အခန်း ၂၆၇
Viewers 38k

အခန်း (၂၆၇) – လေ့လာသင်ယူခြင်း


ဒါကိုမြင်တော့ လင်းချင်းဟယ်က “ကောင်းပြီ၊ သူတို့ကို နေ့လည် လေးနာရီလောက် ဒီကို လွှတ်လိုက်ပါ။ ညီမ သူတို့ကို ငါးနာရီထိုးအထိ သင်ပေးလိုက်မယ်။” ဟု ပြောလိုက်သည်။


ထိုအချိန်လောက်ဆို သူမ ညစာပြင်ဆင်ဖို့ အချိန်ရောက်ပြီ ဖြစ်သည်။ သူမရဲ့ တူနှင့် တူမလေးတို့ကို စာသင်ပြပေးရတာ သူမအတွက် ပြဿနာမရှိပါဘူး။


အကြီးဆုံးမရီးနှင့် တတိယမရီးတို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။ သူတို့တွေကို ကြက်ဥတွေကို အတင်းပဲ ထားခဲ့ကြသည်။ သူတို့ အိမ်ပြန်ရောက်သည်နှင့်၊ ဝူနီနှင့် ကျိုးယန်တို့ကို ပဲပုတ်စေ့နှင့် နှမ်းတွေကို သွားပို့ပေးဖို့ စေလွှတ်ခဲ့ကြသည်။


လင်းချင်းဟယ်က ကလေးနှစ်ယောက်ကို ကြက်ဥတွေ ပြန်ထည့်ပေးခဲ့သည်။ သူတို့ ပြန်မယူဘူးဆိုရင်၊ သူမ သူတို့ကို သင်ပေးမှာ မဟုတ်ဘူးလို့ ပြောခဲ့သည်။ ဒါကြောင့် ကလေးတွေဟာ ကြက်ဥတွေကို လိမ်လိမ်မာမာနဲ့ ပြန်ယူသွားခဲ့ကြသည်။


သူတို့နှစ်ယောက်စလုံး သူတို့ရဲ့ အမေတွေထံမှ ဆူပူကြိမ်းမောင်းတာကို ခံလိုက်ရသည်။


“ကြက်ဥတွေကို ယူထားတာက ပြဿနာ မရှိပါဘူး။” ဟု အမေကျိုးက ပြောသည်။


လင်းချင်းဟယ်သည် သူတပါးကို အခွင့်ကောင်းမယူချင်ဘူး။ သူမတို့မိသားစုမှာ အဲဒီပစ္စည်းမျိုးတွေ မရှားပါးဘူး။ လင်းချင်းဟယ်က “ဒါတွေကို ပြန်ပေးလိုက်တော့ အကြီးဆုံးအစ်ကိုနဲ့ တတိယအစ်ကိုတို့ရဲ့ ခန္ဓာကိုယ်အတွက် အာဟာရဖြည့်တင်းပေးနိုင်တာပေါ့။” ဟု ပြန်ဖြေသည်။


ထိုမိသားစု သုံးစုက စားသောက်ရတာ မချောင်လည်ဘူး။ သူမသည် ပေါ့ပေါ့ပါးပါးပဲ သင်ပေးတာ ဖြစ်တဲ့အတွက် ဘာမှ မခံစားရပါဘူး။


အမေကျိုးသည် သူမ ပြောတာကို ကြားပြီးနောက် ဘာမှ ပြန်မပြောခဲ့သော်လည်း သူမရဲ့ နှလုံးသားထဲတွင် စတုတ္ထရဲ့ ဇနီးသည်အပေါ် အမြင်ကောင်း ပိုရှိလာခဲ့သည်။

 

လင်းချင်းဟယ်က ကျိုးချင်းပိုင် အသိပေးခဲ့သည်၊ “ရှင် အိမ်မှာပဲ ကောင်းကောင်း အနားယူပြီး ကျန်ခဲ့။ ကျွန်မ အစ်မမိန့်ရဲ့အိမ်ကို ခဏ သွားလိုက်ဦးမယ်။”


