အခန်း ၂၀
Viewers 25k

အခန်း (၂၀) – အမေက အမြဲတမ်း အကောင်းဆုံးပဲ (၃)


"ယာ့ကောက အဲ့လို ဘယ်တော့မှ မတွေးဖူးဆိုရင် သူမက ဒီမွေးနေ့ပွဲကို ဖျက်စေချင်တယ်လို့ ရှင်က ဘယ်လိုလုပ်ပြီး သိတာလဲ။ ယာ့ကောက ဘယ်လိုမျိုး စဉ်းစား ကြင်နာတတ်‌တဲ့ လူတစ်ဦး ဆိုတာကို ရှင်ပဲ ကျွန်မကို အမြဲတမ်း ပြောပြနေခဲ့တာ မဟုတ်လား။ ဒီလိုလူမျိုးတစ်ယောက်က ရှင်းယွင် သူမ မျှော်လင့်ထားတဲ့ မွေးနေ့ပွဲကို ဖျက်လိုက်ရတာကြောင့် အရမ်းဝမ်းနည်းနေတာမျိုးကို မြင်ချင်ပါ့မလား။"


"ယာ့ကောက အဲ့လိုလူစားမျိုး မဟုတ်ဘူးလို့ ကျွန်မယုံတယ်။"


ဖန့်ကျွင်းရုံသည် ကျန်းယာ့ကောအားလှည့်ကြည့်၍ တော်တော်လေးမာန်ပါသည့်အသံဖြင့် မေးလိုက်သည်။ "ယာ့ကော...တို့ပြောတာ မှန်တယ်မလား။"


သူမယခင်ဘဝ၌ ဒီပြဿနာနှင့် ပတ်သက်ပြီး စကားများ ထွက်ပေါ်လာပြီးနောက် လူတိုင်းဟာ လီအိမ်တော်မှ ကျန်းယာ့ကော၏ပုံရိပ်ကို လေ့လာသိရှိခဲ့ကြသည်။ သို့သော် ရှင်းယွင်ရဲ့ ပုံရိပ်ကိုတော့ မတော်တဆ ပျက်စီးစေခဲ့သည်။ လူတော်တော်များများက အစစ်အမှန် လီမိန်းကလေးရဲ့ပုံရိပ်က မွေးစားသမီးထက် နိမ့်ကျခဲ့‌ပုံကို ပြက်ရယ်ပြုခဲ့ကြသည်။


ယခု ကျန်းယာ့ကောသည် ကျောက်တုံးတစ်တုံးနှင့် နေရာကျဉ်းနှစ်ခုကြားညှပ်နေသော အခြေအနေမှာ ရှိနေခဲ့သည်။ အကယ်၍သာ သူမသည် ဒီလိုဖြစ်ပျက်မည်ကို မမြင်လိုကြောင်း ပြောခဲ့ရင် သူမအတွက် ရပ်တည်ခဲ့သော လီဝမ့်ကျင်းကို စိတ်ဆိုးစေလိမ့်မည်။ အကယ်၍ သူမသည် သူမက အဆင်ပြေပါသည် ဟုဆိုပါက လီရှင်းယွင်၏ ခံစားချက်များကို ဂရုမစိုက်သော ဆိုးရွားသောလူ ဖြစ်သွားလိမ့်မည်။ ဒီလိုအချိန်မျိုးမှာ သူမက လူကောင်းတစ်ဦးဖြစ်ဖို့ကိုသာ ရွေးချယ်ခဲ့တယ်။


"ရှင်းယွင်က ဒီမွေးနေ့ပွဲကို မျှော်လင့်‌နေတာ ကြာပြီပဲလေ။ သမီးအတွက် ဒါကို ဖျက်စရာမလိုပါဘူး။ အဖေ သမီးကို စိတ်ပူနေတယ် ဆိုတာကို သမီးသိပါတယ်။ ဒါပေမယ့် ရှင်းယွင်ရဲ့ခံစားချက်တွေကို ဦးစားပေးသင့်တယ်လေ။"


