အခန်း ၁၇
Viewers 25k

အခန်း (၁၇) – စာအုပ်ရဲ့ခေါင်းစဥ်မှာ “ဂုဏ်သတင်းကြီးသော မိသားစု၏ အလိုလိုက် ချစ်မြတ်နိုးခြင်းခံရသည့် ကံကောင်းသော ဇနီးသည်” ဖြစ်သည် (၃) 


ထူးဆန်းထွေလာနယ်‌မြေမှ ဆေးကိုအသုံးပြုပြီး သူမသည် မြေအောက်‌လောကရဲ့ မင်းသားတစ်ဆူ ‌ဝမ်ရှောင်းအား ကုသပေးနိုင်ခဲ့သည်။ ဝမ်ရှောင်းသည် အဲ့ဒီအချိန်ကတည်းက သူမကို အရူးအမူး စွဲလမ်းသွားခဲ့လေသည်။ သူသည် အခြားသူများရှေ့တွင် အေးစက်ပြီးကြောက်စရာကောင်းနေပေမယ့် သူမရှေ့တွင် သူ့ရဲ့နူးညံ့တဲ့ဖက်ခြမ်းကိုသာ အမြဲတမ်း ပြသခဲ့သည်။


သူမသည် ရုပ်ရှင်ဇကရာဇ်ဖန့်ကြွယ်မင်ကိုကူညီခဲ့ပြီး သူမ၏ရွှေလက်ချောင်းများထဲမှ တစ်ယောက်ဖြစ်လာခဲ့သည်။ ထိုရုပ်ရှင်ဧကရာဇ်သည်လည်း သူမကိုချစ်မိသွားခဲ့သည်။ သူမကို သူရဲကောင်းတစ်ယောက်လိုမျိုး တိတ်တဆိတ် ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။


သူမသည် ပါရမီရှင်ဆရာဝန် ကျန့်ပိနှင့်လည်း စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်။ နောက်ဆုံးတွင် သူမ၏ရိုးသားမှုနှင့် ခေါင်းမာတတ်တဲ့စိတ်ဓာတ်က သူ့နှလုံးသားကို လွှမ်းမိုးနိုင်ခဲ့ပြီး သူသည် သူမအတွက် ဖန့်ကျွင်းရုံကို လက်စားချေပေးသည့်အနေဖြင့် မူးယစ်ဆေးဝါးများ တိုက်ကျွေးခဲ့သည်။ ထို့အတွက်ကြောင့် ဖန့်ကျွင်းရုံသည် အမြဲတမ်း ဒေါသကြီး‌ကာ တစ်ခါတစ်ရံမှာတော့ စိတ်အာရုံခြောက်ခြားခြင်းတို့ဖြစ်ခဲ့သည်။


ကျန်းယာ့ကောတွင် လီရှစ်ကျီပင် မနာလို‌ရလောက်သည့် ထိပ်တန်းအမျိုးသားများ ဝန်းရံနေခဲ့ခဲ့သည်။ ဖန့်ကျွင်းရုံနှင့် လီရှင်းယွင်တို့နှစ်ဦးစလုံးသည် သူမကို မနှစ်သက်ခဲ့သလို သူမ၏ သူငယ်ချင်းကောင်း ကျုံးရီသည်လည်း လီရှစ်ကျီကို ချစ်မြတ်နိုး‌နေခဲ့သောကြောင့် ကျန်းယာ့ကောနှင့် လီရှစ်ကျီတို့အကြား ဆက်ဆံရေးဟာ အတားအဆီးများ တစ်ခုပြီးတစ်ခုကျော်လွှားခဲ့ရသည်။ အမျိုးမျိုးသော ဒုက္ခများအားလုံးသည် သူတို့၏ဆက်ဆံရေးကို ပိုမိုခိုင်မြဲလာစေ၏။ ကျန်းယာ့ကောကို နှစ်သက်သဘောကျသော သူမ၏အမျိုးသားမိတ်ဆွေများနှင့် ကျန်းယာ့ကောနှင့် လီရှစ်ကျီအား လမ်းခွဲစေချင်ကြသော ဗီလိန်မိန်းကလေးတစ်ချို့လည်း ရှိကြလေသည်။


