အခန်း (၂၅၄) - လက်အပူပေးမီးဖိုလေးကို ပေးသည်
လင်းချင်းဟယ်က ထိုသို့ ပြောလိုက်သောအခါ ကျိုးချင်းပိုင်ထံမှ ခါးသီးသော အကြည့်တစ်ချက်ကို လက်ခံရရှိခဲ့သည်။
“ဟေး၊ ရှင်တို့ ကျိုးမိသားစုရဲ့ မျိုးဆက်သစ်တွေအတွက် ကျွန်မ ဒါကို လုပ်ပေးနေတာလေ။ နောင်မှာ သူတို့ အောင်မြင်လာမယ်ဆိုရင် ရှင်တို့ ကျိုးမိသားစုရဲ့ နာမည်ဂုဏ်သတင်းလည်း မြင့်မားလာလိမ့်မယ်။” လင်းချင်းဟယ်က သူ့ရဲ့ ခန့်ညားချောမောသော မျက်နှာကို ထိတွေ့လိုက်ပြီး ပါးကိုအသာဖျစ်ညှစ် နမ်းရှိုက်လိုက်သည်။
ပြောရမယ်ဆိုရင်၊ သူမသည် သူမမိသားစုချင်းပိုင်၏ မိသားစုကို ကောင်းမွန်စွာ ဆက်ဆံပေးသည်ဟု ဆိုရပေမည်။
သူ စစ်တပ်မှ အနားယူပြီး အိမ်ပြန်လာပြီးနောက်တွင် သူဟာ နေရောင်အောက်တွင် အလုပ်ပင်ပန်းစွာ လုပ်ကိုင်ခဲ့သော်လည်း သူဟာ ဝါးမရသော ကိုက်မရသော အသားရင့်များ ဖြစ်မလာပေ။ သူသည် သူမအတွက် အလွန်ယောကျာ်းပီသပြီး ဆွဲဆောင်မှု ရှိနေဆဲ ဖြစ်သည်။
သူ့ဇနီးသည်၏ အနမ်းကြောင့် ကျိုးချင်းပိုင်၏ မျက်နှာဟာ ပျော့ပြောင်းသွားသည်။
“ဒီနေ့ နေ့လည် လမ်းလျှောက်ထွက်ကြတာပေါ့။” ကျိုးချင်းပိုင်က ခေါင်းညိတ်ထောက်ခံလိုက်သည်။
ဒီနေ့က ၂၉ ရက်နေ့ ဖြစ်သည်။ မနက်ဖြန်ဆို နှစ်သစ်ကူးအကြိုနေ့ဖြစ်ပြီး အဲဒီအချိန်က အလုပ်ရှုပ်တဲ့နေ့ ဖြစ်လိမ့်မည်။
ကံမကောင်းစွာပဲ၊ သူတို့နှစ်ဦး တစ်ရေးတစ်မော အိပ်ရာမှ နိုးလာသောအခါ နှင်းများကျဆင်းလာသည်။
“အပြင် ထွက်လို့မရတော့ဘူး။” လင်းချင်းဟယ်က ပြောသည်။
ကျိုးချင်းပိုင်သည်လည်း အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။ ဒီနှင်းတွေကလည်း ဒီအချိန်ကျမှ ကျဆင်းလာရတယ်လား။
“ရှင် ဘာစားချင်လဲ။” လင်းချင်းဟယ်က မေးသည်။
“မင်း” ကျိုးချင်းပိုင်က သူမကို တောက်ပသောမျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။
လင်းချင်းဟယ်ရဲ့ အန်တီက လွန်ခဲ့သော ရက်အနည်းငယ်က ရောက်ရှိလာခဲ့သည်။ သူမ ပြန်လာတဲ့ရက်ပိုင်းမှာ ပျော်စရာကောင်းတာကလွဲလို့ ကျိုးချင်းပိုင်ဟာ သူ့ရဲ့ အလွမ်းဝေဒနာတွေကို သူမကို ပွေ့ဖက်နမ်းရှိုက်ရုံဖြင့်သာ ဖြေသိမ့်နေခဲ့ရသည်။