ကျန်းယာ့ကောက ကျန်းယာ့ကောပင်။ သူမသည် အဓိပ္ပာယ်နှစ်ခွထွက်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ရုံမက သူမသည် ကိုယ်ကျိုးစွန့်၍ သူမ၏ကိုယ်ပိုင်ပုံရိပ်ကို ထပ်မံဖန်တီးနိုင်ခဲ့သည်။ သူမ၏ မှုန်ဝါးနေသောမျက်လုံးများကို ကြည့်ရင်း ရုတ်တရတ် လီဝမ့်ကျင်းသည် အပြစ်ရှိသည်ဟု ခံစားလိုက်ရသည်။


ဖန့်ကျွင်းရုံသည် ခေါင်းညိတ်လိုက်သည်။ "ပြီးတော့ ဒါတွေက ဝမ့်ကျင်းကြောင့်ပဲ။ ရှင်က တခြားသူတွေရဲ့ ခံစားချက်တွေကို အမြဲတမ်း လျစ်လျူရှုနေလို့ မဖြစ်ဘူးလေ။ ဘာကြောင့် ဒီလိုလုပ်ရတာလဲ။ ရှင်က ရှင်းယွင်နဲ့ယာ့ကောတို့ကို တစ်ချိန်တည်းမှာ စိတ်မကောင်းဖြစ်အောင် လုပ်နေတာပဲ။"


လီဝမ့်ကျင်းသည် မိမိကိုယ်ကို ခုခံကာကွယ်နိုင်စွမ်းမရှိခြင်းကို အလွန်စိတ်ပျက်သွားမိသည်။


"ပြီးတော့ ရှင်က ရှင်းယွင်ကို တစ်ကိုယ်ကောင်းဆန်သူလို့ ပြောခဲ့သေးတယ်။ ရှင် သူမကို တောင်းပန်သင့်တယ်လို့ မစဥ်းစားမိဘူးလား။"


လီဝမ့်ကျင်းသည် သူ့ပါးစပ်ကိုဖွင့်လိုက်ပေမယ့် "တောင်းပန်ပါတယ်"ဟူသော စကားလုံးများကို ထုတ်မပြောနိုင်ပေ။ သူက အဖေတစ်ယောက်ပဲ။ ဘာကြောင့် သူ့သမီးကို တောင်းပန်ဖို့ လိုအပ်ရတာလဲ။ ပြီးတော့ ရှင်းယွင်ကလည်း အခုအခြေအနေကို ချောချောမွေ့မွေ့ဖြစ်ဖို့ တစ်ခုခုပြောပြီး သူ့ကို အကူအညီပေးသင့်တယ်လေ။ ထိုကလေးဟာ ကလေးဘဝတည်းက ဖန့်ကျွင်းရုံနှင့်သာ အချိန်ကုန်ခဲ့သည်။ သူမသည် သူနှင့် ဘယ်တော့မှ နီးစပ်မှုမရှိခဲ့ပေ။


သူက ဖန့်ကျွင်းရုံကိုကြည့်လိုက်သောအခါ သူ့စိတ်ထင်ပဲလား မသေချာပေမယ့် ကျွင်းရုံက အရင်ကထက် ပိုပြီးလှနေသည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် သူ့ကို သာမန်ထက် ပို၍ အေးစက်နေသည်။ ယာ့ကောကြောင့်လား။ ယာ့ကောကို မွေးစားမည့်အကြံက သူမ အရင်ဆုံး ပေးခဲ့တာပဲ။ ပြီးတော့ အခုမှ ဘာဖြစ်လို့ မပျော်ရတာလဲ။


ယာ့ကောက ချက်ချင်းပဲ ပြောလိုက်သည်။ "သမီးက အဖေ့အစား တောင်းပန်ပါ့မယ်။"


ဖန့်ကျွင်းရုံက ပြောလိုက်သည်။ "တစ်စုံတစ်ယောက်အပေါ်အမှားလုပ်မိရင် အမှားလုပ်မိတဲ့သူတွေကပဲ တောင်းပန်သင့်တယ်မလား။ ယာ့ကော... မင်းက ကျိုးကြောင်းဆီလျော်တဲ့သူတစ်ယောက်ပဲ။ ဒါကိုတော့ မင်းသိသင့်ပါတယ်။"


