အခန်း (၂၅၇) - မမျှော်လင့်ထားသော ကိုယ်ဝန်
ညီအစ်ကိုတွေ အိမ်ပြန်လာသည့်တိုင်၊ ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့က မပြီးဆုံးသေးကြပါ။
အပြင်ဖက်က ညီအစ်ကိုတွေရဲ့ တီးတိုးဆိုသံကို ကြားပေမယ့် လင်းချင်းဟယ်တို့စုံတွဲဟာ သူတို့ကို လျစ်လျူရှုထားခဲ့ကြသည်။ သူတို့နှစ်ယောက်ဟာ အချင်းချင်း ပွေ့ဖက်ပြီး လုပ်လက်စ အလုပ်ကိုသာ ဆက်လုပ်ကြသည်။
သူတို့မိသားစုသည် အိမ်စောင့်ရန် ရဲခွေး ဖေးယင်ကို မွေးမြူထားခဲ့သည်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလတွင် ဖေးယင်ဟာ အသက်အရွယ် ကြီးရင့်ပြီး သက်ကြီးဝေဒနာကြောင့် ဘဝတစ်ပါး ကူးပြောင်းသွားခဲ့သည်။
သူသည် မိသားစုဝင်တစ်ဦး ဖြစ်သည်။ သူတို့သည် ဖေးယင်ကို ငြိမ်းချမ်းစွာ အနားယူစေနိုင်ရန် သင့်လျော်စွာ သင်္ဂြိုဟ်ပေးခဲ့သည်။
လင်မယားနှစ်ယောက်သား လုပ်လက်စ အလုပ်ပြီးသွားသောအခါ လင်းချင်းဟယ်က ပြောသည်၊ “ရှင် ဘာဖြစ်လို့ ဒီကိစ္စမှာဆို အရမ်းစိတ်အားထက်သန်နေသေးရတာလဲ။”
သူမရဲ့ အချစ်ဆုံးသူငယ်ချင်းတွေက စုံတွဲတွေဟာ တွဲခါက နှစ်နှစ်၊ သုံးနှစ်လောက်အထိသာ ချစ်ကြည်နူး တစ်တီတူးကြတယ်လို့ ကြားသိခဲ့ရသည်။ ထို့နောက်၊ သူတို့သည် ဖြူစင်သော ယောကျ်ားတွေထက် ပိုဖြူစင်ပြီး ဘာမှ မဝတ်ဆင်ထားပဲ အတူတူ အိပ်စက်တဲ့အခါမှာတောင် နည်းနည်းလေးမှ အတွေးမလွန်ဘူး။
သူမရဲ့ အခြေအနေဟာ သူမရဲ့ အရင်ဘဝက သူမရဲ့ အခင်ဆုံးသူငယ်ချင်းတွေ ပြောစကားနဲ့ ဘာဖြစ်လို့ မကိုက်ညီရတာလဲ။
နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးလာတဲ့အတွက် သူ့ယောက်ျားရဲ့ စိတ်အားထက်သန်မှုက မညှိုးနွမ်းသွားတဲ့အပြင် ဆန့်ကျင်ဘက်အနေဖြင့် ပို၍ပင် ပြင်းထန်လာခဲ့သည်။
"ဒါပေမယ့် မင်းကြိုက်တယ်မလား။" ကျိုးချင်းပိုင်က ပြန်မေးသည်။
လင်းချင်းဟယ်က တည်ငြိမ်စွာ ခေါင်းညိတ်သည်။ သူမ သဘောကျသည်။
“အိပ်ရအောင်” ကျိုးချင်းပိုင်က ရယ်မောပြီး သူမကို ပွေ့ဖက်ကာ အိပ်စက်အနားယူခဲ့သည်။
သူ့ရဲ့ သူ့ဇနီးသည်အပေါ် စိတ်အားထက်သန်မှုက ဘယ်လိုလုပ်ပြီး ပျက်ပြားနိုင်ပါ့လဲ။ ဒါက သူ့ဇနီးသည်ပဲ။ သူက သူမကို အရမ်းချစ်မြတ်နိုးသည်။
