အခန်း ၉
Viewers 25k

အခန်း (၉) – ကံကြမ္မာသည် ဤကဲ့သို့သော စိတ်ဝင်စားဖွယ် နည်းလမ်းဖြင့် သူ့ကိုယ်သူ ထင်ရှားပေါ်လွင်စေနိုင်သည် (၁)

"မင်းမှာ သိပ်မကြာခင် ညီမနှစ်ယောက်ရလာတော့မယ်။" ဟု ဖန့်ကျွင်းရုံက သူမ၏ထမင်းစားတူအား ချထားရင်း သူမသားဖြစ်သူ လီရှစ်ကျီအား ပြောလိုက်သည်။


ဖန့်ကျွင်းရုံသည် ညစာစားပြီးနောက် ထိုအကြောင်းကို တရားဝင်ပြောခဲ့သည်။ လီဝမ့်ကျင်းက ကလေးနှစ်ယောက်စလုံးသည် စကားကိုပိုမိုလက်ခံနားထောင်စေရန် ထိုအကြောင်းကိုပြောဖို့ ဖန့်ကျွင်းရုံအား ဆိုခဲ့သည်။


လီဝမ့်ကျင်းသည် သူ့မျက်နှာတွင် အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။ သူသည် ဖန့်ကျွင်းရုံအား ဇဝေဇဝါကြည့်၍ မေးလိုက်သည်။ "အဲ့တာက တစ်‌ယောက်ပဲလို့ ကိုယ် သိထားတာလေ။" ကျန်းယာ့ကောအပြင် ဘယ်သူရှိသေးလဲ။ သူက ဘာလို့ အဲ့တာကို မသိခဲ့တာလဲ။


ဖန့်ကျွင်းရုံသည် သူ့ကို အပြုံးလှလှတစ်ပွင့် ပေးခဲ့သည်။ သူမ၏မျက်လုံး မျက်ခုံးများက ဂုဏ်ယူချီးကျူးမှုဖြင့် မြင့်တက်နေပြီး ကျုံးရီအကြောင်းကို သူ့အား ပြောပြလိုက်သည်။ "အဲ့ကလေးမက အရမ်းသနားဖို့ ကောင်းတယ်။ သူမ မိဘတွေမရှိတော့ ကျွန်မ အဲ့ကလေးမကို ကူညီချင်တယ်။" ဖန့်ကျွင်းရုံသည် ကျန်းယာ့ကောအကြောင်းကိုပါ အတိုချုံး ပြောပြခဲ့သည်။


လီရှစ်ကျီသည် ဒီအကြောင်းနှင့် ပတ်သတ်ပြီး ဂရုမစိုက်ခဲ့ဘူး။ သူ့အတွက်တော့ နောက်ထပ် အစ်မနှစ်ယောက် ရှိလာတာက ကျွေးမွေးဖို့ ပါးစပ်နှစ်ပေါက် တိုးလာတာကိုသာ ဆိုလိုခြင်းဖြစ်သည်။ သူ့အတွေးတွင် အမွေကိစ္စခွဲဝေဖို့အတွေးကို စိတ်မကူးခဲ့ပေ။ သူ့မျက်လုံးထဲတွင်တော့ သူ့မိဘများက အပြင်လူများကို ဘယ်တော့မှအမွေခွဲဝေပေးမှာ မဖြစ်နိုင်ဘူး။


လီရှင်းယွင်သည် မပျော်ရွှင်ပဲ နှုတ်ခမ်းဆူထားခဲ့သည်။ "သူတို့က သမီးတို့နဲ့အတူ နေကြမှာလား။" သူမက ဒီနည်းလမ်းကို မကြိုက်ပေ။ သူမ၏ကိုယ်ပိုင်နေရာကို ကျူးကျော်ဝင်ရောက်လာသလိုမျိုး ခံစားခဲ့ရသည်။


လီဝမ့်ကျင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ "သူမက ကြိုးကြာဖြူမှာ အလုပ်လုပ်တာလား။ အဲ့လိုနေရာမျိုးမှာ ဘယ်လိုကောင်းတဲ့မိန်းကလေးမျိုးရှိမှာလဲ။"