“ကောင်းပြီ။” ဟု ကျိုးချင်းပိုင်က ခေါင်းညိတ်သည်။


လင်းချင်းဟယ်သည် စက်ဘီးတစ်စီးဖြင့် အစ်မမိန်ထံ ရောက်သွားသည်။ သူမနှင့်အတူ ပဝါအနည်းငယ်ကိုလည်း ယူဆောင်သွားခဲ့သည်။ လောလောဆယ် နွေရာသီ ဖြစ်ပေမယ့်၊ ဒါတွေကို ဆောင်းရာသီအတွက် သိမ်းထားနိုင်ပါသည်။


အစ်မမိန်က အရမ်းပျော်သွားပြီး “ငါ နင့်ကို အရမ်းဒုက္ခများစေမိပြီ။” ဟု ပြောလိုက်သည်။


“ဘာဒုက္ခလို့ ဆိုရမှာလဲ။ အစ်မမိန်၊ ညီမ ဝက်သား ကျင်းအနည်းငယ်လောက် လိုချင်တယ်။” ဟု လင်းချင်းဟယ်က ပြောသည်။


“အစ်မကို လိုချင်တာ ပြောလေ။” ဟု အစ်မမိန်က ခေါင်းညိတ်သည်။


လင်းချင်းဟယ်က ဝက်ဗိုက်သား၊ နံရိုးများ၊ အရိုးကြီးများ၊ ဝက်အစာအိမ်တစ်ခုနှင့် ဝက်အူမကြီးတစ်စုံ လိုချင်လေသည်။


အစ်မမိန်က သူမကို ကတိပေးသည်၊ “ဝက်ခြံကို ညသန်းခေါင်ကျော်အချိန်လောက် နင် လာယူခဲ့ချေ။”


“ကောင်းပြီ” လင်းချင်းဟယ်က ခေါင်းညိတ်သည်။


ထို့နောက် သူမ ပြန်လာခဲ့သည်။ သူမ အိမ်ပြန်ရောက်သောအခါ ကျိုးချင်းပိုင်တစ်ယောက် ရေမိုးချိုးပြီးနေပြီ ဖြစ်သည်။


လောင်အာ့နှင့် လောင်စန်းတို့က သူတို့ရဲ့ သက်တူရွယ်တူကလေးတွေနှင့်အတူ ငါးရှာ သို့မဟုတ် ငါးရှဥ့်ရှာ ထွက်သွားခဲ့ကြသည်။


“ခဏလောက် အိပ်လိုက်ဦး။ ညကျရင် ဝက်သားသွားယူရဦးမယ်။” လင်းချင်းဟယ်က သူမအတွက် ချန်ထားသည့် ဖရဲသီးစိတ်ကို ကောက်ကိုင်ပြီး ပြောလိုက်သည်။


“ရေသွားချိုးလိုက်ဦး။” ကျိုးချင်းပိုင်က သူ့ဇနီးသည်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။


လင်းချင်းဟယ်ရဲ့ မျက်နှာဟာ ရှက်သွေးဖြာသွားသည်။ ထို့နောက် လင်းချင်းဟယ်သည် ကျိုးချင်းပိုင်ကို မျက်စောင်းရွယ်လိုက်ပြီး “ရှင် ဒီနေ့ တစ်နေ့လုံး အလုပ်လုပ်နေရတော့ ပင်ပန်းနေပြီ မဟုတ်ဘူးလား။” ဟု မှတ်ချက်ပြုသည်။


“မပင်ပန်းပါဘူး။” ကျိုးချင်းပိုင်က သူမကို တည်ငြိမ်စွာ ကြည့်နေသည်။


အစပိုင်းတွင် သူ တော်တော် ပင်ပန်းနေပေမယ့် သူ့ဇနီးသည် ဒီနေ့ အိမ်ပြန်ရောက်တာကိုတွေ့တော့ သူ့ရဲ့ အားအင်တွေ ပြည့်သွားသလို ခံစားရပြီး သူ လုံးဝ မပင်ပန်းဘူးလို့ ခံစားရသည်။


