အခန်း (၂၈၇) - မုဆိုးဖိုနှင့်လက်ထပ်
ဆိုရလျှင် ကျန်းမေ့ဟယ်က ဤတစ်ကြိမ် အမှားကြီး လုပ်မိခြင်း ဖြစ်သည်။
သူမက သူမကိုယ်သူမ ပိုတွေးမိရုံသာမက ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့ကြားရှိ ဆက်ဆံရေးကိုလည်း လျှော့တွက်မိလေသည်။
ထိုအဆောက်အဦးရှိလူတိုင်းသည် ဆရာမလင်းနှင့် သူ့အိမ်ထောင်ဖက်အကြားတွင် ကောင်းမွန်သောဆက်ဆံရေး ရှိကြောင်း သိကြပေသည်။ မည်သို့ မကောင်းမွန်ရမည်နည်း။ သူတို့တွင် သားသုံးယောက်ရှိသည်။ ဆရာမလင်းသည် နေရာရရှိပြီး မကြာမီတွင် သူ့ခင်ပွန်းနှင့် သားများကို ခေါ်ဆောင်လာခဲ့သည်။ ယင်းက ရှင်းလင်းရန် လိုအပ်သေးသည်လော။
၁၉၈၀ခုနှစ်များ ဖြစ်သေးသဖြင့် လမ်းပေါ်တွင် မည်သည့်အတွဲကမှ လက်ကိုင်ခြင်း မရှိကြပေ။
ထည့်ပေါင်းဆိုရလျှင် လင်းချင်းဟယ်က ပေကျင်းတက္ကသိုလ်မှ အင်္ဂလိပ်ဆရာမ ဖြစ်ပြီး ကျိုးချင်းပိုင်က ကိုယ်ပိုင်အလုပ်လုပ်သူ ဖြစ်သည်။ သူ့ရဲ့ အထောက်အထားက အနည်းငယ် မှားယွင်းနေသလို ဖြစ်နေသည်။
ထို့နောက် သူမ(ကျန်းမေ့ဟယ်)က ထင်ယောင်ထင်မှား ဖြစ်သွားသည်။
သို့သော်ငြား လင်းချင်းဟယ်က သူမကို ရက်ရက်စက်စက် တိုက်ခိုက်လိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးက သူမအကြောင်း ပြောဆိုကြတော့၏။
ကျန်းမေ့လျန် အပြင်မှ ပြန်လာသောအခါ သူမက ရှက်ရွံ့ပြီး ဒေါသထွက်တော့သည်။
“အစ်မ နင်က အရှက်မရှိဘူး။ ငါတို့ လူတွေကို ဘယ်လို မျက်နှာချင်းဆိုင်မလဲ။ နင်က တအားကို စိတ်အားထက်သန်နေတာလား။ နင်က အဲဒီလူကို ရှာဖို့ သူ့ဆိုင်ကိုတောင်မှ သွားတယ်။ အခုတော့ကောင်းရော၊ အဲဒီလူရဲ့မိန်းမနဲ့ ထိပ်တိုက်တိုးလာခဲ့တယ်” ကျန်းမေ့လျန်က အံကြိတ်လိုက်သည်။
အခုအခြေအနေမျိုးဖြင့် သူမအပေါ်တွင် ကျိုးခိုင်က မည်သို့ အကောင်းမြင်တော့မည်နည်း။
ကျန်းမေ့ဟယ်ကလည်း ဒေါသ ထွက်နေသည်။ သူမညီမလေးကို မည်သို့ ကောင်းကောင်း ဆက်ဆံနိုင်တော့မည်နည်း။ သူမက တွန်းထုတ်လိုက်ပြီး ပါးရိုက်လိုက်သည်။ “ငါက ဒီလိုတောင် အပြောခံနေရပြီ။ နင်က အပြင်ကလူတွေအတိုင်း ငါ့ကို အပြစ်တင်နေသေးတယ်”
