အခန်း ၂၈၉
Viewers 43k

အခန်း (၂၈၉) - တစ်ယောက်ယောက်ကို ငှားရမ်း


ကျိုးချင်းပိုင်၏ ဖက်ထုပ်ဆိုင်သည် ဖွင့်လှစ်တာ နှစ်လကြာပြီး‌နောက် လမ်းကြောင်းမှန်ပေါ် ရောက်နေပြီ ဖြစ်သည်။


တစ်လချင်းစီ၏ အမြတ်ငွေက ယခင်လကထက် အနည်းငယ်စီ ပိုများလာခဲ့၏။ 


ပထမလတွင် ၇၀ယွမ်ကျော်ကျော်ရသည်။ ဒုတိယလတွင် ၈၀ယွမ်ပြည့်လုနီးပါး ဖြစ်၏။ ကျိုးချင်းပိုင်က သူ့စည်းမျဉ်းကို ထိန်းသိမ်းထားခဲ့သည်။ 


သူက ၁၀ယွမ်ကို အသုံးစရိတ်အတွက် ချန်ထားပြီး ကျန်သည်များကို ဇနီးသည်အား ထိန်းသိမ်းရန် ပေးခဲ့သည်။ 


ယင်းက သုံးလတိုင်ပြီဖြစ်သည်။ ကျိုးချင်းပိုင်က မနက်တိုင်း ၅နာရီခွဲတွင် အသားနှင့် အသီးအရွက်ဝယ်ရန် ထွက်လာပြီးနောက် ဆိုင်သို့သွားသည်။ ယင်းက အမြဲတမ်း ထိုမျှ စောပေသည်။ 


ရာသီဥတုက ပိုပိုနွေးလာပြီး လူတိုင်းက စောစောထကြသည်။ ယခုဆိုလျှင် သူ့ဆိုင်က ပိုစောစော ဖွင့်ရ၏။ 


အစပိုင်းတွင် လင်းချင်းဟယ်က သူ့ကို အသီးအရွက်များကို ကြိုဝယ်ထားစေလိုခဲ့သည်။ သို့သော် ကျိုးချင်းပိုင်က လတ်လတ်ဆတ်ဆတ်ကိုသာ လိုချင်သဖြင့် လင်းချင်းဟယ်က သူ့ကို ခွင့်ပြုထားရုံသာ တတ်နိုင်တော့သည်။ 


ရိုးရိုးသားသားဆိုရလျှင် ကျိုးချင်းပိုင်၏ ပင်ကိုစရိုက်ကို ဖက်ထုပ်ဆိုင်တွင် လူတိုင်းက မြင်နိုင်ပြီး ထို့ကြောင့် ထပ်လာသော စားသုံးသူများက အလွန်များပြားသည်။ 


ဖက်ထုပ်များတွင် အသားထူထူနှင့် အစာသွပ်များ၏။ ထို့အပြင် အလွန်အမင်း လတ်ဆတ်ပြီး လူတိုင်းက စိတ်ကျေနပ်လေသည်။ 


တစ်ယောက်ယောက်က ဖက်ထုပ်ကို စားချင်တိုင်း သူတို့က ဤဆိုင်ကို ပြန်လာစမြဲဖြစ်သည်။ 


နှစ်လကုန်သွားပြီးနောက် ကျိုးချင်းပိုင်က သူ့စီမံမှုအောက်တွင် အထပ်ထပ်လာစားသော စားသုံးသူများ အများအပြား ရရှိလာသည်။ 


ကျိုးချင်းပိုင်က ရွေးချယ်စရာ နှစ်ခု ထပ်မံပေါင်းထည့်လိုက်သည်။ တစ်ခုက သခွားသီးနှင့် ကျန်တစ်ခုက ခရမ်းချဉ်သီးဖြစ်သည်။ 


