အခန်း (၂၉၆) - ကံတရားကိုရှာဖွေ။
ကျန်းမိသားစုနှင့် ပတ်သက်၍ကတော့ လင်းချင်းဟယ်က နောက်လှည့်လိုက်သည်နှင့် မေ့ပစ်လိုက်ပြီ ဖြစ်သည်။
သူမစောင့်ရှောက်ခဲ့သော သားသုံးယောက်က မတုံးအပေ။ သူမသားများများကို ကြံစည်လိုပါက သူမက တံခါးဖွင့်ပေးမည် မဟုတ်ပေ။ ပြတင်းပေါက်တောင် ရမည် မဟုတ်ချေ။
အားနည်းပြီးတော့ သိမ်မွေ့ခြင်းက အသုံးဝင်နိုင်မလား။ ယင်းက အသုံးမဝင်ချေ။
လင်းချင်းဟယ်က သူမသားများကို သူတို့လမ်းကို သူတို့ဘာသာ လျှောက်ဖို့တွေးရန် အမြဲတမ်း ပြင်ဆင်ပေးသည်။ သူမသားများ၏ လက်တွဲဖော်အတွက်မူ သူမက ပါဝင်ဆုံးဖြတ်ပေးမည် မဟုတ်ပေ။
သူမသာ စိတ်မကျေနပ်ပါက သူမက ပြောပေလိမ့်မည်။ သူတို့သာ လက်ထပ်ဖို့ တောင်းဆိုလာရင် သူမက တားမြစ်မည် မဟုတ်ပေ။ နောင်တွင် လူတိုင်းက လွတ်လပ်စွာ နေနိုင်သည်။ ယင်းက ပြဿနာ မဟုတ်ပေ။
သို့သော်ငြား ယင်းက ပြောရန် စောလွန်းသေးပြီး သူတို့က အခုထိ ငယ်သေးသည်။
လင်းချင်းဟယ်က အဒေါ်မာနှင့် လမ်းတွင် ဆုံကြသည်။ အဒေါ်မာက အလုပ်မှ ပြန်လာသော အိမ်ပြန်လမ်းတွင် ဖြစ်၏။
"ရှောင်ခိုင်က ငါ ပြန်ရောက်တဲ့အခါ နင့်ကို ခေါ်ဖို့ ပြောတယ်၊ အချိန်ကို မေ့ပြီး စာအုပ်ဖတ်မနေနဲ့"
အဒေါ်မာက ပြုံးလျက် ပြောသည်။
"ကျွန်မ ဗိုက်ဆာနေပြီ" လင်းချင်းဟယ်က အပြုံးဖြင့် ပြန်ပြောလိုက်သည်။
နှစ်ယောက်သားက များများမပြောပေ။ အဒေါ်မာက ပြန်သွားပြီး လင်းချင်းဟယ်ကလည်း သူမလမ်းသူမ ဆက်လာသည်။
မိသားစုက ညစာအတူတူ စားကြသည်။
"ဒီဘက်မှာ ပန်ကာ မရှိသေးဘူး" လင်းချင်းဟယ်က မှတ်ချက်ချသည်။
အလွန်ပူသောနေ့ဖြစ်၍ တစ်နပ်စားရင်း ချွေးများ ကျလာသည်။ သူမက ဤနေရာတွင် လျှပ်စစ်ပန်ကာ ထားရန် မတွေးခဲ့မိပေ။
"နောက်တစ်ခါ ဝယ်တာပေါ့" ကျိုးချင်းပိုင်က ခေါင်းညိတ်၏။
ပူပြင်းသော ရာသီဥတုတွင် အတော်လေး ပူသည်။ သူက ဖက်ထုပ်များ ချက်နေစဉ်တွင် စွပ်ကျယ်သာ ဝတ်ထားရ၏။ သို့တိုင် သူက ပူနေသေးသည်။ လက်ရှိတွင် အေးဖို့ လျှပ်စစ်ပန်ကာ လိုနေပြီဖြစ်သည်။
