အခန်း ၁၆
Viewers 25k

အခန်း (၁၆) – စာအုပ်ရဲ့ခေါင်းစဥ်မှာ “ဂုဏ်သတင်းကြီးသော မိသားစု၏ အလိုလိုက် ချစ်မြတ်နိုးခြင်းခံရသည့် ကံကောင်းသော ဇနီးသည်” ဖြစ်သည် (၂) 


စာအုပ်၏မျက်နှာဖုံးတွင် “ဂုဏ်သတင်းကြီးသော မိသားစု၏ အလိုလိုက် ချစ်မြတ်နိုးခြင်းခံရသည့် ကံကောင်းသော ဇနီးသည်” ဟု ခေါင်းစဥ် ရေးထိုးထားလေသည်။


ဖန့်ကျွင်းရုံ၏လက်သည် ထိုစာအုပ်ကိုကိုင်ပြီး လှန်လျောကြည့်လိုက်သောအခါ ရုတ်တရတ် ရပ်တန့်သွားသည်။ နောက်တစ်စက္ကန့်မှာတော့ စာအုပ်ဟာ အလင်းတန်းတစ်ခုအဖြစ်ပြောင်းသွားပြီး သူမ၏လက်ချောင်းထိပ်ကနေ စိတ်အာရုံထဲကို ဝင်ရောက်သွားခဲ့သည်။

ဖန့်ကျွင်းရုံသည် တုန်လှုပ်ခြောက်ခြားသွားခဲ့ပြီး သတင်းအချက်အလက် အမြောက်အများက သူမကို အကြီးအကျယ်‌ ခေါင်းကိုက်မူးဝေမှုကို ဖြစ်ပေါ်စေခဲ့သည်။


[ကျန်းယာ့ကောသည် အကြိမ်ကြိမ်အခါခါ‌ လျှော်ဖွတ်ခဲ့သောကြောင့် ဖြစ်လာသော အင်္ကျီအဖြူရောင်လေးကို ဝတ်ဆင်ထားပြီး ပန်းချီကားထဲမှ ထွက်ပေါ်လာပုံပေါ်သည့် အနုစိတ်ပြုပြင်ထားသော စံအိမ်ကြီးတစ်လုံးရှေ့တွင် ရပ်နေခဲ့သည်။ သူမ၏နှလုံးသားသည် ရင်ဘတ်ထဲမှပေါက်ထွက်တော့မလိုမျိုး ခုန်လှုပ်နေခဲ့သည်။ သူမသည် လီအိမ်တော်ထဲကို တကယ်ပဲ ဝင်သွားသင့်လား။


သူမ၏မိခင်မဆုံးပါးခင်က ကျန်းယာ့ကောအား သူမ ဒုက္ခရောက်နေလျှင် အန်ကယ်လီကို အကူအညီတောင်းနိုင်တယ်လို့ သူမအမေက ပြောကြားခဲ့သည်။ ယာ့‌ကောရဲ့မိခင်သည် အန်ကယ်လီက ‌တက္ကသိုလ်တက်တုန်းက သူမတို့၏ ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် အန်ကယ်လီက ယာ့ကောအား ကူညီပေးလိမ့်မည် ဟုပြောခဲ့သည်။ သို့သော် ကျန်းယာ့ကောသည် ထိုအကြောင်းကို သိပ်အယုံအကြည် မရှိခဲ့ပေ။ လီမိသားစုဟာ တိုင်းပြည်တွင်အချမ်းသာဆုံးမိသားစုထဲမှာ ပါဝင်လေသည်။ သူတို့အတွက် သူမက တ‌စ်နေ့တာလေးတောင် အချိန်တကယ်ရှိပါ့မလား။