“နင်က အရှက်မရှိဘဲ အိမ်ထောင်သည်ယောက်ျားကို သွေးဆောင်ပြီးတော့ ငါ့ကို ဘယ်လိုတောင် ရိုက်ရဲတာလဲ။” ကျန်းမေ့လျန်က အရူးအမူး ပြောတော့သည်။
အစတည်းက သူမသည် ကျိုးခိုင်၏အဖေကို သူမအစ်မမှ သွေးဆောင်မည်ကို ခွင့်မပြုခဲ့ပေ။ သူတို့သာ အဆင်ပြေသွားပါက သူမက ကျိုးခိုင်၏မရီး ဖြစ်လာလိမ့်မည်။ ကျိုးခိုင်နှင့် သူမက မည်ကဲ့သို့ ဖြစ်နိုင်တော့မည်နည်း။
တစ်ခဏအတွင်း ကျန်းမေ့လျန်နှင့် သူ့အစ်မတို့ နှစ်ယောက်သား ရန်ဖြစ်လုံးထွေးသတ်ပုတ်ကြတော့၏။
အမျိုးသမီးကျန်းနှင့် သူ့ချွေးမ ပြန်လာသောအခါ သူတို့က ပြင်းထန်စွာ ရန်ဖြစ်နေခဲ့ကြသည်။
“ရပ်စမ်း၊ အားလုံး ရပ်ကြစမ်း” အမျိုးသမီးကျန်းက ဒေါသတကြီး အော်ဟစ်တော့သည်။
ထို့နောက် ညီအစ်မနှစ်ယောက်က လွှတ်လိုက်ကြသည်။
“အမေ ငါက ဒီလိုတောင် ဖြစ်နေပြီ။ ကျန်းမေ့လျန်က ကျွန်မကို မကောင်းစေချင်နေဘူး။ သူမက ပြန်လာပြီးတော့ ငါ့ကို ရင်ဆိုင်တော့တာပဲ။ ငါက အစ်မကြီးဖြစ်မှတော့ ငါ သူ့ကို မသင်ပေးလို့ မရဘူး” ကျန်းမေ့ဟယ်က ပြောသည်။
“နင်က ငါ့အစ်မကြီး ဖြစ်ဖို့ ထိုက်တန်လို့လား။ နင်က အကောင်း၊အဆိုး ဘာလဲဆိုတာတောင် မသိဘူး။ နင်က ကလေးတောင် မမွေးနိုင်ဘူး။ နင့်ကိုယ်နင် မိန်းမတစ်ယောက်လို့ သတ်မှတ်လို့ ရလို့လား”
ကျန်းမေ့လျန်က ပြန်ပြောသည်။
ကျန်းမေ့ဟယ်က တစ်ဟုန်ထိုး တိုက်ခိုက်လုနီးပါး ဖြစ်သွားသည်။
ထိုစကားက သူမကို သံသယမရှိ စူးစိုက်ဝင်သွား၏။ ထိုစဉ်က သူမသည် ကလေးဖျက်ချခဲ့ပြီးနောက် အနားမယူခဲ့ရဘဲ ကျေးလက်သို့ တိုက်ရိုက်သွားခဲ့သည်။
ထိုအချက်ကြောင့် သူမတွင် အဖျားရောဂါ အမြစ်စွဲသွားပုံရသည်။ သူမက ကျေးလက်တွင် လူတစ်ယောက်နှင့် လက်ထပ်ခဲ့သော်လည်း နှစ်အတော်ကြာသည်အထိ ကလေးမရခဲ့ပေ။
မဟုတ်ပါက သူမက ထိုမျှမြန်မြန် ချန်ထားခံရပြီး ကွာရှင်းခံရမည်နည်း။ ကျေးလက်တောသားက သူမကိုယ်ဝန်မဆောင်နိုင်သည်ကို အထင်အမြင်သေး၍ မဟုတ်ပါလော။
ကျိုးချင်းပိုင်၏ သန်မာမှုနှင့် အိပ်ရာပေါ်မှ လုပ်ဆောင်နိုင်စွမ်းကို စိတ်ကူးယဉ်မိတာအပြင် လင်းချင်းဟယ်၏ ခင်ပွန်းကို မြူဆွယ်လိုသည့် နောက်ထပ် အကြောင်းအရင်းမှာ သူ့ထံတွင် သားသုံးယောက် ရှိနေ၍ ဖြစ်သည်။