ဖက်ထုပ်လာစားသော စားသုံးသူများအတွက်မူ ဝန်ဆောင်ဖို့ကို စိတ်ထားမထားတော့ပေ။ လျှပ်စစ်ပန်ကာတစ်လုံးလား။ မရှိနိုင်ချေ။
"စားပြီးရင် မင်းတို့နှစ်ယောက် ရှင်းလိုက်ကြ" လင်းချင်းဟယ်က သူမသားသုံးယောက်ကို တိုက်ရိုက်ပြောလိုက်သည်။
ယနေ့တွင် အဘိုးဝမ်က လာမစားချေ။ သူက ကျောင်းမှာသာ စား၏။
သူမက စားသောက်ပြီးနောက် ကျိုးချင်းပိုင်ကို ခေါ်ကာ လေညင်းခံ ထွက်ရန် စက်ဘီးဖြင့် လမ်းဆုံသို့ ထွက်လာခဲ့သည်။
"ကျွန်မတို့ အဖေနဲ့အမေကို ဘယ်အချိန် ခေါ်ကြမလဲ" လင်းချင်းဟယ်က မေးလိုက်သည်။
"နောက်နှစ်ကို ကြည့်တာပေါ့" ကျိုးချင်းပိုင်က ပြောသည်။
ဖက်ထုပ်ဆိုင်က ဒီနှစ်တွင် စဖွင့်ခဲ့သည်။ စီးပွားရေးက မဆိုးသော်ငြား ယင်းက အပြည့်အဝ မတည်ငြိမ်သေးပေ။
လင်းချင်းဟယ်က ခေါင်းညိတ်လိုက်၏။ ထို့နောက် သူမက လမ်းဆုံ၏ တခြားဘက်တွင် ရင်းနှီးသောသူကို တွေ့လိုက်ရသည်။ ဒါက ချန်ရွှယ်မဟုတ်လား။ သူမက တခြားအမျိုးသားနှင့် လမ်းလျှောက်နေသည်။ ကြည့်ရသည်မှာ သူမက ချိန်းတွေ့နေပုံရသည်။
ချန်ရွှယ်ကလည်း လင်းချင်းဟယ်ကို သတိပြုမိလိုက်သည်။ တစ်ချက် စိုက်ကြည့်ပြီးနောက် သူမကို မမြင်သကဲ့သို့ သူမလူနှင့်အတူ လျှောက်ထွက်သွားလိုက်၏။
"သူမကို သိတာလား" ကျိုးချင်းပိုင်က မေးသည်။
"အဆောင်ခန်းအတူတူသုံးတာ နောက်တော့ သူမက ထွက်သွားတယ်" လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
ကျိုးချင်းပိုင်က ထပ်မမေးပေ။ ဆက်ဆံရေးက အတော်လေး ဆိုးမှန်း သူ ခန့်မှန်းလိုက်မိသည်။
ထိုစဉ် လင်းချင်းဟယ်က ထပ်ပြော၏။ "ကျွန်မက သူမကို ဆန့်ကျင်တာမျိုး မရှိဘူး။ လူတိုင်းက ပိုကောင်းတဲ့နေရာအတွက် ရွေးချယ်ခွင့် ရှိတာပဲ။ ဒါပေမဲ့ တခြားသူကို ထိခိုက်လို့တော့ မရဘူး"
ချန်ရွှယ်က သူမဘဝကောင်းဖို့ လုပ်တာ ဖြစ်သည်။ ယင်းကို နားလည်ပေးနိုင်၏။
သို့သော်ငြား ချန်ရွှယ်၏အပြုအမူက မူလကိုယ်နှင့် မကွာခြားပေ။ လင်းချင်းဟယ်က တကယ်ပင် လက်မခံနိုင်ပေ။
ခင်ပွန်းနှင့် ကလေးကို ပစ်ထားသည်။ ယင်းက တစ်ယောက်ယောက်၏ ဆိုးရွားသော ကျင့်ဝတ်သိက္ခာနှင့် စရိုက်လက္ခဏာကို ပြသခြင်း ဖြစ်သည်။ ထိုသို့သော လူတစ်ယောက်က အခြားကဏ္ဍများတွင် ထူးချွန်နေလျှင်ပင် လင်းချင်းဟယ်က လက်မခံနိုင်ပေ။
