အခန်း ၄
Viewers 25k

အခန်း (၄) – ထို့ကြောင့် သူတို့သည် အစကတည်းက မိသားစုတစ်ခု မဖြစ်ခဲ့ဖူးပါ (၂)


သူမ၏ယခင်ဘဝ၌ သူမသည် သူမစီးပွားရေးလုပ်ငန်းများကို တဖြည်းဖြည်းချင်း သူမသားဖြစ်သူအား လွှဲပြောင်းပေးခဲ့သည်။ ကျွင်းရုံ သူမ အမြင်ရသွားချိန်တွင် သူမ၏ဝက်လိုသားသည် သူမယုံကြည်ရသောသူအားလုံးကို ဖယ်ထုတ်ပြီးဖြစ်နှင့်နေပြီ။ သူမသည် သူမပိုင်ဆိုင်သည့်ပစ္စည်းအားလုံးရော ထိုလူအားလုံးကိုပါ အရာအားလုံးဆုံးရှုံးခဲ့သည်။


သူမ၏သူငယ်ချင်းကောင်း ရှုဝေဝေထံဖုန်းဆက်ပြီး တနင်္ဂနွေနေ့လည်တွင်တွေ့ရန် ချိန်းဆိုလိုက်သည်။ ဖန့်ကျွင်းရုံသည် ကြိုးကြာဖြူကလပ်တွင် သီးသန့်အခန်းကို ကြိုတင်မှာယူခဲ့သည်။


သူတို့အစည်းအဝေးမထိုင်မီ ဖန့်ကျွင်းရုံသည် သူတို့ပိုင်ဆိုင်မှုအားလုံးကို စစ်ကြည့်ခဲ့သည်။ သူတို့တွင် စုစုပေါင်းဆိုင်ဆယ့်ခြောက်ဆိုင်ရှိပြီး အားလုံးသည် နေရာကောင်းများမှာ ရှိကြသည်။ အဲ့ဒီဆိုင်တွေနဲ့တင် တစ်ဘီလီယံကျော်တန်ဖိုးရှိသည်။ သူမနာမည်အောက်တွင်ရှိသည့် တိုက်ခန်းတွဲများနှင့် အခြားအိမ်တွေပါပါရင် နောက်ထပ် လေးဘီလီယံလောက် ထည့်တွက်နိုင်သည်။ သူမတို့ ဝယ်ယူခဲ့သော အိမ်အားလုံးကို   ဖန့်ကျွင်းရုံနာမည်အောက်တွင်သာ ထားရှိခဲ့သည်။ ဒါက လီဝမ့်ကျင်းရဲ့ လူကောင်းသူကောင်းတစ်ဦးအဖြစ် အမည်တွင်ခြင်း၏ အကြောင်းပြချက်များထဲမှ အစိတ်အပိုင်းတစ်ခုဖြစ်ကာ သူမတို့ကွာရှင်းပြတ်ဆဲမှုတွင် လူများစွာက သူ့ဖက်မှရပ်တည်ခဲ့သည်။


ဖန့်ကျွင်းရုံသည် သက်ပြင်းအရှည်ကြီးချလိုက်မိသည်။ ကံကောင်းတာက သူမသည် ထိုအိမ်များကို အမွေခွဲမပေးရသေးပေ။ ယခင်ဘဝက ဤအိမ်များကို နှစ်စုခွဲကာ သူမသားနှင့် သမီးကို သူမသမီးကိုပွဲထုတ်သည့်နေ့တွင် ပေးခဲ့သည်။ နောက်ပိုင်းတွင် လီဝမ့်ကျင်းကို ယုံကြည်အားကိုးသည့် ရှင်းယွင်သည် သူမရင်းနှီးမြုပ်နှံထားသည့်ရှယ်ယာများကို သူမအဖေအား ပေးခဲ့သည်။


ထိုအချက်ကို စဉ်းစားမိတာနဲ့ လီဝမ့်ကျင်းအပေါ် ဖန့်ကျွင်းရုံ၏မုန်းတီးမှုသည် ပိုမိုနက်ရှိုင်းလာခဲ့သည်။