အရင် သူမ အိမ်မှာ ရှိနေတုန်းကလည်း ယခုလိုပါပဲ။ ပြီးတော့ အခုဆိုရင်၊ တစ်နှစ်မှ သူတို့ ဘယ်နှခါလောက် တွေ့နိုင်လို့လဲ။ သူ သေချာပေါက် သူမကို လွမ်းတာပေါ့။
သူမ ကိုယ်ဝန်မဆောင်နိုင်တော့တာ ဝမ်းနည်းစရာပဲ။ ဒီလိုမှမဟုတ်ရင်၊ သူမနောက်မှ ဘွဲ့ရတဲ့အချိန်ထိ စောင့်ပြီး အလုပ်ကြိုးစားလိုက်ချင်သေးသည်။ အခုတော့ သူ့မှာ အခွင့်အလမ်း မရှိတော့ဘူး။
လင်းချင်းဟယ်သည် သူမရဲ့ အမျိုးသား မည်ကဲ့သို့ အတွေးများနေသည်ကို သူမ မသိပေ။ သူမ ပင်ပန်းနွမ်းနယ်နေသောကြောင့် အိပ်မောကျသွားခဲ့သည်။
နှစ်သစ်ကူး ဒုတိယနေ့ရက်တွင် သမီးတွေနဲ့ သားမက်တွေက သူတို့တွေရဲ့ မိခင်မိသားစုထံ ပြန်လာလည်ကြသည်။ အကြီးဆုံးအစ်မနှင့် ဒုတိယအစ်မတို့ အိမ်လည်ရောက်လာကြသည်။
ယမန်နှစ် နွေဦးရာသီအစတွင် မူဝါဒစည်းမျဥ်းများကို အမှန်တကယ် ဖြေလျှော့ပေးခဲ့သည်။ ဒီညီအစ်မနှစ်ယောက်စလုံးက အကြောက်အလန့် မရှိသဖြင့် ကြက်တွေ အများကြီး မွေးမြူထားခဲ့ကြသည်။
ကြက်ဥလို အာဟာရရှိတဲ့ စားစရာတွေ စားသုံးနိုင်တာကြောင့် ဖြစ်နိုင်သလို သူတို့ရဲ့ အသားအရေတွေသည် မနှစ်ကထက်စာရင် ပိုကျန်းမာလာခဲ့သည်။
ညီအစ်မနှစ်ယောက် ရောက်ပြီး သိပ်မကြာခင် စုတာ့လင်းသည် သူ့ရဲ့ သားကြီးနှစ်ယောက်ဖြစ်သည့် စုချန်လေးနှင့် စုရွှင်းလေးတို့ကိုခေါ်ပြီး ရောက်လာခဲ့သည်။
ကျိုးရှောင်မိန်ကမူ မပါလာခဲ့ပေ။ သူမသည် အိမ်မှာ သူမရဲ့ အငယ်ဆုံးသမီးလေးကို ထိန်းနေခဲ့သည်။ “ဘာဖြစ်လို့ နင်တို့ အတူမလာရတာလဲ။” လင်းချင်းဟယ်က မေးသည်။
“ရှောင်းမိန်မှာ ကိုယ်ဝန်ရှိနေပြီ” စုတာ့လင်းက ရှက်ကိုးရှက်ကန်းနဲ့ ပြောလိုက်သည်။
လင်းချင်းဟယ်သည် ကျိုးရှောင်မိန်က သူမကို နောက်ထပ် ကလေးမယူတော့ဘူးလို့ ပြောခဲ့တာကြောင့် လုံးဝ အံ့အားသင့်သွားသည်။
ဒီမတော်တဆအဖြစ်အပျက်က တကယ်ကို ရယ်စရာကောင်းသည်။
စုတာ့လင်းရော ကျိုးရှောင်မိန်ပါ ကလေးထပ်ယူဖို့ မစီစဥ်ထားပါဘူး။ သားနှစ်ယောက်နဲ့ သမီးတစ်ယောက် လုံလောက်ပြီ၊ မဟုတ်ပါလား။
မိသားစုက နှစ်ယောက်စလုံး ဝင်ငွေရှိပေမယ့် အရမ်း ချမ်းသာကြွယ်ဝနေတာမျိုး မဟုတ်ဘူး။ ကလေးတွေ ကြီးပြင်းလာတဲ့အခါ အတော်လေး ဖိအားများလာလိမ့်မည်။
ဒါကြောင့် သူမ ကလေး တကယ်ထပ်မယူချင်တော့ဘူး။
အင်း၊ မတော်တဆ ဖြစ်သွားခဲ့ပြီပဲ။