လင်းချင်းဟယ်က နောင်တွင် ချန်ရွှယ် နောင်တရမည်ဟု ခန့်မှန်းခဲ့သည်။
ကျိုးချင်းပိုင်က ဗဟုသုတအဖြစ်သာ တွေးလိုက်သည်။ သူက ချန်ရွှယ်ကိစ္စကို ဘာမှမပြောဘဲ နောက်နှစ် ကျိုးခိုင်ဘွဲ့ရမည့်အကြောင်းကို ပြောင်းလဲလိုက်၏။
"ဦးလေးဝမ်ကပြောတယ်။ သူ ဘွဲ့ရတဲ့အခါ သူ စစ်တပ်ထဲ မဝင်ခင် စစ်တပ်အကယ်ဒမီကို နှစ်နှစ် သွားရလိမ့်မယ်တဲ့" ကျိုးချင်းပိုင်က ပြော၏။
"ကျွန်မ ဒါကို နားမလည်ဘူး။ ဘာက အကောင်းဆုံးလဲ ဆိုတာကို ရှင် ဆုံးဖြတ်ပြီးတော့ သူ့ကို ရွေးချယ်ဖို့ ခွင့်ပြုပေးလိုက်ပါ" လင်းချင်းဟယ်က ပြောလိုက်သည်။
"ဦးလေးဝမ်ရဲ့ ထောက်ပြတာက ကောင်းတယ်။ သူ့ကို နောက်နှစ်နှစ်မှာ စစ်တပ်အကယ်ဒမီကို သွားခိုင်းပြီးရင်တောင် သူထွက်လာရင် ၁၉နှစ်ပဲ ရှိအုံးမယ်" ကျိုးချင်းပိုင်က ပြောလိုက်၏။
သူက စစ်တပ်မှ ထွက်လာတာ ဖြစ်သည်။ စစ်တပ်ထဲတွင် ပညာရေးအရည်အချင်း လိုအပ်ချက်က မနိမ့်ပေ။ ကျိုးချင်းပိုင်က အနာဂတ်တွင် သူက မြင့်မြင့်နှင့် ဝေးဝေး သွားလိုပါက အကယ်ဒမီအရည်အချင်းက မရှိမဖြစ် ဖြစ်မှန်း သိသည်။
ပေကျင်းတက္ကသိုလ်မှ ဘွဲ့ရပြီးနောက် စစ်တပ်အကယ်ဒမီသို့ နှစ်နှစ်သွားပြီးလျှင် ယင်းက အတော်လေး လုံလောက်ပြီဖြစ်သည်။
လင်းချင်းဟယ်က ပြောသည်။ "အနာဂတ်မှာ လောင်စန်းကို ဖက်ထုပ်ဆိုင်နဲ့ ချန်ထားရမှာ ကျွန်မစိုးရိမ်နေတာ" သူမက သူ့ကိုညီအစ်ကိုသုံးယောက်၏ ရည်မှန်းချက်များကို ပြောပြလိုက်သည်။
သူမသားကြီးက စစ်တပ်ကို သွားချင်မှန်း သိသည်။ သူက အမြဲတမ်း လိုချင်နေခဲ့တာ ဖြစ်သည်။
ဒုတိယသားက ဆရာတစ်ယောက် ဖြစ်ချင်သည်ကို သူမ အနည်းငယ် အံ့ဩခဲ့ရသည်။ သူမသည် ဒုတိယသားက စီးပွားရေးလုပ်ငန်းနှင့် ပိုကိုက်ညီသည်က တကယ့်ကို ခံစားရလေသည်။
တတိယသားက စီးပွားရေး လုပ်ချင်တာကလည်း မဆိုးပေ။ တကယ်တမ်းတော့ ထိုကောင်စုတ်လေးက လူမှုဆက်ဆံရေး ကောင်း၏။ သူက လူတိုင်းနှင့် ပေါင်းသင်းနိုင်သည်။ သူက လူမှုပေါင်းသင်းဆက်ဆံရေးကို ဆရာ မပါဘဲ သင်ယူနိုင်ခဲ့သည်။ သူက နောင်တွင် ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်။
