြီး မကောင်းဘဲ နေပါ့မည်နည်း။ 


လင်းချင်းဟယ်က ကျိုးချင်းပိုင်အား မြို့တော်အကြောင်းကို ပြောပြခဲ့သည်။ သူမက ကောလိပ်တွင် ရှိနေသည့်တိုင် လင်းချင်းဟယ်က မြို့တော်ရှိအဖြစ်အပျက်များကို သေချာပေါက် သိရှိသေးသည်။ သူမက သတင်းစာကို လစဉ်ယူထားသည်။ 


ကျိုးချင်းပိုင်က နားထောင်သည်။ လမ်းခရီးက မတိုသော်လည်း သူတို့အတူတူ ရှိဖို့ မဝေးတော့သလို ခံစားရလေသည်။ 


“ဆရာမလင်းနဲ့ ကျိုးချင်းပိုင်ရဲ့ ဆက်ဆံရေးက သိပ်ကောင်းတာပဲ” ရွာမှအမျိုးသမီးက ပြောသည်။ 


“အမျိုးသမီးလင်းက ကောင်းမွန်တဲ့ အကျင့်စရိုက်ရှိတယ်” တခြားအမျိုးသမီးကလည်း မှတ်ချက်ချသည်။ 


“ဘယ်သူ ငြင်းနိုင်မှာလဲ။ ငါတို့ အရပ်ဒေသကနေ ဒီနှစ်မှာ ကောလိပ်ကျောင်းသား သုံးယောက် ဝင်ခွင့်အောင်တယ်လို့ ကြားတယ်။ ဒီနှစ် ဘယ်သူမှ ပြန်မလာကြတော့ဘူး။ သူတို့မိသားစု လက်တွဲဖော်နဲ့ ကလေးတွေကို လုံးဝ စွန့်ပစ်လိုက်ပြီလေ” တတိယတစ်ယောက်ကလည်း မှတ်ချက်ချသည်။ 


“ငါကြားတယ်။ တကယ်ပဲ။ ဖြစ်နိုင်တာက ကွာရှင်းလိုက်ပြီလို့ ငါထင်တယ်”


“အိုး၊ ကြားရတာ စိတ်မကောင်းလိုက်တာ...”


“…”


ကျေးရွာတွင် လင်းချင်းဟယ်အကြောင်း မကောင်းပြောဖို့ မရှိချေ။ အထူးသဖြင့် သူတို့ သိကြသည့် မျက်နှာပြောင်းလဲသွားသော ပညာတတ်လူငယ်များနှင့် နှိုင်းယှဉ်လျှင် ဖြစ်သည်။ 


ကျေးလက်တွင် သူတို့က ခက်ခဲသော အချိန်များ ရှိခဲ့သည့်တိုင် သူတို့သည် သူတို့တစ်ကြိမ် လက်ထပ်ထားခဲ့သော မိသားစုကို တာဝန်ယူမှု ရှိသင့်သည် မဟုတ်လော။ 


ကောလိပ်ဝင်ခွင့်ရခြင်းက အတောင်ပံဖြန့်လျက် ပျံသန်းသွားခြင်းနှင့် အတူတူပင် ဖြစ်သည်။ လေထဲတွင် ပျံသန်းသွားပြီး တစ်ချက်လေးတောင် ပြန်လှည့်မကြည့်ကြတော့ပေ။ ယင်းက မည်သည့် အပြုအမူမျိုးနည်း။ 


ဆရာမလင်းကို ကြည့်ပါ။ သူမက နွေရာသီပိတ်ရက်တွင် ပြန်လာပြီး ဆောင်းရာသီပိတ်ရက်တွင်လည်း သူမသားဖြစ်သူကိုပါ ခေါ်ပြီး အိမ်ပြန်လာသည်။ သူမ၏ ခန္ဓာကိုယ်က ပညာလေ့လာသင်ယူရန် သွားရောက်နေသော်လည်း နှလုံးသားကမူ အိမ်တွင် ကျန်ခဲ့သည်။ 


ထိုသို့သော ဇနီးသည်ကို လက်ထပ်ရဖို့ ကျိုးချင်းပိုင်က ယခင်ဘဝတွင် ကောင်းမှုကုသိုလ်များ များများ လုပ်ခဲ့ရပေမည်။ 


ယခင်ဘဝက ကောင်းမှုများ ပြုလုပ်ခဲ့သော ကျိုးချင်းပိုင်သည် လက်ရှိတွင် အခန်းထဲ၌ ငွေများကို ရေတွက်နေသည်။ လင်းချင်းဟယ်က သူ့ကို ငွေများရေတွက်စေပြီး သိမ်းဆည်းဖို့ လက်ပိုက်ကြည့်နေသည်။ လင်းချင်းဟယ်သည် မြို့မှာ ပစ္စည်းတွေရောင်းချပြီး ငွေလက်ခံချိန်တွင် အမျိုးအစားမခွဲပဲ တစ်ချက်သာ ကြည့်ပြီး လက်ခံခဲ့သည်။