“ဒုတိယအစ်ကို၊ မင်း ဘာစားချင်လဲ။” လောင်စန်း၏အသံက အခန်းထဲကနေ ထွက်လာသည်။
လင်းချင်းဟယ်သည် ဤစကားလုံးများကို အလွန်ရင်းနှီးသည်ဟု ခံစားမိသောအခါတွင် လောင်အာ့ထံမှ “မင်း” ဆိုသည့် အသံတိုးတိုးကို ကြားလိုက်ရသည်။
ရုတ်တရတ်ဆိုသလိုပင်၊ လင်းချင်းဟယ်ရဲ့ မျက်နှာဟာ ပူနွေးနီမြန်းလာခဲ့သည်။
ကျိုးချင်းပိုင်က ပြောသည်၊ “ကျိုးရွှမ်၊ ကျိုးကွေ့လိုင်၊ အခုချက်ချင်း အပြင်ထွက်ပြီး လေ့ကျင့်ကြ။”
ကျိုးရွှမ်က လောင်အာ့ဖြစ်ပြီး၊ ကျိုးကွေ့လိုင်က လောင်စန်းဖြစ်သည်။
အစကတော့ အခန်းထဲက ညီအစ်ကိုနှစ်ယောက်က အတုခိုးပြီး ပြောဆိုနေကြတာ ဖြစ်ပေမယ့် အခုတော့ သူတို့တွေဟာ တုန်လှုပ်ခြောက်ခြားသွားကြသည်။ ထို့နောက် သူတို့ဟာ အခန်းထဲမှ ထွက်လာကြပြီး မြင်းထိုင် ထိုင်နေကြရသည်။ ညီအစ်ကိုနှစ်ယောက်စလုံး ဝေဒနာတွေ ခံစားသွားရပြီ။
ကျိုးခိုင်သည် ရစ်ငှက်နှစ်ကောင်နှင့်အတူ အပြင်မှ ပြန်လာခဲ့သည်။
ဤရစ်ငှက်တွေကို ရွာရှိ အသက်အရွယ်တူသူများနှင့် ပိုက်ကွန်ဆွဲရန် အပြင်ထွက်တုန်းက ဖမ်းမိလာခဲ့ခြင်း ဖြစ်သည်။
သူတို့တွေက အများကြီး ဖမ်းမိခဲ့သောကြောင့် အားလုံးကို အညီအမျှခွဲဝေယူခဲ့ကြသည်။ ကျိုးခိုင်သည် ရစ်ငှက်နှစ်ကောင် ရရှိခဲ့သည်။ သူပြန်လာတော့ သူ့ညီနှစ်ယောက် မြင်းထိုင် ထိုင်နေရသည်ကို မြင်တော့ ဒီနှစ်ယောက်က သူတို့အဖေရဲ့ ဒေါသကို နှိုးဆွလိုက်တာ ဖြစ်မယ်လို့ သူ မှန်းဆသိရှိသွားသည်။
“အမေ၊ ကျွန်တော် ရစ်ငှက်နှစ်ကောင် အိမ်ပြန်သယ်လာခဲ့တယ်။ ဒီနေ့ည တစ်ကောင်လောက် ကြော်စားကြမလား။” ကျိုးခိုင်က ပြောသည်။
“ကောင်းပြီ” လင်းချင်းဟယ်က အငယ်နှစ်ယောက်ကို ဂရုမစိုက်ပေ။ သူတို့က ဒီလိုအပြစ်ပေးရတာနဲ့ ထိုက်တန်ပါသည်။ သူတို့မှာ ကြက်တူရွေးလျှာရှိကာ မိဘတွေကို စနောက်ကျီစယ်ဝံ့သဖြင့် အပြစ်ပေးခံရသင့်သည်။
ကျိုးချင်းပိုင်သည် ရစ်ငှက်တွေကို ကိုင်တွယ်ရန် သူ့သားအကြီးဆုံးကို စေလွှတ်လိုက်သည်။
