အခန်း (၂၆၈) - မသတီစရာကောင်းသောသူ
အဆင့်ကောင်းများသည် မမျှော်လင့်ဘဲ ဆိုင်းမဆင့် ဗုံမဆင့် ရရှိလာခြင်း မဟုတ်ပေ။ သူမသည် သေသေချာချာ ဂရုတစိုက် စာလေ့လာခဲ့ရသည်။
ထိုအချိန်တွင် အမေကျိုး ပြန်ရောက်လာသည်။ သူမ ရေသောက်ရန် ပြန်လာသောအခါ ခြံဝင်းထဲ၌ လင်းချင်းဟယ် စာကျက်နေသည်ကို တွေ့လိုက်ပြီး သူမ(လင်းချင်းဟယ်)အား မနှောင့်ယှက်လိုက်ပေ။
နေလှန်းသည့်နေရာသို့ သူမ ရောက်သွားသည့်နှင့်တစ်ပြိုင်နက် သူမ၏ သူငယ်ချင်းများကို ပြောလိုက်သည်။ “ လောင်စန်းရဲ့အမေက တကယ့်ကို ကြိုးစားတာပဲ။ အခုလည်း အိမ်မှာ စာလေ့လာနေတယ်။ ကျောင်းမှာပဲ ဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် သူမက ကြိုးစားအားထုတ်မှုကို မလျှော့ချခဲ့ဘူး “
ထို့နောက် သူမ၏ မိတ်ဟောင်းဆွေဟောင်းများက ချီးကျူးစကားများဖြင့် တုံ့ပြန်ကြသည်။
“ဒီတစ်ခေါက် သူမ ပြန်လာတော့ ကိုယ်အလေးချိန် တော်တော်ကျသွားတယ်။ သူမရဲ့မေးရိုးက ချွန်လာတယ် “ အမေကျိုးက ဆက်ပြောသည်။
“နင်တို့အိမ်မှာ ကြက်တွေအများကြီး ရှိတာပဲ။ လောင်တအမေကို အာဟာရပြည့်ဝပြီး အားရှိအောင် ကျွေးသင့်တယ်။” ဟု အဘွားကြီးတစ်ဦးက ပြောသည်။
“အာဟာရဖြည့်စွက်စာတွေ ကျွေးရမယ့်အချိန် ရောက်နေပြီ။ ပြောရရင် ချင်းပိုင်ရဲ့အမေ… နင်က အရမ်းကံကောင်းတာပဲ။ အခုဆိုရင် အနီးအနားပတ်ဝန်းကျင်မှာ ချင်းပိုင်ရဲ့အမေကို မနာလိုအားမကျတဲ့သူ ဘယ်သူရှိလဲ။ အရင်က အံ့အားသင့်စရာကောင်းတဲ့ သား ရှိတယ်… အခုကျတော့ ချွေးမရှိပြန်ပြီ။” နောက်ထပ် အဘွားအိုတစ်ယောက်က မှတ်ချက်ပေးသည်။
လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဝင့်ခွင့်စာမေးပွဲ အောင်ခဲ့သော အခြားကောလိပ်ကျောင်းသား/သူများ ရှိခဲ့သော်လည်း နည်းပါးနေသေးသည်။ ထို့အပြင် မြို့တော်ရှိ တက္ကသိုလ်သို့ မည်သူမျှ ဝင်ခွင့်မရရှိခဲ့ပေ။
ဤသတ္တမမြောက်သည် အမှန်တကယ်ပင် ကြီးပွားအောင်မြင်သည်ဟု ဆိုရပေမည်။
သတ္တမမြောက်က အဖေကျိုးဖြစ်သည်။ ကျိုးကျားရွာရှိ ဤမျိုးဆက်များထဲတွင် အဖေကျိုးသည် အဆင့်ခုနစ် ဖြစ်သည်။
အမေကျိုးသည် ရယ်မောပြီး သူတို့နှင့် စကားစမြည်ပြောနေသည်။ သူတို့သည် ဇွဲရှိရှိဖြင့် စာကြိုးစားနေသော လင်းချင်းဟယ်၏အကြောင်းအား ပြောဆိုနေကြသည်။
လင်းချင်းဟယ်၏စိတ်ထဲတွင် အခြား ဘာမျှမရှိချေ။ စာကြောင်းများကို ကျက်မှတ်ကာ သဒ္ဒါနှင့် အကျွမ်းတဝင်ဖြစ်အောင် လုပ်ပြီးမှ အလွတ်ချရေးကြည့်နေသည်။