သားသုံးယောက်နှင့် ဆိုလျှင် သူမက ကလေးထပ်မွေးဖို့ မလိုတော့ချေ။ သူတို့သာ တစ်ခုခု ပြောချင်ပါက သူမက လင်ပါသားများကို ကောင်းကောင်းဆက်ဆံသည်ဟု ဆင်ခြေပေး၍ ရသည်။ သူမက သူတို့ကို ကောင်းကောင်း ဆက်ဆံပြီး သူတို့ကို နာကျင်ခိုင်းမည်မဟုတ်ချေ။
အံ့ဩဖို့ကောင်းသော သူမကို မည်သူက မချီးကျူးဘဲ နေမည်နည်း။
နောင်တွင် ထိုသားသုံးယောက်က အသက်ကြီးလာသော သူမကို အထောက်အပံ့ပေးမည်။ ယခု ကြီးပြင်းနေပြီဖြစ်သော်လည်း မွေးကျေးဇူးနှင့် ပြုစုစောင့်ရှောက်သည့် ကျေးဇူးက နှိုင်းယှဉ်၍ မရချေ။ ဘာကိုများ စိတ်ပူပန်နေရအုံးမည်နည်း။
အရာအားလုံးကို ကောင်းမွန်စွာ တွေးတောထားခဲ့၏။ နောက်ဆုံးတွင် လင်းမျိုးရိုးသည် အလွန်မာနကြီးပြီး သူမဘာသာ ထွက်သွားလိမ့်မည်။
မထင်မှတ်ထားဘဲ သူမက ပြောဆိုတတ်သောလူဖြစ်ကာ သူမကို ကြမ်းတမ်းစွာ ပြောဆိုခဲ့သည်။ အရေးကြီးဆုံးမှာ သူမ၏အားနည်းချက်ကိုပင် တိုက်ခိုက်ခဲ့၏။
လင်းချင်းဟယ်၏ ကောက်ချက်ချမှုများသည် ကလေးမရှိခြင်းဖြစ်ကာ ယင်းက သူမ၏အားနည်းချက်ကို ထိခိုက်သွားခဲ့သည်။
သူမက လင်းချင်းဟယ်ကို မတိုက်ခိုက်နိုင်သော်လည်း သူမက သူမညီမကို ရိုက်နိုင်သေးသည်။
ညီအစ်မနှစ်ယောက် ထပ်မံ တိုက်ခိုက်တော့မည် မြင်သောအခါ အမျိုးသမီးကျန်းက မျက်နှာနည်းဖြင့် ပြောလိုက်သည်။ “နင်တို့ ဘယ်လောက်ကြာကြာ ဆက်ရန်ဖြစ်နေမှာလဲ”
“ဟုတ်တယ်။ အစ်မကြီး နင့်ညီမရဲ့ စကားကြမ်းတွေကို စိတ်ထဲထားမနေနဲ့။ အခု တို့ပတ်ဝန်းကျင်မှာ အားလုံးက ပြန့်နေပြီ။ အမေနဲ့ငါ တက်လာတုန်းက ငါတို့ကြားခဲ့တယ်။ တချို့ကဆို နင် ကလေးမွေးနိုင်ရဲ့လားလို့ လာမေးတယ်။ သိပ်ရှက်ဖို့ကောင်းတာပဲ” မစ္စကျန်းက ပြောသည်။
ကျန်းမေ့ဟယ်၏ မျက်လုံးများက ဒေါသကြောင့် နီရဲသွားသည်။ “ဒါတွေအားလုံးက ခွေးမလင်းရဲ့ အမှားတွေပဲ”
“အစ်မကြီး မင်း ငါပြောတဲ့စကားကြမ်းတွေကို မပြောနဲ့။ အမေနဲ့ငါက အငယ်ဆုံးညီမနဲ့ကျိုးခိုင်ရဲ့ကိစ္စကို သဘောတူပြီးသား။ ပြီးတော့၊ နင်... တခြားလူရဲ့ယောက်ျားကို မြူဆွယ်မဲ့ကိစ္စကိုတော့ ငါ တကယ် သဘောမတူဘူး။ ဆရာမလင်းက နင် ယှဉ်နိုင်တဲ့သူ မဟုတ်ဘူး။ ထပ်မတွေးနဲ့တော့” မစ္စကျန်းက ပြောလိုက်သည်။
“နင်... နောက်ဆုံးတစ်ကြိမ်တုန်းက နင် ပြောခဲ့တာက...”
