အခန်း ၆
Viewers 25k

အခန်း (၆) – အခြားသူ၏ငွေဖြင့် ရက်ရောသူဖြစ်ရခြင်းက ဘယ်လောက် ပျော်စရာကောင်းလိုက်သလဲ (၁)


ဖန့်ကျွင်းရုံသည် သူမ၏သူငယ်ချင်းကောင်း ရှု‌ဝေဝေနှင့် ထိုအကြောင်းအရာကို ‌ဆွေးနွေးခဲ့သည်။ ရှုဝေဝေသည် သူမ အယုံကြည်ရဆုံးသူ တစ်ယောက် ဖြစ်သည်။ လီဝမ့်ကျင်း သတိမပြုမိစေရန် သူမကိုယ်တိုင် ဝင်မပါသင့်သောကြောင့် သူမအနေဖြင့် ရှုဝေဝေကိုသာ အားကိုးရန်လိုသည်။


သီးသန့်အခန်းထဲမှထွက်လာပြီးနောက် ဖန့်ကျွင်းရုံသည် ရင်းနှီးသောအသံတစ်ခုကို ကြားလိုက်ရသည်။


"ကျွန်မကို သွားခွင့်ပြုပါ။ ရှင်တို့ နှောင့်ယှက်တာမရပ်ဘူးဆိုရင် ကျွန်မ ရဲခေါ်လိုက်မယ်။"


ထိုအသံသည် ညပေါင်းများစွာ သူမကို ခြောက်လန့်နေသော အသံများ၏ပိုင်ရှင် ဖြစ်သည်။ သနားချင်ဖွယ်ကောင်းတဲ့ အရိပ်အယောင်များပါသည့် အလျော့မပေးတတ်သောအသံကို ကြားလိုက်ရသည်။ ဒါဟာ ကျန်းယာ့ကောရဲ့အသံပဲ။ သူမက ထိုအသံဖြင့် စကားပြောတိုင်း သူမပတ်ဝန်းကျင်ရှိ သူရဲကောင်းများအားလုံးက သူမ၏လမ်းခရီးတွင် အန္တရာယ်အားလုံးကိုဖယ်ရှားကာ သူမကိုလုံခြုံစေသည်။


သူမ လှည့်ကြည့်လိုက်သောအခါ ဝန်ထမ်းဝတ်စုံဖြင့်ကျန်းယာ့ကောအား တွေ့လိုက်ရသည်။ သူမ၏ဝန်ထမ်းဝတ်စုံသည် သူမ၏ရှိုက်ဖိုကြီးငယ်အသွယ်သွယ်အား ထင်ပေါ်စေကာ အရွယ်ရောက်၍ ပွင့်လန်းလာသောပန်းပွင့်လေးလိုမျိုး သွယ်လျကြော့ရှင်းနေစေသည်။ သူမတွင် တောက်ပသော အသားအရေ ရှိသည်။ သူမကိုကြည့်ရသည်မှာ ကြော့ရှင်းလှပနေသည် ဖြစ်သော်လည်း သူမရဲ့ အပြစ်ကင်းနေသည့်ပုံစံလေးမှာ သူမကိုထင်ရှားစေသည်။ သူမကို ဒုတိယမျိုးဆက် သခင်လေးများ၏ အာရုံစူးစိုက်မှုခံရသည့် အကြောင်းအရင်းမှာ သူမသည် အနည်းငယ် အာခံဖီဆန်တတ်သော အော်ရာကြောင့် ဖြစ်သည်။ သူမကဲ့သို့သော မိန်းကလေးတစ်ဦးကို အောင်နိုင်ရေးသည် ဒုတိယမျိုးဆက်သခင်လေးများအတွက် တကယ့်စိန်ခေါ်မှုတစ်ရပ် ဖြစ်သည်။


သူမပြောတဲ့စကားတွေကိုကြားတော့ သူတို့တွေ အသံတွေပိုမိုအားကောင်းလာခဲ့သည်။ သူမရှေ့ကလူသည် ပြုံး၍ စနောက်ကျီစယ်နေသောအသံဖြင့် ပြောလိုက်သည်။ "သေချာတာပေါ့။ ရဲကိုခေါ်လိုက်လေ။ မင်း ဘာလို့မခေါ်တာလဲ။ မင်းက ဒီနေရာမျိုးမှာ အလုပ်လုပ်နေပြီး အပြစ်ကင်းစင်ချင်ယောင်ဖို့ ကြိုးစားနေတာက အရမ်းချစ်ဖို့ကောင်းတာပဲ။"


