အခန်း (၂၉၅) - အခွင့်အရေးမပေး
လင်းချင်းဟယ်က သားသုံးယောက်၏ ရွေးချယ်မှုများကို ဝင်မစွက်ဖက်ချေ။ သူတို့ကို သူမက ကျွေးမွေးစောင့်ရှောက်လာခြင်း ဖြစ်သည်။ သူတို့၏ကိုယ်ပိုင်အတွေးမရှိဘဲ မနေချေ။ သူတို့၏ကိုယ်ပိုင်အနာဂတ်ကို သူတို့ကို အစီအစဉ်ချခွင့် ပြုထားသည်။
သူမက ထိုနေရာတွင် ညှိနှိုင်းမှုအချို့သာ စီစဉ်ပေးနိုင်သည်။
သူမက မနက်စာစားပြီးသွား၏။ သူမသည် တီဗွီကြည့်ရန် စိတ်မဝင်စားသဖြင့် သူမက ကောင်လေးသုံးယောက်ကို နောက်ချန်ထားခဲ့ပြီး ဖက်ထုပ်ဆိုင်သို့ သွားလိုက်သည်။
သူမက ကောင်လေးများကို မပြောတော့ပေ။ တကယ်တမ်းတော့ သူတို့က စိတ်ဝင်စားမှုကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ရက်အနည်းငယ်အတွင်း သူတို့က ရှားပါးသည်ဟု ထင်တော့မှာ မဟုတ်ပေ။
ထိုအချိန်တွင် ကျိုးချင်းပိုင်က အတော်လေး ပျင်းရိနေသည်။ သို့သော် သူ့သားကြီးမှ ဖက်ထုပ်စိမ်း ရောင်းချသည်ကို စတင်ပြုလုပ်ခဲ့ပြီး သူနှင့် အဒေါ်မာတို့က ဖက်ထုပ်များ ပြုလုပ်နေကြသည်။
အဘိုးဝမ်လည်း ရှိနေ၏။ လင်းချင်းဟယ်က မေးလိုက်သည်။ "ဦးလေး.. မနေ့ညက ကောင်းကောင်းအိပ်ရရဲ့လား"
"အတော်လေး ကောင်းတယ်" အဘိုးဝမ်က ခေါင်းညိတ်လိုက်သည်။
သူ မနေ့ညက ကောင်းကောင်းအိပ်ခဲ့ရသည်။ လျှပ်စစ်ပန်ကာ ရှိခြင်းက အမှန်တကယ်ပင် သက်သောင့်သက်သာ ရှိသည်။
"ဒါ ကောင်းတယ်" လင်းချင်းဟယ်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ သူမက ဆက်ပြော၏။ "ဦးလေး ဒီနှစ်လ ဦးလေးနဲ့ ဒေါ်လေးမာတို့ ပင်ပန်းခဲ့မှာပဲ"
"ဘာမှမဖြစ်ဘူး။ တစ်ခုခု လုပ်စရာ ရှိတာက ငါ့ကို တစ်နေကုန် အင်အားပြည့်စေတယ်" ဒေါ်လေးမာက မြန်မြန် တုံ့ပြန်လိုက်၏။
အဘိုးဝမ်က တောင်ပိုင်းမှ လာခြင်း ဖြစ်သည်။
လင်းချင်းဟယ်က တောင်ပိုင်းမှ အခြေအနေများကို ပြောပြလိုက်သည်။
အဒေါ်မာက အလွန်အံ့အားသင့်နေ၏။ "အဲဒီဘက်က တိုးတက်နေပြီလား"
"ကျွန်မတို့ဘက်က အဆိုးဆုံး မဟုတ်ပါဘူး" လင်းချင်းဟယ်က ပြောလိုက်သည်။
မဆိုးသော်ငြား အမှန်ပြောရလျှင် မြို့တော်မှ ကုန်ကြမ်းများက တောင်ပိုင်းလောက် မပေါများချေ။