သခွားသီးဖြစ်ဖြစ် ခရမ်းချဉ်သီးဖြစ်ဖြစ် ယင်းတို့က အစိမ်းစား၍ကောင်းသည်။ ကျိုးချင်းပိုင်က ယင်းတို့နှစ်ခုက အမြတ်ငွေနည်းနည်းသာ ရသည်။ ဈေးထဲနှင့် သိပ်မကွာပေ။ 


သို့တိုင် လူများစွာက တောင်းဆိုကြသည်။ သူတို့က ဖက်ထုပ်စားရင်း တစ်ခါတည်း စားတတ်ကြသည်။ သို့မဟုတ်ပါက သူတို့ ထွက်သွားသည့်အခါ သူတို့က ခရမ်းချဉ်သီးကို သရေစာအဖြစ် စားရန် ငွေချေသွားတတ်ကြသည်။ 


လင်းချင်းဟယ်က ကျိုးချင်းပိုင်၏ စီးပွားရေးလုပ်နိုင်စွမ်းကို ချီးကျူးခဲ့သည်။ မတိုင်မီက သူမက သတိမပြုမိခဲ့ချေ။ 


ကျိုးချင်းပိုင်က ထိုည ငွေရေတွက်ရင်းဖြင့် ပြောခဲ့သည်။ “ဇနီးလေး.. ကိုယ် ပန်းကန်ဆေးဖို့ လူတစ်ယောက်လောက် ရှာချင်တယ်”


လင်းချင်းဟယ်က အေးခဲသွားပြီးနောက် ခေါင်းညိတ်လိုက်သည်။ “တစ်ယောက်ယောက် ငှားရမ်းဖို့ အချိန်ကျပြီပဲ”


ယခုတွင် ဆိုင်၏လုပ်ငန်းက အတော်လေး ကောင်းမွန်လာသည်။ လက်ရှိအခြေအနေတွင် တစ်ရက်လျှင် အမြတ်ငွေ ငါးယွမ်မျှ ရသည်။ အလုပ်က ပိုပိုကောင်းလာ၏။ 


ကောင်စုတ်လေးသုံးယောက်လုံးက ဆိုင်သို့ ကူညီရန်သွားရသည်။ သို့သော် သူတို့က တစ်ခါတရံ မသွားနိုင်ပေ။


“အသက်ကြီးတဲ့သူကို ရှာပါ” လင်းချင်းဟယ်က ပြောလိုက်သည်။ 


“ဒေါ်လေးမာက လုပ်ချင်မလား” ကျိုးချင်းပိုင်က စိတ်ထဲမှာ တစ်ယောက်ယောက် ရှိပြီးသား ဖြစ်သည်။ 


လင်းချင်းဟယ်က ဒေါ်လေးမာကို ထည့်မတွေးခဲ့ပေ။ သူမက ဇဝေဇဝါဖြင့် ပြန်ပြောလိုက်သည်။ 


“ဒေါ်လေးမာက အသက်ကြီးနေပြီ မဟုတ်ဘူးလား”


ဒေါ်လေးမာက ၅၀ကျော်ပြီဖြစ်သည်။ 


“သူမက ကြံ့ခိုင်တဲ့ခန္ဓာကိုယ်ရှိတယ်” ကျိုးချင်းပိုင်က ထောက်ပြသည်။ 


သူမသည် ခက်ခက်ခဲခဲ အသက်မရှုရဘဲနှင့် သုံးလွှာကို တက်နိုင်သည်။ သူမက ရိုးသားသောလူဖြစ်ပြီး သန့်ရှင်းမှုကို နှစ်သက်သည်။ သူမက သူတို့မိသားစုနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်။ 


ကျိုးချင်းပိုင်က သူမ ဒီအလုပ်ကို လက်ခံမလားဟု တွေးမိသည်။ 


“ဒါဆို ကျွန်မ မနက်ဖြန် မေးလိုက်ရမလား” လင်းချင်းဟယ်က ပြောလိုက်သည်။ 


သူမက အိပ်ရာဝင်တော့မည်ဖြစ်၍ လင်းချင်းဟယ်က မနက်ဖြန်မှမေးရန် ဆုံးဖြတ်လိုက်သည်။ တကယ်တမ်း ရိုးရိုးသားသား ဆိုရလျှင် ဒေါ်လေးမာသာ ဆိုင်သို့သွားပြီး ပန်းကန်ဆေးကူလျှင် ကောင်းပေလိမ့်မည်။ 