“ရှင် ဆက်စားလိုက်။” လင်းချင်းဟယ်က သူမ တစ်ဝက် စားပြီးသွားသည့် ဖရဲသီးစိတ်ကို ကျိုးချင်းပိုင်ကို ပေးခဲ့ပြီး ရေချိုးဖို့ သွားလိုက်သည်။


ကျိုးချင်းပိုင်သည် ဖရဲသီးကို စားသောက်ပြီးနောက် ဇနီးဖြစ်သူမှ အပြင်မှ ပြန်လာပြီး လဲဝတ်ထားသည့် အဝတ်တွေကို လျှော်ဖွပ်ခဲ့သည်။


သူတို့နှစ်ဦးရဲ့ ဆက်ဆံရေး အစပိုင်းတွင် လင်းချင်းဟယ်သည် သူက သူမရဲ့ အဝတ်အစားများကို လျှော်ဖွပ်ပေးနေတာကို တွေ့တော့ ရှက်ရွံ့ခဲ့ပါသည်။ ဒါပေမယ့် အခုတော့ သူမ အေးဆေးတည်ငြိမ်သွားခဲ့ပြီ။


သူမ အပြင်ထွက်လာတော့ သူမရဲ့ အဝတ်အစားတွေကို သူ လျှော်နေတာမြင်ပြီး သူမရဲ့ နှလုံးသားလေး အရည်ပျော်သွားသည်။


လင်းချင်းဟယ်သည် ခေါင်းလျှော်ထားပြီး သူမရဲ့ ဆံပင်တွေကို သုတ်နေခဲ့သည်။ ကျိုးချင်းပိုင်က အဝတ်အစားတွေကို မြန်မြန်လျှော်ပြီး သူ့ဇနီးသည် ဆံပင်ကို ကူသုတ်ပေးဖို့ ရောက်လာခဲ့သည်။


အခုအချိန်တွင် သူတို့နှစ်ဦးသာ အိမ်မှာ ရှိကြသည်။ အကြီးဆုံးသားဖြစ်သူက ပြန်လိုက်မလာဘူး။ အငယ်နှစ်ယောက်က လယ်ငါးနှင့် ငါးရှဥ့်အရှာထွက်နေကြသည်။


အဖေကျိုးနှင့် အမေကျိုးတို့ကမူ၊ ဖရဲသီး စားသောက်ပြီးနောက် ပြန်သွားကြသည်။ သူတို့က အပိုဘီးတွေ မဖြစ်ချင်ကြဘူး။


လင်းချင်းဟယ်သည် ကျိုးချင်းပိုင်အား သူမရဲ့ ဆံပင်တွေကို ခြောက်သွေ့အောင် သုတ်စေခဲ့သည်။


ပေကျင်းမြို့လို မြို့ကြီးတွေရဲ့ ပတ်ဝန်းကျင်ကြောင့်လားတော့မသိ၊ လင်းချင်းဟယ် ကျောင်းသွားတက်ပြီးကတည်းက သူမရဲ့ အသားအရေက တစ်နှစ်ထက် တစ်နှစ် ပိုမိုဖြူဖွေးလာခဲ့သည်။


မူလကပင် သူမကို ကျေးလက်‌တောရွာမှာ အတော်လေး အသားဖြူသူဟု သတ်မှတ်ခံရဖူးသည်။ ယခုအခါ သူမသည် ပို၍ပင် အသားဖြူလာခဲ့သည်။


ကျိုးချင်းပိုင်သည် လယ်ယာလုပ်ငန်းခွင် ဝင်ရောက်ရသည်ဖြစ်၍ သူ့တစ်ကိုယ်လုံးဟာ ဆေးသုတ်ထားသည့်အတိုင်း ဖြစ်နေသည်။ သူ့ဇနီးသည်နှင့် နှိုင်းယှဥ်ကြည့်လျှင် ဆန့်ကျင်ဖက်လို ဖြစ်နေခဲ့သည်။

 