သို့သော်ငြား မြို့တော်၏တိုးတက်မှုက ဟာသမဟုတ်ပေ။ ဖြတ်သန်းသွားသော နေ့ရက်တိုင်းတွင် ပြောင်းလဲနေသည်။
နှစ်အနည်းငယ်ပြီးနောက် မတူညီသောကမ္ဘာတစ်ခု ဖြစ်လာလိမ့်မည်။
လင်းချင်းဟယ်သည် ဖက်ထုပ်ဆိုင်တွင် ခဏနေပြီးနောက် အိမ်ရာစီမံရေးဗျူရိုသို့ ရောက်လာသည်။
သူမ ဘာလို့ ရောက်လာတာလဲ။ ထုံးစံအတိုင်း ခြံဝန်းဝယ်ရန် ဖြစ်သည်။
သူမက တစ်စုံတစ်ယောက်က သူတို့ပိုင်ဆိုင်ထားသော ခြံဝန်း သို့မဟုတ် ဆိုင်ခန်းကို ရောင်းချလိုခြင်း ရှိမရှိ စစ်ဆေးလိုပြီး သူမက ဝယ်ရန် ဆန္ဒရှိလေသည်။
ကောင်းပြီ၊ မင်း ဘာသိလို့လဲ။ တစ်ယောက်ယောက်က ရောင်းချပေမည်။
လင်းချင်းဟယ်က တောင်ပိုင်းမှ ဝယ်ယူလာသော စက်ဘီးကို နေရာလွတ်ထဲမှ ထုတ်ယူလိုက်ပြီး အိမ်သို့ နင်းပြန်ခဲ့သည်။ အငယ်နှစ်ယောက်က ထွက်သွားဖို့ ဆန္ဒမရှိပေ။ သူတို့က တီဗွီဆက်ကြည့်ချင်သည်။ သူမက ကျိုးခိုင်သို့ ဆိုင်သို့ ခေါ်လာပြီး လင်းချင်းဟယ်က အားသွားသော ကျိုးချင်းပိုင်ကို ခေါ်၍ အိမ်ရာစီမံရေးဗျူရိုသို့ သွားလိုက်သည်။
သူမချင်းပိုင်နှင့်အတူ သူမက အိမ်ရာစီမံရေးဗျူရို၏လူ နောက်မှ ဆိုင်တစ်ဆိုင်ကို ကြည့်ရန် လိုက်သွားခဲ့သည်။
ထိုတစ်နေရာတည်း မဟုတ်ဘဲ ခြံဝန်းအိမ်ရာတစ်ခုလည်း ရှိသေးသည်။ ထိုအိမ်ရာက သေးငယ်သော ခြံဝန်းအမျိုးအစားဖြစ်ပြီး ယင်းက အရှေ့ဘက်ဥယျာဉ်လေး ဖြစ်သည်။
လင်းချင်းဟယ်က ထိုဆိုင်ကို မဝယ်ခဲ့ချေ။ နောင်မျိုးဆက်တွင် မြေလက်မတိုင်းက ရွှေဖြစ်သော်လည်း သူမက တည်နေရာတိုင်းကို မလိုချင်ပေ။ တကယ်တမ်းတော့ ဆိုင်ဧရိယာက ယခုတွင် အတော်လေး တိတ်ဆိတ်နေသည်။
ယင်းက ခြံဝန်းပါသောအိမ် မဟုတ်ပေ။ ယင်းကို ခြံဝန်းပါသော အိမ်ရာအဖြစ် တွက်ချက်၍ မရချေ။ ယင်းက အရှေ့ခြံဝန်းလေးသာ ဖြစ်၏။
သို့တိုင် တည်နေရာက အတော်လေး ကောင်းသည်။
လက်ရှိခေတ်ပေါက်ဈေးဖြင့် အိမ်ရာ၏ ဈေးနှုန်းက ယွမ် ၇၀၀၀ အထက် ဖြစ်သည်။ ယင်းက အတော်လေး ဈေးမချိုပေ။
သူမက ညှိနှိုင်းဖို့ ကြိုးစားခဲ့သော်လည်း ဈေးနှုန်းကို မလျှော့နိုင်ပေ။ ယင်းက ထိုဈေးသာ ဖြစ်၏။
လင်းချင်းဟယ်က ထိုခြံဝန်းကို ဝယ်ယူခဲ့၏။
ထိုအိမ်ခြံဝန်းတွင် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့၏ နာမည်များကို ရေးသားလိုက်၏။
