အခန်း ၂၉၄
Viewers 43k

အခန်း (၂၉၄) - သားတို့၏ ရည်မှန်းချက်များ။ 


“ဆရာမလင်း၊ ဒါတွေကို ဘယ်ကနေ ဝယ်လာတာလဲ” အောက်ထပ်မှ အိမ်နီးချင်းက မေးလာသည်။ 


တချို့လူများသည် သူတို့လင်မယားကို မကြည့်ဘဲ မနေနိုင်ကြချေ။ ထိုအရာများက ဝယ်ယူရန် မလွယ်ကူပေ။ ဈေးများသည်ကို မဆိုထားနှင့် သူတို့က ပစ္စည်းရရန်ပင် မလွယ်ကူချေ။ 


“ကျွန်မက တောင်ပိုင်းမှာ ဒေသခံတစ်ယောက်နဲ့ ဆုံခဲ့တာ။ ကျွန်မတို့က ကောင်းမွန်တဲ့ ဆက်ဆံရေးရှိလို့ သူ့ကို ကူညီဖို့ မေးလိုက်တာ” လင်းချင်းဟယ်က ရှင်းပြလိုက်၏။ 


“ကောင်းလိုက်တာ၊ များလိုက်တဲ့ လျှပ်စစ်ပန်ကာတွေ။ တစ်ခုလောက် ငါ့အိမ်ကို ဘယ်လိုရွေ့သွားရမလဲ။ ငါ့အိမ်မှာ လျှပ်စစ်ပန်ကာ မရှိသေးဘူး” အမျိုးသမီးကြီးက လျှပ်စစ်ပန်ကာကို ပွတ်သပ်ပြီး ပြောသည်။ 


“ရွေ့ပြောင်းလို့ မရနိုင်ဘူးလား။ ရွေ့ပြောင်းမယ် ဆိုရင် ပြန်ရောင်းတာကို ဆိုလိုတာမဟုတ်လား။ ကျွန်မမှာ သင့်တော်တဲ့အလုပ်ရှိတယ်။ ကျွန်မအဲလို မလုပ်ဘူး” လင်းချင်းဟယ်က ထိုစကားများကို ကြားသည်နှင့် လက်ဝှေ့ယမ်းကာ ငြင်းလိုက်သည်။ လွန်ခဲ့သော နှစ်လက သူမရရှိခဲ့သော ငွေသောင်းချီက မည်သည်က ရမှန်းမသိသည့်အလားပင်။ သူမသည် တစ်ချက်မှ မနီသွားဘဲ ချက်ချင်း ငြင်းဆန်လိုက်သည်။ 


ကျိုးချင်းပိုင် ဆင်းလာချိန်၌ သူ့နှလုံးသားထဲမှ ရယ်မောလိုက်ပြီး လျှပ်စစ်ပန်ကာနှစ်လုံးကို အပေါ်ထပ်သို့ ရွေ့လိုက်သည်။ 


သူက တီဗွီကိုလည်း ရွေ့လိုက်သည်။ 


“တစ်လုံးက မင်းတို့နှစ်ယောက်အတွက်၊ တစ်လုံးက ကလေးတွေအတွက်၊ ဒီတော့ တစ်လုံး ကျန်နေသေးတယ်” အမျိုးသမီးကြီးက ဆိုသည်။ 


“ငါတို့က အိမ်နီးချင်းတွေလေ။ ဒါက ပြန်ရောင်းတာ မဟုတ်ပါဘူး။ အများဆုံးမှ ကူညီလိုက်တာပါပဲ”


“ဒါက ကလေးတွေရဲ့အဘိုးအတွက်လေ။ သူတို့အဘိုးက ကျောင်းမှာ တစ်ယောက်ခန်းလေးနဲ့ နေတာ။ ရာသီဥတုက အတော်လေး ပူတယ်။ ညဘက်နှစ်နှစ်ခြိုက်ခြိုက်အိပ်ဖို့ လျှပ်စစ်ပန်ကာ လိုတယ်” လင်းချင်းဟယ်က ရှင်းပြသည်။ 


လူတိုင်းက အံ့ဩသွားကြ၏။ “မင်း ယူလာက အဘိုးဝမ်အတွက်လား”