လင်မယားနှစ်ယောက်စလုံးက ငယ်သေးသည်။ သူတို့ကိုယ်သူတို့ မထိန်းနိုင်တဲ့ အချိန်တွေရှိမှာ မလွဲမသွေပါပဲ။ သူတို့က လစဥ် ကွန်ဒုံးသွားယူခဲ့ကြသော်လည်း တစ်ခါတစ်ရံ ကုန်သွားတတ်သည့် အချိန်နှင့်ကြုံ၍ ရံဖန်ရံခါ ဝတ်လေ့မရှိပေ။
အချိန်အကြာကြီး ဘာမှ မဖြစ်ခဲ့ဘူး။ ပြီးခဲ့တဲ့လက သူတို့တစ်ခါတည်း ကွန်ဒုံးမဝတ်မိခဲ့ဘူး။ ဒါနဲ့ ဒီကောင်လေးက ဒီလထဲမှာပင် သတင်းပို့လာခဲ့သည်။
ဒါကို လွန်ခဲ့သည့် သုံးရက်က စစ်ဆေးခဲ့သည်။ ကျိုးရှောင်မိန်သည် သူမ ဓမ္မတာမလာသည်ကို သတိပြုမိခဲ့ပြီး ပျို့အန်ချင်သလို့ ဖြစ်တဲ့ စိတ်ကပါ ဆိုးရွားလာသည်ဟု သူမ ခံစားခဲ့ရသည်။
သူမ ဆေးရုံကို သွားပြခဲ့သည်။ လုံးဝ သေချာပေါက် သူမဆီမှာ ကိုယ်ဝန်ရှိနေလေပြီ။
စုတာ့လင်းသည် ကျိုးရှောင်မိန်ထံမှ မြည်တွန်တောက်တီးမှုကို မကြာခဏဆိုသလို ခံစားခဲ့ရသည်။
ဒါပေမယ့် ကိုယ်ဝန်ရှိနေပြီမို့ မဖျက်နိုင်ရက်တာကြောင့် သူတို့ ဇနီးမောင်နှံက ကလေးမွေးဖို့ ဆုံးဖြတ်ခဲ့ကြသည်။ ကျိုးရှောင်မိန်က ယခုတစ်ကြိမ် ကလေးမွေးဖွားပြီးနောက် စုတာ့လင်းအား သားကြောဖြတ်ရမယ်လို့ ပြောခဲ့သည်။
လင်းချင်းဟယ်သည် သူမ ဘာပြောရမှန်းကိုပင် မသိတော့ချေ။ ပညာတတ်လူငယ်များသည် လွန်ခဲ့သော နှစ်နှစ်ခန့်က မြို့သို့ ပြန်လာခဲ့ကြသည်။ အလုပ်အကိုင် အခွင့်အလမ်းတွေက ရှားပါးနေခဲ့ပြီ။ အခု ပြန်မဆုတ်ရင် နောက်အခါမှာ ပြန်မရနိုင်တော့ဘူး။
နှစ်သစ်ကူး ဒုတိယနေ့တွင် လင်းချင်းဟယ်က သူတို့သုံးယောက်ကို ဧည့်ခံခဲ့သည်။ နှစ်သစ်ကူး တတိယနေ့တွင် သူမသည် ကျိုးချင်းပိုင်တို့သားအဖတွေနဲ့အတူ မြို့ပေါ်တက်ခဲ့သည်။
သူတို့အားလုံး ကျိုးရှောင်မိန်ရဲ့အိမ်ကို အလည်သွားခဲ့ကြသည်။
ကျိုးရှောင်မိန်က သူတို့ကို ခဏလောက် ဧည့်ခံစကားပြောဆိုပြီးနောက် လင်းချင်းဟယ်နဲ့ စကားစမြည်ပြောဆိုရန် အခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။
“ယောင်းမ၊ ငါ့မှာ ကောင်းချီးပေးခံရတဲ့ ဘဝမျိုး တကယ်မရှိဘူး။” ကျိုးရှောင်မိန်က ညည်းညူလိုက်သည်။
“ဒါက နင်နဲ့ထိုက်လို့ ရတာပဲ။ နင့်အလုပ်နေရာက ဖိအားများနေတာကိုတောင် နင်က နင့်ကံကို စမ်းသပ်ရဲသေးတယ်နော်။” လင်းချင်းဟယ်က မဆိုင်းမတွ မှတ်ချက်ချသည်။
ကျိုးရှောင်မိန်က ရှက်ရွံ့သွားသည်၊ “ရွေးချယ်စရာနည်းလမ်း မရှိဘူး မဟုတ်လား။”