လင်းချင်းဟယ်သည် မှိုလက်တစ်ဆုပ်စာကို နှိုက်ယူပြီး ရေစိမ်ထားလိုက်သည်။ ရစ်ငှက်တွေကို မှိုနဲ့ ရောချက်လိုက်ရင် အရမ်းအရသာရှိသည်။
လင်းချင်းဟယ်သည် ရစ်ငှက်ခြေထောက်နှင့် တောင်ပံတွေကို ဘေးဖယ်ထားလိုက်သည်။ ဒါတွေက နည်းပါးသော်လည်း စွပ်ပြုတ်ရဲ့ အရသာကို တိုးမြင့်ပေးနိုင်သည်။ ပြောင်းဖူးမန်ထိုကို ဟင်းရွက်ချဥ်ဖြင့်ရောကြော်ထားသည့်ငါးဟင်းဖြင့် တွဲဖက်လိုက်ရင် ညစာက လုံးဝ ပြီးပြည့်စုံသွားပြီ။
နေ့ခင်းဘက်တွင် နှင်းတွေ အဆက်မပြတ်ကျဆင်းပြီး ညနေ ခုနှစ်နာရီကျော်တဲ့အထိ ရပ်တန့်မသွားပေ။ ခဏလောက်တော့ ရပ်တန့်ပြီးနောက် ပြန်ကျဆင်းလာပြန်သည်။
အရမ်းအေးလွန်းတယ်။
“ကျောင်းမှာ အနွေးခုတင် မရှိဘူး၊ နင်တို့ ဘယ်လောက်တောင် အေးနေလိုက်မလဲ။” အမေကျိုးက အဲတာကို မတွေးတောပဲ မနေနိုင်ဘူး။
“အပူပေးစနစ် တပ်ဆင်ပေးတော့မယ်လို့ ကျွန်မ ကြားတယ်။ အဲဒါကို အချိန်မီ တပ်ဆင်ပြီး အသုံးပြုနိုင်ပါ့မလားတော့ မသိဘူး။” လင်းချင်းဟယ်က ပြောသည်။
အအေးဒဏ်ခံရမှာတော့ အမှန်ပါပဲ။ အိပ်ရာက မထပဲ စောင်အောက်မှာ ပုန်းနေရင်တော့ အဆင်ပြေပေမယ့် အိပ်ရာက ထပြီးတာနဲ့ သည်းမခံနိုင်လောက်အောက် အေးခဲလိမ့်မည်။
ထို့ကြောင့် လင်းချင်းဟယ်သည် ယခုနွေရာသီကို ရောက်သောအခါတွင် သူမသည် ခရမ်းချဥ်သီး နှစ်ဗူးကို နေရာလွတ်ထဲတွင် သိမ်းဆည်းရန် စီစဥ်ခဲ့သည်။ ရာသီဥတုက ခြောက်သွေ့လွန်းသဖြင့် သူမ နှာခေါင်းသွေးယိုမှာကို စိုးရိမ်ခဲ့သည်။
ကျိုးချင်းပိုင်သည် ထိုစကားကိုကြားပြီးနောက် ဘာမှ ပြန်မပြောသော်လည်း နောက်တစ်နေ့ မနက်စောစောစီးစီးတွင် နှင်းမကျသောကြောင့် အပြင်ထွက်သွားခဲ့သည်။ သူက အပြင်ကို ဘာသွားလုပ်မှန်းမသိပဲ နေ့လည်စာ စားခါနီးအထိ သူ ပြန်မလာသေးပေ။
သူ ပြန်လာတော့ သူလက်ထဲတွင် လက်အပူပေးမီးဖိုလေးတစ်ခု ပါလာခဲ့သည်။
ထိုမီးဖိုလေးကို မြင်သောအခါ လင်းချင်းဟယ်၏ မျက်လုံးတွေက တောက်ပလာခဲ့သည်။ ယခင် အတိတ်တုန်းက ချမ်းသာသော မိသားစုကြီးတွေက ထိုမီးဖိုလေးကို ကိုင်ထားခြင်းဖြင့် သူတို့၏ လက်တွေကို နွေးထွေးစေရန် အသုံးပြုခဲ့ကြသည်။
