အခန်း ၁၈
Viewers 25k

အခန်း (၁၈) – အမေက အမြဲတမ်း အကောင်းဆုံးပဲ (၁) 


သူမဖတ်‌ခဲ့သောစာအုပ်အရ သူမ၏လက်ကောက်အတွင်းတွင် ထူးဆန်းထွေလာနယ်မြေတစ်ခုပါဝင်ပြီး သူမ၏သွေးနှင့်သာ ဖွင့်နိုင်သည်။ သူမအဖွားက ထိုလက်ကောက်ကို သူမထံလွှဲပြောင်းပေးခဲ့သည်။ သူမမကွယ်လွန်ခင်အထိ သူမအဖွား၏အကြိုက်ဆုံးဖြစ်ခဲ့သည်။ သူမသည် ထိုလက်ကောက်ကို မီးခံသေတ္တာထဲတွင် အမြဲတမ်းသိမ်းထားခဲ့သည်။ သူမသားနှင့် သမီးသာ သူမ၏မီးခံသေတ္တာရဲ့ လျှို့ဝှက်နံပါတ်ကို သိကြပြီး သူတို့မှလွဲ၍ ဘယ်သူမှမသိကြပေ။ ထို့ကြောင့် လီရှစ်ကျီက သူမလက်ကောက်ကို ရရှိဖို့ရန်အတွက် မခက်ခဲခဲ့တာဖြစ်သည်။


သူမ၏ဝက်လိုသား လီရှစ်ကျီသည် ကျန်းယာ့ကောအတွက် သူမလက်ကောက်ကို ဘာဖြစ်လို့ ခိုးယူပေးခဲ့တာလဲ။ ယခင်ဘဝက သူမနှင့် သူမသမီးတို့၏ ကြောက်မက်ဖွယ်ရာ ဘဝအဆုံးသတ်များသည် သူ့ရဲ့ လက်ကောက်ခိုးယူပေးခြင်းကနေ စတင်ခဲ့တာဖြစ်သည်။ လီရှစ်ကျီသည် ကျန်းယာ့ကောအတွက် ဘာဖြစ်လို့ ဒီလက်ကောက်ကို ခိုးယူပေးရတာလဲ ဆိုတာကို သူမ နားမလည်ခဲ့ပါ။ သူ့တွင် ငွေအမြောက်အများရှိပြီး သူမအတွက် သူလိုချင်တဲ့ မည်သည့်ရတနာမျိုးမဆို ဝယ်ပေးနိုင်ခဲ့သည်။ ဒါကို ဒီစာအုပ်ထဲတွင် မဖော်ပြခဲ့တာက အလွန်ကံခေတာပဲ။ ကျန်းယာ့ကောသည် ထိုလက်ကောက်ကို ရရှိပြီးနောက် ဘယ်လောက်ပျော်ရွှင်ခဲ့လဲ ဆိုတာကိုသာ ဖော်ပြခဲ့သည်။


ဖန့်ကျွင်းရုံသည် ဓားသေးသေးလေးကို ဆွဲထုတ်လိုက်ကာ လက်ချောင်းထိပ်ကို ဖြတ်လိုက်၍ လက်ကောက်ပေါ်သို့ သွေးစက်ချလိုက်သည်။  ဘယ်လိုနည်းနဲ့မဆို သူမသွေးဟာ တစ်ချိန်ချိန်မှာတော့ လက်ကောက်ပေါ်ကိုစွန်းမှာပဲ။ အဲဒီအစား ၎င်းက ချက်ချင်းပဲ စိမ့်ဝင်သွားပြီးတော့ ဘယ်တော့မှ မရှိခဲ့သလိုမျိုး ပျောက်ကွယ်သွားခဲ့သည်။ ပြီးတော့ တစ်ချိန်တည်းမှာပဲ သူမသည် တူညီ‌တဲ့ ထူးဆန်းထွေ‌လာတောင်တန်းပေါ်ကို ပြန်ရောက်သွားခဲ့သည်။


အံ့ဩလောက်အောင် သူမသွေးကိုစုပ်ယူပြီးနောက် ကျောက်ပြားပေါ်ရှိ ဆေးညွှန်းများဟာ များစွာပြောင်းလဲသွားခဲ့သည်။ မူရင်း နှစ်ခုကနေ ယခု သုံးခု ဖြစ်လာခဲ့သည်။


ကျောက်စိမ်းဖြူခရင်မ်: ကြွက်သားများ ကြီးထွားမှုကို မြှင့်တင်ပေးနိုင်သည်။ ၎င်းသည် လူတစ်ဦးကို အားပြန်ပြည့်မလာစေပေမယ့် အရိုးများကို ပိုမိုကြံခိုင်လာစေသည်။