“ဟုတ်တယ်” လင်းချင်းဟယ်က တုံ့ပြန်လိုက်၏။ 


မကြာမီတွင် ကျိုးချင်းပိုင်က ပစ္စည်းများကို ရွေ့သွားပြီး ဆင်းလာသည်။ 


လင်မယားနှစ်ယောက်က ထွက်သွားကြကာ သူတို့က လျှပ်စစ်ပန်ကာကို ဆိုင်သို့ ယူသွား၏။ 


ထိုအချိန်တွင် ဖက်ထုပ်ဆိုင်က ညစာစားချိန်ဖြစ်၍ အလွန်အလုပ်များနေသည်။ ညစာစားချိန်ဖြစ်၍ သဘာဝအားဖြင့် အသက်ဝင်လှသည်။ 


ကျိုးခိုင်၊ ကျိုးရွှမ်းနှင့် ကျိုးကွေ့လိုင်တို့က ရှိနေသည်။ ထို့ပြင် အဘိုးဝမ်နှင့် အဒေါ်မာလည်း ရှိနေ၏။ သူတို့က အလုပ်များနေသောလည်း စကားပြောကာ ရယ်မောနေကြသည်။ ယင်းက အလျင်စလို နိုင်နေကြသော်လည်း ပျော်ရွှင်ဖွယ်ကောင်းသည်။ 


“အိုး၊ မင်းတို့ ပြန်လာကြပြီလား” ဒေါ်လေးမာ၏ မျက်လုံးမှေးများက သတိပြုမိပြီးနောက် ပျော်ရွှင်စွာ ပြောလာသည်။ 


“ကျွန်မတို့ ပြန်လာပြီ” လင်းချင်းဟယ်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ 


ကျိုးချင်းပိုင်က သူ့သားအကြီးဆုံးနေရာကို ယူလိုက်ပြီးနောက် ဧည့်သည်များအတွက် ဖက်ထုပ်များကို လုပ်ရန် စတင်လိုက်သည်။ 


“အမေ၊ ဒီလျှပ်စစ်ပန်ကာက ဘယ်တုန်းက ဝယ်လာတာလဲ” ကျိုးကွေ့လိုင်က စိတ်ဝင်စားမှုအပြည့်ဖြင့် ပြောသည်။ 


“အခုတစ်ခေါက် ပြန်လာတော့ ဝယ်ခဲ့လိုက်တာ။ မင်းတို့ အခန်းထဲမှာ တစ်ခု ရှိတယ်။ ဒီတစ်ခုက မင်းတို့မွေးစားအဘိုးအတွက်ပဲ၊ ဒီတော့ နောက်ကျ ပို့ပေးဖို့ သတိရ” လင်းချင်းဟယ်က ပြောလိုက်သည်။ 


“အဲဒီမှာ ဘာမှ မလိုပါဘူး” အဘိုးဝမ်က ပြောသည်။ 


“ဒါက အသုံးဝင်တယ်။ မဟုတ်ရင် ဒီလောက်အဝေးကြီး ကျွန်မမယူလာဘူး။ အခန်းက အတော်လေး ပူတော့ လျှပ်စစ်ပန်ကာနဲ့ဆို အဆင်ပြေသွားလိမ့်မယ်” လင်းချင်းဟယ်က ပြောသည်။ 


“အဘိုးဝမ်၊ ရှင် အခု သက်သောင့်သက်သာ အိပ်လို့ ရပြီ” အဒေါ်မာက ပြုံးလိုက်၏။ 


အဘိုးဝမ်က ကူကယ်ရာမဲ့စွာ ခံစားနေရပြီး ဦးခေါင်းကို ခါယမ်းလိုက်သော်လည်း မည်သည့်စကားမျှ မဆိုချေ။ သို့တိုင် သူက သိသိသာသာ ပျော်ရွှင်သွားသည်။ 


ညစာက ခပ်မြန်မြန် ပြီးသွားသည်။ အဒေါ်မာသည် အလုပ်ပြီးသဖြင့် သူမက အရင်ဆုံး ပြန်သွားသည်။ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်က အဘိုးဝမ်၊ သားသုံးယောက်တို့နှင့်အတူ ညစာစားလိုက်ကြသည်။ 