အမှတ်မထင်ကိစ္စများကိုလည်း သူမက စောင့်ကြည့်နိုင်မည် မဟုတ်လော။ ထူးဆန်းသောလူများက သူမချင်းပိုင်ကို နှောင့်ယှက်ခွင့်မပေးတာက ပိုကောင်းမည်။ 


“ကောင်းပြီ” ကျိုးချင်းပိုင်က ခေါင်းညိတ်သည်။ 


“လခ ဘယ်လောက် ပေးမှာလဲ” လင်းချင်းဟယ်က မေးလိုက်သည်။ 


ကျိုးချင်းပိုင်က သူမကို ထမင်းတစ်နပ်နှင့် ယွမ်၂၀ပေးမည်ဟု ဆိုလာသည်။ မနက်ခင်း ၈နာရီတွင် စတင်ပြီး နေ့လယ် ၂နာရီတွင် ရပ်တန့်ပြီး ၄နာရီ အနားယူနိုင်သည်။ ပြီးလျှင် ညနေ ၄နာရီမှ ၇နာရီအထိ ပြန်ဆက်မည်။ 


အလုပ်ချိန်က အနည်းငယ် ရှည်ကြာသော်လည်း သူမက စားပွဲသုတ်တာနှင့် ပန်းကန်ဆေးရန်သာ လိုအပ်ပြီး အတော်လေး သက်သာသည်။ ထိုမျှသာ ဖြစ်၏။ 


ကျန်အချိန်များတွင် သက်သောင့်သက်သာ နေနိုင်သည်။ တကယ်တမ်းတွင် စီးပွားရေးက ကောင်းလာသော်လည်း တန်းစီရလောက်သည်အထိ မကောင်းမွန်သေးချေ။ 


လင်းချင်းဟယ်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ဒါဆို ကျွန်မ မနက်ဖြန် ဒေါ်လေးမာကို ရှာပြီးတော့ ဒီအကြောင်း ပြောလိုက်မယ်”


နောက်နေ့မနက်တွင် ကျိုးချင်းပိုင်က စောစော ထွက်သွားသည်။ လင်းချင်းဟယ်က လောင်တာ့ကို မနက်စာ ချက်ခိုင်းခဲ့ပြီး ဒေါ်လေးမာဆီ ထွက်လာခဲ့သည်။ 


ဒေါ်လေးမာက အံ့အားသင့်သွား၏။ “ဆိုင်မှာ ပန်းကန်ဆေးတဲ့သူ မရှိဘူးလား”


“ဟုတ်တယ် အဒေါ်က တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးနိုင်မလားဆိုတာ ကျွန်မမသိဘူး။ သွက်လက်တဲ့သူ တစ်ယောက်လောက် လိုချင်တာ။ အားလုံးလုပ်ဖို့ မလိုဘူး။ ပန်းကန်ဆေးနဲ့ စားပွဲသုတ်ရုံလောက်ပဲ” လင်းချင်းဟယ်က ရှင်းပြသည်။ 


“အသက်ဘယ်လောက်ဆိုရင် မင်းတို့ လိုချင်မလဲ” ဒေါ်လေးမာ၏ နှလုံးသားက ထိရှသွားသည်။ 


“သူတို့ ခန္ဓာကိုယ်သာ ကောင်းသေးရင် ဒေါ်လေးမာလောက်လည်း အဆင်ပြေပါတယ်” 


လင်းချင်းဟယ်က ထိုမေးခွန်းကို ကြားပြီးနောက် ရယ်ပြောလိုက်သည်။ 


သူမက ယင်းကို ရယ်စရာနှယ် ပြောလိုက်သည်။ သို့တိုင် ဒေါ်လေးမာက ပြောသည်။ “ဆရာမလင်း ကျွန်မကို ဘယ်လိုထင်လဲ”