ရထားပေါ်မှာတောင် သူမက ထိုအတိုင်းပင် ဖြစ်သည်။
ဆယ်နာရီခွဲသွားသောအခါ ချက်ပြုတ်ရန်အချိန် ကျရောက်လာပြီ။ ထိုအခါမှသာ လင်းချင်းဟယ်က အလုပ်စလုပ်သည်။
ဝက်အူကို ဟင်းသီးဟင်းရွက်ဆားစိမ်အနည်းငယ်ဖြင့် ရောကြော်လိုက်သည်။ ဤသမားရိုးကျဟင်းလျာကို ဘယ်တော့မှ မငြီးငွေ့နိုင်ပါဘူး။
ဝက်ဗိုက်သားကို လက်ချောင်းအရွယ်လောက် လှီးဖြတ်လိုက်သည်။ ၎င်းကို အသုပ်အဖြစ် ပြင်ဆင်လိုက်ပြီး အလွန် အရသာရှိသည်။
နောက်တစ်ခုက ဝက်သားနှပ် ဖြစ်သည်။
သူမက ဝက်သားအများကြီး ဝယ်ခဲ့သည်။ ဒီလိုရာသီဥတုမျိုးမှာ တာရှည်ခံအောင် မလုပ်နိုင်သည့်အတွက် တော်တော်များများကို ချက်လိုက်သည်။ ကျန်တာကိုတော့ ဆားနယ်ထားလိုက်သည်။
အမေကျိုးသည် ထမင်းစားရန် အိမ်ပြန်လာသည်။ တခြားသူတွေကိုတော့ အဆင်သင့် ဖြစ်သောအခါ လင်းချင်းဟယ်က သွားပို့ပေးသည်။
ကျိုးချင်းပိုင်၊ အဖေကျိုးနှင့် ကောင်လေးနှစ်ယောက်သည် မောပန်းနွမ်းနယ်နေကြသည်။
လင်းချင်းဟယ်က အဖေကျိုးကို ပြောလိုက်သည်။ “အဖေ… မြန်မြန်စားလိုက်ပါ…။ ပဲတီစိမ်းယာဂုကို နောက်မှ ထပ်စားလိုက်ပါ။ ကျွန်မ ယာဂုကို အအေးခံထားလိုက်မယ်“
“ကောင်းပြီ။” အဖေကျိုးက ဒီအသက်အရွယ်ပင် ရှိနေပြီ။ ကံကောင်းထောက်မစွာဖြင့် သူ့ခန္ဓာကိုယ်က ကျန်းမာနေခဲ့သည်။
ပြီးလျှင် သူကလည်း ခဏခဏ အနားယူသည်။ ထို့ကြောင့်သာ သူ အလုပ်ဆက်လုပ်နိုင်ခြင်း ဖြစ်သည်။
လင်းချင်းဟယ်သည် သူတို့ကို ထမင်းစားပြီးသည်နှင့် သစ်ပင်အောက်မှာ နားနားနေနေ နေခိုင်းကာ ပြောလိုက်သည်။ “အလုပ်ထဲ ပြန်မသွားခင် ခရာသံကို စောင့်နားထောင်လိုက်ဦး။ ဒီရာသီဥတုနဲ့ဆို မိုးမရွာနိုင်ဘူး။“
ကောင်းကင်ကြီးက တိမ်မြူကင်းစင်နေသည်။ တောက်ပပြီး နေသာမည်ဆိုတာ သိသာထင်ရှားပါသည်။
လင်းချင်းဟယ်က အကြာကြီး မနေပါဘူး။ ပန်းကန်များကို သိမ်းဆည်းထုပ်ပိုးပြီးနောက် သူမ အရင် ပြန်လာခဲ့သည်။
ညစာအဖြစ် ညနေခင်းတွင် ချက်ပြုတ်ရန် မတ်ပဲအချို့ကို စိမ်ထားသည်။ ဒီလိုရာသီဥတုမျိုးကို ဘယ်သူက ဘယ်လို ရပ်တည်ခုခံနိုင်မှာလဲ။
ညနေခင်း အိမ်ပြန်လာချိန်တွင် ကျိုးချင်းပိုင်သည် ဆူဖြိုးသော ယုန်တစ်ကောင်ကို ဆုပ်ကိုင်လာခဲ့သည်။
၎င်းကို ဂျုံခင်းထဲမှာ ဖမ်းမိခဲ့သည်။ အသားဆူဖြိုးနေမည်မှာ သိသာပေသည်။