ထမင်းစားသောက်ပြီးနောက် ကျိုးခိုင်က သူ့မွေးစားအဘိုးအတွက် လျှပ်စစ်ပန်ကာကို ပို့ပေးလိုက်သည်။ ထို့နောက် မိသားစုက အတူတကွ ရေချိုးရုံသို့ သွားကြသည်။ 


သက်သောင့်သက်သာ ရေချိုးပြီးနောက် သူတို့က အိမ်ပြန်ကြ၏။ 


သူတို့က အိမ်ပြန်သောအခါ အခန်းထဲမှ လျှပ်စစ်ပန်ကာသာမက ဧည့်ခန်းမှ တီဗွီကိုပါ တွေ့လိုက်ကြရသည်။ 


လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်က ရှုပ်ထွေးနေသော သားသုံးယောက်ကို ချန်ထားလိုက်ပြီး အိပ်ရန် သူတို့အခန်းထဲသို့ သွားလိုက်ကြသည်။ 


တဘတ်ခါ ကျောင်းက စတင်ပြီဖြစ်သည်။ လင်းချင်းဟယ်က သူမအင်အားကို အရင်ဆုံး စုစည်းရန် လိုအပ်သည်။ 


သူတို့က ဤနွေရာသီတွင် ငွေများစွာ ရှာဖွေနိုင်ခဲ့သော်လည်း ယင်းက အမှန်ပင် ပင်ပန်းလွန်း၏။ 


ဇနီးမောင်နှံက ပြီးပြည့်စုံသော အခြေအနေဖြင့် လျှပ်စပ်ပန်ကာကို ကျေနပ်စွာ ခံစားနိုင်သည်။ 


ညီအစ်ကိုသုံးယောက်ကတော့ တီဗွီဖြင့် အလုပ်များနေကြ၏။ သူတို့ အိပ်ရာသို့ သွားချိန်တွင် ညသန်းခေါင်တိုင်နေပြီဖြစ်သည်။ 


သူတို့က စောစောထပြီး နောက်နေ့တွင် ဆက်ပြန်သည်။ ကျိုးချင်းပိုင်က သူတို့ကို ခွင့်ပြုထားလိုက်သည်။ သူက သူ့ဘာသာ ဆိုင်ဖွင့်ရန် ထွက်သွား၏။ 


လင်းချင်းဟယ်က မနက်ကိုးနာရီအထိ အိပ်လိုက်သည်။ သူမ ထလာသောအခါ သားသုံးယောက်လုံးက အိမ်တွင် တီဗွီကြည့်နေကြသည်။ 


မှန်ပေ၏။ တီဗွီကို ရွေ့ဖို့ ကျိုးချင်းပိုင်ကို မလိုအပ်ခဲ့ပေ။ သူတို့သုံးယောက်က ဆင်ယင်ပြီး ထုတ်လွှင့်စေခဲ့သည်။ သုံးယောက်လုံးက ယင်းကို ကြည့်ရှုနေကြ၏။ 


“လောင်အာ့” 


“အမေ၊ ကျွန်တော့်နာမည်ကို ခေါ်ပါ” ကျိုးရွှမ်က အမှန်ကို ပြင်ပေးလိုက်သည်။ 


“ကျိုးရွှမ်၊ ကျိုးကွေ့လိုင်၊ အမေ မင်းတို့အတွက် နာရီနှစ်လုံး ယူလာတယ်။ မင်းတို့ လိုချင်လား”

 လင်းချင်းဟယ်က သွားတိုက်ရင်း မေးလိုက်သည်။ 


“ဒုတိယအစ်ကို၊ ငါတို့အမေက သူမအချစ်တွေကို ပြသဖို့ ငါတို့နာမည်ပြောင်တွေကို ခေါ်တာ၊ တကယ်တမ်းတော့ မကြိုက်ပါဘူး။ အမေ ကျွန်တော့်ကို လောင်စန်းလို့ ခေါ်ရင် ကျွန်တော် အတွန့်မတက်ဘူး” ကျိုးကွေ့လိုင်က ချက်ချင်း ထောက်ပြလိုက်သည်။ 