ဆန့်ကျင်ဖက်အနေနဲ့၊ လင်းချင်းဟယ်က သူမ အမျိုးသားရဲ့ ဝန်ဆောင်မှုကို အလွန်နှစ်သက်ပြီး “ရှင် ဒီလိုမျိုး ကြေးနီရောင်သာ ဆက်ဖြစ်နေဦးမယ်ဆိုရင်၊ ရှင့်ကို မသိတဲ့သူဆို၊ သူတို့က ရှင့်ကို အာဖရိကလူသားလို့ ထင်ကြလိမ့်မယ်။” ဟု ပြောပါသည်။


“ဆောင်းရာသီမှာ ပိုဖြူလာလိမ့်မယ်။” ဟု ကျိုးချင်းပိုင်က ပြန်ဖြေသည်။


ဒီအရာတွေကို အစတုန်းကတော့ သူ စိတ်မဝင်စားခဲ့ဘူး။ ယောကျာ်းတစ်ယောက်အတွက် အသားညိုတာက ပိုမိုက်တယ်လို့ သူထင်ခဲ့သည်။ သို့ပေမယ့် သူက မမိုက်မဲပါဘူး။ သူ့ဇနီးသည်က သူ့ကို လုံးဝ သဘောမကျတာမျိုး မရှိပေမယ့် သူက ဒီယောကျာ်းက သူ့ဇနီးသည်နဲ့ မထိုက်တန်ဘူးလို့ အပြောမခံချင်ပါဘူး။


ဒါကြောင့် သူလည်း အခုဆို ဂရုစိုက်နေခဲ့ပြီ။


ဒါပေမယ့် လက်ရှိအခြေအနေအရ ဘယ်လိုမှ မတတ်နိုင်ပါဘူး။ ပိုမိုဖြူဖွေးလာစေဖို့ ဆောင်းရာသီကို ရောက်ရှိလာမှာကို စောင့်ဆိုင်းရုံမှလွဲ၍ အခြား ဘာမှ မတတ်နိုင်ပါလေ။


လင်းချင်းဟယ်က သူ့ကို သူမရဲ့ ဆံပင်တွေ မစိုမခြောက်အဆင့်အထိသာ သုတ်ခိုင်းခဲ့သည်။ ထို့နောက် သူမသည် တံခါးပိတ်ပြီး သူ့မကို အခန်းထဲ ကို ပြန်ဆွဲခေါ်သွားခဲ့သည်။


အခန်းထဲမှာ သူတို့ ဘာလုပ်ကြတယ် ဆိုတာ ပြောနေစရာ မလိုပါဘူး။ လင်းချင်းဟယ်သည် သူမရဲ့ ဆံပင်တွေကို ကျိုးချင်းပိုင်က သုတ်ပေးနေစဥ် ကျိုးချင်းပိုင်ထံမှ မကြာသေးမီက ရေချိုးထားသောကြောင့် ရရှိနေသည့် ခန္ဓာကိုယ်ရဲ့ လန်းဆန်းတဲ့ရနံ့က သူမကို စွဲ‌ဆောင်နေခဲ့သည်။ သူမသည်လည်း သူ့ကို လွမ်းဆွတ်နေခဲ့တာ ဖြစ်သည်။


ခဏလောက် ဆော့ကစားပြီးတာနဲ့၊ သူနှင့်အတူ အိပ်လိုက်သည်။


လောင်အာ့နှင့် လောင်စန်းတို့ ပြန်ရောက်တော့ သူတို့မိဘတွေရဲ့ အခန်းတံခါး ပိတ်ထားသည်ကို တွေ့လိုက်ရသဖြင့် သူတို့မိဘတွေ အိပ်‌ပျော်နေမှန်း သိလိုက်ကြသည်။ နှစ်ယောက်သား ဖမ်းမိလာသည့် လယ်ငါးတွေကို ဇလုံတစ်ခုထဲသို့ လောင်းထည့်ခဲ့သည်။ ထို့နောက် သူမသည် ဆေးကြောသန့်စင်ပြီး သူတို့ရဲ့ အဝတ်တွေကို သူတို့ကိုယ်တိုင် လျှော်ဖွပ်ကြသည်။ ထို့နောက်၊ အခန်းထဲသို့ ပြန်ဝင်ကာ စာကျက်ဖို့ ဆီမီးထွန်းထားလိုက်သည်။ ခဏကြာတော့၊ မီးမှုတ်ပြီး သူတို့နှစ်ယောက် အိပ်ရာဝင်ခဲ့ကြသည်။


