အခန်း ၁၃
Viewers 25k

အခန်း (၁၃) – ဇာတ်ကြောင်းကို ပြန်ပြောင်းကြည့်လိုက်မိတော့ လီဝမ့်ကျင်းသည် သူ့အတွက် နိုက်ထရိုဂလစ်ဆလင်း ဖောက်ခွဲပစ္စည်း လိုအပ်တယ်လို့ ခံစားမိသွားသည် (၂)


ဖန့်ကျွင်းရုံသည် အလွန်ကျယ်လောင်စွာ ရယ်မောလိုက်ချင်သည်။ လီရှင်းယွင်က သူမရဲ့အဖိုး‌တန်သမီးလေးပဲ။ သူမက အဓိကအချက်ကို ထောက်ပြပြောဆိုခဲ့သည်။ ကျန်းယာ့ကော၏ ဝတ်စားဆင်ယင်ပုံကို ကြည့်ခြင်းအားဖြင့် သူမအလုပ်လုပ်သမျှ ပိုက်ဆံတွေက ဘာအတွက်ကြောင့် ကုန်သွားတယ် ဆိုတာကို မြင်ရန် မခက်ခဲပေ။ လီဝမ့်ကျင်းက အခု သူမ ဝတ်ဆင်ထားခဲ့သည့် အဝတ်အစားများကို မဝယ်ပေးခဲ့သည်က ထင်ရှားသည်။ လီဝမ့်ကျင်းသည် ယောကျာ်းတစ်ယောက်ဖြစ်ပြီး ဝယ်ပေးရန် အတွေးမရှိနိုင်ပေ။


သူမ၏အဝတ်အစားများနှင့် ဖိနပ်များသည် ဈေးကြီးသောအမှတ်တံဆိပ်များမဟုတ်သော်လည်း စုစုပေါင်း ယွမ်ငါးထောင်အထက် ကုန်ကျနိုင်သည်။


လီရှင်းယွင်က ဆက်ပြောသည်။ "ကျောင်းမှာ နင့်အဆင့်‌တွေ ကောင်းမယ်လို့ ငါထင်တယ်။ နင် ဘာဖြစ်လို့ ပညာသင်ဆု မလျှောက်တာလဲ။"


ကျန်းယာ့ကော, "........"


သူမက ဒီလို‌ကျော်ကြားတဲ့တက္ကသိုလ်ကို တက်ခွင့်ရခဲ့တာက ကံကောင်းလို့ပဲ ဖြစ်သည်။ ပညာသင်ဆုအတွက် လုံလောက်တဲ့အဆင့်ထိကို ဘယ်တော့မှ မရဖူးပေ။


ဖန့်ကျွင်းရုံက သိမ်မွေ့စွာပြုံးရင်း ပြောလိုက်သည်။ "ငါမှတ်မိတာက ကျုံးရီက ပညာသင်ဆုရခဲ့တာ ဟုတ်တယ်မလား။"


ကျုံးရီသည် သူမသူငယ်ချင်းကောင်းကိုကြည့်ပြီး လျင်မြန်စွာ စကားကိုဖာထေးပြောဆိုပေးခဲ့သည်။ " သမီးက ကံကောင်းလို့ ရခဲ့တာပါ။" နေ့တိုင်း အလုပ်ပြီးတဲ့အချိန်ဆို သူမကစာလုပ်ခဲ့သည်။ ထို့အပြင် သူမသည် လှပပြီး ထက်မြက်သော မိန်းကလေးဖြစ်ပြီး သူမ၏အဆင့်သည် အမြဲတမ်းကောင်းမွန်နေခဲ့သည်။


လီရှင်းယွင်သည် သူမ့အဖေကိုကြည့်လိုက်သည်။ သူမ၏အသံသည် အပြစ်တင်သံ အနည်းလွှမ်းခြုံနေသည်။ "ဖေဖေ အမြဲတမ်း သမီးရှေ့မှာ ယာ့ကောကျဲကျဲရဲ့အဆင့်ကို လေလုံးထွားပြီးတော့ သူမဆီကနေ သမီးက လေ့လာသင်ယူသင့်တယ်လို့ပြောခဲ့တယ်။ ဒါပေမယ့် သူမက ပညာသင်ဆုတောင်မရခဲ့ဘူး။ ဘာလို့ အနိုင်ကျင့်ရတာလဲ။ နှစ်စဉ် ထိပ်တန်းဆုတံဆိပ်တွေရတဲ့ အကိုကြီးကမှ တကယ်အတုယူစရာပါနော်။"


