အခန်း ၁၅
Viewers 25k

အခန်း (၁၅) – စာအုပ်ရဲ့ခေါင်းစဥ်မှာ “ဂုဏ်သတင်းကြီးသော မိသားစု၏ အလိုလိုက် ချစ်မြတ်နိုးခြင်းခံရသည့် ကံကောင်းသော ဇနီးသည်” ဖြစ်သည် (၁)


လီအိမ်တော်ကဲ့သို့ မိသားစုများအတွက် သမီးများ မွေးစားတာက မိသားစုဝင်များ ညစာအတူစားရုံသာ ရှိလိမ့်မည် မဟုတ်ပေ။ သူတို့သည် အချိန်ကောင်းတစ်ခုကို ရွေးချယ်ကာ စားသောက်ပွဲတစ်ခုကျင်းပပြီး သူမတို့နှစ်ဦးကို အခြားသူများအား တရားဝင်မိတ်ဆက်ပေးရသည်။ ထိုအရေးကြီးသောပွဲအတွက် ပြင်ဆင်မှုအချို့ကိုလည်း ပြင်ဆင်ထားရလိမ့်မည်။


ညအချိန်တွင် ဖန့်ကျွင်းရုံသည် သူမ၏ကိုယ်ပိုင်အိပ်ခန်းကိုသာ ပြန်သွားခဲ့သည်။ သူမ ပြန်လည်မွေးဖွားပြီးချိန်ကတည်းက လီဝမ့်ကျင်းနှင့် တစ်ခန်းထဲ အတူနေထိုင်ခြင်း မရှိတော့ပေ။ ဘာပဲဖြစ်ဖြစ် သူမတို့၏အိမ်ကြီးက အတော်လေးကြီးမားပြီး အခန်းများစွာလည်းရှိသည်။ ဖန့်ကျွင်းရုံလုပ်ရန်လိုအပ်သမျှက အခန်းတစ်ခန်းကို သန့်ရှင်းပြီး ထိုအခန်းဆီသို့ ပြောင်းရွှေ့လိုက်ရုံသာ ဖြစ်သည်။

  
ဟုတ်တာပေါ့။ သူမသည်လည်း မကြာသေးမီက ခံစားချက်မကောင်းဟူသော အကြောင်းပြချက် ခိုင်လုံမှုမရှိသော ဆင်ခြေကို ပေးခဲ့ရသည်။ ထို့ကြောင့် သူမသည် ဖုန်းရွှေပညာရှင်အချို့ကိုတောင် ငှားရမ်းခဲ့သည်။ သူတို့က သူမ၏ကျန်းမာရေးသည် သူမမူလနေထိုင်ရာအခန်းတွင် ဆိုးရွားလိမ့်မည် ဖြစ်ကြောင်းကို ပြောခဲ့‌လေသည်။ လီဝမ့်ကျင်းက ဒီအတွက် အတွေးမများခဲ့ပါဘူး။ ပြီးတော့ သူတို့နှစ်ယောက်ဟာ အိပ်ခန်းခွဲအိပ်ခဲ့ကြသည်။


သူမသည် အိပ်ရာမဝင်ခင် စပျစ်ဝိုင်အနည်းငယ်သောက်ရတာကို နှစ်သက်ခဲ့သည်။ သူမ ပြန်လည်မွေးဖွားပြီးကတည်းက ထိုအလေ့အကျင့် ပျောက်ဆုံးသွားခဲ့သည်။ ယခင်ဘဝ၌ တစ်စုံတစ်ဦးသည် သူမ သောက်သုံးလေ့ရှိသော စပျစ်ဝိုင်ထဲတွင် မူးယစ်ဆေးဝါးများ ထည့်သွင်းခဲ့ပြီး သူမ၏စိတ်အ‌ခြေအနေဆိုးဝါးမှုကို ဖြစ်ပေါ်စေခဲ့သည်။ အဲဒီအချိန်မှာ သူမသည် အလွယ်တကူ စိတ်ဆိုးတတ်ကာ အကြောင်းပြချက်မရှိ အမြဲတမ်းလိုလို ဒေါသထွက်နေတတ်သည်။


သူမ ယခင်ဘဝမှာ အမှန်တကယ်ကိုပဲ နေရာအနှံ့မှာ ရန်သူများ ဝန်းရံ‌နေခဲ့သည်။


ဒီအကြောင်းကိုခဏတွေးတောရင်း ဖန့်ကျွင်းရုံသည် အိပ်ရာပေါ်လဲလျောင်းရင်း အိပ်စက်အနားယူဖို့ အဆင်သင့်ဖြစ်နေပြီ။ သို့သော် သူမသည် အိပ်ခန်းအတွင်းပိုင်းတံခါးကို လော့ဒ်ချဖို့လည်း‌မမေ့ခဲ့ဘူး။ 

သူမ၏စိတ်ထင်သက်သက် ဟုတ် မဟုတ် မသေချာသော်လည်း သူမမျက်လုံးမှိတ်လိုက်တဲ့ အချိန်လေးခဏလေးအတွင်းမှာ အစိမ်းရောင်အလင်းတန်းတစ်ခုသည် ဖြတ်ခနဲ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။


