အခန်း ၂၂
Viewers 25k

အခန်း(၂၂) သို့သော် ဒီအရာက နောက်ဆုံးအချိန်ဖြစ်လိမ့်မည် (၂)


ရှုဝေဝေသည် ပြောလိုက်သည်။ "နင် ရဲတွေခေါ်ချင်ရင် ငါ့ရှေ့နေ့တွေက အဆင်သင့်ပဲ‌နော်။"


ဖန့်ကျွင်းရုံက သူမပြောတာကြားလိုက်တာနဲ့ ခေါင်းခါလိုက်သည်။ "ငါတို့ သူ့ကိုတိုင်လိုက်ရင်တောင် လီဝမ့်ကျင်းက ဟဲမင်ကိုပဲ အပြစ်လွှဲချမှာ။ လီဝမ့်ကျင်းကတော့ အဲ့အပြစ်အတွက် လွတ်သွားလိမ့်မယ်။ သူက ဒီကိစ္စမှာ သားကောင်ဖြစ်သွားတာလို့ပဲ အခိုင်အမာပြောလိမ့်မယ်။ ဒါမှမဟုတ်ရင် သူက သူ့ကိုယ်စားလှယ်အပေါ်ကိုပဲ အပြစ်ပုံချလိမ့်မယ်။"


သူတို့ကွာရှင်းပြီးသည့်နောက် သူမသည် လီဝမ့်ကျင်းသည် သူ့ရှေးဟောင်းပစ္စည်းအတုများကြောင့် ငိုရတာမျိုး ဖြစ်စေချင်ခဲ့သည်။


သူမသည် မျှော်ကြည့်ပြီး ပြတ်သားစွာပြောခဲ့သည်။ "ဟဲမင်က ငွေအတွက် အလုပ်လုပ်နေတာပဲ။ သူက လီဝမ့်ကျင်းနဲ့အလုပ်လုပ်နိုင်တယ်ဆိုရင် ငါတို့နဲ့လည်း သူ အလုပ်လုပ်နိုင်တယ်။ ငါတို့ သူ့အပေါ် မကောင်းစကားတွေ ပြောပြထားဖို့မလိုဘူး။ သူက ငါတို့နဲ့အတူပူးပေါင်းဖို့ ငြင်းဆန်မယ်ဆိုရင် သူ့ကိုထောင်ချရမယ်။"


"ငါတို့ ကြီးမားတဲ့အရာတစ်ခုလုပ်ဖို့ သူ့ကို ဆက်သွယ်ရလိမ့်မယ်။"


ရှုဝေဝေ၏နှုတ်ခမ်းဟာ တင်းကြပ်သွားခဲ့သည်။ "လီဝမ့်ကျင်းက ကုမ္ပဏီပိုင်ငွေအားလုံးကို ယူသွားမှာကို နင် စိတ်မပူဘူးလား။"


"ဒါက အရမ်းအဆင်ပြေတယ်။ နောက်ဆုံးတော့ ငါတို့ပိုက်ဆံတွေ ကုန်သွားတော့မယ်။" ဟု ဖန့်ကျွင်းရုံက မဆိုင်းမတွ ပြောခဲ့သည်။


သူမသည် ကုမ္ပဏီကို သံယောဇဉ်မရှိ‌ေပ။ ထို့အပြင် လီဝမ့်ကျင်းသည် နှစ်များတစ်လျှောက်တွင် ကုမ္ပဏီ၏ထိန်းချုပ်မှုများကို တဖြည်းဖြည်း ရရှိခဲ့သည်။ 

ကုမ္ပဏီ၏အရေးပါသောရာထူးများအားလုံးတွင် သူ့လူများသာ တာဝန်ယူထားသည်။သူမက သူ့ကိုကျော်ပြီး တိုက်ခိုက်ချင်ရင်တောင်မှ သူမ အနိုင်ရရင်တောင် အကုန်အကျများနိုင်သေးတယ်။ ဒါ့အပြင် သူမ၏ထုတ်ကုန်အသစ်ကနေ ငွေသားများများ ရနိုင်ပါတယ်။ ထို့အပြင် ကုမ္ပဏီ၏ဝင်ငွေသည် ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း ယခင်ကထက်ပင် အများကြီးပိုဆိုးလာခဲ့သည်။



ဖန့်ကျွင်းရုံသည် သူမစိတ်ထဲတွင် အစီအစဉ်ချထားခဲ့ပြီးပြီဆိုတာကို ရှုဝေဝေသိလိုက်တော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး သူမစကားထပ်မပြောရန် ဆုံးဖြတ်လိုက်သည်။


ကြိုးကြာဖြူပိုင်ရှင် နဉ်ချင်းကို ဖန့်ကျွင်းရုံဖုန်းခေါ်လိုက်သောအချိန်တွင် သူတို့နှစ်ဦးဆွေးနွေးနေမှုများအား အပြီးသတ်ခဲ့ကြသည်။


