အခန်း ၈
Viewers 26k

အခန်း (၈) – အခြားသူ၏ငွေဖြင့် ရက်ရောသူဖြစ်ရခြင်းက ဘယ်လောက် ပျော်စရာကောင်းလိုက်သလဲ (၃)


သူမယခင်ဘဝက ကျန်းယာ့ကောအတွက် လီအိမ်တော်၏ အရင်းအမြစ်များကို အသုံးပြုခဲ့သလိုပဲ ကျုံးရီအတွက်ရော ပရဟိတလုပ်ရတာပေါ့။ ပြီးတော့ သူတို့နှစ်ဦးပြဿနာတက်ပြီး ပြိုလဲသွားသောအခါက ပြည်သူလူထုက ကျန်းယာ့ကောဖက်မှာသာ ရပ်တည်ကြပြီး ကျုံးရီအား မျက်ဝန်းဖြူဝံပုလွေမအဖြစ် ဝေဖန်ခဲ့သည်။ ထိပ်တန်းခေတ်ရေစီးကြောင်းသတင်းတွင် "ကမ္ဘာကြီးတစ်ခုလုံးသည် ကျန်းယာ့ကောလိုမိန်းကလေးမျိုးကိုလိုချင်ကြသည်"ဟူသော ခေါင်းစဉ်ဖြင့် ကျော်ကြားခဲ့သည်။


ဒီတော့ သူတို့နှစ်ဦးစလုံး ဘေးချင်းယှဉ်ရပ်နိုင်မယ်ဆိုရင် ဘယ်လိုဖြစ်လာမှာလဲ။ ပြီးတော့ သူမရဲ့ဝက်လိုသားက ရုတ်တရတ် ညီမနှစ်ယောက်ရလာမယ်ဆိုရင် ဘယ်သူ့ဖက်ကရပ်တည်မှာလဲ။ ယခင်အတိတ်ကလို တူညီသောဖက်ခြမ်းမှာသာ ရှိနေဦးမှာလား။


ကျုံးရီသည် ထီပေါက်သည်ဟုခံစားခဲ့ရပြီး သူမမျက်လုံးများက ကြက်သေသေသွားခဲ့တာကို မထိန်းထားနိုင်ခဲ့ပေ။ အချိန်တော်တော်ကြာမှ သူမက ထိတ်လန့်တုန်လှုပ်စွာစကားဆိုနိုင်ခဲ့သည်။ "အန်တီပြောတဲ့ အဓိပ္ပာယ်က..."


ဖန့်ကျွင်းရုံသည် အပြုံးတစ်စဖြင့် ပြောလိုက်သည်။ "သေချာတာပေါ့။ ဒါက ငါ့ရဲ့ business card။ တကယ်လို့ မင်းဖြစ်ချင်ရင် ငါနဲ့တွေ့ပြီး စကားထပ်ပြောဖို့ လာမည့်ပိတ်ရက်မှာလာခဲ့လေ။ ငါ မင်းကိုစဉ်းစားချိန် တစ်ပတ်ပေးမယ်။"


ဖန့်ကျွင်းရုံသည် သူမ၏ business cardကို ကျုံးရီလက်ကို ကိုင်၍ ထည့်ပေးလိုက်သည်။ သူမနောက်က ကျန်းယာ့ကောအား လျစ်လျူရှုထားခဲ့သည်။


သူမသည် ကျုံးရီကို business cardပေးပြီးနောက် ရှုဝေဝေနှင့်အတူ အေးအေးဆေးဆေး ပြန်သွားခဲ့သည်။


သူတို့ ပြန်ထွက်လာပြီးနောက် ရှုဝေဝေက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ "နင် ဘာလို့ ရုတ်တရတ် မွေးစားသမီးလိုချင်သွားတာလဲ။"


"ဒါက ကောင်းတဲ့အရာလုပ်တာပဲလေ။" ဟု ဖန့်ကျွင်းရုံက အမှုမထားသလို ပြန်ဖြေလိုက်သည်။


သူမသည် ကျုံးရီကိုမြင်တော့ အခွင့်အရေးတစ်ခုပေးချင်ခဲ့သည်။ သူမက ဒီအခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်ဖို့သာ လိုအပ်သည်။