လင်းချင်းဟယ်က တစ်ခဏမျှ တန့်ရပ်သွား၏။ “ဒေါ်လေးမာက လုပ်ချင်လို့လား”


“ငါ့ခြေထောက်တွေက သွက်လက်သေးပြီးတော့ ငါက သန့်ရှင်းတာကိုလည်း သဘောကျသေးတယ်။ ဒါက ဘာပြဿနာမှ မရှိဘူး” ဒေါ်လေးမာက လျင်မြန်စွာ ထုတ်ပြောသည်။ 


“ဒါပေမဲ့ ဒေါ်လေးမာကိုသာ ပန်းကန်ဆေးဖို့ သွားခွင့်ပြုလိုက်ရင် ဦးလေးမာ သိသွားတဲ့အခါ ဒေါသထွက်လောက်တယ်” လင်းချင်းဟယ်က ပြန်ပြောလိုက်၏။


“ဘာကို ဒေါသထွက်ဖို့ ရှိမှာလဲ။ ငါက အိမ်မှာ ဘယ်လောက်ထိ ပျင်းနေလဲဆိုတာ မင်းမသိဘူး” 


ဒေါ်လေးမာက ပြောသည်။ “ငါက တစ်ခုခု လုပ်ဖို့ ရှာနေတာ ကြာပြီ။ လူတွေက ငါ့ကို မလိုချင်လို့သာ”


ဒေါ်လေးမာနှင့် ဦးလေးမာတွင် သားနှစ်ယောက် ရှိသည်။ တစ်ယောက်က စစ်သားဖြစ်ပြီး နယ်စပ်တွင် တာဝန်ကျသည်။ ထိုသား၊ ချွေးမနှင့်မြေးများက ထိုနေရာတွင်သာ နေကြသည်။ သူတို့က နှစ်အနည်းငယ် ကြာသည်အထိ ပြန်မလာနိုင်ချေ။ 


တခြားတစ်ယောက်က ကျေးလက်သို့ ပို့ခံရပြီး ကျေးလက်မိန်းကလေးနှင့် အိမ်ထောင်ကျသည်။ သူ့အိမ်ထောင်စုစာရင်းက ထိုနေရာတွင် ဖြစ်သည်။ သူတို့က နှစ်သစ်ကူးတွင် ပြန်လာကြပြီး နှစ်သစ်ကူးပြီးသည်နှင့် ပြန်သွားတော့သည်။ 


လက်ရှိတွင် သူတို့က ဒုတိယသား၏ အိမ်ထောင်စုစာရင်းကို ပြောင်းရွေ့နိုင်ရန် ကြိုးစားနေကြသည်။ 


ဦးလေးမာက အလုပ်ရှိပြီး ဒေါ်လေးမာက မရှိပေ။ သူမက အိမ်ထောင်ရှင်မသာ ဖြစ်သည်။ သို့သော်လည်း ဒေါ်လေးမာ၏ နှလုံးသားက မအိုမင်းသေးပေ။ 


သူမက အလုပ်ရှာချင်သော်လည်း လူတိုင်းက သူမကို မငှားချင်ကြပေ။ 


“ဒေါ်လေး၊ ချင်းပိုင်ရဲ့ဆိုင်သေးလေးက ငွေအများကြီး မရနိုင်ဘူး။ သူက တစ်လကို ယွမ်၂၀ပဲ ပေးနိုင်မှာ” ဟု လင်းချင်းဟယ်က ပြောလိုက်သည်။ 


“ငါက ယွမ်၁၀ဆိုရင်တောင် လုပ်မှာ” ဒေါ်လေးမာက ရှင်းလင်းစွာ ပြန်ပြောလိုက်သည်။ 


လင်းချင်းဟယ်က ရယ်မောလိုက်၏။ “ကျွန်မတို့က ဒေါ်လေးကို ဆိုးဆိုးဝါးဝါး ဆက်ဆံလို့ မဖြစ်ဘူး။ ဒေါ်လေးက ဆုံးဖြတ်ပြီးရင်တော့ ဒေါ်လေး ကျွန်မကို အရင်ဆုံး ပြောပြရမယ်”