သူမက အိမ်ရာပိုင်ဆိုင်မှုကို ရရှိသောအခါ လင်းချင်းဟယ်၏ စိတ်ခံစားချက် မည်မျှ ကောင်းမွန်ကြောင်း ပြောဖို့ မလိုတော့ပေ။
"စည်ကားတဲ့ ဝန်းကျင်မှာ ဆိုင်တစ်ဆိုင် ရှိရင် ကျွန်မကို ခေါ်ပေးပါ" လင်းချင်းဟယ်က ဝန်ထမ်းကို ပြောလိုက်သည်။
"ကောင်းပြီ၊ ငါတို့ မင်းအတွက် စောင့်ကြည့်ထားပေးမယ်" ဝန်ထမ်းက လင်မယားကို ကြည့်လိုက်ပြီးနောက် ထိုမိသားစုက ကြွယ်ဝကြောင်း သိရှိပြီး ခေါင်းညိတ်လျက် တုံ့ပြန်လိုက်၏။
လင်းချင်းဟယ်က ကျောင်းရုံးမှ ဖုန်းနံပါတ်ကို သူ့ထံ ချန်ထားလိုက်သည်။ တကယ်လို့ သူမက ထိုနေရာတွင် မရှိလျှင်ပင် ဖုန်းလက်ခံရရှိသော ကောလိပ်မှလူက သူမကို ပြန်ပြောပေးလိမ့်မည်။
ခြံဝန်းကို ဝယ်ယူပြီးနောက် လင်းချင်းဟယ်က အလွန်စိတ်ခံစားချက် ကောင်းနေသည်။ သူမက ကျိုးချင်းပိုင်နှင့် ပြန်လာခဲ့၏။
"ဦးလေးဝမ်မှာ နည်းလမ်းတချို့ ရှိနိုင်တယ်။ မင်း ဘာလို့ ဦးလေးဝမ်ကို မမေးတာလဲ" ကျိုးချင်းပိုင်က မေးလိုက်သည်။
"ကျွန်မတို့ အိမ်ရာစီမံရေးမှာ လာမေးလို့ရတယ်။ ဦးလေးဝမ်ကို မေးဖို့ မလိုဘူး။ တခြားနည်းနဲ့ ပြောရရင် ကျွန်မတို့ ငွေတွေအများကြီး ဘယ်ကရလာလဲ ဆိုတာ မရှင်းပြနိုင်ဘူးလေ" လင်းချင်းဟယ်က ရှင်းပြလိုက်သည်။
သူမက ပင်ကိုအားဖြင့် ဆင်ခြင်တတ်သူ ဖြစ်သည်။ ဖက်ထုပ်ဆိုင်တစ်ဆိုင်ဝယ်ဖို့ ငွေအများအပြား ထုတ်ထားရပြီး သူမအတွက် မလွယ်ကူပေ။
တခြားခြံဝန်းဝယ်ရန် ငွေမည်မျှ ကျန်မည်နည်း။
ထို့ကြောင့် မေ့ထားရပေမည်။ သူတို့က ယင်းကို ဝယ်ရန် အချိန်ယူရုံသာ ရှိသည်။ တကယ်တမ်းတော့ သူတို့က မလောနေပေ။
ကျိုးချင်းပိုင်က ခေါင်းညိတ်လိုက်ပြီး ဆက်မပြောတော့ပေ။
ကျောင်းစဖွင့်ပြီးနောက် လင်းချင်းဟယ်က အလုပ်သို့ သွားရသည်။ ကလေးများကလည်း သူတို့အတန်းများကို တက်ရပြီး ကျိုးချင်းပိုင်က သူ့ဆိုင်ကို ဆက်လက်လုပ်ဆောင်ရသည်။
လင်းချင်းဟယ်က ကောင်လေးများ၏ တီဗွီအပေါ် စိတ်ဝင်စားမှုကို ရက်အနည်းငယ်သာ ကြာမည်ဟု တွေးမိခဲ့သည်။ သိသာစွာဖြင့် သူမက တီဗွီ၏ ဆွဲဆောင်နိုင်စွမ်းကို လျှော့တွက်မိခဲ့သည်။
ကံကောင်းစွာဖြင့် သူတို့၏ ပညာရေးစွမ်းဆောင်ရည်က အတော်လေး ဆုတ်ယုတ်ခြင်းမရှိဘဲ တခြားနည်းအားဖြင့် ဆိုရသော် သူတို့က တီဗွီကြည့်ခြင်းကို မေ့သွားနိုင်သည်။