ရှုဝေဝေသည် သူမခေါင်းကိုသာ ယမ်းလိုက်မိသည်။ "တစ်စုံတစ်ယောက်ကို ကျပန်းမွေးစားတတ်တဲ့ပုံစံက နင်နဲ့မတူဘူး။" ရှုဝေဝေ၏စကားများက အကယ်၍ သူမသာ မွေးစားသမီးလိုချင်တယ်ဟုသတင်းသာလွှင့်လိုက်လျှင် မွေးစားသမီးဖြစ်ချင်သူများ တန်းစီနေလိမ့်မယ်လို့ ဆိုလိုတာဖြစ်သည်။


ဖန့်ကျွင်းရုံက ပြောသည်။ "ဘာမှ မထူးဘူး။ လီဝမ့်ကျင်းရဲ့အမွေတွေကိုခွဲယူဖို့ လူတစ်ဦးထပ်မံတိုးလာတာကလည်း မဆိုးဘူးလို့ ငါခံစားမိလို့။ သူက လူကောင်းတစ်ယာက်ဖြစ်ရတာကို သဘောကျတယ်လေ။" ပြီးတော့ အနည်းငယ်တွန့်ဆုတ်ပြီးနောက် ပြောလိုက်သည်။ " နောက်ထပ် အနည်းငယ်လောက်ထပ်မွေးစားသင့်တယ်လို့ နင်မထင်ဘူးလား။"


ဘောလုံးတစ်သင်းစာလောက် မွေးစားရမလား။


ရှုဝေဝေ၏ နှုတ်ခမ်းထောင့်စွန်း‌လေးများက ကော့တတ်သွားခဲ့သည်။ သူမ စိတ်ထင်တာပဲလား။ သူမ ဖန့်ကျွင်းရုံနှင့် ခဏလေးသာတွေ့ခဲ့ခြင်းမရှိသေးသော်လည် ယခုတွင် သူမသူငယ်ချင်း၏ စံသတ်မှတ်ချက်မှာ လမ်းလွဲသွားပုံရသည်။ ဟမ့်... သူမရဲ့ အပြုအမူတွေဟာ ခွေးကောင်လီဝမ့်ကျင်းပြုလုပ်ခဲ့တဲ့ အရာအားလုံးကြောင့်ပဲ။ လီဝမ့်ကျင်း... အမှိုက်ကောင်!


" ငါတို့ လက်ဝတ်ရတနာအချို့ဝယ်ဖို့ သွားကြစို့။"


သူမက ဘာကြောင့် လီအိမ်တော်အတွက် ချွေတာဖို့လိုအပ်ခဲ့တာလဲ။ သူမ ပိုသုံးစွဲလေ ပိုပျော်ရွှင်လေပဲ။


***


သီးသန့်ခန်းထဲတွင် ကျုံးရီသည် business cardကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့သည်။ သူမသည် ယခုအချိန်တွင် တိမ်တွေပေါ် လမ်းလျှောက်နေရသလို ခံစားနေရတယ်။ သူမ အိမ်မက်မက်နေတာလား။ တကယ်လား။


"ရှောင်ရီ... သူမကို လူလိမ်အကြီးစားလို့ မတွေးမိဘူးလား။ သူမရဲ့နေရာသို့ နင့်ကို‌ဆွဲဆောင်ခေါ်ယူပြီး ပြန်ပေးဆွဲတာမျိုးလေ။" ကျန်းယာ့ကော၏အသံသည် ကျုံးရီအား လက်ရှိအချိန်သို့ ပြန်လည်ရောက်ရှိစေခဲ့သည်။


"ငါကတော့ အဲ့လိုမတွေးဘူး။ သခင်လေးဂူကိုပဲ ကြည့်လိုက်။ သူမကြောင့် ငါတို့ကို သူလွှတ်ပေးတာပဲ။ သခင်လေးဂူရဲ့အဆင့်အတန်းနဲ့ဆို လူတော်တော်များများက သူ့အကြိုက်လိုက်ပေးကြတယ်လေ။" ဟု ကျုံးရီက ပြောသည်။