အလှအပဆေးလုံး: နာမည်အတိုင်းပဲ အသားအရေကိုပြန်လည်ပြုပြင်နိုင်တဲ့ ဆေးညွှန်းတစ်ခုဖြစ်သည်။


အဆိပ်အတောက်ဖယ်ရှားဆေးလုံး: ခန္ဓာကိုယ်တွင်းမှအဆိပ်များကို ဖယ်ရှားနိုင်စွမ်းရှိသည်။


ဒီဆေးညွှန်းထဲမှာပါရှိတဲ့ အချို့သောအမျိုးအမည်များသည် အစစ်အမှန်ကမ္ဘာပေါ်တွင်မရှိနိုင်ပေမယ့် ထူးဆန်းထွေလာနယ်မြေထဲမှာသာ ရရှိနိုင်သည်။ အလှအပဆေးလုံးသည် ရေတံခွန်မှရေလိုအပ်သည်။ တစ်နည်းအားဖြင့် ကျန်းယာ့ကော၏ဝတ္ထုကိုဖတ်လိုက်ရခြင်းသည် သူမအား ဖြတ်လမ်းနည်းများစွာကို ခွင့်ပြုရရှိခဲ့သည်။


သူမ၏ယခင်ဘဝ၌ ကျန်းယာ့ကောသည် အင်အားကြီးမားသောထောက်ခံသူများစွာကို စုဆောင်းနိုင်ခဲ့ခြင်းမှာ သူမသည် ဒီဆေးဝါးများကို ဖန်တီးနိုင်ခဲ့ပြီး ၎င်းသုံးခုစလုံးကို လက်ဝါးကြီးအုပ်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။


ဒီဘဝမှာတော့ သူမသည် ဒီလက်ကောက်ကို သေသေချာချာလုံခြုံစွာသိမ်းထားနိုင်ခဲ့သည်။ လက်ကောက်မရှိပဲ ကျန်းယာ့ကော ဘယ်လောက်ဝေးဝေးထိသွားနိုင်လိမ့်မည်ကို သူမ‌တွေးကြည့်မိခဲ့သည်။


ဖန့်ကျွင်းရုံသည် ထူးဆန်းထွေလာနယ်မြေမှ ဆန်းကြယ်ဆေးပင်များကို စုဆောင်းပြီးနောက် အစစ်အမှန်ကမ္ဘာသို့ ပြန်သွားခဲ့သည်။ ထို့နောက် သူမ၏လက်ကောက်ပျောက်ကွယ်သွားခဲ့သည်ကို သတိပြုမိလိုက်သည်။ နည်းပညာအရ လက်ကောက်သည်တည်ရှိနေဆဲဖြစ်သည်။ ‌ဒါပေမယ့် သူမလက်ကောက်ဝတ်တစ်ဝိုက်တွင် သောအစိမ်းရောင်အမှတ်အသားတစ်ခုဖြစ်လာခဲ့သည်။ အဲဒီနေရာမှာရှိနေကြောင်းကိုသိရန် အလွန်ဂရုတစိုက်ကြည့်ရန်တော့ လိုအပ်သည်။


ပြီးတော့ သူမအတွေးတစ်ချက်နဲ့တင် ထူးဆန်းထွေလာနယ်မြေကိုပြန်သွားနိုင်ခဲ့သည်။


သူမသည် သက်ပြင်းကြီးကြီးချလိုက်မိသည်။ ဒါက ကောင်းတာပဲ။ ဒီနည်းအားဖြင့် သူမ၏လက်ကောက် ထပ်မံခိုးယူခံရမည်ကို စိုးရိမ်နေစရာ မလိုအပ်တော့ပေ။ ဒါ့အပြင် လက်ကောက်သည် ဒုတိယအနေဖြင့် သိုလှောင်နိုင်ခဲ့သည်။ သူမသည် သူမ အနှစ်သက်ဆုံး ရတနာများနှင့် အိမ်ရာစာချုပ်များကို ထိုနေရာတွင် သိမ်းထားနိုင်ခဲ့သည်။


