အခန်း ၁၂
Viewers 27k

အခန်း (၁၂) – ဇာတ်ကြောင်းကို ပြန်ပြောင်းကြည့်လိုက်မိတော့ လီဝမ့်ကျင်းသည် သူ့အတွက် နိုက်ထရိုဂလစ်ဆလင်း ဖောက်ခွဲပစ္စည်း လိုအပ်တယ်လို့ ခံစားမိသွားသည် (၁)


ကျန်းယာ့ကောလည်း အနည်းငယ်ဖျော့တော့သွားသည်။ သူမသည် လီသားအဖကို အပြန်ပြန်အလှန်လှန် ကြည့်လိုက်သည်။ သူမမျက်နှာသည် သူတို့က သူမကို အထင်လွဲသွားမည်ကို စိုးရိမ်ပူပန်နေပုံရသည်။


သူမသည် အန်ကယ်လီထံမှ ဖုန်းခေါ်ဆိုမှုကိုရချိန်က သူမမိဘများဆုံးရှုံးသွားရချိန်မှအပ အလွန်ပျော်ရွှင်ခဲ့‌ေလသည်။ သူမက အလွန်ကံကောင်းစွာ လီအိမ်တော်မှ မွေးစားခြင်းခံခဲ့ရသည်။ သူမသည် အန်ကယ်လီကို မဂ္ဂဇင်းတွင်တွေ့ဖူးပြီး တိုင်းပြည်တွင် အချမ်းသာဆုံး ထိပ်ဆုံးစာရင်းဝင်ပုဂ္ဂိုလ်ဖြစ်ကြောင်းကို သိလိုက်ရသည်။ သူမသည် ဝက်ဘ်ဆိုဒ်ပေါ်တွင် ရှာဖွေကြည့်ချိန်တွင် ဖန့်ကျွင်းရုံက အန်ကယ်လီ၏ ဇနီးသည်ဖြစ်ကြောင်းကိုပါ သိလိုက်ရသည်။ ဒါပေမယ့် ဖန့်ကျွင်းရုံသည် သူမမှတစ်ပါး လူများအရှေ့တွင် ကြိုးကြာဖြူ၌ အလုပ်လုပ်စဉ်က တွေ့ခဲ့ဖူးကြောင်းကို ထုတ်ပြောလိမ့်မည်ဟု မမျှော်လင့်မိခဲ့ချေ။


သူမသည် မကျေနပ်သလို ခံစားရသော်လည်း ဘာမှမလုပ်နိုင်ပေ။ သူမသည် ကျူရှင်အတွက်သာ ထိုနေရာမှာ အလုပ်လုပ်ခဲ့ခြင်းဖြစ်သည်။ သူမက ကျုံးရီနှင့် လုံးဝကိုမတူပါဘူး။ သူမသည် ထိုကဲ့သို့သောနေရာမျိုးတွင် အလုပ်လုပ်သော်လည်း  မိမိကိုယ်ကိုကာကွယ်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး သူမရဲ့ ဖြူစင်မှုကို ထိန်းသိမ်းထားခဲ့သည်။ အလုပ်ပြင်ပတွင် သူမသည် ထိုချမ်းသာသောသူများနှင့် ဆက်သွယ်ဖူးခြင်းမရှိပါ။


