အခန်း ၁၁
Viewers 26k

အခန်း (၁၁) – ကံကြမ္မာသည် ဤကဲ့သို့သော စိတ်ဝင်စားဖွယ် နည်းလမ်းဖြင့် သူ့ကိုယ်သူ ထင်ရှားပေါ်လွင်စေနိုင်သည် (၃)


"မင်းအိမ်မှာများ business cardကို ပျောက်သွားတာလား။"


ကျုံးရီသည် ခေါင်းခါရင်း ပြောလိုက်သည်။ "မဟုတ်ဘူး။ အဲ့တာကို ကျွန်မ ယူနီဖောင်း အင်္ကျီအိတ်ကပ်ထဲ ထည့်ထားတာ။ နောက်နေ့ကျ အဲ့တာပျောက်သွားတယ်။" သူမနှင့်အတူ အိမ်သို့မယူသွားခဲ့တာကို သူမ စိတ်ထိခိုက်မိခဲ့သည်။


ဖန့်ကျွင်းရုံသည် အတွေးတစ်စုံတစ်ရာ ဝင်သွားခဲ့သည်။ သူမအိမ်ပြန်ရောက်ပြီနောက် ကြိုးကြာဖြူကလပ်၏ ပိုင်ရှင်ဖြစ်သူ နဉ်ချင်းကိုဖုန်း‌ခေါ်ခဲ့သည်။ နဉ်ချင်းနှင့် သူမသည် အသိအကျွမ်းများဖြစ်ကြပြီး ဝန်ထမ်းနားနေခန်းတွင် ‌လုံခြုံရေးကင်မရာများရှိလိမ့်မည်ဟု ယုံကြည်ခဲ့သည်။ business cardက သူ့ဖာသာသူ ပျောက်သွားတာမဖြစ်နိုင်ဘူး။ ဖြစ်ကောင်းဖြစ်နိုင်တာက တစ်စုံတစ်ဦးက ကျုံရီရဲ့ကံကောင်းမှုကို မမြင်ချင်တာပဲဖြစ်မည်။


ဖန့်ကျွင်းရုံသည် နဉ်ချင်းနှင့် တစ်ရက်ရက်တွင်တွေ့ကာ နေ့လည်စာစားကြမည်ဟု ချိန်းဆိုလိုက်ကာ ဖုန်းချလိုက်သည်။


ထို့နောက် ဖန့်ကျွင်းရုံသည် တနင်္ဂနွေနေ့ကိုရောက်ရန် စောင့်မျှော်နေခဲ့သည်။ လီဝမ့်ကျင်းနှင့် ကလေးနှစ်ယောက်လည်း ထိုနေ့တွင် အိမ်မှာရှိနေမည်။ မနက်‌ေ‌စာစောတွင် ဖန့်ကျွင်းရုံသည် လီရှင်းယွင်ကိုခေါ်၍ စွဲမက်ဖွယ်ကောင်းပြီး ပြီးပြည့်စုံသည့် မိတ်ကပ်ပုံစံကို ပြင်ဆင်စေခဲ့သည်။


သူမသည် လွန်ခဲ့သော ရက်အနည်းငယ်က ဝယ်ယူခဲ့သော ပတ္တမြားလည်ဆွဲကိုထုတ်၍ သူမသမီးကို ဝတ်ဆင်စေခဲ့သည်။ သူမသည် နောက်ပိုင်းတွင် ပိုက်ဆံအများအပြား သုံးစွဲခဲ့သည်။ လီဝမ့်ကျင်းသည် အပြစ်ရှိသည်ဟူသောစိတ် ရှိကောင်းရှိနိုင်မှာ‌ပေါ့။ သူမသည် စိတ်မကောင်းဖြစ်မိသော်လည်း သူတို့၏သား စီးပွားရေးစတင်လုပ်ကိုင်ရန် စုဆောင်းထားသောငွေကြေးများကို ရှိနေသေးကြောင်းကို မိမိကိုယ်ကို ပြန်သတိပေးနေရသည်။