ကျန်းမေ့ဟယ်စကား မဆုံးသေးမီ သူမရဲ့ အစွမ်းထက်တဲ့ ယောက်မဖြစ်သူက စကားဖြတ်ပြောလိုက်သည်။
“နောက်ဆုံးတစ်ကြိမ်တုန်းက နင့်ကို ငါက နှစ်သိမ့်ပေးလိုက်တာ။ နင်က အဲဒီလူကို ရှာဖို့အတွက် သူ့ဆိုင်ကိုတောင် လျှောက်သွားလိမ့်မယ်လို့ ဘယ်သူ သိမလဲ။ အခု အစ်မကြီးကြောင့်နဲ့.. တစ်မိသားစုလုံးက ခေါင်းငုံ့နေရပြီ။ ငါ့စိတ်ထင်တော့ စောစော လက်ထပ်ပြီးတော့ ညီမလေးရဲ့ဆန္ဒကို ဖြည့်ပေးသင့်တယ်”
“ယောက်မ၊ သူမကို မိတ်ဆက်ပေးပြီးတော့ မြန်မြန်လက်ထပ်ပေးဖို့ လူရှိတာလား” ကျန်းမေ့လျန်က ဝင်ပြောလိုက်သည်။
“တကယ်တမ်းတော့ ရှိတယ်။ ငါ့အမေဘက်မှာ မုဆိုးဖိုတစ်ယောက် ရှိတယ်။ သူက သိပ်ကို သန်မာတာ။ ရှင်းရှင်းလင်းလင်းကို မင်းအကြိုက်ပဲ အစ်မကြီး။ ပိုအရေးကြီးတာက သူ့မှာ ငယ်သေးတဲ့ သားတစ်ယောက်နဲ့ သမီးတစ်ယောက် ရှိတယ်။ ကျိုးမိသားစုထက် အခြေအနေ ပိုကောင်းတယ်။ တကယ်လို့ မင်း လက်ထပ်ပြီးရင် ပိုကောင်းတဲ့ဘဝကို ရမှာ” မစ္စကျန်းက ပြောသည်။
ထိုစကားများကြောင့် အမျိုးသမီးကျန်းက ထိရှသွားပြီး မြန်မြန် မေးလိုက်သည်။
“အဲဒီလူရဲ့မိသားစုအခြေအနေက ဘယ်လိုလဲ”
“သူက ကျောက်မီးသွေးတွင်းမှာ အလုပ်လုပ်တယ်။ နောင်မှာ ငါတို့ ကျောက်မီးသွေးသုံးဖို့က ပိုကောင်းလာမှာ။ သူ့လခက ယွမ်၅၀ ဒါမှမဟုတ် အဲ့ထက် မကဘူး။ လစာတကယ်ကောင်းတယ်” မစ္စကျန်းက ပြော၏။
“နင် ဘယ်လို သိတာလဲ” ကျန်းမေ့ဟယ်က သူမနှုတ်ခမ်းကို စုဝိုင်းလိုက်သည်။
“ဒါက ဘယ်သူအတွက် ဖြစ်နိုင်မလဲ။ အစ်မကြီး ဒါက နင့်ရဲ့ လက်ကျန်ဘဝအတွက်ပဲလေ။ ဒီနှစ်မှာ နင်က ၂၇နှစ်ပဲ ရှိသေးတာ။ နင်က ငယ်သေးတယ်။ နင် တစ်ယောက်တည်း မနေသင့်တော့ဘူး။ ဒီလူရဲ့ဇနီးက ဆုံးသွားတာ တစ်နှစ်ကျော်ပြီ။ နင်တို့ လက်ထပ်ပြီးရင် နင့်ဘဝက နင်အလိုဆန္ဒရှိသလို ဖြစ်လာလိမ့်မယ်” မစ္စကျန်းက ပြန်ပြောလိုက်သည်။