***


ဖန့်ကျွင်းရုံသည် သူမအိမ်မက်မက်နေသည် သိနေခဲ့သည်။ ဒါပေမယ့် အံ့ဩစရာက သူမအိမ်မက်မက်နေပေမယ့် ယခုကဲ့သို့ နိုးနိုးကြားကြားမရှိခဲ့ဖူးပေ။ သူမသည် တောင်ထိပ်ပေါ်တွင် ရပ်နေသည်ကို သတိပြုမိခဲ့သည်။ ထိုတောင်ထိပ်သည် တိမ်တွေပေါ်‌ ရောက်နေသည့်တိုင်အောင် အရမ်းမြင့်လေသည်။ သူမ၏ဘေး‌တွင် တိမ်တွေဝန်းရံထားပြီး စိတ်ကူးယဉ်နယ်မြေအချို့မှာ ရောက်ရှိနေသလိုမျိုး ခံစားရသည်။


သူမသည် ဘယ်တုန်းကမှရောက်ခဲ့ဖူးခြင်းမရှိပေ။ သူမ ဘာကြောင့် ဒီလိုအိမ်မက်မျိုး မြင်မက်သည်ကို နားမလည်ခဲ့သော်လည်း အိမ်မက်အများစုဟာ ယုတ္တိမရှိတတ်ပေ။ ဒါကြောင့် သူမ အရင်က တစ်ခါမှမတွေ့ဖူးသော‌တောင်တစ်တောင်အကြောင်းကို အိမ်မက်မက်တာက ကြီးကြီးမားမား ထိတ်လန့်တုန်လှုပ်‌နေစရာ မလိုအပ်ပေ။


သူမနှင့် သိပ်မဝေးသောနေရာတစ်ခုတွင် ကျောက်ပြားတစ်ခုကို မြင်ခဲ့ရသည်။ ထိုကျောက်ပြားသည် တလက်လက်တောက်ပနေပြီး အလွန်ထူးခြားနေပုံပေါ်သည်။


အိမ်မက်မက်နေတာဖြစ်သောကြောင့် ဖန့်ကျွင်းရုံသည် အရင်ကထက် ပိုသတ္တိကောင်းနေပြီး ထိုကျောက်ပြားဆီသို့ တိုက်ရိုက်လမ်းလျှောက်သွားခဲ့သည်။ ထိုကျောက်ပြားပေါ်တွင် ရေးသားထားသည့် ဘာသာစကားသည် သူမ သိနားလည်သည့် ဘာသာစကား တစ်မျိုးတည်းမဟုတ်ပဲ အလွန်အဆုံးမဲ့ ပါဝင်နေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူမ ထိုကျောက်ပြားကို ထိလိုက်တဲ့အခါ သူမအတွက် ချက်ချင်းဘာသာပြန်ဆိုပေး‌လိုက်ပုံရပြီး ရုတ်တရတ် သူမသည် ထိုကျောက်ပြားပေါ်တွင် ရေးသားထားသည့် အရာအားလုံးကို နားလည်နိုင်ခဲ့သည်။


တူရို့ ၁၁ဂရမ်၊ ယွင်ယင်းချောင် ၁၀၀ဂရမ်...


အာ... ဒါက ဆေးညွှန်းလိုပဲ။ ဟုတ်ပြီ။ သူမ တူရို့ကိုကြားဖူးတယ်။ ဒါပေမယ့် သူမ ယွင်ယင်းချောင်လို့ခေါ်တဲ့ဆေးကို တစ်ခါမှမကြားဖူးပေ။ သိချင်စိတ်ကြောင့် ဖန့်ကျွင်းရုံသည် ထိုဆေးညွှန်းကို သူမမှတ်ဉာဏ်တွင် မှတ်မိနေစေရန် ပြင်းပြင်းထန်းထန်ကြိုးစားခဲ့သည်။


သို့တိုင် သူမသည် ဆေးညွှန်း၏ထိပ်ဆုံးနှစ်ခုကိုသာ ဖတ်နိုင်ခဲ့သည်။ ကျောက်ပြားပေါ်တွင် ကျန်ရှိနေသော အကြောင်းအရာများတွင် ၎င်းပါဝင်ပစ္စည်း အမျိုးအမည်များ ရှိကောင်းရှိနိုင်လိမ့်မည်။ သူမသည် ၎င်းထံမှ မည်သည့်အရာကိုမျှ ထပ်မံရယူနိုင်ခြင်းမရှိ‌ပါ။ ကျောက်ပြား၏ ညာဖက်‌အပေါ်ထောင့်တွင် ထွင်းထုထားသော စာအုပ်တစ်အုပ်ရှိသည်။ ပို၍ အံ့အားသင့်စရာ ကောင်းတာက စာအုပ်သည် စာမျက်နှာများကို အလိုအလျောက် လှန်လျောပြသပေးခဲ့သည်။ ကျောက်တုံးပေါ်တွင် ထွင်းထုထားသော စာအုပ်တစ်အုပ်က အလိုအလျောက် လျန်လျောပြသနေသည်မှာ သိပ္ပံနည်းကျမဟုတ်ပေ။


ဒါပေမယ့် အိမ်မက်ထဲက အကြောင်းတွေက ယုတ္တိလုံးဝမရှိတတ်ပေ။


သူမအနေဖြင့် ပထမဆုံးအကြိမ် ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီးနောက် ဖန့်ကျွင်းရုံသည် မိမိကိုယ်ကို လျင်မြန်စွာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ယုတ္တိမရှိတဲ့ အရာအားလုံးက ပြဿနာမဟုတ်ဘူးဟု ခံစားမိသည်။ အိမ်မက်တစ်ခုက အိမ်မက်တစ်ခုပါပဲ။