သူက ကျန်းယာ့ကော၏လက်ကောက်ဝတ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး သူမ၏ကြော့ရှင်းတဲ့ ခန္ဓာကိုယ်လေးကို ကောက်ကျစ်စွာ ကြည့်လိုက်သည်။


အကယ်၍ ဒီနေရာမှာ အခြားသူတစ်ဦးဖြစ်ခဲ့ရင် ဖန့်ကျွင်းရုံသည် မြန်မြန်ဆန်ဆန် အကူအညီပေးလိုက်မည် ဖြစ်သော်လည်း ဒါက သူမရှေ့တွင်ရှိသူမှာ ကျန်းယာ့ကောဖြစ်သည်။ ပြီးခဲ့သည့် ယခင်ဘဝတုန်းက သူမဖြစ်ပျက်ခဲ့သမျှကိုသတိရပြီး သူမ၏ကြင်နာမှုများကို မစုစည်းနိုင်ခဲ့ပေ။ ထို့အပြင် ကျန်းယာ့ကောသည် အမြဲတမ်းအလွန်ကံကောင်းခဲ့သည်။


တစ်နည်းနည်းနဲ့ သူမက သူမလမ်းခရီးတွင်တွေ့ကြုံရသည့် မကောင်းသည့်ကိစ္စများကို အမြဲရှောင်ရှားနိုင်ခဲ့သည်။ ဒီတစ်ခါမှာလည်း အလားတူပဲ ဖြစ်လိမ့်မည်။ ဖန့်ကျွင်းရုံသည် ကျန်းယာ့ကော လီအိမ်တော်သို့မဝင်မီက ကလပ်တွင် အလုပ်လုပ်ခဲ့ဖူးသည်ကိုမသိခဲ့ပါ။ လီဝမ့်ကျင်းသည် သူမကိုမွေးစားလိုသည့်အကြောင်းကို ကျန်းယာ့ကောအား ပြောဆိုခြင်းမရှိသေးပေ။ မဟုတ်ရင် သူမက ဒီအလုပ်ကနေထွက်ပြီးသားဖြစ်နေလိမ့်မည်။


ဖန်ကျွင်းရုံသည် ကလပ်ပိုင်ရှင်နှင့် ခင်မင်ရင်းနှီးခဲ့သည်။ ဒီတော့ သူမမှာ ကောင်းမွန်တဲ့ အတွေးအမြင်တစ်ခု ရှိသည်။ ဒီက အလုပ်သမားတွေအားလုံးကို ဂရုတစိုက်ရွေးချယ်ခဲ့ပြီး အားလုံးဟာ တင့်တယ်လှပမှု ရှိကြသည်။ တစ်လလျှင် သောင်းချီဝင်ငွေရှိကြပြီး သူတို့၏ ဝင်ငွေဟာလည်း မကောင်းတာ မဟုတ်ခဲ့ပေ။ သို့သော် ဒီနေရာမှာ ဆိုးရွားတာ ဘာမှ သိပ်မဖြစ်နိုင်သော်လည်း တချိန်ချိန်မှာတော့ နှောင့်ယှက်မှုအချို့ကို မလွဲမသွေတွေ့ကြုံရနိုင်သည်။


သူဌေးသားလူငယ်လေး၏စကားများသည် ဆိုးရွားလှပေသည်။ သို့ပေမယ့် သူ့စကားထဲတွင် အမှန်တရားတစ်ချို့တော့ ပါဝင်လေသည်။ အဲဒီနေရာမျိုးမှာ အလုပ်လုပ်သူ မည်သူမဆို ဤကဲ့သို့အဖြစ်မျိုးကို အခါအားလျော်စွာ ဖြစ်ပျက်လိမ့်မည်ဟု တွေးထားသင့်မည်။ ကျန်းယာ့ကော၏ အရည်အချင်းနှင့်ဆိုလျှင် သူမလိုချင်ပါက သူမသည် ကျူရှင်ဆရာမလုပ်နိုင်လေသည်။ သူမမှာ ဝင်ငွေအများကြီးတော့ မရနိုင်ပေမယ့် ဒီမှာထက် အများကြီး ပိုလုံခြုံမှုရှိနိုင်သည်။ သူမက ဘာအတွေးတွေနဲ့များ လုပ်နေရတာလဲ။


