အခန်း (၂၈၈) - လျော်ကြေးလိုချင်။
ကျန်းမေ့ဟယ် လက်မထပ်မီ ရက်အနည်းငယ်အလိုတွင် လင်းချင်းဟယ်ကို ဒေါ်လေးမာက ဒီအကြောင်းအား ပြောပြခဲ့သည်။
“သူက ဒီလိုဆိုရင်တောင် သူ့ကို လိုချင်တဲ့သူက ရှိသေးတာလား” လင်းချင်းဟယ်က သူမရဲ့ အထင်အမြင်သေးမှုကို မဖုံးကွယ်ထားဘဲ ပြောလိုက်သည်။
“ကမ္ဘာကြီးမှာ လက်မထပ်နိုင်တဲ့ အမျိုးသားတွေ ရှိပေမဲ့ လက်မထပ်နိုင်တဲ့ အမျိုးသမီးဆိုတာ မရှိဘူး” ဟု ဒေါ်လေးမာက ပြင်းထန်စွာ ပြောလိုက်သည်။
ယင်းက အမှန်ပင်ဖြစ်သည်။ အမျိုးသမီးများက အနည်းငယ် ရုပ်ဆိုးသည့်တိုင် သူမက မိသားစုကို စောင့်ရှောက်နိုင်သရွေ့ လက်ထပ်ဖို့ကို စိတ်ပူဖို့ မလိုပေ။ များစွာသော အမျိုးသားများက လိုချင်ကြပေအုံးမည်။
“သူမက ကလေးမမွေးနိုင်မှာကို ကြောက်တာကတော့ အမှန်ပဲ” လင်းချင်းဟယ်က သတိပြုမိသည်။
ဖျားနာမှု အမြစ်စွဲနေခြင်းက သေချာပေါက် ဖြစ်လိမ့်မည်ဟု သူမ ခန့်မှန်းမိသည်။ မဟုတ်ပါက ကျေးလက်တွင် အိမ်ထောင်ကျစဉ်က ကလေးရခဲ့မည် မဟုတ်ပါလော။
“ဒါက မှန်တယ်။ ငါ ကြားတာတော့ အဲဒီလူက မုဆိုးဖိုတဲ့။ သူ့မှာ သားတစ်ယောက် သမီးတစ်ယောက် ရှိတယ်။ သူသာ လက်ထပ်ပြီးရင် သူက မွေးဖို့မလိုဘဲ ကလေးအမေဖြစ်သွားလိမ့်မယ်” ဒေါ်လေးမာက ပြောသည်။
“ပြီးတော့ သူက ကြီးမားတဲ့ အကျိုးရလဒ်ကို ခံစားရလိမ့်မယ်။ သူမက အခုလို ဆက်မလုပ်ဘဲ ကလေးတွေကို ကောင်းကောင်းပျိုးထောင်သရွေ့တော့ ကလေးတွေက သူမရဲ့ကြင်နာမှုကို အမှတ်ရလိမ့်မယ်” လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
ယခု သူမ လက်ထပ်ပြီးကတည်းက သူမ၏လဲကျမှုအတွက် ထိုအမျိုးသမီးကို သူမက ဆက်လက်ကန်မည်မဟုတ်၊ အထူးသဖြင့် ယင်းက အတော်ကလေး ဝေးကွာပြီး တွေ့ဆုံရန် အခွင့်အရေး နည်းပါးသည့်အခါတွင် ဖြစ်သည်။
“သူမသာ အေးအေးချမ်းချမ်း နေမယ်ဆိုမှ ထူးဆန်းနေဦးမယ်။” ဒေါ်လေးမာက လှောင်ပြောင်လိုက်သည်။
လင်းချင်းဟယ်က တစ်ခဏ အေးခဲသွားပြီးနောက် မေးလိုက်၏။ “တစ်ခုခု ဖြစ်ခဲ့ဖူးလို့လား”
“မင်း မသိဘူးလား။ အရင်နှစ်ရက်တုန်းက ငါ ကြားခဲ့တာ ရှိတယ်” ဒေါ်လေးမာက သူမကို ပြောပြသည်။