သူမမျက်လုံးများသည် နီရဲလာပြီး မျက်ရည်များ စီးကျလာခဲ့သည်။


လီဝမ့်ကျင်းသည် မယုံကြည်နိုင်ပေ။ သူ့ကို တစ်ယောက်ယောက်က ပြင်းပြင်းထန်ထန် ပါးရိုက်နှက်လိုက်သလို ခံစားလိုက်ရသည်။ သူ၏ကောင်းမွန်စွာ ထိန်းသိမ်းထားသော ပုံရိပ်တွေက  ပျက်စီးသွားပြီး သူ၏ပုံမှန်တည်ငြိမ်ရည်မွန်နေမှုများ ဆုံးရှုံးသွားခဲ့သည်။ သူသည် ယခင်အရှေ့ကပင် ထိုနေရာ၌ ‌အလုပ်လုပ်သူများသည် စာရိတ္တမကောင်းကြောင်းကို ပြောခဲ့သည်။ သူသည် ထိုနေရာမျိုးကို အလုပ်အတွက်မှတစ်ပါး ကျန်အချိန်များတွင် မသွားခဲ့ပေ။ ဒါကြောင့် မိမိသမီးအဖြစ် ယူဆထားသော ဤမိန်းကလေးသည်လည်း ထိုနေရာမျိုးတွင် အလုပ်လုပ်ခဲ့သည်ကို မသိခဲ့တာ ဖြစ်သည်။ ဒါပေမယ့် ယာ့ကောဟာ အပြစ်ကင်းစင်ပြီး ကြင်နာတတ်သောမိန်းကလေးတ်ယောက်ပင်။



မဟုတ်ဘူး။ သူက ကျန်းယာ့ကောကို ယုံရမယ်။ သူမက အခြားသူများနှင့် မတူနိုင်ဘူး။ သူမမှာ အဲဒီမှာလုပ်ဖို့ သူမ ကိုယ်ပိုင်အကြောင်းပြချက်ရှိရမယ်။


သူသည် အသက်ပြင်းပြင်းရှုလိုက်ပြီး နောက်ဆုံးတွင် သူစိတ်ခံစားချက်များကို ထိန်းသိမ်းနိုင်ခဲ့သည်။ သူ့ပါးစပ်ဖွင့်၍ စကားပြောရန်လုပ်လိုက်သည်။ သူ ဘာမှမပြောမီ ဖန်ကျွင်းရုံသည် သူ့ကို ထိထိမိမိ ရိုက်နှက်ပြီးသား ဖြစ်သွားသည်။ သူမ ပြောသောစကားလုံးများသည် ရင်းနှီးကျွမ်းဝင်မှုရှိလှသည်။ 

" မိန်းမကောင်းလေးတွေက အဲ့လိုနေရာမျိုးမှာ ဘယ်လိုအလုပ်လုပ်နိုင်မှာလဲ။"


"အခု မင်း လီအိမ်တော်ထဲဝင်ရောက်လာခဲ့ပြီဆိုတော့ မင်းပုံရိပ်ကို ထိန်းသိမ်းထားရမယ်ဆိုတာကို မင်းမှတ်ထားရမယ်။ မင်းရဲ့အကျင့်ဆိုးတွေကို ဒီနေရာကို မသယ်လာရဘူး။"


သူမသည် လီဝမ့်ကျင်းပြောခဲ့တာတွေကို သေသေချာချာမှတ်မိပြီး အခု ထိုစကားလုံးတို့ကို တိတိကျကျပြန်ပြောပြခဲ့သည်။


ကျန်းယာ့ကောသည် ထိုစကားလုံးများကြောင့် အလွန်စိတ်ထိခိုက်ခဲ့ပြီး မျက်ရည် ပိုးပိုးပေါက်ပေါက် ကျဆင်းလာခဲ့သည်။ သူမခန္ဓာကိုယ်သည် တုန်ခါနေပြီး သူမကိုကြည့်ရတာ အလွန်သနားစရာကောင်းလှသည်။