“ဒါပေမယ့် နင့်မှာ ကိုယ်ဝန်ရှိနေပြီမို့ သိပ်စိတ်မပူနဲ့။ နင့်စိတ်ကို ရှင်းအောင်သာ ထားချေ။” လင်းချင်းဟယ်က နှစ်သိမ့်ပေးခဲ့သည်။
“ငါ အလုပ်အတွက် စိတ်ပူတယ်။ သူ့ဦးလေးဆီက လက်တလော အခြေအနေကို ကြားတယ်။ ဒီနှစ် ကျေးလက်ဒေသကို ပြန်လာရမယ့်သူတွေ အများကြီးရှိတယ်။ ငါ ခဏလောက် ခွင့်ယူပြီးရင် ငါ့အတွက် အလုပ်ပြန်ရဖို့ အခွင့်အရေး မရှိတော့မှာကို စိုးရိမ်တယ်။” ကျိုးရှောင်မိန်က ပြောသည်။
အနာဂတ်တွင် မြို့တော်ကို သွားဖို့ စီစဥ်ထားတာကို အသာထားလိုက်ပါဦး၊ သို့ပေမယ့် ယခုအချိန်ထိ ဒီအလုပ်က အရမ်းလိုအပ်နေတုန်းပါပဲ။
တစ်လလျှင် ယွမ်နှစ်ဆယ်၊ သုံးဆယ်လောက်ပဲ ရရင်တောင် ဒီပိုက်ဆံလေး ရနေသရွေ့ စိတ်သက်သာရာရသည်။
တကယ်လို့ သူမ အလုပ်ပြုတ်သွားခဲ့ရင် စုတာ့လင်း တစ်ဦးတည်းကသာ အိမ်တွင် အလုပ်ရှိသူ ဖြစ်လာလိမ့်မည်။
“ဒီနှစ်ထဲ ပညာတတ်လူငယ်တွေ အများကြီး မြို့ကို ပြန်လာမယ် ဆိုတာ အမှန်ပဲ။” လင်းချင်းဟယ်က အတည်ပြုသည်။
ကျိုးရှောင်မိန်က ပြန်တုံ့ပြန်သည်၊ “ဒါဆိုရင် ငါ အလုပ်ကနေ ခွင့်ရက်ရှည်ယူပြီးသွားတဲ့အခါ ကျိန်းသေပေါက် အလုပ်ပြုတ်သွားလိမ့်မယ်။”
“ဒါက ဖြစ်ပြီးသွားပြီပဲ။ တစ်နှစ် နှစ်နှစ်အတွင်းမှာ တင်းကြပ်တဲ့ သားဆက်ခြားမှု အစီအစဥ်ကို အကောင်အထည် ဖော်သွားကြလိမ့်မယ်။ ဒီနှစ်က နောက်ဆုံး ဖြစ်နိုင်တယ်။ နင် ကလေးမွေးဖို့ ဘာပြဿနာမှ မရှိဘူး။ အနာဂတ်မှာ နင် ကလေးလိုချင်တယ် ဆိုရင်တောင် အခွင့်အရေး ရှိမှာ မဟုတ်ဘူး။” လင်းချင်းဟယ်က ပြောသည်။
“စတုတ္ထယောင်းမ၊ တာ့လင်းရဲ့စက်ရုံက နောင်အနာဂတ်မှာ ထိခိုက်သွားမလား မသွားဘူးလား ဆိုတာကို ငါစိုးရိမ်တယ်။” ကျိုးရှောင်မိန်ထံမှ အသံထွက်လာခဲ့သည်။
“သူ့စက်ရုံက ထိခိုက်တယ်ဆိုရင်၊ ငါ့ကို ချက်ချင်း ဖုန်းခေါ်လို့ရတယ်။” လင်းချင်းဟယ်က သူမနည်းပြ၏ ရုံးဖုန်းနံပါတ်ကို ပြောပြခဲ့သည်။
ကျိုးရှောင်မိန်သည် ဘောပင်တစ်ချောင်းကို ဆွဲယူပြီး အမြန် ချရေးထားခဲ့သည်။
“တကယ်လို့ သူ အလုပ်ထုတ်ခံရတယ်ဆိုရင်၊ နင် ငါ့ကို ဖုန်းဆက်ပြီးပြောပါ။ ငါ ဟိုမှာ မတ်လေးအတွက် အလုပ်စီစဥ်ပေးမယ်။” လင်းချင်းဟယ်က ပြောသည်။