ဖန့်ကျွင်းရုံသည် သူ့အ‌ကြောင်းကို ထပ်ဂရုမစိုက်တော့ပေ။


လီရှင်းယွင်သည် ဒီလည်ဆွဲကိုအရမ်းသဘောကျနေခဲ့သည်။ သူမတွင် လည်ဆွဲများစွာ ပိုင်ဆိုင်သည့်တိုင် ဒီလိုအရွယ်အစားမျိုး လက်ဝတ်ရတနာကတော့ ရှားပါး‌ဆဲဖြစ်သည်။ ထိုအရာကြောင့် သူမ၏မိခင်မှာ သူမကို ချစ်နေဆဲပင်။ သူမ့မှာ ညီအစ်မအသစ်နှစ်ယောက်ရောက်လာသည့်တိုင် တည်ငြိမ်သောအသွင်အပြင်ကို ထိန်းသိမ်းထားနိုင်သည်။


ကျုံးရီသည် ကျန်းယာ့ကောမတိုင်မီ ရောက်ရှိလာခဲ့သည်။ ဖန့်ကျွင်းရုံက သူမကိုကြိုဖို့သူ လွှတ်လိုက်သောအခါမှာပင် သူမကိုကူညီပြင်ဆင်ပေးရန် အလှဖန်တီးရှင်တစ်ဦးပါ ငှားရမ်းခဲ့လေသည်။ သူမသည် မက်မွန်နီရောင်ဂါဝန်ကိုဝတ်ဆင်ထားပြီး ပျိုနီပန်းကလေးလိုပင် လှပနေခဲ့သည်။ သူမ ဝင်လာသောအခါ ကောင်းမွန်‌လှပသော မြင်ကွင်းတစ်ခုလိုမြင်ရစေသည်။ သူမသည် အနည်းငယ်စိတ်လှုပ်ရှားနေပြီးကာ မရည်ရွယ်ပဲ သူမကိုယ်လုံးသည် ခပ်တောင့်တောင့်ဖြစ်နေခဲ့သည်။


သိသာထင်ရှားစွာပဲ သူမ၏အသွင်အပြင်ကို လီသားအဖနှစ်ဦးက သိပ်သဘောမကျပေ။ အထူးသဖြင့် လီဝမ့်ကျင်းသည် နက်ရှိုင်းစွာ မျက်မှောင်ကြုတ်ပြီးနှင့်‌လေပြီ။


ဖန့်ကျွင်းရုံကတော့ တစ်ဖက်တွင် စိတ်သက်သာရာရခဲ့သည်။ "ကျုံးရီ လာခဲ့လေ။ ဒါ‌က မင်းရဲ့ညီမအငယ်ဆုံးလေး ရှင်းယွင်‌ပေါ့။"


သူမ၏အသံသည် ကျုံးရီကို စိတ်သက်သာရာရစေခဲ့သည်။ သူမသည် လီရှင်းယွင်ထံသို့ လျှောက်လာပြီး "ရှင်းယွင်မေးမေး" ဟုခေါ်လိုက်သည်။


လီရှင်းယွင်လည်း လှပစွာပြုံးရင်း " ကျဲကျဲ" ဟုပြန်ခေါ်လိုက်သည်။


လီဝမ့်ကျင်းသည် သူမကို ဂရုစိုက်စွာ ပြောလိုက်သည်။ "အခု မင်းလီအိမ်တော်ထဲဝင်လာပြီဆိုတော့ မင်းပုံရိပ်ကို ထိန်းသိမ်းရမယ်ဆိုတာကို မင်းမှတ်ထားရမယ်။ မင်းရဲ့အကျင့်ဆိုးတွေကို ဒီနေရာကို မသယ်လာရဘူး။"