ကျန်းမေ့ဟယ်၏ နောက်ဆုံးကိုယ်ဝန်ဖျက်ချခြင်း မတိုင်မီတွင်လည်း သူမတွင် နောက်ထပ် ကိုယ်ဝန်ဖျက်ချခဲ့ဖူးသည်။ ယင်းကို သိသူ အလွန်နည်း၏။ သိသွားသူတိုင်း နှာခေါင်းမရှုံ့လိုသူ မရှိပေ။
ယင်းက မကြာသေးမီက ထုတ်ဖော်ခံလိုက်ရသည်။
သူမ၏ကလေးမမွေးနိုင်မှုကြောင့် ထုတ်ဖော်ခံလိုက်ရသည်။ သူမသည် မတူညီသော အမျိုးသားနှစ်ယောက်အတွက် ကလေးနှစ်ယောက်ကို တစ်ယောက်ပြီး တစ်ယောက် ဖျက်ချခဲ့သည်။ ယင်းက သူမ ဘာဖြစ်လို့ ကိုယ်ဝန်မဆောင်နိုင်တော့တာလဲ ဆိုသည့်အကြောင်းအရင်း ဖြစ်သည်။
ထိုသို့သော စိတ်နေသဘောထားမျိုးနှင့် သူမက နေနိုင်မည်မဟုတ်ပေ။ လက်ထပ်ပြီးနောက် သူမက အေးချမ်းစွာ နေမည်လော။
ဒေါ်လေးမာကတော့ မဖြစ်နိုင်ဟု ခံစားရသည်။
လင်းချင်းဟယ်က ခေါင်းယမ်းလိုက်သည်။ သူမက ဂရုမစိုက်ပေ။
သူမအိမ်ပြန်သောအခါ ကျန်းမေ့လျန်က ပြေးလာသည်။
“အဒေါ်၊ ကျွန်မအစ်မကြောင့် ကျွန်မ တောင်းပန်ပါတယ်။ အခု ကျွန်မအစ်မက လက်ထပ်သွားပြီ။ နောင်မှာ သူမက အရှက်ရစရာတွေကို လုပ်နိုင်တော့မှာ မဟုတ်ဘူး” ကျန်းမေ့လျန်က လင်းချင်းဟယ်ကို ပြောသည်။
လင်းချင်းဟယ်က သူမကို စိုက်ကြည့်လိုက်သည်။
“မျိုးဆက်အရ ဆိုရင်... မင်းအမေကို ငါက အဒေါ်လို့ ခေါ်ရတာ။ မင်း ငါ့ကို အဒေါ်လို့ ခေါ်တာကို ငါ လက်မခံနိုင်ပါဘူး။ ဒီကိစ္စက ကိစ္စတစ်ခုပါ။ အခု သူမက လက်ထပ်သွားပြီဆိုတော့ အတိတ်ကတော့ အတိတ်မှာပဲ ထားလိုက်တာပေါ့”
သူမက ကျန်းမိသားစုကို မည်သည့်အကြောင်းမှ မပြောလိုပေ။
စကားပြောပြီးသည်နှင့် သူမက အိမ်ထဲသို့ ဝင်လိုက်သည်။
ကျန်းမေ့လျန်က စကားပိုပြောလိုသော်လည်း သူမက တံခါးပိတ်ခံလိုက်တော့သည်။ သူမက အံကြိတ်ထားရုံသာ တတ်နိုင်သည်။ အစပိုင်းတွင် သူမက ပြန်လည်သင့်မြတ်လိုသော်လည်း မထင်မှတ်ထားဘဲ သူမက မျက်နှာသာ မပေးခံရချေ။
လင်းချင်းဟယ်က အိမ်ပြန်သွားပြီးနောက် သူမစာအုပ်ကို ဆက်ဖတ်လိုက်သည်။ ကောလိပ်ဝင်ခွင့် ဖြေဆိုကတည်းက ပေကျင်းတက္ကသိုလ်၏ ပထမဆုံးသော အင်္ဂလိပ်စာဆရာမ ဖြစ်လာသော သူမက လွယ်ကူနိုင်ပါ့မလား။
သူမသည် အချိန်တိုင်း သူမကိုယ်သူမ (ဗဟုသုတများ) အပြည့်ဖြည့်ခဲ့ရသည်။
မကြာမီတွင် လောင်အာ့နှင့် လောင်စန်းက ပြန်ရောက်လာသည်။
လင်းချင်းဟယ်က စာအုပ်ကို ခဏချလိုက်ပြီးနောက် ပြောသည်။ “စာမေးပွဲ အဖြေလွှာတွေ အမေ့ဆီ ယူလာခဲ့”