သူရဲ့အသံက မကျေမနပ်ဖြစ်‌ေနတာ ထင်ရှားသည်။ သိသာထင်ရှားစွာပဲ ကျုံးရီရဲ့‌အလုပ်ကြောင့် သူမကိုအထင်သေးနေခဲ့သည်။ ဒါပေမယ့် ဒီအကြောင်းထပ်ပိုပြီး သူ့ဇနီးက သူ့ကိုမပြောပဲ မိန်းကလေးတစ်ယောက်ကိုထပ်မွေးစားလိုသောကြောင့် စိတ်ပျက်နေခဲ့သည်။ သူတို့လို မိသားစုတစ်ခုအတွက် ကလေးမွေးစားခြင်းသည် ထမင်းစားပွဲတွင် တူတစ်စုံ အပို ထပ်ထည့်ရုံနှင့် မကပေ။ သူမတို့အိမ်ထောင်ပြုသည့်အခါတွင်လည်း သတို့သမီးဖက်မှ သတို့သားဖက်သို့ ပေးရတဲ့ ခန်းဝင်ပစ္စည်းအချို့ကိုပါ ပြင်ဆင်ပေးရန် လိုအပ်သည်။


ဖန့်ကျွင်းရုံသည် သူ့ကိုယ်သူ ရယ်ချင်သွားခဲ့သည်။ ကမ္ဘာမှာ နှစ်ယောက်မရှိတဲ့ လီဝမ့်ကျင်းက ကျန်းယာ့ကောသည်လည်း တစ်နေရာထဲတွင် အလုပ်လုပ်တာမသိခဲ့ဘူးလား။ သူ့မျက်လုံးထဲမှာ သူမက မိန်းမကောင်းလေးတစ်ဦးသာဖြစ်ပြီး အကျင့်ပျက်တဲ့ပတ်ဝန်းကျင်မှာ အလုပ်လုပ်မယ်လို့‌ တွေးမိမှာတောင် မဟုတ်ခဲ့ဘူး။ သူမက ကြင်နာတတ်ပြီး ထက်မြက်သောမိန်းကလေးတစ်ဦးဖြစ်သည်။ ဟုတ်တယ်။ သူက ကျန်းယာ့ကော၏အတိတ်အကြောင်းကို လုံးဝမသိခဲ့ပါဘူး။ ထိုအကြောင်းသည် ဂုဏ်ယူစရာကိစ္စမဟုတ်သောကြောင့် ကျန်းယာ့‌ကောသည် အခြားသူများနှင့် ကြိုက်ကြိုက် မကြိုက်ကြိုက် လုံးဝမျှဝေခြင်းမပြုခဲ့ပေ။


ရုတ်တရတ် ဖန့်ကျွင်းရုံသည် ကျန်းယာ့ကောရောက်လာမည့်နေ့ကို မျှော်လင့်ကြည့်မိသည်။


လီဝမ့်ကျင်းကို ကျုံးရီအကြောင်းကိုပြောနေသည့်အချိန်တွင် သူမသည် နူးညံ့သောအသွင်အပြင်ကို ထိန်းသိမ်းထားခဲ့သည်။ "အဲ့ကလေးက သူ့အဖွားဆေးဖိုးအတွက်ကြောင့်သာ အဲ့နေရာမှာ အလုပ်လုပ်ရတာ။ အဲ့တာကြောင့် ကျွန်မက သူမအတွက် အခွင့်အလမ်းတစ်ခုပေးချင်ခဲ့တာ။"


"သူမအကြောင်းက ကျန်းယာ့ကောထက် ပိုသနားစရာကောင်းလွန်းတယ်။ ကျွန်မတို့ ကျန်းယာ့ကောကိုမွေးစားဖို့လုပ်ပြီးကတည်းက ‌ကျွန်မ နောက်ထပ်သမီးတစ်ဦးရှိလာတာကို စိတ်ထဲမထားဘူး။ ဒါ့အပြင် ဗေဒင်ဆရာကိုလည်းမေးကြည့်ခဲ့တယ်။ ကျုံးရီရဲ့မွေးနေ့ဇာတာက ကျွန်မတို့မိသားစုကို ကံကြမ္မာကောင်းတွေယူဆောင်ပေးလိမ့်မယ်။" သေချာတာပေါ့။ သူမ ‌ပြောတဲ့နောက်ဆုံးစာကြောင်းက ပွဲချင်းပြီးအောင်ပြုလုပ်ပေးခဲ့သည်။