ဒီတစ်သက်မှာတော့ ကျွင်းရုံ သူမ၏အိမ်များနဲ့ ဆိုင်များကို ဘယ်အကြောင်းနဲ့မှ ‌မပေးနိုင်‌တော့ဘူး။


ဖန့်ကျွင်းရုံသည် သူမ၏စိတ်ခံစားချက်များကို ပြန်လည်အောက်မေ့ရင်း လီဝမ့်ကျင်းက ကျန်းယာ့ကောအတွက် သူကိုယ်တိုင် အခန်းပြင်ဆင်ပေးနေခြင်းကို အေးတိအေးစက်ကြည့်နေသည်။ သူက ကျန်းယာ့ကောအတွက်အခန်းကို လီရှစ်ကျီနေသည့် ဒုတိယထပ်မှာ စီစဉ်ပေးချင်ပေမယ့် ဖန့်ကျွင်းရုံသည် လက်မခံပဲ ပထမထပ်က အခန်းတစ်ခန်းကိုသာ အစားထိုးပေးခဲ့သည်။


စနေနေ့တွင် သူမသည်နေ့လည်စာစားပြီးနောက် Sမြို့ရဲ့နာမည်ကြီး ကြိုးကြာဖြူကလပ်သို့ ကားမောင်းသွားခဲ့သည်။ သူမ ဆယ်မိနစ်ခန့်စောင့်ဆိုင်းပြီးနောက် သူမ၏သူငယ်ချင်းကောင်း ရှုဝေဝေရောက်လာခဲ့သည်။ ရှုဝေဝေက သူမရဲ့laptopကိုတောင် ယူလာခဲ့သည်။ ဆံပင်တိုတိုနဲ့သူမကိုကြည့်ရသည်မှာ အရမ်းအရည်အချင်းရှိတဲ့ စီးပွားရေးသမားတစ်ယောက်ပုံစံနဲ့တူတယ်။


ရှုဝေဝေသည် သူမထိုင်ပြီးတာနဲ့ ချက်ချင်းပဲ USB Driveကို ဆွဲထုတ်ကာ ကွန်ပြူတာတွင် ထိုးထည့်လိုက်သည်။ "နင် ငါ့ကို မဆက်သွယ်ရင်တောင် ငါဆက်သွယ်တော့မလို့။ ငါ နင့်ကိုပြောပြစရာအကြောင်းတစ်ချို့ရှိတယ်။"


ရှုဝေဝေသည် အလွန်စေ့စပ်သေချာသောလူတစ်ဦးဖြစ်ပြီး သူမက အရေးကြီးသောသတင်းအချက်အလက်များကို USB Driveတွင် သီးခြားစီ သိမ်းဆည်းထားခဲ့သည်။


ဖန့်ကျွင်းရုံသည် အတိတ်ဘဝက သူ့သမီးပြီးရင် ရှုဝေဝေကိုသတိအရဆုံးပင်။ ရှုဝေဝေနှင့်သူမ သူငယ်ချင်းဖြစ်လာတာ နှစ်ပေါင်းနှစ်ဆယ်ပင်ကြာခဲ့‌ေလပြီ။ သူမကြောင့်သာ လီဝမ့်ကျင်းသည် ရှုဝေဝေကို သူတို့ပြဿနာကြား ဆွဲထည့်ခဲ့ပြီး သူမ မကျူးလွန်ခဲ့သည့်ရာဇဝတ်မှုဖြင့် ထောင်ကျစေခဲ့သည်။ ဒါကြောင့် ဖန့်ကျွင်းရုံသည် သူမကိုအမြဲတမ်းအပြစ်ရှိတယ်လို့ ခံစားခဲ့ရသည်။


"အဲ့တာ ဘာလဲ။"


သူမ ဦးနှောက်ခြောက်သွားခဲ့သည်။ ကျွင်းရုံ သူမယခင်ဘဝက ဒီအကြောင်းနဲ့ပတ်သတ်ပြီး နည်းနည်းလေးကိုတောင် သတိမရဘူး။