နဉ်ချင်းသည် သူတို့ထံ မကြာမီ ‌ရောက်လာပြီး ဖန့်ကျွင်းရုံကို ပြောလိုက်သည်။ "နင် ငါ့ကို သိပ်မကြာသေးခင်က မေးခဲ့တဲ့သူအကြောင်းကို ငါ ရှာတွေ့ခဲ့တယ်။"


ဖန့်ကျွင်းရုံသည် ကျုံးရီ၏ business card ပျောက်ဆုံးသွားတာနဲ့ပတ်သက်ပြီး နဉ်ချင်းကို အကူအညီတောင်းခဲ့သည်။ ထိုအကူအညီတောင်းတာနဲ့ပတ်သက်ပြီး ခက်ခဲလွန်းခြင်းမရှိသောကြောင့် နဉ်ချင်းသည် စစ်ကြည့်ပေးရန် သဘောတူခဲ့သည်။ သူတို့နှစ်ဦးအကြားတွင် အတိတ်သမိုင်းအချို့ ရှိခဲ့ဖူးသည်။ နဉ်ချင်း ကြိုးကြာဖြူကို စတင်တည်ထောင်လည်ပတ်စဉ်က ပြဿနာများနှင့် ကြုံတွေ့ရချိန်တွင် ဖန့်ကျွင်းရုံက သူမကို အကူအညီပေးခဲ့သည်။


နဉ်ချင်းသည် စီစီတီဗွီမှတ်တမ်းကိုဆွဲထုတ်ပြီး ဖန့်ကျွင်းရုံသို့ ပြသခဲ့သည်။



ပထမမြင်ကွင်းမှာ မည်သူမှမရှိသည့်အချိန်တွင် အခန်းတစ်ခုထဲသို့ဝင်၍ သော့တစ်ခုဖြင့်ဗီရိုကိုဖွင့်ကာ ကျုံးရီ၏ယူနီဖောင်းကိုဆွဲထုတ်ပြီး ကျုံးရီအိတ်ကပ်ထဲမှ business cardကို ထုတ်ယူလိုက်သော ဆံပင်တိုတိုရှိတဲ့မိန်းကလေး၏ပုံရိပ်ဖြစ်သည်။ ထို့နောက် သူမသည် ဆုတ်ဖြဲပစ်လိုက်ပြီး အိမ်သာထဲသို့ထည့်လိုက်ကာ ရေလောင်းချလိုက်သည်။


နောက်မြင်ကွင်းတစ်ခုမှာ ထိုဆံပင်တိုမိန်းကလေးနှင့် ကျန်းယာ့ကောတို့စကားပြောနေသောမြင်ကွင်း ဖြစ်သည်။


နဉ်ချင်းသည် ပြောခဲ့သည်။ "နင်ပြောခဲ့တာက ကျုံးရီကိုမွေးစားမှာနဲ့ပတ်သက်ပြီးသိတာက ကျန်းယာ့ကောနှင့်ကျုံးရီတို့ နှစ်ယောက်တည်းပဲသိတယ်ဆို။ ကျုံးရီ၏ business cardကိုဆုတ်ဖြဲလိုက်တဲ့ ကောယန်က ကျန်းယာ့ကောနဲ့ စကားပြောနေတာကို တွေ့ခဲ့တယ်။ ဒါပေမယ့် ငါတို့ စီစီတီဗွီမှတ်တမ်းမှာ အသံမပါဘူး။ ဒါကြောင့် သူတို့ပြောဆိုနေတာနဲ့ပတ်သက်ပြီး သိဖို့လမ်းမရှိဘူး။ ကျန်းယာ့ကောကို သံသယရှိတယ်လို့ပဲ ငါတို့ ကောက်ချက်ချနိုင်လိမ့်မယ်။"


"ငါ ကောယန်မေးခဲ့ပေမယ့် သူမက ကျန်းယာ့ကောနဲ့ ဘာမှမဆိုင်ဘူးလို့ ဝန်ခံခဲ့တယ်။ ငါ သူမကို အလုပ်ဖြုတ်ပြီးပြီ။ ဒီလိုအကျင့်ရှိတဲ့လူမျိုးကို ငါ့အလုပ်မှာမထားနိုင်ဘူး။"


ဖန့်ကျွင်းရုံသည် နဉ်ချင်းထံမှ စီစီတီဗွီမှတ်တမ်းကို မိတ္တူကူးယူပြီး ကျုံးရီထံသို့ မိတ္တူတစ်ခုပေးပို့ခဲ့သည်။ သူမသည် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပျက်အောင် လှုံဆော်ရန်ကြိုးစားနေခြင်းမဟုတ်သော်လည်း သူမသည် ကျုံးရီအား မျက်စိစုံမှိတ် မယုံကြည်နိုင်သေးပေ။

အားလုံး ပြီးသွားခဲ့ပြီ။ သူမသည် နဉ်ချင်းနှင့်စကားစမြည်မပြောခင်တွင် ပြုံးလိုက်၏။