သူမ၏သူငယ်ချင်းကောင်းကျုံးရီက သူမကို ထပ်ခါတလဲလဲ အန္တရယ်ပြုရန်ကြိုးစားခဲ့သည်။ နောက်ဆုံးမှာ အမှန်တရားအားလုံး ထွက်ပေါ်လာခဲ့ပြီးတော့ ကျုံးရီသည် ဆင်းရဲချို့တဲ့သော ရွာတွေဖက်သို့ ပြောင်းရွှေ့သွားခဲ့ရပြီး သူမဘဝဟာ ငရဲကျသလိုပင် ဆင်းရဲဒုက္ခခံစားခဲ့ရသည်။


လီရှင်းယွင်နှင့် ပတ်သတ်၍ သူမသည် ကျန်းယာ့ကောကို အမြဲတမ်း ဆန်ကျင့်ရန်လိုခဲ့သည့်အတွက် နောက်ဆုံးတွင် သူမသည် ဝမ်ရှောင်း၏ လက်ထဲသို့ ကျရောက်သွားခဲ့ရပြီး သူ့ကြေးစားလူမိုက်များရဲ့ ကစားစရာအဖြစ် ပေးအပ်ခြင်းခံခဲ့ရသည်။ နောက်ဆုံးတွင် သူမရဲ့ မျက်နှာပါ ပျက်စီးသွားခဲ့ပြီးတော့ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်။


အခြားတစ်ဖက်တွင်မူ ဖန့်ကျွင်းရုံသည် စိတ္တဇ‌ဆေးရုံသို့ လီဝမ့်ကျင်းနှင့် လီရှစ်ကျီတို့၏ ပုဂ္ဂိုလ်ရေးအရ ပို့ဆောင်ခြင်းခံခဲ့ရသည်။


ကျန်းယာ့ကောသည် သူမယောက္ခထီး၏ တုန်နေအောင် ချစ်မြတ်နိုးခြင်းကိုခံခဲ့ရပြီး သူမ၏ယောကျာ်းနှင့်အတူ ပျော်ရွှင်ရသောဘဝလေးကို ပိုင်ဆိုင်ခဲ့ရသည်။ သူမသည် ဖန့်ကျွင်းရုံ သေဆုံးသွားသော သတင်းကို ကြားသိရပြီးနောက် သူမပါးပြင်ထက်ဝယ် မျက်ရည်အချို့ ကျဆင်းလာခဲ့သည်။ ဒါပေမယ့် သူမစိတ်နှလုံးအတွင်းမှာတော့ စိတ်သက်သာရာရသွားခဲ့သည်။


အခြားတစ်ဖက်တွင် လီဝမ့်ကျင်းသည်လည်း ကျန်းယာ့ကော၏  အဒေါ်ဖြစ်သူနှင့် စုံတွဲဖြစ်လာခဲ့သည်။ လီဝမ့်ကျင်းသည် ငယ်စဉ်အခါက ကျန်းယာ့ကော၏ မိခင်ဖြစ်သူ ဝမ်စစ်အာကို အလွန်နှစ်သက်မြတ်နိုးခဲ့သည်။ ကျန်းယာ့ကော၏ အဒေါ်သည် သူမ၏အမြွှာဖြစ်ပြီး သူမတို့နှစ်ယောက်စလုံးဟာ အလွန်ဆင်တူသည်။ လီဝမ့်ကျင်းအတွက် ငယ်ရွယ်စဉ်က အိမ်မက်လေးတစ်ခုကို အသက်ပြန်သွင်းလိုက်ရသလို ခံစားခဲ့ရသည်။


***


ကျန်းယာ့ကော၏ ဘဝရှုထောင့်မှ ကြည့်လျှင် သူမ၏ဘဝအစတွင်သာ အနည်းငယ် ခါးသီးမှုများ ရှိခဲ့သည်။ ထို့နောက် သူမသည် အမျိုးသားများ၏ ဝန်းရံခြင်းကို ခံခဲ့ရပြီး စာအုပ်တစ်အုပ်လုံးသည် ရွှင်လန်းကြည်နူးဖွယ်ကောင်းတဲ့ စာဖတ်ခြင်းသို့ ပြောင်းလဲသွားခဲ့သည်။ ထိုစာအုပ်ကို  အေအဆင့် ဒရမ်မာဇာတ်လမ်းတစ်ပုဒ်နှင့် ဆင်တူပြီး နှိုင်းယှဉ်၍ပင် ရ‌လောက်သည်။