သူမက အလုပ်ချိန်ကို ရှင်းပြပြီးနောက် ပြောလိုက်သည်။ “အဒေါ် ပြန်သွားပြီးတော့ ဦးလေးနဲ့တိုင်ပင်ပါ။ ကျွန်မတို့ သိပ်မလောဘူး”


ဒေါ်လေးမာကတော့ တွေးစရာမရှိဟု မြင်ပုံရသည်။ 


ဘာများတွေးဖို့ ရှိလို့လဲ။ 


ဦးလေးမာ၏လစာက တစ်လလျှင် ယွမ်၄၀ကျော် ရသည်။ နှစ်ယောက်သားက ခြိုးခြံချွေတာခဲ့ကြသည်။ တစ်လလျှင် သူတို့က အပိုဆယ်ယွမ်မျှ ရလာသည်။ ယခင်က သူတို့သားနှင့်ချွေးမများဆီ ပို့ပေးရန် လက်မှတ်များဖြင့် လဲလှယ်နိုင်ခဲ့သည်။ 


လူအိုနှစ်ယောက်၏ သားများ၏ ဘဝက ပိုမို လွယ်ကူလာသောကြောင့်လည်း ဖြစ်သည်။ 


သို့သော်ငြား လူအိုစုံတွဲက ငွေများများ မကျန်ပေ။ အနာဂတ်တွင် ဘာဖြစ်မည်ကို မည်သူမျှ မသိပေ။ ငွေများများ မရှာထားချင်တဲ့သူ ဘယ်သူ ရှိမည်နည်း။ 


ထို့ကြောင့် ဒေါ်လေးမာက ဦးလေးမာကို မနက်ခင်းတွင် နေ့လယ်စာကို ပြင်ဆင်ပေးပြီးနောက် နေ့ခင်းတွင် တစ်ယောက်တည်း စားရန် ပြောလိုက်သည်။ သေသပ်စွာ ပြင်ဆင်ပြီးနောက် သူမက ကျိုးချင်းပိုင်ကို ကူညီရန် ဖက်ထုပ်ဆိုင်သို့ လာခဲ့သည်။ 


“အဒေါ် အစောကြီး လာခဲ့တာပဲ” ကျိုးချင်းပိုင်က ပြုံးလိုက်သည်။ 


“ငါ အိမ်မှာ ပျင်းဖို့ကောင်းတယ်လေ” ဒေါ်လေးမာက စိတ်အားထက်သန်စွာ ပြောလိုက်သည်။ 


ဧည့်သည်နှစ်ယောက်က စားပြီးသောအခါ ဒေါ်လေးမာက သန့်ရှင်းလိုက်သည်။ ပြီးနောက် သူမက ဆေးကြောလိုက်ပြီး နောက်တွင် ထပ်သုံးရန် ဘေးတွင် ထားလိုက်သည်။ 


ပန်းကန်များကို ဆေးကြောပြီးနောက် သူမက ကျိုးချင်းပိုင်ကို ဖက်ထုပ်ကူလုပ်ပေးသည်။ 


“အဒေါ် အစာထပ်ထည့်ပါဦး၊ အင်း... အဲဒီလောက်” ကျိုးချင်းပိုင်က သူမ၏ကူညီမှုကို လိုလားသောကြောင့် သူက သူမကို အစာသွပ်များ ထပ်ဖြည့်ရန် သင်ပေးလိုက်သည်။ 


“အစာသွပ်တွေ ဒီလောက် အများကြီး ထည့်တာလား” ဒေါ်လေးမာက အလွန်အံ့အားသင့်သွား၏။ သူမက တီးတိုးပြောလိုက်သည်။ “အမြတ်ကော ရရဲ့လား”