ကျန်းယာ့ကောသည် သူမခေါင်းကိုမော့၍ စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။ "ရှင် ကျွန်မကို မစော်ကားပါနဲ့။ ရှင့်ကို ပြန်ပြောလို့ ကျွန်မရဲ့အလုပ်ပြုတ်ချင်ပြုတ်ပါစေ။"



ထိုသို့ပြောပြီး သူမသည် သူ့လက်ကိုခါထုတ်လိုက်သည်။


ချမ်းသာသောလူငယ်သည် ဝန်ထမ်းမိန်းကလေး၏ သူ့ကိုပါးရိုက်လိုက်သလိုမျိုး အပြုအမူမျိုးကို ခံစားလိုက်ရခြင်းကြောင့် စိတ်တိုသွားခဲ့သည်။


"မင်း ဘယ်လိုလုပ်ရဲတာလဲ။ ငါ မင်းကိုပြောမယ်။ ဒီနေ့ မင်း ငါ့ကိုပြုစုပေးရလိမ့်မယ်။"


ရုတ်တရတ်ပင် ဆွဲဆောင်မှုရှိသည့် မိန်းကလေးတစ်ဦးက ‌တစ်ဟုန်ထိုး ပြေးထွက်လာခဲ့သည်။ ကျန်းယာ့ကော၏ အပြစ်ကင်းစင်တဲ့ အသွင်အပြင်နှင့် နှိုင်းယှဉ်လျှင် ထိုမိန်းကလေးသည် ပို၍နူးညံ့သိမ်‌မွေ့ပြီး သူမမျက်လုံးများက ဆွဲဆောင်မှုရှိသည်။ သူမ၏ဝန်ထမ်းဝတ်စုံက သူမရင်သားများကို ထင်ရှားပေါ်လွင်စေကာ ဘယ်အချိန်မဆို ခုန်ထွက်ကျတော့မလိုပင်။ "သခင်လေးဂူ ယာ့ကောက သိပ်မသောက်နိုင်ဘူး။ သူမကို ရှင်သဘောကျမှာမဟုတ်ဘူး။ ဘာလို့ ရှင် ကျွန်မနဲ့အတူ မသောက်တာလဲ။"


ဖန့်ကျွင်းရုံသည် ထိုမိန်းကလေးကို သတိပြုမိလိုက်သည်။ သူမသည် ကျုံးရီပင်။ ထိုမိန်းကလေးသည် သူမ၏ယခင်ဘဝတုန်းက ကျန်းယာ့ကောရဲ့အရင်းနှီးဆုံးမိန်းကလေးသူငယ်ချင်းတစ်ဦးဖြစ်ခဲ့သည်။ နောက်တော့ သူတို့နှစ်ဦးသည် အမျိုးသားတစ်ယောက်အပေါ် သဘောကျခဲ့ပြီး ကျုံးရီသည် ကျန်းယာ့ကောအားဆန့်ကျင်တိုက်ခိုက်ခဲ့သည်။ ကျုံးရီက အလွန်ကြိုးကိုင်ခြယ်လှယ်တတ်သူတစ်ဦးဖြစ်ပြီး သူမကိုယ်တိုင် သူဌေးတစ်ဦးဖြစ်ရန် ကျန်းယာ့ကောအား အနင်းခံအဖြစ်အသုံးချခဲ့သည်ဟု တစ်ယောက်ယောက်က ပြောခဲ့ဖူးသည်ကို ဖန့်ကျွင်းရုံ ကြားခဲ့ဖူးသည်။


ဖန့်ကျွင်းရုံသည် နောက်တွင် ကျုံးရီ မည်သို့ဖြစ်သွားခဲ့သည်ကို မသိရှိခဲ့ပါ။ သို့သော် ကျန်းယာ့ကောအား အနိုင်ကျင့်သူအားလုံးသည် နိမ့်ကျစွာ အဆုံးသတ်သွားခဲ့လေသည်။


ဒီတွေ့ဆုံမှုက မည်သို့ပင်ဆိုစေကာမူ ဖန့်ကျွင်းရုံအား သူမအ‌ပေါ် ကွဲပြားခြားနားတဲ့ ထင်မြင်ယူဆချက်ကို ပေးခဲ့သည်။ အခြားသူတစ်ယောက်၏ အငြိုးထားမှုခံယူ၍ ကျန်းယာ့ကောအား ကူညီရန် ရှေ့ထွက်လာသည့် ကျုံးရီသည် သစ္စာရှိသည့်သူငယ်ချင်းနှင့် ပို၍တူသည်။