လောင်အာ့က ၎င်းကို ယူလာသည်။ သူက မြို့တော်သို့ ရောက်ကတည်းက အလွန်ကြိုးစားသည်။ ထို့ကြောင့် သူ့အဆင့်များက အလွန်ကောင်း၏။ သူက ပြောင်းရွေ့ကျောင်းသားသစ် ဖြစ်သော်လည်း သူ့အဆင့်က အတန်းထဲတွင် အတော်ဆုံး သုံးယောက်ထဲတွင် ရှိကာ ဤနှစ်အတွင်း အတော်ဆုံး ဆယ်ယောက်ထဲသို့ ဝင်သည်။
မြို့တော်တွင် ပြိုင်ဆိုင်မှုက အလွန်ကြီးမားသည်။
လောင်အာ့က လက်ရှိတွင် တိုးတက်နေသည်။ နောက်ဆုံးတစ်ကြိမ်တွင် သူက သူ့နှစ်တွင် အဆင့်၁၀ ဖြစ်သည်။ ယခုတွင် သူက ၈နှစ်သာ ရှိသေးသည်။ သူက မေးခွန်းတစ်ခုကို ဂရုမစိုက်မိခဲ့ပေ။ မဟုတ်ပါက သူသည် အဆင့်နှစ်သို့ ခုန်လွှားသွားနိုင်သည်။
တကယ်တော့ သူသည် အထက်မှ နှစ်ယောက်နှင့် သိပ်မကွာပေ။
အဆင့်တစ်ဆယ်အတွင်း ဝင်သော လောင်အာ့နှင့် ယှဉ်ပါက လောင်စန်းက ငါးဆားနယ်တစ်ကောင်ဖြစ်သည်။
သူသည် သူ့နှစ်တွင် အဆင့်၅၀အတွင်းရှိ၏။ အောက်လည်း မကျ၊ အထက်လည်း မတက်ပေ။ ဤနှစ်တွင် အတန်းကိုးတန်း ရှိ၏။ ထို့ကြောင့် အဆင့်၅၀က သိပ်တော့ မဆိုးပေ။
သို့သော် အဆင့်၅၀က အတော်လေး ကောင်းသည်ဟု ဆိုနိုင်သည်။
“အမေ၊ ကျွန်တော် ကျွန်တော့်အတန်းဖော်တွေ ကစားဖို့ ဘောလုံးကို ချန်ထားခဲ့တယ်။ အမေ ကျွန်တော့်ကို ဘောလုံးအသစ် ထပ်ဝယ်ပေးပါလား” ဟု လောင်စန်းက ပြောသည်။
သူ့ဇာတိမြို့မှ အတန်းဖော်များကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။ နှစ်သစ်တွင် သူ မြို့တော်ကို ပြောင်းရွေ့လာရတော့မည်ကို သိကတည်းက သူက သူတို့ကို ဘောလုံးပေးခဲ့သည်။ ယင်းကို အမှတ်တရအဖြစ် တွေးတောခဲ့၏။
“ရတာပေါ့။ နင်သာ အဆင့် ၃၀ထဲကို ဝင်ရင်... နင့်ကို ဘောလုံး ဝယ်ပေးမယ်” လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။
“အဆင့် ၃၀ လား” လောင်စန်း၏ မျက်လုံးများက လင်းလက်သွားသည်။ “ကတိနော်”
“ငါ ဘယ်တုန်းက ငါ့စကားတွေအတိုင်း မလုပ်လို့လဲ” လင်းချင်းဟယ်က ပြောလိုက်သည်။
“နောက်တစ်ခါ စာမေးပွဲမှာ နင်ကြိုးစားရင် အဲဒါ ရမယ်။ အမေ ဝယ်ပေးမယ်”
“ကောင်းပြီ” လောင်စန်းက ခေါင်းညိတ်လိုက်၏။