"သူ့ကိုယ်ပိုင်စီးပွားရေးကို စတင်ပါစေ။ ကိုယ်တို့ အသက်ကြီးလာရင် စောင့်ရှောက်နိုင်တာပေါ့"
ကျိုးချင်းပိုင်က အစီအစဉ်မရှိချေ။
လင်းချင်းဟယ်က ပြုံးလျက် သူ့ကို ကြည့်လိုက်ပြီးနောက်။ "ရှင်က တစ်သက်လုံး ဖက်ထုပ်ရောင်းဖို့ တွေးနေတာလား။ မလုပ်နဲ့။ နွေရာသီနဲ့ ဆောင်းရာသီ အားလပ်ရက်တိုင်း ကျွန်မတို့နှစ်ယောက် တောင်တန်းတွေနဲ့ မြစ်ပြင်တွေဆီ အလည်သွားကြမယ်။ ကျွန်မတို့မှာ အချိန်မရှိဘူး။ သူ့ဆီ အမှိုက်တွေ (အလုပ်တွေ) ပစ်ပေးထားတာက ကောင်းတယ်"
"အမ်း" ကျိုးချင်းပိုင်က နွေးထွေးစွာ ကြည့်ပြီးနောက် ပြန်ပြောလိုက်သည်။
လင်မယားနှစ်ယောက်က ရေခဲမုန့် သွားဝယ်လိုက်ကြသည်။ ယင်းက အလွန်သက်သောင့်သက်သာ ရှိလှသည်။ သူတို့က ကိုးနာရီထိုးအထိ အိမ်မပြန်သေးပေ။
ညီအစ်ကိုများက တီဗွီကြည့်နေကြသည်။ ဇနီးမောင်နှံ ပြန်လာသည်ကို တွေ့တော့ သူတို့က ပြောသည်။
"အဖေတို့ ချိန်းတွေ့ပြီး ပြန်လာတာလား"
"နင် မနာလိုဖြစ်ရင် တစ်ယောက် ရှာနိုင်တယ်" လင်းချင်းဟယ်က ပြောလိုက်၏။
"အမေ၊ ကျွန်တော်တို့ကို ဆယ်ကျော်သက်အချစ်ရှိဖို့ ခွင့်ပြုမှာလား" ကျိုးရွှမ်က အံ့အားသင့်စွာ မေး၏။
"ခွင့်ပြုတယ်။ မင်းအဖေနဲ့ငါက မြေးလေးတွေကို ပွေ့ချင်တယ်။ မြန်မြန်လေး ဆယ်ကျော်သက်အချစ်နဲ့ ငါတို့ ကစားဖို့ တချို့မွေးပေးတော့" လင်းချင်းဟယ်က ပြောလိုက်၏။
"အစ်ကိုကြီး ဒါက မင်းအပေါ်မူတည်တယ်" ကျိုးကွေ့လိုင်က ပြောလိုက်သည်။
ကျိုးခိုင်က ဆွံ့အလျက် ပြောလာ၏။ "ငါက ငါ့အသက်၂၅အထိ ဒီကိစ္စကို မတွေးထားသေးဘူး။ မင်းတို့နှစ်ယောက် လုပ်နိုင်မှာပါ"
"နှစ်ဆယ့်ငါးနှစ်အထိလား" ကျိုးချင်းပိုင်က သူ့ကို စိုက်ကြည့်လိုက်သည်။ သူက ထိုအသက်ကို သိသိသာသာပင် မကျေနပ်ချေ။
"ဒါက အိုလွန်းတယ်။ အဖေ အသက်နှစ်ဆယ့်ငါးတုန်းက ငါတို့သုံးယောက်လုံး မွေးပြီးပြီ" ကျိုးရွှမ်က ပြော၏။