"သူမ ဝင်မစွက်ဖက်ရင်တောင်မှ သခင်လေးဂူက ဘာပဲဖြစ်ဖြစ် ငါတို့ကို ဘာမှမလုပ်နိုင်ဘူး။" ဟု ကျန်း‌ယာ့ကောက ပြောသည်။


ကျုံးရီသည် ကျန်းယာ့ကောအား စူးစမ်းစွာကြည့်၍ မေးလိုက်သည်။ " နင် သူမကို မကြိုက်ဘူးလား။ ယာ့ကော? ဘော့စ်ဖန်က ငါတို့ကို ကူညီပေးခဲ့တယ်။ သူမက လူကောင်းတစ်ယောက်ပဲ။" အထူးသဖြင့် ကျုံးရီ သူမကို သူမရဲ့ရုပ်ရည်ကြောင့် သူမကို အမြဲတမ်း မကြိုက်နှစ်သက်ကြတဲ့သူတွေ များတယ်။ ဖန့်ကျွင်းရုံကတော့ သူမကို တစ်ချိန်လုံး ဖော်ရွေကြင်နာပေးခဲ့သည်။


ကျန်းယာ့ကော၏အကြည့်သည် သူမအပေါ်ခဏတာအေးခဲသွားခဲ့ပြီး သူမကဆက်ပြောခဲ့သည်။ "အဲ့ဒါက မမှန်‌လောက်ဘူး။ နင့်ဖက်က ဘာမှပြန်ပေးရတာမရှိပဲ နေ့လည်စာကို အလကားစားရတယ်ဆိုတာမရှိဘူး‌လေ။ အဲ့တာကို နင် စဉ်းစားသင့်တယ်။ နင်က ငါ့ရဲ့အချစ်ဆုံးသူငယ်ချင်းဆိုတော့ နင့်မှာ မကောင်းတာတွေဖြစ်မှာကို ငါ မမြင်ချင်ဘူး။"


ကျုံရီသည် business cardကို ထပ်ကာထပ်ကာပြန်ကြည့်ခဲ့သည်။ "သူမနာမည် ဒီမှာပါတယ်။ ဖန်ကျွင်းရုံတဲ့။ ဒီနာမည်ကို ကြားရတာ ရင်းနှီးနေသလိုပဲ။"


ထိုသို့ပြောပြီး သူမရဲ့လက်ကိုင်ဖုန်းကိုထုတ်၍ နာမည်ကို ရှာဖွေလိုက်သည်။ ချက်ချင်းပဲ သူမ အသက်ရှူရပ်မတတ် ဖြစ်သွားခဲ့သည်။


"အိုး... ဘုရားရေ ကြည့်ပါဦး။ သူမက အေရွန်အုပ်စုကပဲ။ သူမယောကျာ်းနှင့်အတူ သူမရဲ့ပုံ ဒီမှာပါတယ်။ ဒါက တကယ့်ကို သူမပဲ။" သူမ၏အသံက ပီတိဖြစ်နေခဲ့သည်။ "အိုး... ဘုရားရေ သူမက အသက်လေးဆယ်ကျော်ပဲရှိသေးတယ်။ ဒါပေမယ့် သူမက အရမ်းနုပျိုနေတယ်။"


သူမသည် ၎င်းကို ခဏထွက်ကြည့်လိုက်၏။ သူမ၏ကံမကောင်းသည့်နှစ်တွေပြီးသွားသည့်နောက် နောက်ဆုံးတော့ ကံကောင်းမှုတွေ ရရှိလာပြီလား။


ကျန်းယာ့ကောသည် တခဏတာ မျက်မှောင်ကြုတ်မိပြီး အံ့ဩမှုကြောင့် သူမ၏နှုတ်ခမ်းလေးက ခဏလောက်ဝိုင်းသွားခဲ့သည်။