နောက်လာမည့်စာသင်နှစ်ဝက်အတွက် ကျူရှင်လခများကို သူမနွေရာသီအားလပ်ရက်တွင် အလုပ်လုပ်ခဲ့သောငွေများအားလုံးကို သူမ၏ဝမ်းကွဲဆွေမျိုးများက မယူသွားခဲ့လျှင် သူမသည် ဒီနေရာကို ဘယ်တော့မှ လာမှာမဟုတ်ပေ။


သူမသည် အားတင်းပြီး တံခါးဘဲလ်ကိုနှိပ်ခါနီးချိန်တွင် ဇိမ်ခံကားတစ်စီး စံအိမ်ရှေ့သို့ ရောက်ရှိလာပြီး ရပ်တန့်သွားခဲ့သည်။ ကားတံခါးဟာ ပွင့်သွားခဲ့ပြီး ငယ်ရွယ်လှပသော မိန်းကလေးတစ်ယောက် ထွက်လာခဲ့သည်။ ကျန်းယာ့ကောသည် ထိုမိန်းကလေး ဝတ်ဆင်ထားသော ဝတ်စုံကို အရင်က မဂ္ဂဇင်းစာအုပ်ထဲတွင် တွေ့ခဲ့ဖူးသည်။ ထိုဝတ်စုံသည် ယွမ်သောင်းချီကုန်ကျလေသည်။ ထိုဝတ်စုံကုန်ကျစရိတ်သည် သူမ၏လေးနှစ်တာကျူရှင်လခထက် ပိုများသည်။ သူမ၏စိတ်ထဲတွင် သိမ်ငယ်စိတ် တဖွားဖွား ဖြစ်ပေါ်လာခဲ့သည်။


ထိုမိန်းကလေးသည် သူမကိုအံ့ဩစွာကြည့်၍ "မင်း ဒီမှာ အိမ်အကူ‌နေရာအတွက် အင်တာဗျူးလုပ်ဖို့ လာခဲ့တာလား။" ဟု ကြွပ်ဆတ်သောအသံဖြင့် မေးခဲ့သည်။


ကျန်းယာ့ကော၏ မျက်နှာသည် ရဲရဲနီသွားခဲ့သည်။ ဒီလို အရှက်တကွဲ အကျိုးနည်းမှုက အရမ်းပြင်းထန်လွန်းလို့ သူမရဲ့မျက်လုံးတွေက ချက်ချင်းနီရဲလာပြီး " မဟုတ်ဘူး။ ငါက အဲ့အတွက် မဟုတ်ပါဘူး။"


…..]


ထိုစာအုပ်တွင် ကျန်းယာ့ကောသည် အမျိုးသမီးဇာတ်လိုက်ဖြစ်သည်။ အစပိုင်းမှာ ဖန့်ကျွင်းရုံဟာ သူမအတိတ်က ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးနှင့် ထပ်တူညီ‌နေခဲ့သည်အထိ ဒီစာအုပ်သည် စိတ်ကူးယဉ်ဝတ္ထုမျှသာ ဖြစ်သည်ဟု ထင်မြင်ခဲ့သည်။


စာအုပ်ထဲတွင် ကျန်းယာ့ကောသည် လီအိမ်တော်ထဲ ဝင်ရောက်ပြီးနောက် သူမကို သမီးရင်းတစ်ယောက်လို ဆက်ဆံပြီး ကျွေးမွေးပြုစုခဲ့သည့် လီဝမ့်ကျင်း၊ အေးစက်ခန့်ညားသည့် လီရှစ်ကျီ၊ ကြော့ရှင်းလှပပြီးခပ်တန်းတန်းနေတတ်တဲ့ ဖန့်ကျွင်းရုံ၊ သူမကိုအမြဲတမ်းရန်လိုတတ်တဲ့ လီရှင်းယွင်တို့ကို တွေ့ဆုံခဲ့ရသည်။