လီဝမ့်ကျင်းသည် ထပ်ပြောချင်သည့် အကြောင်းအရာများ ရှိသော်လည်း ကျန်းယာ့ကောနှင့် ပတ်သတ်သည့် အကြောင်းကြားပြီးနောက် သူက အ‌လျော့ပေးလိုက်သည်။ နောက်ဆုံးတွင် သူ့နှုတ်ခမ်းကိုဖွင့်၍ ပြောလိုက်သည်။ " ငါက မင်းအလိမ်ခံရမှာဆိုးလို့ပါ။ ပိုက်ဆံကြောင့် မဟုတ်ပါဘူးကွာ။ မင်း ဒီလောက် မနာကျင်ပါနဲ့။ မင်း သူမကို ဒီလောက် သဘောကျနေရင် သူမကိုလည်း မွေးစားကြတာပေါ့။ ငါက အဲ့နေရာကမိန်းကလေးတွေကို ခုထိ မယုံသေးဘူး။ ငါ သေချာပေါက် သူမကို ခဏလောက်အနီးကပ် စောင့်ကြည့်ရလိမ့်မယ်။"


သူ့နှုတ်က အမြဲတမ်း ဒီလိုမျိုး ချောမွေ့ချိုသာသည်။ သူက ကျုံးရီကိုမလိုချင်ဘူးဆိုတာ သေချာပေမယ့် ဖန့်ကျွင်းရုံကို ကာကွယ်ဖို့ ကြိုးစားနေတာလို့ လိမ်ညာပြောဆိုခဲ့သည်။ သူနဲ့ အချိန်အကြာကြီး ကုန်ဆုံးခဲ့တဲ့ သူမသည် သူရဲ့သူတော်ကောင်းယောင်ဆောင်တာကိုသိ၍ ပို၍စက်ဆုပ်ရွံရှာလာခဲ့သည်။


ထို့နောက် သူက စီးပွားရေးလောကတွင် သူကြားခဲ့ရသော အဖြစ်အပျက်များကို မျှဝေခဲ့သည်။ ကလပ်က မိန်းကလေး အနည်း အများဟာ ထိုယောကျာ်းတွေရဲ့ အမြှောင်မယား ဘယ်လို ဖြစ်လာခဲ့သည်အထိ အကျဉ်းချုပ် ရှင်းပြခဲ့သည်။ ပြီးတော့ ပိုပြီး အရည်အချင်းရှိတဲ့ အမျိုးသမီးတွေက သူတို့ရဲ့ တရားဝင်ဇနီးကို မောင်းထုတ်ပြီး သူတို့က ထိုနေရာကို သိမ်းယူနိုင်ခဲ့တယ်ဆိုတဲ့ အကြောင်းတွေကိုပါ ထပ်ပြောခဲ့ပြန်သည်။


ထိုကဲ့သို့ ဇာတ်လမ်းအနည်းငယ်‌ ပြောပြီးသည့်နောက်တွင် သူက ထိုနေရာမှ လူတိုင်းသည် “ကြိုးကိုင်ခြယ်လှယ်တတ်သူ" သို့မဟုတ် "သိုက်တူးသူ" စသည့်ဖြင့် ထိုသို့သောသူများသာဖြစ်သည်ဟု ယူဆနိုင်ကြောင်းကို ပြောခဲ့လေသည်။


ကျုံးရီသည် ဒီနေရာမှာ ရှိပင်ရှိမနေသေးပေ။ သို့သော် သူမ၏သား လီရှစ်ကျီနှင့် သူမ၏သမီး လီရှင်းယွင်တို့သည် ထိုအသွင်အပြင်အပေါ် မူတည်၍ အကဲဖြတ်နေခဲ့သည်။ သူတို့ရဲ့အတွေးမှာ ကျုံးရီက မကောင်းတဲ့ထင်မြင်ယူဆချက် ရှိသွားလိမ့်မယ်။ လီဝမ့်ကျင်းသည် ဖန့်ကျွင်းရုံကို သွယ်ဝိုက်စွာ ပြောဆိုနားချသော်လည်း ဖန့်ကျွင်းရုံက လုံးဝစိတ်ပျက်ခြင်းမရှိခဲ့ပေ။


အိုး... ဟုတ်ပြီ၊ ဆက်ပြောလိုက်လေ။ နည်းနည်းလောက် ထပ်ပြောလိုက်ပါဦး။ အခု သူပြောလိုက်တဲ့ အရာအာလုံးဟာ အချိန်တန်ရင် ကျန်းယာ့ကောအပေါ် ကျရောက်သွားလိမ့်မည်။