“အမေ ကျွန်တော် အခု အမှားတစ်ခု လုပ်မိလိုက်တာပါ။ ကျွန်တော် မကန့်ကွက်တော့ဘူး” ကျိုးရွှမ်က ပြောသည်။ 


“အခန်းထဲက ကောင်တာပေါ်မှာ တစ်ယောက် တစ်လုံးစီ တင်ထားတယ်။” လင်းချင်းဟယ်က ပြောလိုက်၏။ 


ညီအစ်ကိုနှစ်ယောက်က နာရီယူရန် ချက်ချင်း ပြေးသွားကြတော့သည်။ တစ်ယောက်ကို တစ်ခုဖြစ်သည်။ သူတို့အသက်အရွယ်နှင့် လိုက်ဖက်ညီ၏။ ညီအစ်ကိုနှစ်ယောက်လုံးက နှစ်သက်ကြသည်။ 


သူတို့က နာရီရှိသူများ ဖြစ်လာလေပြီ။ 


“အမေ၊ ဒီတစ်ကြိမ် ချမ်းသာလာပြီလား” ကျိုးခိုင်က သူ့ညီငယ်နှစ်ယောက်ကို ကြည့်ရင်း သူ့အမေကို မေးလိုက်သည်။ 


သူက ယင်းကို ရပြီးသားဖြစ်၍ သူက ဂရုမစိုက်ချေ။ 


“မချမ်းသာဘူး၊ ဒါပေမဲ့ ငါတို့ ငွေအများကြီး သုံးခဲ့တယ်” လင်းချင်းဟယ်က ပြန်တုံ့ပြန်လိုက်သည်။ 


သူတို့နှစ်ယောက်သားမှ လွဲ၍ ချမ်းသာသောအရေးကိစ္စကို မည်သူ့ကိုမျှ ပြောလိမ့်မည် မဟုတ်ပေ။ သူတို့သားကိုပင်လျှင် ဖြစ်သည်။ 


“အမေ၊ ဒီနှစ်လအတွင်း ငွေတွေအများကြီး ရှာနိုင်ခဲ့တယ်” ကျိုးရွှမ်က ချက်ချင်း ထုတ်ပြောလိုက်သည်။ 


“ဘယ်လောက်လဲ” လင်းချင်းဟယ်က ကြက်ဥဆားစိမ်ယာဂုကို စသောက်လိုက်သည်။ 


“ငွေစာရင်းစာအုပ် သွားယူ” ကျိုးရွှမ်က သူ့ညီလေးကို တွန်းလိုက်သည်။ 


ကျိုးကွေ့လိုင်ကလည်း ခံစားချက်ကောင်းနေသဖြင့် စိတ်မရှိချေ။ သူက ငွေစာရင်းစာအုပ် သွားယူလိုက်သည်။ 


ထို့နောက် သူတို့က သူတို့အလုပ်လုပ်နိုင်စွမ်းကို သူတို့အမေထံ တင်ပြကြတော့သည်။ 


သူတို့က ဇူလိုင်လအတွင်း ၂၀၀ယွမ် ရရှိခဲ့သည်။ ဩဂုတ်တစ်လအတွက် သူတို့က လက်ရှိတွင် ယွမ်၂၃၀ ကျော်နေပြီဖြစ်သည်။ ယင်းက ယွမ်၂၅၀ကျော်ပြီးနောက် ရပ်သွား၏။ 


“ဘာလို့ ဒီလောက်များနေတာလဲ” လင်းချင်းဟယက် တအံ့တဩ မေးလိုက်သည်။ 


ယင်းက အလွန်အံ့အားသင့်ဖို့ ကောင်းနေသည်။ 


သူမမိသားစု၏ ဖက်ထုပ်ဆိုင်လေးက အလွန်သေးငယ်သော ဝန်းကျင်တွင် ဖြစ်သည်။ တကယ်လို့ သူတို့သာ အများအပြား ရရှိခဲ့ပါက သူတို့က ဖက်ထုပ်များ အများအပြား ရောင်းချခဲ့ရပေမည်။ 