အခြားတစ်ဖက်တွင် ဖန့်ကျွင်းရုံကတော့ မျက်လုံးထဲမှ သွေးယိုစီးရလောက်တဲ့အထိ မုန်းတီးမှုကို ဖြစ်ပေါ်ရရှိခဲ့သည်။


သူမသည် ကျန်းယာ့ကောကိုမုန်းသည်။ သို့ပေမယ့် သူမ၏ခင်ပွန်းနှင့် သားဖြစ်သူကို ပိုမုန်းသည်။ ကျန်းယာ့ကောသည် ဖန့်ကျွင်းရုံ၏ ပိုင်ဆိုင်မှုဖြင့် ဖန့်ကျွင်းရုံအပေါ် အသုံးပြုဆန့်ကျင်ခဲ့သည်ကို ဘယ်တော့မှ မမေ့သွားခဲ့ဘူး။ သူမ၏သား လီရှစ်ကျီသည် သူ့ရဲ့ ချစ်ခြင်းမေတ္တာကို သက်သေပြဖို့အတွက် သူမရဲ့လက်ကောက်ကို ခိုးယူခဲ့ပြီး သူမနှင့်သမီးဖြစ်သူအပေါ်ကိုပါ ရက်စက်စွာဆက်ဆံခဲ့‌လေသည်။


လီဝမ့်ကျင်း၏ နှလုံးသားသည် အမြဲတမ်း ဝမ်စစ်အာအတွက်သာ ဖြစ်ခဲ့ပြီး ဖန့်ကျွင်းရုံကို ပိုးပန်းလက်ထပ်ခဲ့သော်လည်း ဝမ်စစ်အာကို တစ်နေ့မှပင် မမေ့ခဲ့ပါ။


အံ့ဩစရာ မဟုတ်ဘူး။ ကျန်းယာ့ကောကို အလွန်ချစ်မြတ်နိုးပြီး သူမအတွက် ရှင်းယွင်ကို အကြိမ်ကြိမ် ဆူပူခဲ့တာ အံ့ဩစရာ မဟုတ်ဘူး။


ဒါဟာ သူမယခင်ဘ၀က အချိန်လွန်ခဲ့သည်အထိ ဒီအကြောင်းအားလုံးကိုမသိမမြင်ခဲ့သည့် သူမရဲ့ကိုယ်ပိုင်အမှားများသာ ဖြစ်သည်။ သူမ နားလည်သဘောပေါက်သွားချိန်တွင် အလွန်ဆိုးရွားတဲ့ အခြေအနေကို ရောက်ရှိနေခဲ့ပြီ။ ဖြစ်ကောင်းဖြစ်နိုင်တာက မိုးကောင်းကင်က ထိုလူတို့၏ မကောင်းတဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တာကို မြင်ခဲ့ရပြီးတော့ သူမကို ပြန်လည်ပြင်ဆင်ဖို့ အခွင့်‌အရေးတစ်ခုပေးခဲ့တာပဲ ဖြစ်မည်။


ဖန့်ကျွင်းရုံသည် သူမမျက်လုံးကို တဖန်ဖွင့်ကြည့်လိုက်သည်။ သူမသည် တဒုတ်ဒုတ်နေအောင် ခေါင်းကိုက်နေဆဲဖြစ်ပြီး သူမဖတ်ခဲ့သောစာအုပ်ကို စိတ်ထဲတွင်ရှင်းရှင်းလင်းလင်းမှတ်မိနေခဲ့သည်။


မဆုတ်မနစ်သော ဇွဲလုံ့လမျိုးကို သူမမျက်လုံးထဲမှာ မြင်နေခဲ့ရပြီး သူမအပြုံးတွေဟာ အေးစက်နေခဲ့သည်။


ဒီစာအုပ်ကို ကျေးဇူးတင်မိတယ်။ သူမ အခုတော့ ကွာရှင်းဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာကို ကောင်းကောင်း သိသွားခဲ့ပြီ။ လီဝမ့်ကျင်းသည် သူ့ရဲ့ အဖြူရောင်လမင်းလေးကို ဘယ်တော့မှ မမေ့ခဲ့သည်အတွက် ကျန်းယာ့ကောရဲ့ အဒေါ်ဖြစ်သူနှင့် အစားထိုးကာ အတူနေလိုခဲ့သည်။ ကောင်းပြီ။ သူတို့ စုံတွဲတစ်တွဲဖြစ်လာဖို့ကို ငါလုပ်ပေးရ‌တော့မှာပေါ့။