လင်းချင်းဟယ်က ဟင်းချက်ဖို့ စပြင်တော့သည်။ 


ဒီနေ့အတွက် မန်ထိုပေါင်းလိုက်သည်။ ဝက်နားရွက်နှပ်တစ်ပန်းကန်၊ ဝက်သားချက်နှင့် ဆန်စီးခေါက်ဆွဲ၊ ဝက်ရိုးမုန်လာဥစွပ်ပြုတ်တစ်ခွက်ဖြင့် ဟင်းလျာတစ်နပ် ပြီးပြည့်စုံသွားပေပြီ။ 


မိသားစုအတွင်း လူများစွာ ရှိသော်ငြား ပန်းကန်လုံးတိုင်းက ကြီးမားကာ လူတိုင်းအတွက် လုံလောက်ပေသည်။ 


ကျိုးချင်းပိုင်က ငွေများကို အမျိုးအစားခွဲပြီး ရေတွက်နေတာ ပြီးစီးသွားပြီ။ ငွေစုစုပေါင်း ယွမ်၂၃၀၀ ကျော် ရရှိခဲ့သည်။ သူ့ဇနီးသည် ပြန်ဝယ်လာတာ ယွမ် ၁၀၀၀ခန့် ကုန်ကျသည်ဟု ဆိုထားသည်။ ထို့ကြောင့် တစ်ဝက်မျှ အမြတ်ရပေသည်။ 


ကျေးလက်ဒေသတွင် မြေပြင်ပေါ်မှ တချို့အရာများကိုသာ မှီခိုအားထားရပြီး နှစ်ကုန်လျှင် ယွမ်ဒါဇင်အချို့သာ အများဆုံး ရနိုင်ပေသည်။ များပြားလှသော ယွမ် ၁၀၀၀ ဆိုသည်မှာ စိတ်ကူးယဉ်မျှသာ ဖြစ်နိုင်သည်။ 


ကျိုးချင်းပိုင်သည် သူ့ဇနီးတွင် ငွေအများကြီးရှိနေသေးမှန်း သိပေသည်။ 


လင်းချင်းဟယ်သည် ကျိုးချင်းပိုင်က သူမလက်ထဲ ပိုက်ဆံအပ်တော့ လက်ခံလိုက်ပြီး နေရာလွတ်ထဲမှာ တိုက်ရိုက်ထည့်သိမ်းထားလိုက်သည်။


“အရင်တစ်ခေါက်က ကျွန်မ ပေးခဲ့တဲ့ ငွေတွေ ဘယ်လောက် သုံးခဲ့လဲ။”


“ငွေသုံးဖို့ နေရာမရှိဘူး” ကျိုးချင်းပိုင်က သူမညွှန်ကြားသည့်အတိုင်း သူ့လက်ကို ဆေးလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။ 


ယင်းက ကလေးများ၏ ကျူရှင်ကြေး၊ ကျောင်းသုံးပစ္စည်းများ၊ နို့နှင့် တခြားအရာများမှလွဲ၍ အမှန်ပင် ငွေသုံးရန် နေရာမရှိပေ။ အမှန်ပင် မရှိချေ။ 


“ကျွန်မအိမ်မှာ မရှိတာနဲ့ဘဲ ရှင်က စားကောင်းတာတွေ စားဖို့ မသိတော့ဘူးလား” လင်းချင်းဟယ်က မြည်တွန်တောက်တီးလိုက်သည်။ 


ကျိုးချင်းပိုင်က ဘာမှမပြောပေ။ 


လင်းချင်းဟယ်က လေသံကလေးဖြင့် သင်ပေးလိုက်သည်။ “မြို့တော်မှာ ရှင် ကျွန်မကို လာတွေ့တဲ့အခါ၊ ကျောင်းကန်တင်းကို ငှားပြီးတော့ ရှင့်အတွက် စားကောင်းတာတွေ လုပ်ပေးမယ်”


“ကောင်းပြီ” ကျိုးချင်းပိုင်က မျက်လုံးများ ပြုံးနေပြီး ပြန်ဖြေသည်။ 


လင်းချင်းဟယ်က စိတ်ကျေနပ်စွာဖြင့် အလုပ်ဆက်များတော့သည်။ ကျိုးချင်းပိုင်က ထိုနေရာတွင် ရှိနေပြီး သူမကို ကူညီလိုက်သည်။ အမှန်တကယ်တွင် သူကူညီနိုင်တာ အများကြီး မရှိပေ။ 


သူက ရိုးရှင်းစွာဖြင့် ထွက်မသွားချင်ရုံသာ ဖြစ်သည်။ သူက သူဇနီးသည်နှင့် အချိန်များများ ကုန်ဆုံးချင်သည်။