"မှန်တယ်" ကျိုးကွေ့လိုင်ကလည်း ခေါင်းညိတ်၏။
လင်းချင်းဟယ်က စားဖို့ အသီးတစ်ပန်းကန်ကို ယူထုတ်လာသည်။ မိသားစုက တီဗွီကြည့်ရင်း စားကြသည်။ ကိုးနာရီခွဲတွင် သူတို့က တီဗွီပိတ်လိုက်ပြီး အိပ်ရာဝင်ကြသည်။
အိမ်ရှိဘဝက အလွန်တည်ငြိမ်ပြီး သက်သောင့်သက်သာ ရှိသည်။
လင်းချင်းဟယ်က တစ်နေ့တာကို ပုံမှန်ဖြတ်သန်းသည်။ ကျိုးချင်းပိုင်ကလည်း နည်းတူပင်။ တခြားသော ကလေးသုံးယောက်က မြို့တော်ရှိ လူနေမှုဘဝနှင့် အပြည့်အဝ လိုက်လျောညီထွေ ရှိလာသည်။
တစ်ဖက်က ကျိုးမိသားစုဟောင်းဘက်တွင် ဖြစ်သည်။
အဖေကျိုးနှင့် အမေကျိုးက ညစာစားနေချိန်တွင် ကျိုးလျို့နီက ရောက်လာ၏။
"လျို့နီ လာ၊ စားပြီးပြီလား" အမေကျိုးက မေးလိုက်သည်။
"သမီး မစားရသေးဘူး" ကျိုးလျို့နီက ဖြေရင်းဖြင့် သူမမျက်လုံးက စားပွဲပေါ်ရှိ ကြက်ဥမွှေပေါ်တွင် ရောက်နေသည်။
လူအိုလင်မယားအတွက် ကွက်တိသာ ဖြစ်သော်လည်း သူတို့က မစားရသေးကြောင်း ကြားသောအခါ သူမကို စားခွင့်ပြုလိုက်သည်။
"အဘိုး၊ စတုတ္ထဦးလေးနဲ့ အန်တီက မြို့တော်မှာ ဘယ်လိုနေလဲ။ ဖက်ထုပ်ဆိုင်က သေချာပေါက် ကောင်းတယ် မဟုတ်လား" ကျိုးလျို့နီက ပြောသည်။
"ဖက်ထုပ်ဆိုင်က မထူးဆန်းတာကို ရောင်းမကောင်းနိုင်ဘူး။ စီးပွားရေးက ဘယ်လို ကောင်းမှာလဲ"
အမေကျိုးက ပြောလိုက်သည်။
"အဘွား စတုတ္ထဦးလေးနဲ့ ဒေါ်လေးက မြို့တော်မှာ ကောင်းတဲ့ဘဝကို ရပြီးတော့ အဘွားတို့ကို လျစ်လျူရှုလိုက်ပြီ မဟုတ်လား" ကျိုးလျို့နီက ပြောသည်။
"ဒါ ဘာ ပြောတာလဲ ကောင်မလေး။ နင့်စတုတ္ထဦးလေးနဲ့ ဒေါ်လေးက သိတတ်တာဖြစ်ဖြစ် မသိတတ်တာ ဖြစ်ဖြစ် ငါတို့ ဘယ်လို ပြောနိုင်မှာလဲ" အမေကျိုးက ယင်းကို နားထောင်ဖို့ ဆန္ဒမရှိဘဲ ပြောလိုက်သည်။
"ဒါဆို နွေရာသီတုန်းက ဘာလို့ မပြန်လာတာလဲ" ကျိုးလျို့နီက ထောက်ပြသည်။
"ဆိုင်ဖွင့်ထားမှတော့ သူတို့ ဘယ်လို အားမှာလဲ။ လတိုင်း ငှားခပေးရတာ များတယ်။ ဘယ်လို ဆက်သွားနေမလဲ မသိဘူး။ ဒါပေမဲ့ သူတို့ နှစ်သစ်ကူးကျရင်တော့ ပြန်လာလိမ့်မယ်" အမေကျိုးက အနည်းငယ် ပူပန်စွာဖြင့် ပြောလိုက်သည်။