ညီအစ်ကိုနှစ်ယောက်စလုံးက အတော်လေးကို စည်းကမ်းရှိသည်။


နံနက်စောစောတွင် ကျိုးချင်းပိုင်သည် လင်းချင်းဟယ် မှာကြားထားသည့်အတိုင်း ဝက်သား သွားယူခဲ့သည်။

 

လင်းချင်းဟယ်ကတော့ အိပ်ရာ မထသေးပါဘူး။ ရက်အတော်ကြာ ခရီးထွက်လာရပြီးနောက် သူမ အလွန်ပင်ပန်းနေခဲ့သည်။


ကျိုးချင်းပိုင်သည် ဝက်သားတွေကို သွားယူလာပြီးနောက် မီးဖိုချောင်ထဲမှာ ထည့်ထားလိုက်သည်။ သူ့ဇနီးသည်က ဝက်အစာအိမ်နှင့် ကလီစာတွေကို မကိုင်တွယ်နိုင်သည်ကို သူသိသောကြောင့် အရင်ဆုံး ကိုင်တွယ်ပေးခဲ့သည်။ ထို့နောက် ဇနီးသည်ကို နွေးနွေးထွေးထွေး ပွေ့ဖက်ပြီး အိပ်စက်ဖို့ အခန်းထဲ ပြန်သွားခဲ့သည်။ အပူဒဏ်ကို လုံးဝ စိတ်မပူပါဘူး။


လင်းချင်းဟယ်သည် ပင်ပန်းနွမ်းနယ်နေသော်လည်း မနက်လေးနာရီခန့်တွင် စောစောအိပ်ရာထခဲ့သည်။


အမျိုးသားတွေက နံနက် လေးနာရီခွဲလောက်တွင် လယ်ထဲဆင်း လုပ်ငန်းခွင်ဝင်ရသည်။ လင်းချင်းဟယ်သည် မီးတိုင်ထွန်းပြီး စတင်ချက်ပြုတ်ဖို့ လုပ်ကိုင်ခဲ့သည်။


ပြောင်းဖူးမန်ထိုအပြင် သူမသည် ဝက်ဗိုက်သားနှင့် သခွားသီးကြော်၊ ခရမ်းချဥ်သီးကြက်ဥမွှေကြော်တို့ကိုပါ ပြင်ဆင်ပေးခဲ့သည်။ ပုစွန်ဆိတ်စွပ်ပြုတ်လည်း ပါပါသည်။


ကျိုးချင်းပိုင်သည် အချိန်အတော်ကြာအောင် အိပ်ပျော်သွားပြီးနောက် အိပ်ရာနိုးလာခဲ့သည်။ ထိုအချိန်တွင် အဖေကျိုးသည်လည်း ရောက်ရှိလာခဲ့သည်။


သားအဖနှစ်ယောက်သား မနက်စာစားပြီးတာနဲ့ လယ်ထဲဆင်းဖို့ပြင်ကြသည်။


“မင်း ပြန်အိပ်ချေဦး။” ကျိုးချင်းပိုင်က သူတို့ လယ်ထဲမဆင်းခင် သူ့ဇနီးသည်ရဲ့လက်ကို တို့ပြီး ပြောလိုက်သည်။


“အင်း၊ နေ့လည်ခင်းကျရင် ကျွန်မ ရှင့်အတွက် စားကောင်းတာလေးတွေ ချက်ပြုတ်ပြီး လာပို့ပေးမယ်။” ဟု လင်းချင်းဟယ်က ပြန်ဖြေသည်။

 

“ကောင်းပြီ။” ကျိုးချင်းပိုင်က ခေါင်းညိတ်သည်။


ထို့နောက် သားအဖနှစ်ယောက်သား ထွက်သွားကြသည်။ အမေကျိုးက နံနက်ငါးနာရီလောက်မှာ ထွက်သွားခဲ့သည်။ ကလေးနှစ်ယောက်လည်း စောစောနိုးလာကြသည်။