"ကျောင်းပြီးရင် မြန်မြန် သွားပြီးတော့ မင်းတို့အဖေကို ကူရမယ်။ ပြန်လာပြီးတော့ တီဗွီလာကြည့်တာ မင်းတို့ အရိုက်ခံချင်တာလား။ ယုံယုံ မယုံယုံ ငါ ဒီတီဗွီကို ပြန်ရောင်းပစ်ရမလား" သို့သော်ငြား လင်းချင်းဟယ်က သူမ၏ သင်ကြားမှုကို ချုပ်တည်းမထားပေ။
ထို့နောက် ညီအစ်ကိုများက ဖက်ထုပ်ဆိုင်ကို ကူညီလုပ်ကိုင်ပေးရန် အပို့ခံလိုက်ရသည်။
လင်းချင်းဟယ်က သင်ခန်းစာအချို့ ပေးပြီးနောက် သူမအခန်းထဲသို့ အားဖြည့်နေလိုက်သည်။ ညစာစားချိန် ရောက်ခါနီးတွင် သူမက ဖက်ထုပ်ဆိုင်သို့ ထွက်လာသည်။
"ဒေါ်လေး" သူမက ထွက်လာပြီး မကြာမီတွင် ကျန်းမေ့လျန်က ပြေးလာခဲ့၏။ ကျန်းမေ့လျန်က သူမကို ခေါ်လိုက်သည်။
"နင့် ငါ့ကို ဒေါ်လေးလို့ ခေါ်တာကို လက်မခံရဲပါဘူး" လင်းချင်းဟယ်က ယဉ်ကျေးစွာ ပြောလိုက်သော်လည်း သူမမျက်နှာတွင်မူ ဆန့်ကျင်ဘက် ဖြစ်နေသည်။
"ဒေါ်လေး၊ ကျွန်မကို အိမ်ထဲမှာ တီဗွီကြည့်ဖို့ ခွင့်ပြုပေးနိုင်မလား။ ရှောင်ရွှမ်နဲ့ တခြားသူတွေ ကြည့်နေတာ ကျွန်မတွေ့တယ်။ ဒါက သိပ်စိတ်ဝင်စားဖို့ ကောင်းတာပဲ" ကျန်းမေ့လျန်က ပြောသည်။
လင်းချင်းဟယ်က သူမသားအကြီးကို သူမ တွေးနေသည်ကို မသိခြင်း မဟုတ်ပေ။ သူမက သူမအစ်မနှင့်အတူ မှင်နီတားခံထားရပြီးဖြစ်၏။ သူမက ပြုံးလိုက်သည်။
"ဒါက နည်းလမ်းမရှိဘူး။ တကယ်လို့ နင်သာ ယောက်ျားလေး ဆိုရင် ဝင်ကြည့်ခိုင်းလို့ ရပါသေးတယ်။ ဒါပေမဲ့ နင်က မိန်းကလေး ဆိုတော့ သူတို့က ယောက်ျားလေးတွေလေ။ နင် တစ်ခန်းတည်း နေလို့ မရဘူး။ နင်က ကြီးနေပြီပဲ။ နင် လက်ထပ်ရအုံးမယ်။ ဒီအကြောင်းသာ ပြန်နှံ့သွားရင် မင်းရဲ့သတင်းက မကောင်းဘူးလေ" ဟု ပြောပြီးနောက် လင်းချင်ဟယ်က ထွက်သွားတော့သည်။
သူမက အောက်ထပ်သို့ ရောက်သွားပြီးနောက် အမျိုးသမီးကျန်းက အိမ်ထဲမှ ထွက်လာပြီး ကျန်းမေ့လျန်ကို ကြည့်ကာ ပြောလိုက်သည်။
"ညီမလေး ငါ မပြောဘူးလား။ နင်က အေးစက်တဲ့တင်ပါးပေါ် မျက်နှာပူပူနဲ့ ထားချင်သေးတာလား။ သူက နင့်အပေါ်မှာ ထင်မြင်ချက်ကောင်း မရှိဘူးဆိုတာ ရှင်းနေတာပဲ။ ယောက်မပြောတာကို နားထောင် ယောက်မမိတ်ဆက်ပေးတဲ့လူနဲ့ လက်ထပ်ဖို့ ပြင်လိုက်တော့"