နောက်တစ်နေ့တွင် သူမသည် အိမ်မှထွက်လာခဲ့ပြီး ‌အခြားအိမ်တစ်လုံးသို့ သွားကာ ဆေးညွှန်းသုံးမျိုးစလုံးကို သူမကိုယ်တိုင် ဖန်တီးခဲ့သည်။ဆေးဖော်စပ်သည့် လုပ်ငန်းစဉ်အတွင်း အချိန်၊ ပမာဏတိကျဖို့က အလွန်အ‌ရေးကြီးသည်။ သူမသည် ခြေလှမ်းတိုင်းကို အတိအကျဖြစ်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့သည်။ နောက်ဆုံးအဆင့်ထုတ်ကုန်များသည် ဖန့်ကျွင်းရုံသတိပြုမိခဲ့သည့်အတိုင်း အထူးသဖြင့် အဆိပ်အတောက်ဖယ်ရှားဆေးလုံးသည် ထူးဆန်းစွာ လန်းဆန်းစေခဲ့သည်။  အဲ့ဒီ‌ဆေးက ပင်ပန်းနွမ်းနယ်မှုအားလုံးကို ပျောက်ကွယ်သွားစေကာ ခွန်အားပြည့်ဝမှုကိုခံစားရရှိစေလိမ့်မည်။


ဖန့်ကျွင်းရုံသည် သတိကြီးစွာထားခဲ့သည်။ ဤသည်က သူမ၏ပထမဦးဆုံးအကြိမ် ဆေးဖော်စပ်တာ ဖြစ်သည်။  သူမဆေးဖော်စပ်တဲ့လုပ်ငန်းစဉ်အတွင်းမှာ အမှားအယွင်း ရှိ မရှိဆိုတာကို သူမလုံးဝမသေချာခဲ့‌ပေ။ သူမသည် ဆေးဝါးများစမ်းသပ်ရန် တိရိစ္ဆာန်ငယ်များကို ဝယ်ယူခဲ့သည်။ ထူးဆန်းထွေလာနယ်မြေမှ ဆေးညွှန်းများသည် သာမာန်ထက်လွန်ကဲနေသည် ဟုဆိုရပေမည်။ ကျောက်စိမ်းဖြူခရင်မ်ကိုလိမ်းပြီး နောက်‌တစ်နေ့တွင် အ‌ရေပြားအသစ်များဖြစ်ပေါ်လာခဲ့သည်။ အဆိပ်အတောက်ဖယ်ရှားဆေးလုံးကလည်း အံ့ဩစရာပါပဲ။ သေလုနီးပါး ယုန်တစ်ကောင်ကို အဆိပ်အတောက်ဖယ်ရှားဆေးလုံး တိုက်ကျွေးပြီးနောက် မကြာမီ အချိန်အတွင်းမှာပင် ၎င်း၏မူလစွမ်းအင်ကို ပြန်လည်ရရှိခဲ့သည်။


အလှအပဆေးလုံးများသည် တိရိစ္ဆာန်များအပေါ် အကျိုးသက်ရောက်မှု ရှိမရှိ သူမ ‌မပြောနိုင်ပေ။ သို့သော် သူမသည် သူတို့အပေါ်အကဲဖြတ် ကြည့်ရှုခဲ့ပြီးသည့်နောက် သူတို့သည် ပတ်ပတ်လည်မှာ ခုန်ပေါက်နေခဲ့ကာ ကျန်းမာကြံ့ခိုင်နေကြသည့်အတွက် စိတ်ချရတာ သေချာလေသည်။ ဖန့်ကျွင်းရုံသည် သူမကိုယ်တိုင်အသုံးပြုကြည့်ဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။ ဆေးကဆန့်ကျင်ခဲ့ရင်တောင် သူမမှာ အဆိပ်အတောက်ဖယ်ရှားဆေးလုံးရှိနေသေးသည်။


သုံးရက်တစ်ကြိမ် ဆေးလုံးကိုအသုံးပြုပြီးနောက် သူမရဲ့ အသားအရေသည် ပိုမိုတင်းရင်းလာခဲ့ပြီး အရင်ကထက် အရောင်ပိုမိုတောက်ပလာပုံရသည်။ ဓာတ်ပုံတစ်ပုံရိုက်ရန် filterအသုံးပြုလိုက်သလိုမျိုး သူမဟာ ပိုမိုကြည့်ကောင်းလာခဲ့သည်။ အမျိုးသမီးအားလုံးဟာ အလှအပကိုကြိုက်နှစ်သက်ကြသည်။ ဒီဆေးလုံးသာ ဈေးကွက်ကိုရောက်ရှိသောအခါ လူထုသည်မည်မျှအရူးအမူးဖြစ်လိမ့်မည်ကို စဉ်းစားကြည့်နိုင်‌လေသည်။


ဖန့်ကျွင်းရုံသည် အရမ်းအံ့အားသင့်သွားခဲ့သည်။ သူမသည် ဘာမှ အမှားအယွင်းမရှိကြောင်းကို သေချာအောင် လုပ်ဖို့အတွက် ဆေးရုံကိုပင် သွားရောက် စစ်ဆေးကြည့်ခဲ့သေးသည်။