လောင်အာ့က မှတ်ချက်ချသည်၊ “ငါတို့အစ်ကိုကြီး အခုဆို အရမ်းပျင်းနေလောက်ပြီ။ နွေရာသီအားလပ်ရက်မှာ သူက ပြန်မလိုက်လာဘူး။”


“အမေ၊ ဟိုမှာ ပျော်စရာကောင်းတာတွေ အရသာရှိတာတွေ အများကြီး ရှိလား။ အစ်ကိုကြီးက အဲ့တာတွေကြောင့် အိမ်မပြန်လာတာလို့ ကျွန်တော် ထင်တယ်။” လောင်စန်းက ပြောသည်။


“ဒီဘက်နဲ့ ယှဥ်ရင်၊ ဟိုဘက်က ပိုကောင်းတာပေါ့။” လင်းချင်းဟယ်က အမှန်အတိုင်း ပြောလိုက်သည်။


အဆုံးတွင် ပေကျင်းသည် မြို့တော် ဖြစ်သည်။ ဒီအချိန်မှာတောင်မှ အရမ်းတိုးတက်နေပြီး နေ့စဥ်နှင့်အမျှ ပြောင်းလဲနေခဲ့သည်။


“နင်တို့နှစ်ယောက်လုံး စာကြိုးစားရင် နောင်မှာ တက္ကသိုလ်တက်နိုင်လိမ့်မယ်။ နင်တို့အတွက် စာပြန်လေ့လာဖို့ မေးခွန်းတွေ ရေးဖို့ ကျောင်းမှာ အချိန်ယူခဲ့တယ်။ နင်တို့နှစ်ယောက်အတွက် တစ်ယောက် တစ်စုံစီ ရှိတယ်။ ဒီနွေရာသီအားလပ်ရက်မှာ နင်တို့နှစ်ယောက်လုံး ကောင်းကောင်းလုပ်ကြ။” ဟု လင်းချင်းဟယ်က ပြောသည်။


“အမေ့ရဲ့ မေးခွန်းတွေလား။” လောင်အာ့က သူ့မျက်နှာကို ရှုံ့ပြလိုက်သည်။ သူတို့အမေရဲ့ မေးခွန်းတွေက တကယ့်ကို ခက်ခဲပါသည်။


လင်းချင်းဟယ်က ဟမ့်လို့ လုပ်လိုက်ပြီး “တခြားသူတွေ လိုချင်ရင်တောင် ဒါကို မရနိုင်ဘူး။” လို့ ပြောလိုက်သည်။


“ဟုတ်တယ်။” လောင်စန်းက ခေါင်းညိတ်ပြီး၊ “ယန်ယန်နဲ့ ဝူနီတို့ကိုပါ အတူတူ လုပ်ခိုင်းရအောင်။” ဟု ပြောလိုက်သည်။


“သူတို့ရဲ့ အခြေခံက ခိုင်ခိုင်မာမာ မရှိဘူး။ ဒီမေးခွန်းတွေကို ဖြေဆိုနိုင်ဖို့ ခက်တယ်။ နင် ကိုယ့်အပိုင်းကိုပဲ ကိုယ်လုပ်ပါ။” ဟု လင်းချင်းဟယ်က ပြောသည်။


ညီအစ်ကိုနှစ်ယောက်သည် သူတို့အဖေ၏ လုပ်ငန်းခွင်သို့ သွားရောက်ကူညီပေးရန် အပြင်မထွက်မီ တစ်နာရီကျော်ကြာ အရင်ဆုံး လေ့လာခဲ့ရသည်။


လင်းချင်းဟယ်အတွက်တော့ သူမဟာ အိမ်နောက်ဖေးကို စတင်သန့်ရှင်းရေး လုပ်ခဲ့သည်။ သန့်ရှင်းရေး လုပ်ပြီးတာနဲ့ စာအုပ်တစ်အုပ်ကို ကိုင်ပြီး ဖတ်နေခဲ့သည်။ သူမ ရှန်ဟိုင်းကို သွားစဥ်အခါက စာအုပ်ကောင်းလေးတွေ ဝယ်ယူလာခဲ့သည်။