"အဲလူက ကျိုးခိုင်နဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ" ကျန်းမော့လျန်က နှုတ်ခမ်းစူလိုက်သည်။
အစပိုင်းတွင် သူမက နွေရာသီ၌ ဖက်ထုပ်ဆိုင်တွင် ကူညီရန် စီစဉ်ထားသော်လည်း အဘိုးဝမ်နှင့် အဒေါ်မာက ရှိနေခဲ့သည်။ အထူးသဖြင့် အဒေါ်မာ ဖြစ်သည်။
သူမက ထိုသို့သွားလျှင် မည်သည်ကိုမျှ ရိတ်သိမ်းရန် မတွေးလေနှင့်။
ထို့ကြောင့် သူမက မသွားခဲ့ချေ။ သို့သော်ငြား ကျိုးခိုင်နှင့် သီးသန့် ဆက်သွယ်ရန် နည်းလမ်းမရှိခဲ့ချေ။
သူမက ထိုကောင်လေးကို မည်မျှ နှစ်သက်မှန်း ဘုရားသာ သိပေမည်။ ထိုကောင်လေးကတော့ ဘာမှကို နားမလည်ပေ။ သူမက အပြစ်ကင်းတဲ့အကြောင်း သူ့ကို မပြောနိုင်ခဲ့ချေ။
တကယ်တမ်းတော့ သူက အမျိုးသမီးတစ်ဦး၏အရသာကို မမြည်းစမ်းဖူးပေ။ သူသာ ယင်းကို မြည်းစမ်းမိသွားပါက သူက စိတ်ထဲရှိတော့မည် မဟုတ်ပေ။ (ဆိုလိုတာက သူမက မကောင်းဘူးဆိုရင်တောင်မှ သူ စိတ်ထဲ ထားမှာ မဟုတ်တော့ဘူး။ အဲလို ပြောတာပါ)
သို့သော်ငြား သူမတွက် အခွင့်အရေးတစ်ခုတောင် မရှိခဲ့ပေ။
"သူက အခုမှ ၁၆နှစ်၊ ၁၈နှစ် ပြည့်ဖို့ နှစ်နှစ်လိုသေးတယ်။ နင်က အခု ဘယ်လောက်လဲ။ နင် စောင့်နိုင်မှာတဲ့လား။ ပြီးတော့ သူက စစ်တပ်ထဲ ဝင်မယ်လို့ ကြားထားတယ်" အမျိုးသမီးကျန်းက ပြောသည်။
"စစ်တပ်ထဲ ဝင်တော့ ပိုကောင်းတာပေါ့။ သူ့ဆီ သွားလည်ဖို့ ပိုလွယ်သွားပြီ" ကျန်းမေ့လျန်က ထိုစကားကို ကြားပြီးနောက် သူမမျက်လုံးများက တောက်ပလာသည်။
"တွက်ကြည့်လိုက်တော့ သူက နောက်နှစ်ဘွဲ့ရမှာ မဟုတ်လား"
"အင်း နောက်နှစ်ဘွဲ့ရမှာ" အမျိုးသမီးကျန်းက သူမနှုတ်ခမ်းကို တွန့်ကွေးလိုက်၏။
"ကောင်းလိုက်တာ" ကျန်းမေ့လျန်က ပြောသည်။
အမျိုးသမီးကျန်းက ရင်ထဲတွင် ရယ်မောနေသည်။ ကျိုးမိသားစုက ထိုအတွက် မည်သည့်ရည်ရွယ်ချက်မျှ မရှိချေ။ တစ်ဖက်မှာ အောင်မြင်မှုမြင့်မားသော ကျောင်းသားဖြစ်နေပြီး နင့်ကို ဘာဖြစ်လို့ သဘောကျမှာလဲ။
အမျိုးသမီးကျန်းက သူမကို အိမ်ပေါ်တွင် အလကား တင်မကျွေးထားလိုသဖြင့် လက်ထပ်ပေးလိုပြီး သူမက သူမယောက္ခမကို စည်းရုံးဖို့ လှည့်လိုက်တော့သည်။