သေချာတာပေါ့… ထိုယုန်ကို ယုန်သားနှပ်အဖြစ် ချက်ရလိမ့်မည်။
ယခုနွေရာသီ ရိတ်သိမ်းချိန်တွင် အမေကျိုးသည် လင်းချင်းဟယ်၏ ခန္ဓာကိုယ်ကို အာဟာရဖြစ်စေရန်အတွက် ကြက်တစ်ကောင်ကို သတ်ရန် ကျိုးချင်းပိုင်အား စေခိုင်းလိုက်သည်။
လင်းချင်းဟယ်က မတားလိုက်ပေ။ သို့ဖြစ်စေကာမူ တစ်မိသားစုလုံး အတူတကွ စားကြသည်။
နွေရာသီ ကောက်ရိတ်သိမ်းပြီးသွားသောအခါ လူတိုင်း သက်ပြင်းချလိုက်ကြသည်။
လင်းချင်းဟယ်က သူမ၏ကောက်ပဲသီးနှံများကို ပြန်မရောင်းတော့ပေ။
ကောက်ပဲသီးနှံများကို ပြန်ရောင်းခြင်းဖြင့် ရရှိသော ငွေအနည်းငယ်ကို သူမ တောင့်တခြင်း မရှိပေ။ ကြိုးစားအားထုတ်မှုကို မဆိုထားနှင့်… အခြေအနေတွေ အများကြီး တိုးတက်လာလျှင်တောင် အန္တရာယ်ရှိနေဆဲပင်။
ဟိုင်မြို့မှ ပြန်သယ်လာခဲ့သော ပစ္စည်းတွေက ဒီထက်မက ငွေပိုရနိုင်သည်။
ထို့ကြောင့် သူမ နောက်ထပ် မလုပ်ချင်တော့ဘူး။ လင်းချင်းဟယ်သည် ဤပူပြင်းသော ရာသီဥတုတွင် ပျင်းရိနေသည်။
ဒါပေမယ့် လယ်သမားတွေ အထူးသဖြင့် ဒီခေတ်ကလူတွေအတွက်က တကယ်တော့ မလွယ်ကူလှပေ။ နွေရာသီ ရိတ်သိမ်းပြီးနောက်တွင် သူတို့သည် ဘာမှလုပ်စရာမရှိ အားနေပြီဟု မဆိုနိုင်ပေ။
ကောက်ပဲသီးနှံများကို ရိတ်သိမ်းပြီးနောက်တွင် နောက်ရာသီအတွက် ကောက်ပဲသီးနှံကို စိုက်ပျိုးရန် လယ်ကွက်ကို ထွန်ယက်ရမည့်အချိန်ပင် ဖြစ်သည်။
ကျိုးချင်းပိုင်သည် ညနေခင်းတွင် ပြန်ရောက်လာသည်။ အိမ်ရှိစားစရာများသည် အလွန်ရိုးရှင်းသော်လည်း အလွန်လတ်ဆတ်ကာ အရသာလည်း ရှိသည်။
ဂေါ်ဖီနှင့် ကြက်ဥဆားစိမ်တို့ကို ယာဂုနှင့် တွဲဖက်ကာ ပြင်ဆင်ထားသည်။ ရိုးရှင်းပေမယ့် အရသာကတော့ ထိပ်တန်းပါပဲ။
နွေရာသီမှာ ဘာမှ ထွေထွေထူးထူး လုပ်စရာ မလိုပါဘူး။ အပူဒဏ်က အစာစားချင်စိတ်ကို လျော့ပါးလွင့်ပျောက်စေသည်။
ညချမ်းအချိန်အခါတွင် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့သည် ရေသွားကူးကြသည်။
လင်းချင်းဟယ်သည် ကျောက်တုံးပေါ်တွင် ထိုင်ကာ ခြေထောက်ကို စိမ်လိုက်သည်။ ကျိုးချင်းပိုင် တစ်ယောက်တည်း ရေထဲဆင်းသွားသည်။ သူက ရေကူးတာကို အရမ်းကြိုက်ပြီး သုံးရက်တစ်ခါ ရေလာကူးတတ်သည်။
နာရီဝက်ကျော်ကြာအောင် ရေကူးပြီးနောက် လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို အိမ်ပြန်ကြရန် တိုက်တွန်းပြောဆိုလိုက်သည်။