“ဒါလေးက သွားလေရာ သယ်သွားနိုင်တယ်။ နှစ်သစ်ကူးပြီး ပြန်သွားရင်၊ မင်းနဲ့အတူ ယူသွားပါ။” ကျိုးချင်းပိုင်က ပြောသည်။
ဒါလေးက တကယ့်ကို အဆင်ပြေသည်။ သူ့အထဲကို ရေနွေးပူပူ ထည့်သွင်းပေးရုံသာ လိုအပ်သည်။ ရေအေးသွားတာနဲ့ သွန်ပစ်ပြီး ရေနွေးအသစ်ကို အစားထိုးထည့်လိုက်ရင် ပြဿနာမရှိတော့ဘူး။
“အဖေ၊ သားအတွက်ရော ဘယ်မှာလဲ။” ကျိုးခိုင်က မေးသည်။
အမေကျိုးသည်လည်း ခေါင်းညိတ်ထောက်ခံသည်၊ “နင် လောင်တအတွက်ရော ဘာဖြစ်လို့ မဝယ်လာရတာလဲ။”
“ဒါကို ဝယ်လို့ မရဘူး။ ဒါကို အပြင်မှာ မရောင်းချဘူး။ ဒီတစ်ခုပဲ ရလာတာ” ကျိုးချင်းပိုင်က ရှင်းပြသည်။
ဒီအရာကို သူ့ရဲဘော်များက ခက်ခက်ခဲခဲ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်သည်။ မဟုတ်ပါက၊ ဒါကို ရဖို့ လွယ်ကူမည် မဟုတ်ပေ။
“ဟေး၊ နင်က ငယ်သေးတယ်။ နင့်မှာ ငယ်ရွယ်နုပျိုတဲ့ အားအင်တွေ အပြည့်ရှိပြီး နင့်ရဲ့ သက်လုံအားက အအေးဒဏ်ကို ခံနိုင်ရည်ရှိဖို့ လုံလောက်တယ်။ နင်က ဒါကို မသုံးရင်တောင် ဘာမှ မဖြစ်ဘူး။” လင်းချင်းဟယ်က သူ့ကို ရိုးသားမှုမရှိစွာ နှစ်သိမ့်ပေးခဲ့သည်။
သူမသည် ဒါလေးကို စမ်းကြည့်ဖို့ ရေနွေးပူပူကို စတင်လောင်းထည့်ကြည့်နေပြီ။
“အမေ၊ ပုံမှန်အားဖြင့်ဆို၊ အမေ တစ်ခုခု ကောင်းတာကို ရလာရင် အမေ့သားအတွက် အရင်ဆုံး တွေးပေးရမှာ မဟုတ်ဘူးလား။” ကျိုးခိုင်က မေးသည်။
“နင်တို့အမေက တခြားအမေတွေနဲ့ မတူဘူး။ ငါ့မှာ ကောင်းတာလေးတွေ ရလာတဲ့အခါ ပထမဆုံး တွေးမိတဲ့သူက နင်တို့အဖေပဲ။” လင်းချင်းဟယ်က ပြန်ဖြေသည်။
ကျိုးချင်းပိုင်ရဲ့ မျက်ဝန်းမှာ အပြုံးရိပ်တစ်ခု ပေါ်လာသည်။
သူတို့ရဲ့ သားသုံးယောက်က သည်းမခံနိုင်တော့ဘူး။ သူတို့သည် သတိပေးခြင်းမရှိပဲ ခွေးစာ လက်တစ်ဆုပ်စာ အကျွေးခံလိုက်ရသဖြင့် နောက်ပြန်ဆုတ်သွားခဲ့သည်။
အမေကျိုးက ပြုံးပြီး ဘာမှ ပြန်မပြောပေ။