သူမသည် လီရှစ်ကျီကို အမြဲတမ်းချစ်မြတ်နိုးခဲ့သည်။ လီရှစ်ကျီသည်လည်း သူမအတွက် ခံစားချက်အချို့ရှိသည် ဟုထင်ရသော်လည်း သူမတို့က တစ်ဦးနှင့်တစ်ဦး မလိုက်ဖက်ဟုသာ တွေးခဲ့သည်။ ကျန်းယာ့ကောသည် ဧည့်ခံပွဲတစ်ခုတွင် အရက်သောက်တာ အနည်းငယ်များသွားခဲ့ပြီး လီရှစ်ကျီ၏အခန်းသို့ မှားဝင်မိခဲ့သည်။ ထိုညက သူမနှင့်လီရှစ်ကျီတို့ဟာ ခန္ဓာကိုယ်ချင်းရင်းနှီးခဲ့ပြီး သူတို့ရဲ့လျှို့ဝှက်အချစ်ရေးကို စတင်ခဲ့သည်။ လီရှစ်ကျီသည် သူ့အမေ၏ လက်ကောက်ကိုပင် ခိုးယူခဲ့ကာ ကျန်းယာ့ကောအား ချစ်သက်လက်ဆောင်အဖြစ် ပေးခဲ့သည်။


ကျန်းယာ့ကောသည် သူမအင်္ကျီလက်အောက်တွင် ထိုလက်ကောက်ကို အမြဲတမ်း ဖွက်ကာ ဝတ်ဆင်ထားခဲ့သည်။ ဖန့်ကျွင်းရုံသည် သူမလက်ကို စာရွက် မတော်တဆရှခဲ့သည့်အချိန်က ကျန်းယာ့ကောသည် သူမချစ်သူ၏မိခင်ထံမှ အမြင်ကောင်းရရန် သူမ၏အနာကို‌ ဆေးကြောဖို့ ကူညီခဲ့သည်။ ဤမတော်တဆဖြစ်စဉ်အတွင်း ဖန့်ကျွင်းရုံ၏သွေးသည် ထိုလက်ကောက်ကို မတော်တဆ ထိမိခဲ့သည်။


ကျန်းယာ့ကောသည် သူမအခန်းထဲသို့ ပြန်ရောက်ချိန်တွင် ထိုလက်ကောက်ကို စစ်ဆေးကြည့်မိလိုက်သည်။ ဖန့်ကျွင်းရုံ၏သွေးနှင့် ထိုလက်‌ကောက်သည် ဆက်သွယ်မှု ရရှိသွား‌သောအခါတွင် ကမ္ဘာအသစ်တစ်ခု၏တံခါးကို ဖွင့်လိုက်မိခဲ့သည်။ ထိုလက်‌ကောက်အတွင်းတွင် ထူးဆန်းထွေလာ နယ်မြေတစ်ခု တည်ရှိနေသည်။ ထူးခြားဆန်းကြယ်သော တောင်တန်း၊ ရေတံခွန်နှင့် အံ့ဖွယ်ဆေးညွှန်းများရှိသည့်နေရာအချို့ ပါဝင်လေသည်။



သူမသည် ထိုဆေးညွှန်းများကို တိတ်တဆိတ် စမ်းသပ်ဖန်တီးခဲ့ပြီး အာဏာရှိ အကြီးအကဲများစွာနှင့် ဆက်ဆံရေးကို တည်ဆောက်ပြီး သူမအတွက် လုံခြုံမှုရရှိစေရန် အသုံးပြုခဲ့လေသည်။ သူမသည် သူတို့၏ ခေါင်းကိုင်သမီး ဖြစ်လာခဲ့ပြီး အထက်တန်းလွှာတွင် နေသားကျ‌လာခဲ့သည်။ သူမသည် လူများစွာ၏စိတ်ထဲတွင် မိဘမဲ့တစ်ဦးအဖြစ်မှ စံပြအမျိုးသမီးတစ်ဦးအဖြစ်သို့ ရောက်ရှိသွားခဲ့သည်။