ကျိုးချင်းပိုင်က လိုက်လျောစွာ ရေထဲမှတက်လာသည်။ တစ်ယောက်မှ မရှိသောကြောင့် အတွင်းခံဘောင်းဘီတစ်ထည်ကို ပြောင်းဝတ်လိုက်သဖြင့် စိုစွတ်ပြီး သက်တောင့်သက်သာ မဖြစ်ခြင်းကို မခံစားရတော့ပေ။ ပြီးလျှင် သူ အိမ်ပြန်ပြီး အိပ်လိုက်ရုံပင်။
လင်းချင်းဟယ်သည် မျက်တောင်မခတ်ဘဲ သူ့ကို ကြည့်နေသည်။ ကျိုးချင်းပိုင် မော့ကြည့်လိုက်သောအခါ ထိုအခြင်းအရာကို သတိထားမိလိုက်သည်။ သူ့နှုတ်ခမ်းထောင့်စွန်းက အနည်းငယ် ကွေးညွှတ်သွားသည်။ သူ့ဇနီးကို စူးစူးစိုက်စိုက် ပြန်ကြည့်လိုက်သည်။
လင်းချင်းဟယ်က မျက်လုံးပြူးသွားသည်။ သူမသည် ချင်းပိုင်၏မျက်လုံးများမှ စကားကို ဖတ်ရှုအဓိပ္ပါယ်ဖော်လိုက်သည် - ကိုယ်တို့ အိမ်ပြန်ရောက်တဲ့အထိ စောင့်ကြတာပေါ့။ ပြီးမှ ကိုယ် မင်းကို ကောင်းကောင်း ကြည့်ခွင့်ပေးမယ်။
လင်မယားနှစ်ယောက်သည် အိမ်အပြန်လမ်းတွင် ရှိနေကြသည်။ ညဉ့်နက်သန်းခေါင်မှာ ခိုးကြောင်ခိုးဝှက်နဲ့ တောင်အနောက်ဘက်သို့ လျှောက်သွားနေသော လူတစ်ယောက်ကို သူတို့ သတိထားမိလိုက်သည်။
“အဲဒါက စတုတ္ထမြောက်မာလူငယ် မဟုတ်လား။” လင်းချင်းဟယ်က အံသြတကြီးဖြင့် ရေရွတ်လိုက်သည်။ “ဒီလောက်နောက်ကျနေမှ ဘာသွားလုပ်မလို့လဲ။”
“ဝမ်လင်းကို လိုက်ရှာနေတာ။” ကျိုးချင်းပိုင်က မစဉ်းစားဘဲ ရိုးရိုးရှင်းရှင်း ပြန်ဖြေလိုက်သည်။
ထိုမှသာ ဝမ်လင်သည် စတုတ္ထမာလူငယ်နှင့် အတူတူ ရှိနေကြောင်းကို တတိယမာအစ်ကို သိသွားသည့်အကြောင်းအား လင်းချင်းဟယ် ပြန်သတိရလိုက်သည်။ နောက်ပိုင်းမှာတော့ သူမနှင့် ကျိုးဟယ်တို့သည် ဝေဖန်မှုများကို ခံခဲ့ရသည်။
“သူတို့နှစ်ယောက်က အခုထိ အဆက်အသွယ် ရှိကြဦးမယ်လို့ မထင်ထားခဲ့ဘူး။” လင်းချင်းဟယ်က ပြန်ဖြေသည်။
ကျိုးချင်းပိုင်က ဘာမှပြန်မပြောပေ။
ဝမ်လင်း၏ ဂုဏ်သတင်းသည် ယခုအခါတွင် ဆိုးဝါးလှသည်။ သူ့ဇနီးကို မပြောပြခဲ့သည်မှာ ဝမ်လင်းသည် သူ့ဆီတောင် တစ်ကြိမ် ရောက်လာပြီး အထီးကျန်နေလျှင် ညဘက်ဆော့ကစားရန် သူမ၏နေရာသို့ လာနိုင်ကြောင်း ပြောသွားသည့်အကြောင်းပင်။ သူမက သူ့ထံမှ ပိုက်ဆံ တောင်းလိမ့်မည် မဟုတ်ပေ။
ပြောစရာမလိုအောင်ပင် ကျိုးချင်းပိုင်က ၎င်းကို လျစ်လျူရှုထားလိုက်သည်။ သူ တကယ့်ကို စက်ဆုပ်ရွံရှာခဲ့သည်။
ဘာမှမဟုတ်ဘဲ စိတ်ဆိုးဒေါသထွက်ခြင်းမှ သူမ(လင်းချင်းဟယ်)အား တားဆီးရန် ထိုကဲ့သို့သော အကြောင်းကို သူ့ဇနီးသည်အား မပြောပြသည်က ပိုကောင်းသည်။