သိသာထင်ရှားစွာပဲ သူကသာလျှင် ဒီအိမ်ရဲ့အကြီးအကဲဆိုတာကို ပြသချင်ခဲ့သည်။


ကျုံးရီ၏အသားအရေ‌သည် အနည်းငယ်မှိန်ဖျော့သွားသော်လည်း ပြန်မပြောရဲချေ။


ဖန့်ကျွင်းရုံသည် အခြားတစ်ဖက်တွင် မပျော်ရွှင်တော့ပေ။ ဒါ့ကြောင့် သူမက ပြောလိုက်သည်။ " ကျုံးရီက ပန်းပွင့်‌လေးလို တော်တော်လေးလှတာ။ သူမကိုကြည့်ရတာ ကျေနပ်စရာပဲ။"


လီဝမ့်ကျင်းသည် ဘာစကားမှထပ်မဆိုပဲ အိမ်တံခါးဆီသို့သာ ကြည့်နေလိုက်သည်။ သူက ကျန်းယာ့ကောရောက်လာဖို့ကို မျှော်နေတာဖြစ်သည်။


နောက်ဆုံးတွင် သူအသည်းအသန် စောင့်ဆိုင်းနေခဲ့သော ကျန်းယာ့ကောရောက်ရှိလာခဲ့သည်။ သူမသည် ယနေ့တွင် အဖြူရောင်ဂါဝန်ကိုဝတ်ဆင်ထားပြီး သူမ၏မိတ်ကပ်သည် သူမကို ရိုးရှင်းပြီးထိခိုက်လွယ်တတ်သောမိန်းကလေးလို ဖြစ်စေသည်။ ချယ်ရီရောင်သန်းနေသော သူမ၏နှုတ်ခမ်းများက သူမအား အထူးခ်စ်ဖွယ်ကောင်းသောပုံကို ဖြစ်ပေါ်စေသည်။


လီဝမ့်ကျင်းသည် ကျန်းယာ့ကောကိုမြင်လိုက်တာနဲ့ ချက်ချင်း သူမျက်မှောင်ကြုတ်နေတာ ပြေလျော့သွားခဲ့သည်။ သူသည် အမှတ်တမဲ့ အလွန်နူးညံ့သည်ဟုမဆိုသာသည့်အသံဖြင့် ဆိုလိုက်သည်။ "ယာ့ကော မင်းရောက်လာပြီလား။"


ကျုံးရီသည် သူမကို မယုံနိုင်စွာ ကြည့်နေခဲ့သည်။ သူမသူငယ်ချင်းကောင်းကိုလည်း လီအိမ်တော်မှမွေးစားခဲ့သည်ကို သူမ မသိခဲ့ပါ။


ဖန့်ကျွင်းရုံသည် အချိန်ကိုက်ပဲ အံ့ဩသည့်မျက်နှာဖြင့် ‌ပြောလိုက်သည်။ "အိုး... ဟေး... အဲ့တာက မင်းပဲလား။"


လီဝမ့်ကျင်းက မေးလိုက်သည်။ "ကျွင်းရုံ... မင်းအရင်က ယာ့ကောနဲ့တွေ့ဖူးတာလား။"


ဖန့်ကျွင်းရုံသည် ရွှင်လန်းတက်ကြွသောအသံဖြင့် "အိုး...ဟုတ်တယ်‌။ ကျွန်မ ယာ့ကောနဲ့ ကြိုးကြာဖြူကလပ်မှာပဲ တွေ့ဖူးတာလေ။ သူမက အဲ့မှာ ကျုံးရီနဲ့လုပ်ဖော်ကိုင်ဖက်လေ။ တိုက်ဆိုင်လိုက်တာ။ ကံတရားက ဒီလိုစိတ်ဝင်စားစရာ‌ကောင်းတဲ့နည်းမျိုးနဲ့ ငါတို့ကို တွေ့ဆုံစေတာပဲ။