လင်းချင်းဟယ်က လောင်အာ့ဘက်ကို လှည့်လိုက်သည်။ “နင် အချိန်တိုင်း စာကျက်နေဖို့ မလိုဘူး။ မနက်ဖြန် ဘတ်စ်ကတ်ဘောဘာလုံး သွားဝယ်သင့်တယ်။ ပြီးတော့ ကျောင်းဆင်းပြီးလို့ မပြန်လာခင်မှာ ဘတ်စ်ကတ်ဘော ကစားရမယ်”
လောင်အာ့က ပျော်ရွှင်စွာ သဘောတူလိုက်သည်။
အဆင့်များက ကောင်းမွန်နေသောအခါ လင်းချင်းဟယ်က အလွန် သဘောထားပေသည်။ တစ်ဖက်တွင်လည်း ကောင်လေးများ ဖြစ်၏။ သူတို့က ဘတ်စ်ကတ်ဘော ကစားသင့်သည်။
အမေနှင့် သားနှစ်ယောက်က ညပိုင်း ၇နာရီအထိ ညစာအတွက် ဖက်ထုပ်ဆိုင်သို့ မရောက်သေးပေ။
ကျိုးခိုင်(ကျိုးချင်းပိုင်)က စွပ်ပြုတ်ချက်ပြီး ဖြစ်သည်။
မုန်လာဥဖြူနှင့်အရိုးစွပ်ပြုတ် ဖြစ်သည်။ သူက မန်ထိုကို ပေါင်းလိုက်ပြီး အရံဟင်းနှစ်ခွက်မက ချက်လိုက်သည်။ ညစာက အဆင်သင့် ဖြစ်သွား၏။
ထိုအကြောင်းကို ပြောရမည် ဆိုပါက တိုက်ခန်းသို့ ပြောင်းလာပြီးနောက် ချက်ပြုတ်ခြင်းကို ကျွမ်းကျင်ခဲ့ပြီး သူတို့က ဖက်ထုပ်ဆိုင်ဖွင့်ပြီးနောက် ဆက်မချက်ခဲ့ကြတော့ပေ။
အိမ်မှာ ဆီနံ့များနှင့် မီးခိုးများ မရှိတော့ချေ။ လင်းချင်းဟယ်က စိတ်ကျေနပ်သွားခဲ့၏။
“ဒီနေ့စွပ်ပြုတ်က ဘယ်လိုနေလဲ” ကျိုးချင်းပိုင်က မေးလိုက်သည်။
“အရသာရှိတယ်” လင်းချင်းဟယ်က ခေါင်းညိတ်လိုက်၏။
“ဒါ အဖေလုပ်ထားတာ မဖြစ်နိုင်ဘူး၊ ဘယ်သူ လုပ်ထားတာလဲ” လောင်အာ့နှင့် လောင်စန်းက သူတို့အဖေကို တအံ့တဩ ကြည့်လိုက်ကြသည်။ (T/N: ငါလည်း အံ့ဩပါတယ်။ raw မှာတော့ ကျိုးခိုင်လုပ်ထားတာလို့ ပြောတာပဲ) [မြန်မာဘာသာပြန်သူကတော့ () နဲ့ ပြောင်းထားလိုက်ပါတယ်]
“သံသယမဖြစ်ပါနဲ့ အဖေ လုပ်ထားတာပါ” ကျိုးခိုင်က အတည်ပြုပေးလိုက်သည်။
လင်းချင်ဟယ်က ယင်းကို ကြားပြီးနောက် ကျိုးချင်းပိုင်ကို တအံ့တဩ ကြည့်လိုက်၏။ သူမ၏ချင်းပိုင်က မုန်လာဥနှင့်အရိုးစွပ်ပြုတ်ကို အမှန်ပင် ချက်ခဲ့သလား။
ဤလူသည် ဖက်ထုပ်မည်သို့ ပြုလုပ်ရမည်ကိုသာ သိပုံရသည်။ တခြားအရာများအတွက်မူ သူက ဘယ်လိုလုပ်ရမည်မှန်း မသိပေ။ ယင်းမှာ သူ၏သဘာဝအတိုင်း မစွမ်းဆောင်နိုင်မှု ဖြစ်ပုံရသည်။
သူ စွပ်ပြုတ် လုပ်နိုင်မည်ဟု မတွေးဖူးပေ။
“ကိစ္စသေးလေးပါပဲ” ကျိုးချင်းပိုင်၏ နှုတ်ခမ်းများက အနည်းငယ် ကွေးတက်နေပြီး မုန်လာဥအရိုးစွပ်ပြုတ်ကို တည်ငြိမ်စွာ သောက်လိုက်သည်။