လင်းချင်းဟယ်က သူမလက်ထဲတွင် လက်အပူပေးမီးဖိုလေးကို ကိုင်ထားသည်။ ဒါလေးက အရမ်းအဆင်ပြေပြီး အသုံးပြုရလွယ်ကူသည်။
အခန်းထဲ ပြန်ရောက်တော့ လင်းချင်းဟယ်က ကျိုးချင်းပိုင်နဲ့ စကားစမြည်ပြောသည်၊ “ရှင် မနက်အစောကြီး အပြင်ကို ထွက်သွားခဲ့တာ၊ ဒီအတွက်အကြောင့်လား။”
“အင်း” ကျိုးချင်းပိုင်က ပြန်ဖြေသည်။ သူ ဒါကို ရနိုင်မလား မသိသေးသည့်အတွက် မပြောခဲ့တာ ဖြစ်သည်။
လင်းချင်းဟယ်က သူ့ရင်ခွင်ထဲ ဝင်ထိုင်လိုက်ပြီး သူမအမျိုးသားကို ကြည့်လိုက်သည်။ သူက ဂရုစိုက်တဲ့ စကားတွေကို သိပ်မပြောတတ်ဘူး။ တစ်နေ့လျှင် အများဆုံးမှ စကားတစ်ခွန်း နှစ်ခွန်းလောက်သာ ပြောသည်။ သို့တိုင်၊ သူမရဲ့ ကိစ္စများကို သူ့နှလုံးသားထဲတွင် အမြဲ သိမ်းဆည်းထားသည်။
မနေ့က စကားသိပ်ပြောခဲ့ဘူး။ ပြီးတော့ ဒီနေ့ကျ၊ သူက မနက်စာ စားပြီးတာနဲ့ စက်ဘီးနဲ့ ထွက်သွားခဲ့ကာ သူမအတွက် လက်အပူပေးမီးဖိုလေးကို ပြန်ယူလာခဲ့သည်။
“ချင်းပိုင်” လင်းချင်းဟယ်ရဲ့ နှလုံးသားလေးဟာ နွေးထွေးသွားပြီး သူမရဲ့ အမျိုးသားလေးကို နူးညံ့ညင်သာစွာ ခေါ်လိုက်သည်။
ကျိုးချင်းပိုင်က သူ့ဇနီးသည်ကို ပွေ့ဖက်ထားပြီး ဘာမှ မပြောပေ။ သူ့ဇနီးသည်က သူ့ကို သူမရဲ့ နူးညံ့သိမ်မွေ့သော တစ်ဖက်ခြမ်းကို ပြသသည့်အတွက် သဘောကျနေတာတော့ သိသာထင်ရှားပါသည်။
လင်မယားနှစ်ယောက်သား ခဏတာမျှ ချစ်ကြည်နူး တစ်တီတူးပြီးနောက် လင်းချင်းဟယ်သည် ရစ်ငှက်ကြော်ရန် အိပ်ရာထလာခဲ့သည်။
ရစ်ငှက်တစ်ကောင်ကို မနေ့က စားပြီးပြီ။ သူတို့ အခု ကျန်တဲ့တစ်ကောင်ကို စားရမှာပဲ၊ မဟုတ်လား? ရစ်ငှက်တစ်ကောင်လုံးကို ဟင်းရွက်ချဥ်နဲ့ ရောကြော်လိုက်သည်။ ပုစွန်ဆိတ်စွပ်ပြုတ် ပြင်ဆင်လိုက်သည်။ ထို့နောက် သူတို့ကို ပဲခေါက်ဆွဲနဲ့ တွဲဖက်စားသောက်ကြမည်။
ဒီနေ့ နှစ်သစ်ကူး အကြိုနေ့ ဖြစ်သည်။ နေ့လည် လေးနာရီခန့်တွင် တတိယမောင်လေးလင်းသည် ရစ်ငှက်နှစ်ကောင်နှင့်အတူ ရောက်ရှိလာခဲ့သည်။
သူက စုစုပေါင်း လေးကောင် ကောက်ယူလာခဲ့သည်။