ရှုဝေဝေသည် ဖိုင်ကိုဖွင့်လိုက်ကာ အနည်းငယ်တုံ့ဆိုင်းသွားခဲ့ပြီးနောက်တော့ ‌ဆက်ပြောလိုက်သည်။ "လွန်ခဲ့နှစ်အနည်းငယ်လောက်ကတည်းက စီအီးအိုလီက ကုမ္ပဏီငွေတွေကို ရှေးဟောင်းပစ္စည်းတွေနဲ့ ပန်းချီကားတွေ ဝယ်ယူတဲ့နေရာမှာ အများကြီးသုံးစွဲခဲ့တယ်။ အဲ့‌ဒီငွေပမာဏက တော်တော်များတယ်။"


ဖန့်ကျွင်းရုံသည် သူမယခင်ဘဝက ရှုဝေဝေ ဒီအကြောင်းကိုပြောခဲ့ဖူးမှန်း ရေးတေးတေး သတိရလိုက်မိသည်။ အဲသည်အချိန်တုန်းက သူမက အရေးကြီးတယ်လို့ မတွေးမိဘူး။ ရှုဝေဝေက အရေးမပါတဲ့အကြောင်းအရာအနည်းငယ်ကို ရခဲ့တယ်လို့သာ သတ်မှတ်ခဲ့သည်။


လီဝမ့်ကျင်းသည် လွန်ခဲ့သောဆယ်နှစ်ခန့်မှစ၍ ရှေးဟောင်းပစ္စည်းများနှင့် ပန်းချီကားများအပေါ် စွဲလွမ်းခဲ့ပုံရပြီး သူ့အတွက် ထိုပစ္စည်းများနှင့် ဆက်စပ်သည့် အရာများကို ဂရုစိုက်ဖို့ ကုမ္ပဏီတစ်ခုကိုပင် တည်ထောင်ဖို့ စတင်ခဲ့သည်။ သူသည် ရှုဖန့်ဝမ်၏ ပန်းချီကားများကို အထူးနှစ်သက်ခဲ့ပြီး ထိုအလုပ်နှင့် ပတ်သက်၍ ပိုက်ဆံများစွာအကုန်ခံခဲ့သည်။ ထူးဆန်းသည့်အချက်မှာ လီဝမ့်ကျင်းသည် သူစုဆောင်းခဲ့သမျှကို ဘယ်တော့မှခင်းကျင်းပြသခြင်းမရှိပဲ သူ့အိမ်ကြီးအတွင်းမှာပင် ပန်ချီကားအားလုံးကို သိမ်းဆည်းထားခဲ့သည်။



ဖန့်ကျွင်းရုံသည် ယခုတွင် ပိုမိုလေးနက်စွာ ကြည့်ခဲ့သည်။ "သူ ဘယ်လောက်သုံးပြီးပြီလဲ။"


"ငါ အစမ်းတွက်ချက်မှုအချို့ကို လုပ်ထားပြီးပြီ။ သူက ဒီနယ်ပယ်မှာ ယွမ် ၃.၆ဘီလီယံနီးပါးလောက် အကုန်အကျခံခဲ့တယ်။" ရှုဝေဝေက ပြန်ပြောခဲ့သည်။


ဖန့်ကျွင်းရုံသည် သူမကိုယ်သူမ အဆင်သင့်ပြင်ထားပေမယ့် သူမမျက်နှာ‌အရောင်တွေ ပြောင်းလဲသွားဆဲပင်။ ထိုပမာဏသည် သူမမျှော်လင့်ထားသည့်ပမာဏထက် ပိုများသည်။


လီမျိုးနွယ်သည် ချမ်းသာကောင်းချမ်းသာလိမ့်မည်။ ဒါပေမယ့် ‌ယွမ် ၃.၆ ဘီလီယံသည် သေးငယ်သောငွေပမာဏမဟုတ်ပေ။ ထို့အပြင် သူသည် သူ့သမီး၏အလွန်အကျွံသုံးစွဲခြင်းအတွက် အပြစ်တင်ရဲသေးတယ်လား။



" ဒါက ငါ့‌အကြောင်းတော့ မဟုတ်ပေမယ့် ငါသိသလောက် ပြောရမယ်ဆိုရင် တစ်ခုခုမှားနေတယ် ဆိုတာကို နင်သိသင့်တယ်လို့ ငါထင်တယ်..." ရှုဝေဝေသည် အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။