“ကျွန်တော်တို့အဖေက နေ့တိုင်း ဖက်ထုပ်တွေကို ဆရာကျကျ ပြုလုပ်ရင်းနဲ့ စွမ်းရည်အသစ်တွေ ပွင့်ထွက်လာတာများလား” လောင်အာ့က မေးလိုက်သည်။
“ငါ့အထင် အဲဒါ ဖြစ်နိုင်တယ်။ နင်တို့အဖေက နောင်မှာ စားဖိုမှုးတစ်ယောက် ဖြစ်လာဖို့ နီးစပ်နေပြီ” လင်းချင်းဟယ်က ခေါင်းညိတ်လိုက်သည်။
“ဒါက အမေ့ရဲ့ကောင်းချီးပဲ အမေ” လောင်စန်းက ပြော၏။
“ဟုတ်တယ်။ မင်းတို့အဖေကို လက်ထပ်ထားတာက ငါ့အတွက်တော့ အရသာမြည်းစမ်းနိုင်တာထက် ပိုကောင်းတဲ့ ကောင်းချီးပဲ” လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို စိုက်ကြည့်လိုက်သည်။ သူမက သူမသားသုံးယောက်ကို ခွေးစာများ ကျွေးသည့်အပေါ် တွန့်တိုမနေချေ။
ကျိုးချင်းပိုင်က မျက်လုံးများပင် ပြုံးလာ၏။
မှန်ပေ၏။ ထိုနေ့ကတည်းက ကျိုးချင်းပိုင်သည် အလင်းပွင့်သွားခဲ့ပြီး အရာရာတိုင်း စတင်ခဲ့ပုံရလေသည်။
လင်းချင်းဟယ်က သူ့ကို အိပ်ရာထဲတွင် တီးတိုးပြောလိုက်၏။ “ရှင် အစတည်းက ဘယ်လို လုပ်ရမယ်ဆိုတာကို သိတာလား။ ရှင် အဲဒါကို မလုပ်ခင် ကျွန်မကို အရင်ဆုံး လုပ်စေချင်လား”
“အရင်ကတော့ ဘယ်လို ချက်ပြုတ်ရမလဲဆိုတာ ကိုယ် မသိဘူး။ အခုတစ်လော ဘာဖြစ်နေလဲ မသိဘူး။ ဆားကို ထည့်ဖို့ကိုပါ သိလာတယ်” ကျိုးချင်းပိုင်က ရိုးရှင်းစွာ ပြောလိုက်သည်။
သူက သူ့ဇနီးကို ဟင်းချက်ရာတွင် ကူညီလိုခဲ့သော်လည်း သူက အမြဲတမ်း နှင်ထုတ်ခံခဲ့ရသည်။
ယခုတွင်တော့ သူက ဉာဏ်အလင်းပွင့်သွားပုံရ၏။ ဆားအနည်းငယ် ထည့်ထားပြီး ကြော်ထားသော ဟင်းများက အိုးမကပ်ပေ။
ဧည့်သည်များက သူ့ဖက်ထုပ်များက အရသာရှိသည်ဟု ချီးကျူးကြသည်။ ယင်းက မှန်ပေသည်။ စားသုံးသူများက ထပ်ခါထပ်ခါ လာစားကြသည်။
“ကျွန်မ ဂရုမစိုက်ဘူး။ ရှင် ကျွန်မကို လျော်ကြေးပေးရမယ်” လင်းချင်းဟယ်က အရှက်ကင်းကင်းဖြင့် တောင်းဆိုလိုက်သည်။
“ဘယ်လို လုပ်ရမလဲ” ကျိုးချင်းပိုင်၏ မျက်လုံးများက မည်းနက်သွားသည်။
ပြီးနောက် လင်းချင်းဟယ်က သူမ၏လျော်ကြေးကို ရယူဖို့ အောင်မြင်သွားတော့၏။ အတော်လေး လွန်ကဲသော လျော်ကြေးကြောင့် နောက်နေ့ သူမ အတန်းတက်သည့်အခါ သူမခြေထောက်များက အနည်းငယ် အားနည်းနေတော့၏။