ကောက်သည်ဟု ဆိုသောငြား အမှန်တကယ်မှာမူ အမဲလိုက်ခြင်းပင် ဖြစ်သည်။ စကားလုံးတွေက တစ်နေရာနှင့် တစ်နေရာ ခေါ်ဆိုသုံးနှုန်းပုံချင်း ကွဲလွဲခြင်းသာ ဖြစ်သည်။
လင်းချင်းဟယ်သည် သူ့မှာ နှစ်ကောင် ကျန်သေးတာကို မြင်သောကြောင့် ယဥ်ကျေးမနေတော့ပဲ လက်ခံထားလိုက်သည်။ သူမသည် တတိယမောင်လေးလင်းအတွက် သကြားညိုနှင့်ဂျင်းစွပ်ပြုတ်ကို ခွက်အကြီးကြီးဖြင့် လောင်းထည့်ပေးလိုက်သည်။ ဒါကို သောက်ပြီးနောက် သူ့အသားအရေက ပိုကောင်းလာသည်။
ထို့နောက် သူမသည် ယုန်ဖြူသကြားလုံး တစ်ထုပ်ကို ထုတ်ယူလာပြီး အိမ်ပြန်ရင် ယူသွားဖို့ ပေးလိုက်သည်၊ “မနက်ဖြန် နှစ်သစ်ကူးပွဲကျင်းပဖို့ ကလေးတွေကိုပါ ခေါ်လာခဲ့။ ငါ သူတို့အတွက် အရသာရှိတာတွေ ပြင်ဆင်ထားလိုက်မယ်။”
“ကောင်းပါပြီ” တတိယမောင်လေးလင်းက ပြုံးပြီး ကျန်ရှိသည့် ရစ်ငှက်နှစ်ကောင်နှင့် ယုန်ဖြူသကြားလုံးတစ်ထုပ်ကို ယူပြီး ပြန်သွားသည်။
“ရှင် တတိယအစ်မအိမ်ကို ရောက်ခဲ့တာလား။” တတိယယောင်းမလင်းသည် တတိယမောင်လေးလင်း လက်ထဲမှ ယုန်ဖြူသကြားလုံးတစ်ထုပ်ကို မြင်မြင်ချင်း မေးလိုက်သည်။
“ငါ ရောက်ခဲ့တယ်။ ငါ့အစ်မက မနက်ဖြန်ကျရင် သူတို့အိမ်လာလည်ဖို့ ပြောလိုက်တယ်။” တတိယမောင်လေးလင်းက ခေါင်းညိတ်သည်။
“တတိယအစ်မအတွက် တစ်ကောင်လေးတောင် မပေးခဲ့ပဲ ရှင်က ဘာဖြစ်လို့ နှစ်ကောင်တောင် ပြန်ယူလာခဲ့တာလဲ။” တတိယယောင်းမလင်းက ရစ်ငှက်နှစ်ကောင်ကို မြင်သောအခါ မေးခွန်းထုတ်လိုက်သည်။
“ကိုယ် နှစ်ကောင် ပေးခဲ့တယ်။ ကိုယ် ဒီနေ့ ကံကောင်းပြီး လေးကောင်တောင် ကောက်နိုင်ခဲ့တယ်။” တတိယမောင်လေးလင်းက ရှင်းပြသည်။
တတိယယောင်မလင်းသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် ရစ်ငှက်တွေကို သိမ်းဆည်းလိုက်သည်။ ဒီရစ်ငှက်နှစ်ကောင်ရယ်၊ ယခင်အသားဖြန့်ဖြူးမှုမှ အသားလက်ကျန်တချို့၊ ယခုနှစ်တွင် နောက်ထပ် ကြက်အနည်းငယ်ကိုလည်း မွေးမြူထားပြီး ဥအချို့ကိုလည်း သိမ်းဆည်းထားသည်။ ယခုနှစ် နှစ်သစ်သည် ကောင်းသောအချိန်အခါပင် ဖြစ်လိမ့်မည်။