“အစ်ကိုကြီးက ပေါင်းပြီးသား ဖက်ထုပ်တင်မကဘဲ မပေါင်းရသေးတဲ့ ဖက်ထုပ်ပါ ရောင်းခဲ့တယ်” 

ကျိုးရွှမ်က ရှင်းပြ၏။ 


ယင်းက ကျိုးခိုင်၏လက်ချက်ဖြစ်သည်။ ဆိုင်တွင် ချက်ပြီးသားသာမက မချက်ရသေးသည်ကိုပါ ရောင်းခဲ့သည်။ စားသုံးသူများက ဖက်ထုပ်ကို ဝယ်ကာ သူတို့အိမ်သို့ ယူသွားပြီး ချက်စားကြသည်။ 

ထို့အတွက်ကြောင့် ဆိုင်ရောင်းအားက တက်လာခဲ့သည်။ 


လူများစွာက ဖက်ထုပ်များ လာဝယ်ကြပြီး သူတို့အိမ်သို့ ယူသွားကြကာ သူတို့မိသားစုအတွက် ချက်ပြုတ်ကြသည်။ 


နွေရာသီအားလပ်ရက်အတွင်း များပြားသော လူပမာဏကြောင့် အမြတ်ငွေ ၂၀၀ ကျော်သွားခဲ့သည်။ ဤလ ဩဂုတ်တွင် ပိုများ၏။ 


ညီအစ်ကိုများက အတော်လေး ဂုဏ်ယူနေကြသည်။ 


“အနာဂတ်မှာ တကယ်ပဲ စီးပွားရေး မလုပ်ဘဲ စစ်တပ်ထဲ ဝင်မှာလား” လင်းချင်းဟယ်က စီးပွားရေးအမြင်ရှိသော သူမသားကြီးကို ကြည့်ပြီး မေးလိုက်သည်။ 


“အဲဒါကို လောင်အာ့လုပ်ပါစေ” ကျိုးခိုင်က ခေါင်းယမ်းလိုက်ပြီး သူ့ရည်ရွယ်ချက်က ဤနေရာတွင် မရှိပေ။ 


“ကျွန်တော်လည်း စီးပွားရေး မလုပ်ချင်ဘူး။ အနာဂတ်မှာ ကျွန်တော်က ပေကျင်းတက္ကသိုလ်ကို သွားပြီးတော့ အမေ့လိုမျိုး ပေကျင်းတက္ကသိုလ်မှာ အလုပ်လုပ်မှာ” ကျိုးရွှမ်က ထုတ်ပြော၏။ ယင်းက သူ့ပန်းတိုင်ဖြစ်သည်။ 


“မင်းတို့ မလုပ်ရင် ဒီတော့ ငါ လုပ်မယ်” ကျိုးကွေ့လိုင်က အလုပ်ကို လက်ခံလိုက်ပြီး ကြေညာလိုက်သည်။ 

သူက စီးပွားရေး လုပ်တာ ကောင်းသည်ဟု ခံစားရသည်။ 


လင်းချင်းဟယ်က ခေါင်းညိတ်လိုက်ပြီး သူတို့၏ကိုယ်ပိုင်ရွေးချယ်မှုများကို မစွက်ဖက်ပေ။ ဟုတ်ပြီ။ သားအငယ်ဆုံးက စီးပွားရေး လုပ်မယ်ဆိုမှတော့ ပြောလိုက်သည်။ “ဒီတော့ အခုကစ မင်း ကြိုးကြိုးစားစား သင်ရမယ်။ အနာဂတ်မှာ မိသားစုဆိုင်က မင်းလက်ထဲကို ရောက်လိမ့်မယ်”


“အာ... စောစော ထွက်လာပြီးတော့ လုပ်သင့်တာ မဟုတ်လား” ကျိုးကွေ့လိုင်က ထုတ်မေးသည်။ 


“မင်း စီးပွားရေး လုပ်ဖို့ ထွက်လာတဲ့အခါ မင်းမှာ ပညာရေးအရည်အချင်း ရှိဖို့လိုတယ်” လင်းချင်းဟယ်က ရယ်မောလိုက်သည်။