ဖန့်ကျွင်းရုံသည် အစောပိုင်းက လီဝမ့်ကျင်းပြောခဲ့သောစကားများကို ပြန်ပြောပြီးနောက် သူမက ဖြည်းညင်းစွာ ဆက်ပြောလိုက်သည်။ "အိုး... အဲ့တာက မင်းအန်ကယ်လီ အစောပိုင်းက သူပြောခဲ့တဲ့ စကားတွေပဲ။ တို့က အဲ့နေရာမှာ အလုပ်လုပ်တဲ့ လူတွေအကြောင်းကို မှန်းဆမပြောသင့်ဘူးဆိုတာကို သူ့ကိုပြောခဲ့ပေမယ့် သူက နားမထောင်ခဲ့ဘူးလေ။ တို့က မင်းတို့နှစ်ယောက်က မိန်းကလေးကောင်းလေးတွေ ဆိုတာကို ယုံပါတယ်။ အထူးသဖြင့် ကျုံးရီက သူမရဲ့ အဖွားဆေးဖိုးကြောင့်သာ အဲ့နေရာမှာ အလုပ်လုပ်ခဲ့ရတာလေ။ အဲ့နေရာကနေ လာတာ‌ဆိုပေမယ့် သူမက အလွန်စင်ကြယ်တယ်။"


လီဝမ့်ကျင်းသည် လုံးဝစကားမပြောနိုင်ပေ။ သူ၏ဇနီးသည် ယာ့ကောရှေ့မှောက်တွင် ထိုစကားလုံးများကို မခြွင်းမချန်ပြန်ပြောလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ယာ့ကောသာ အဲ့နေရာမျိုးမှာ အလုပ်လုပ်ခဲ့တယ်ဆိုတာကို သူသိလျှင် ထိုစကားလုံးများကို ဘယ်တော့မှ သူပြောမှာမဟုတ်ဘူး။ ကောင်းပြီ။ အခုတော့ ယာ့ကောက သူ့ကို အထင်လွဲနေလိမ့်မည်။


"ကိုယ်က ယာ့ကောရဲ့အကျင့်စရိုက်ကို ယုံကြည်ပါတယ်။ သူမမှာ အကြောင်းပြချက်ရှိရမယ်။"


ကျန်းယာ့ကောသည် သူမအသံကိုကြိုးစားပြီး ပြန်ပြောလိုက်သည်။ "ကျွန်မ... ကျွန်မရဲ့ ကျူရှင်လခအတွက် အဲ့နေရာမှာ အလုပ်လုပ်ခဲ့ရတာပါ။"


လီဝမ့်ကျင်းသည် သက်ပြင်းချလိုက်သည်။ သူမကို ချီးမွမ်းတော့မယ့်အချိန်တွင် သူ့သမီးဖြစ်သူ လီရှင်းယွင်က စကားကို ကြားဖြတ်ဝင်ပြောလိုက်သည်။


"ကျူရှင်လခအတွက်လား။ မင်းက ကျူရှင်လခတောင် မတက်နိုင်ဘူးလား။"


ကျန်းယာ့ကောသည် နှာတရှုပ်ရှုပ်ဖြစ်သွားခဲ့သည်။ သူမသည် အချိန်မရွေး ငိုချတော့မယ့်ပုံလေးဖြင့် ပြော‌လေသည်။ "ငါ့ဦးလေးနဲ့ အခြားဆွေမျိုးတွေက ငါ့မိဘတွေ ငါ့အတွက်ထားခဲ့တဲ့ငွေအားလုံးကို ယူသွားခဲ့ကြတယ်။”


လီဝမ့်ကျင်းသည် သူမအတွက် ဒေါသထွက်သွားခဲ့သည်။ "မင်းဦးလေးက တကယ့်ကို ဆိုးသွမ်းတဲ့လူပဲ။"


"နင် ဘာဖြစ်လို့ ကျောင်းသားချေးငွေ မလျှောက်တာလဲ။ အဲ့တာက ရဖို့ အရမ်းလွယ်တယ် မဟုတ်ဘူးလား။" ဟု လီရှင်းယွင်က ပြောသည်။


ကျန်းယာ့ကော, "........"


သူမက အခြားသူများလို ထိုနည်းလမ်းအတိုင်း မလျှောက်လိုပေ။ ကျောင်းသားချေးငွေကို လုံးဝစိတ်မဝင်စားကာ ငွေကြေးအထောက်အပံ့အတွက် လျှောက်ထားခြင်းမရှိခဲ့ပါ။