တခြားသူသာဆိုရင် လင်းချင်းဟယ်က ဒါကို အာမခံဝံ့မှာ မဟုတ်ဘူး။ ဒါပေမယ့် စုတာ့လင်းအတွက် လင်းချင်းဟယ်က လမ်းပြပေးရတာကို သဘောကျပါသည်။
ပြီးတော့၊ လင်းချင်းဟယ်သည် စုတာ့လင်း လုပ်ထားတဲ့ မုန့်တွေကို စားဖူးတာကြောင့်လည်း ဖြစ်သည်။
လင်းချင်းဟယ်တို့သားအမိ ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုတာ နှစ်ရက်လောက်ကြာတော့ စုတာ့လင်းက သူတို့အတွက် မုန့်တွေလုပ်ပြီး လာပို့ဖူးသည်။ ထိုမုန့်တွေက အရမ်းအရသာရှိသည်။
လင်းချင်းဟယ်က စုတာ့လင်းတစ်ယောက် မြို့တော်မှာ ဆိုင်လာဖွင့်ရင် ဆိုးဆိုးရွားရွား မဖြစ်နိုင်ဘူးလို့ ခံစားရသည်။
“စတုတ္ထယောင်းမ၊ နင် တာ့လင်းကို ဘန်းမုန့်ရောင်းဖို့ ပြောဖို့ စဥ်းစားနေတာတော့ မဟုတ်ဘူးမလား။” ကျိုးရှောင်မိန်က ရေရွတ်လိုက်သည်။
လင်းချင်းဟယ်သည် သူမမျက်နှာကို အသာဆွဲညှစ်လိုက်သည်။ ဒီကောင်မလေးက စုတာ့လင်းနဲ့ လက်ထပ်ပြီး သားသမီး သုံးယောက် ထွန်းကားခဲ့ကာ ယခုလက်ရှိ ဗိုက်ထဲမှာ လေးယောက်မြောက် ကလေးတစ်ယောက် ရှိနေဆဲ ဖြစ်ပေမယ့် သူမဟာ ဒီတစ်လျှောက်လုံး ကောင်းကောင်းနေထိုင်ခဲ့ရတာ သိသာထင်ရှားသည်။ သူမက ဇီဇာကြောင်နေသေးသည်။
“နင် ပြောချင်တာကို ငါနားလည်တယ်။ နင်ပြောချင်တာ၊ ပစ္စည်းရောင်းချတယ်၊ ကိုယ်ပိုင်အလုပ်ရှင်တစ်ဦးအနေနဲ့ စျေးဆိုင်ဖွင့်တာ လေးစားစရာမဟုတ်ဘူးလို့ နင်ပြောချင်တာမလား။” လင်းချင်းဟယ်က ဒေါသတကြီး ပြောလိုက်သည်။
“အင်း” ကျိုးရှောင်မိန်က ပြန်ဖြေသည်။
ဒါက မထူးဆန်းပါဘူး။ ၁၉၈၀ ခုနှစ် အစောပိုင်းကာလများတွင် သင်သည် အလုပ်သမားတစ်ဦး ဆိုပါက လေးစားဖွယ်ကောင်းသော်လည်း သင်သည် ကိုယ်ပိုင်အလုပ် လုပ်ကိုင်သူဟု ဆိုပါက သင် ကဲ့ရဲ့ခံရမည်မှာ ကျိန်းသေသည်။
“အရင်တုန်းက နင့်ရဲ့ စတုတ္ထယောင်းမ ငါက စာလေ့လာဖို့ အိမ်တွင်းပုန်း လယ်ထဲဆင်း အလုပ်မလုပ်ပဲ နေတဲ့အခါမှာ လူတော်တော်များများက ငါ့ကို ပျင်းရိတဲ့မိန်းမလို့ ပြောကြတယ်။ နင့်ရဲ့ စတုတ္ထအစ်ကိုက ငါနဲ့ အိမ်ထောင်ကျတာ ကံမကောင်းဘူးလို့ မကြာခဏ ပြောဆိုခဲ့ကြတယ်။ ငါ စကားတစ်ခွန်းမှ မရှင်းပြပဲ ဘာမှလည်း ပြန်မပြောခဲ့ဘူး။ အခု ဆယ်နှစ်လောက်ကြာတော့ သူတို့က နင့်ရဲ့ စတုတ္ထအစ်ကို ကံကောင်းလွန်းတယ်လို့ မနာလိုဖြစ်ကြပြန်ရော” လင်းချင်းဟယ်က ပေါ့ပေါ့ပါးပါး ပြောပြခဲ့သည်။