လင်မယားနှစ်ယောက်သည် အိမ်ပြန်ရောက်သောအခါ ချစ်စခန်းထကြသည်။ ထို့နောက် အိပ်ပျော်သွားကြသည်။
နောက်တစ်နေ့တွင် လင်းချင်းဟယ်သည် တတိယမရီးနေရာသို့ ရောက်ရှိလာသည်။
သူမ ဒီမှာရှိနေစဉ်တွင် သူမသည် ဝမ်လင်းအကြောင်းကို အာရုံစိုက်ခဲ့သည်။
အာရုံစူးစိုက်မှုဟု ဆိုသော်လည်း အမှန်တကယ်မှာ စမ်းသပ်မှုတစ်ခုပင် ဖြစ်သည်။ သူမက အိမ်မှာ မရှိဘူး။ ဒါ့အပြင် သူမ၏ ချင်းပိုင်က ယောကျ်ားပီသသောသူ တစ်ယောက် ဖြစ်သည်။ အရပ်ရှည်ပြီး ကြည့်ကောင်းသောမျက်နှာ ရှိသည်။ အသားညိုသော်လည်း ယောက်ျားဆန်ပြီး ပိုမိုရုပ်ဖြောင့်ဟန်ပေါ်နေသည်။
လင်းချင်းဟယ်က ကျိုးချင်းပိုင်အပေါ် ယုံကြည်သည်မှာ သံသယဖြစ်စရာမလိုပေ။ ဒါပေမယ့် ဒါက သူမ ဝမ်လင်းကို ယုံကြည်သည်ဟု မဆိုနိုင်ပေ။
တတိယမရီးဖြစ်သူက ရယ်မောပြီး ပြောလိုက်သည်။ “နင်က ဒါကို စိတ်ပူနေသေးတယ်။ စတုတ္ထမတ်က မျက်ကန်းမဟုတ်ဘူးလေ။ သူက သူမကို ဘယ်လိုကြည့်နိုင်မှာလဲ။”
လေးပါတီကွန်မြူနစ်အဖွဲ့အစည်း ပြိုကွဲသွားပြီး သူမကို ဘယ်သူမှ အပြစ်ရှာ မဝေဖန်နိုင်တော့သဖြင့် ဒီမသတီစရာကောင်းသော ဝမ်လင်းသည် လတ်တလောတွင် တောင်အနောက်ဘက်၌ နေထိုင်နေသည်။
သူမသည် ပို၍ပင် ယုတ်မာရိုင်းစိုင်းလာသည်။ အချို့သော မလျော်ကန်သည့် အမာခံအမျိုးသားများကို သူမက သွေးဆောင်ဖြားယောင်းခဲ့သည်။
“နင် မသိသေးဘူး… စတုတ္ထမာက ခဏခဏ သွားတတ်တယ်။ သူ့မိန်းမက အဲကိစ္စနဲ့ ပတ်သက်ပြီး သူနဲ့ မကြာခဏ ရန်ဖြစ်တတ်တယ်။ တခြားရွာက လူတွေလည်း ရှိသေးတယ်။ တောင်အနောက်ဘက်မှာ ညစ်ညမ်းတဲ့လေထုနဲ့ ပြည့်နှက်နေတာ။ ငါကတော့ ဒီလို အကျင့်စာရိတ္တ ဖောက်ပြန်တဲ့လူကို တစ်ခါမှ မတွေ့ဖူးဘူး။ အခုမှသာ ဒီလိုဖြစ်နေတာ။ ဟိုအရင်ကလိုဆိုရင် သူမ သေတဲ့အထိ အပြစ်တင်ဝေဖန်ခံနေရမှာ။” တတိယမရီးက စက်ဆုပ်စွာ ပြောသည်။
“သူမက ကျွန်မရဲ့ ချင်းပိုင်ကို တကယ်ပဲ လာပြီး မဖြားယောင်းဘူးလား။” လင်းချင်းဟယ်က မေးသည်။
“စိတ်မပူပါနဲ့။ ငါတို့အားလုံး စောင့်ကြည့်နေတယ်။ စတုတ္ထမတ်က နင့်ကို သူရဲ့အသည်းနှလုံးလို့ မှတ်ယူထားတာ။ အရင်တစ်ခေါက် မိုးသည်းသည်းမဲမဲ ရွာတုန်းက နင်နဲ့တွေ့ရဖို့ သူ တကူးတက ခရီးထွက်သွားခဲ့တဲ့အကြောင်းကို မသိတဲ့သူ ရွာထဲမှာ ဘယ်သူရှိလဲ။” တတိယမရီးက ရယ်မောကာ ပြောလိုက်သည်။
လင်းချင်းဟယ်သည် ထိုစကားကို ကြားပြီးနောက် စိတ်သက်သာရာရသွားသည်။