လွန်ခဲ့သောရက်အနည်းငယ်က လီရှင်းယွင်သည် ကျန်းယာ့ကောကို သူမရှေ့တွင် လီဝမ့်ကျင်းက ချီးမွမ်းပြောဆိုထားသောကြောင့် သူမက မကြိုက်ခဲ့ပေ။ ကျန်းယာ့ကောကို ချီးမွမ်းရုံသာမက ကျန်းယာ့‌ကောနှင့် နှိုင်းယှဉ်ပြီး သူမကို အပြစ်တင်ပြောဆိုခဲ့သည်။ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် သူမသည် ‌သင့်တင့်လျောက်ပတ်သော အဆင့်များကိုရရှိခဲ့ပြီး ထင်ရှားသောတက္ကသိုလ်‌တစ်ခုကို ဝင်ခွင့်ရရှိခဲ့သည်။ သူမနဲ့ပတ်သတ်ပြီး ဘာများ ဆိုးခဲ့လို့လဲ။ သူမသည် ယနေ့တွင် သူမရှုံးနိမ့်ခဲ့မှုများကို ပြန်အဖတ်ဆယ်နိုင်ခဲ့သောကြောင့် အနည်းငယ်ပျော်ရွှင်မိပေသည်။ ထို့အပြင် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း သူမမိဘနှစ်ဦးကြားဆက်ဆံရေးသည် ယခင်ကလို ကောင်းမွန်နေဆဲ မဟုတ်‌တော့သည့် အချို့သောလက္ခဏာများကို သတိပြုမိခဲ့သည်။


ပြီးတော့ အခုအချိန်တွင် ကျန်းယာ့ကောထက် လီဝမ့်ကျင်းက အဆင်မပြေသလို ပိုခံစားရသည်။ သူသည် သူ့သမီးအား ကျန်းယာ့ကောနှင့်ပတ်သတ်ပြီး အရာအားလုံးကောင်းမွန်သည်ဟု မျက်စိစုံမှိတ်မပြောနိုင်တော့ပေ။


သူသည် ကျန်းယာ့ကောကိုကြည့်ပြီး သက်ပြင်း အသာချလိုက်သည်။ အဆုံးမှာတော့ ကျန်းယာ့ကောသည် သူမမိခင်ကဲ့သို့ မကောင်းမွန်ပေ။ သူတို့၏အသွင်အပြင် ဘယ်လောက်ပင်တူပါစေ မတူညီကွဲပြားခြားနားသော လူနှစ်ယောက်ပင်။


သူမရှေ့မှောက်တွင် ဖြစ်ပျက်နေသည့်မြင်ကွင်းကိုကြည့်ရင်း ဖန့်ကျွင်းရုံသည် သူမ၏ယခင်ဘဝက အဖြစ်အပျက်ကို ပြန်သတိရစေခဲ့သည်။ သူမ၏ယခင်ဘဝ၌ ကျန်းယာ့ကောရောက်လာချိန်တွင် ဤကဲ့သို့မဟုတ်ပေ။ လီဝမ့်ကျင်းသည် သူမနှင့်ပတ်သက်၍ အလွန်အမင်းအမွှမ်းတင်ပြီး သူမ၏ဝက်လိုသားက သူမအား ချစ်ခင်နှစ်သက်လာခဲ့သည်။ ထိုမြင်ကွင်းဟာ တော်တော်လေး သဟဇာတဖြစ်ခဲ့သည်။


သူမသည် နှုတ်ခမ်းထောင့်လေးများကိုကွေးကာ အပြုံးလေးဖြင့် ပြောလိုက်သည်။ "ကောင်းပြီ။ ကလေးနှစ်ယောက်လည်း ဒီကိုရောက်လာပြီပဲ။ ရှင် သူတို့ကို အမှားအမှန်ကို သင်ပေးချင်တာ ကျွန်မသိပါတယ်။ ဒါပေမယ့် အလောတကြီးမလုပ်ပါနဲ့။ ရှင်က တဲ့တိုးပြောတတ်တာ ကျွန်မသိတယ်။ ပြီးတော့ ရှင် အဲဒီလိုနာကျင်စေတဲ့စကားတွေကို သူတို့ကိုကောင်းစေချင်တဲ့စိတ်ကြောင့် ပြောခဲ့တယ်ဆိုတာကိုလည်း သိတယ်။ ဒါပေမယ့် ကျွန်မတို့က သူတို့လေးတွေကို အခု ရှင်နဲ့ပတ်သတ်ပြီး အထင်အမြင်လွဲသွားတာမျိုး မဖြစ်စေချင်ဘူး။"


လီဝမ့်ကျင်းသည် ထိုစကားကိုကြားသောအခါ သွေးအန်ချင်လာမိသည်။ သူမက သူ့အမှားလို ဘယ်လိုစကားမျိုး ပြောထွက်ရတာလဲ။ သူသည် စိတ်ရှုပ်ထွေးနေသလို ခံစားရသော်လည်း ပြန်လည်ချေပစကားပြောဆိုရန် သင့်တော်‌သော စကားလုံးများကို ရှာမတွေ့သောကြောင့် စိတ်ပျက်လက်ပျက်သာထိုင်နေလိုက်ပြီး ဘာမှမပြောဆိုတော့ပေ။