အမျိုးသမီးကျန်းတို့လင်မယားတွင် ကလေးသုံးဦးရှိသည်။ အကြီးဆုံးက ကျန်းမေ့ဟယ် ဖြစ်ပြီး ဒုတိယမှာ မစ္စကျန်း၏အမျိုးသားဖြစ်သည်။ သူက မိုင်းတွင်းတွင် အလုပ်သွားလုပ်ပြီးနောက် တစ်လလျှင် တစ်ရက်သာ ပြန်လာရသည်။ အငယ်ဆုံးမှာ ကျန်းမေ့လျန် ဖြစ်၏။
ကျန်းမေ့ဟယ်က ကျိုးချင်းပိုင်အား ဖျားယောင်းရန် ယုံကြည်မှုရှိနေသည်မှာ အံ့ဩစရာ မဟုတ်ပေ။ တကယ်တမ်းတွင် သူမက ကျိုးချင်းပိုင်ထက် များစွာ ငယ်ရွယ်သည်။ အမျိုးသားများက သူတို့ထက် ငယ်ရွယ်သော အမျိုးသမီးများကို ခုခံနိုင်ပါမည်လော။
ရှင်းလင်းစွာဖြင့် မဟုတ်ပေ။
ထို့ကြောင့် လင်းချင်းဟယ်က သူမ၏သေး(ဆီး)ထဲတွင် သူမဘာသာ ကြည့်ရန် ပြောခဲ့ခြင်းဖြစ်သည်။
သူမက လင်းချင်းဟယ်ထက် ငယ်သည့်တိုင် လင်းချင်းဟယ်က အမြဲတမ်း လှပသူ ဖြစ်သည်။ သူမက မြို့တော်သို့ လာပြီးနောက် ပိုလို့တောင် အသားဖြူလာသည်။
သူမက သူမအသားအရေကို အမြဲတမ်း ဂရုစိုက်သည်။ သူမ၏အသားအရေက အလွန်နူးညံ့ချောမွေ့သည်။ ညတိုင်း လင်နှင့်မယားအိမ်စာ လုပ်ကြသည့်အခါ ကျိုးချင်းပိုင်က ယင်းကို သဘောကျ၏။
လင်းချင်းဟယ်က မည်သို့ဝတ်စားပြင်ဆင်ရမည်ကိုလည်း သိသည်။
သူမနှင့် နှိုင်းယှဉ်ပါက ကျန်းမေ့ဟယ်က သူမထက် ငယ်သော်လည်း နှိုင်းယှဉ်နိုင်စရာ မရှိပေ။
သူမက လင်းချင်းဟယ်ထက် အသက်ကြီးပုံပေါ်သည်။
သူမယောက်မ၏စကားများကို ကြားပြီးနောက် ကျန်းမေ့ဟယ်က သူမနှုတ်ခမ်းကို စုဝိုင်းလိုက်သည်။ သူမက အနည်းငယ် မပျော်မရွှင် ဖြစ်သွားသည်။ သူမက အမှန်ပင် ကျိုးချင်းပိုင်ကို ကြိုက်ပေသည်။
အကြည့်တစ်ချက် တည်းနှင့်ပင် သူက အရည်အချင်းရှိမှန်း ပြောနိုင်ပေသည်။
သို့သော် ယနေ့တွင် သူမသည် လင်းချင်းဟယ်၏ အားနည်းနူးညံ့သည့် ဆရာမနှင့် မတူသော အပြုအမူကို မြင်တွေ့နိုင်ခဲ့သည်။
တုံ့ဆိုင်းသွားပြီးနောက် ကျန်းမေ့ဟယ်က ခေါင်းညိတ်လိုက်တော့သည်။