ကျန်းယာ့ကောသည် သူမပါးစပ်ကိုပိတ်ထားရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိပါ။


လီဝမ့်ကျင်းသည် ရှင်းယွင်ကိုတောင်းပန်ရန် မိမိကိုယ်ကိုတွန်းအားပေး‌ပြီး ကြိုးစားလိုက်ပေမယ့် မလုပ်နိုင်ပေ။ သူက နောက်ဆုံးတွင် လေသံခပ်အေးအေးဖြင့် ဖော့ပြောလိုက်သည်။ "ငါ အစည်းအဝေးတစ်ခုတက်ဖို့ရှိတယ်။ ငါ အခု သွားရတော့မယ်။" သူ့ကိုယ်သူ ဆင်ခြေပေး၍ ထွက်သွားလိုက်သည်။

ဖန့်ကျွင်းရုံသည် သူထွက်ပြေးသွားတာကြည့်ပြီးတော့ သဘောကျသွားခဲ့သည်။ ရုတ်တရတ် သူမရဲ့အရင်ခန္ဓာဟောင်းအတွက် စိတ်ထိခိုက်သွားသည်။ နောက်ဆုံးတွင် လီဝမ့်ကျင်းသည် ဟန်ဆောင်ကောင်းသူတစ်ဦးဖြစ်ပြီး အပြင်ပန်းမှာတော့ လူကောင်းတစ်ဦးပုံစံကိုသာ တပ်ဆင်ထားသည်။ သူနဲ့အတူရှိနေသမျှ ကာလပတ်လုံး အပြည့်အဝအသုံးချမှာပေါ့။ သူ့ရဲ့လက်တွေကို ချည်နှောင်ထားရလိမ့်မယ်။


သူမသည် လီရှင်းယွင်ကို ပြောလိုက်သည်။ "မေမေ သမီးအတွက် လက်ဆောင်တချို့ ပါလာတယ်။ မေမေနဲ့အတူ အပေါ်ကိုလိုက်ခဲ့။"


လီရှင်းယွင်သည် သူမအတွက် သူမအမေက သူမ‌အဖေအား စကားပြောဆိုနေတာကို ‌စောင့်ကြည့်ပြီးတော့ သူမသိက္ခာကို ပြန်အဖတ်ဆယ်နိုင်သလို ခံစားခဲ့ရသည်။ သူမသည် လျင်မြန်စွာ မတ်တပ်ထရပ်လိုက်ပြီး ဖန့်ကျွင်းရုံ၏လက်မောင်းကိုဖက်တွယ်ကာ ပြောလိုက်သည်။ "အိုကေ... အမေက အကောင်းဆုံးပဲ။"


ကျန်းယာ့ကောသည် ဖန့်ကျွင်းရုံက သူမအား လုံးဝရှိမနေသလို စကားပြောဆိုနေတာကိုကြည့်ပြီး ဘာမှမလုပ်နိုင်ပေ။ သူမသည် မှားယွင်းနေသလို ခံစားရသည်။ သူမသည် ခြေတစ်လှမ်း ပြန်ဆုတ်ခဲ့သော်လည်း ဘာကြောင့် သူမက အနည်းဆုံးတော့ စကား‌ကောင်းလေး တစ်ခွန်းလောက်ကို ပြန်မရခဲ့တာလဲ။


သူမသည် ဖန့်ကျွင်းရုံက သူမကိုမွေးစားဖို့ ဆုံးဖြတ်လိုက်သောကြောင့် သူမအပေါ် ကောင်းပေးလိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် ယခုကြည့်ရသည်မှာ မွေးစားသမီးနှင့် သမီးရင်းကြား ကွာခြားမှုတော့ ရှိပုံရသည်။ သူမ ဘယ်‌လောက်ပဲ ကြိုးစားပါစေ၊ လီရှင်းယွင်က ဘယ်လောက်ပဲ ယုတ္တိမရှိတာတွေ လုပ်နေပါစေ သူမသည် လီရှင်းယွင်နဲ့ ဘယ်တော့မှ မယှဉ်နိုင်ပေ။