အခန်း ၂၄
Viewers 25k

အခန်း(၂၄) မင်း ငါ့ကို အစ်ကိုကြီးတစ်‌ယောက်လို့ သတ်မှတ်နိုင်တယ် (၁)


လီဝမ့်ကျင်းသည် ဟဲမင်နှင့် မျက်နှာချင်းဆိုင် ထိုင်နေခဲ့သည်။ "မင်း 'မြစ်ကမ်းဘေးက ဆီးနှင်း'ကို ဆွဲပြီးပြီလား။"


"မြစ်ကမ်းဘေးက ဆီးနှင်း" ပန်းချီကားသည် ရှုဖန့်ဝမ်၏အကျော်ကြားဆုံး ပန်းချီကားတစ်ကား ဖြစ်သည်။ လျှို့ဝှက်စီးပွား‌ေရးလုပ်ငန်းရှင်ကြီးတစ်ဦးက ယွမ် ၅၆၀မီလီယံဖြင့် လေလံတင်ရောင်းချခဲ့သည် ဟုကောလဟာလများထွက်ပေါ်ခဲ့သည်။ ဟောင်ကောင်မှ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးက ထိုပန်းချီကားကို တစ်ခါတည်း ယွမ်တစ်ဘီလီယံဖြင့် ဝယ်ယူခဲ့ပေမယ့် မရရှိခဲ့ပါ။


လီဝမ့်ကျင်းသည် ဒီနေ့တွင် ဒီကိစ္စကို အတိအကျ လျင်မြန်စွာပြီးစီးလုပ်ဆောင်ရန် သူ့အလုပ်ကို ဘေးချိတ်ထားခဲ့သည်။ သူသည် ဟဲမင်နှင့်နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ဖူးသော်လည်း ထိုပမာဏသည် ပထမဆုံးအကြိမ်ဖြစ်သည်။


ဟဲမင်သည် ခေါင်းညိတ်ပြီးပြောလိုက်သည်။ "ပြီးခဲ့တဲ့ရက်အနည်းငယ်ဆို ဆွဲပြီး‌တော့မှာပါ။ မင်း ဒါကိုမယူဘူးဆိုရင် အခြားသူတစ်ဦးကိုရောင်းလိုက်တော့မယ်။ ငါ့မှာ တခြားဝယ်လက်တွေ အပ်ထားတဲ့ ပန်းချီကားတွေလည်း ရှိနေသေးတယ်။"


ဟဲမင်သည် လီဝမ့်ကျင်းအား သူ၏ပိုက်ဆံများကို နှစ်များတစ်လျှောက်လွှဲပြောင်းပေးရာတွင်သာမက အခြားသူများကိုလည်း ပန်းချီကားအတုများရောင်းခြင်းဖြင့် ငွေရှာခဲ့သည်။


လီဝမ့်ကျင်းသည် အတိတ်တုန်းက ကုမ္ပဏီပိုင်ငွေများကို ထုတ်ယူခဲ့တာက အများဆုံး ဆယ်မီလီယံသာရှိခဲ့ပြီး ထိုပမာဏကို နည်းနည်းချင်းစီ စုခဲ့ရတာဖြစ်သည်။ သူသည် တကြိမ်တည်း တစ်ဘီလီယံကိုထုတ်ယူချင်လျှင် ဖန့်ကျွင်းရုံက သဘောတူပါ့မလား ဟုတွေးခဲ့မိသည်။


သူသည် အခုနောက်ပိုင်းတွင် ဖန့်ကျွင်းရုံနှင့် ဆက်ဆံရေး အေးစက်သည်ထက်အေးစက်လာခဲ့သည်ကို အမှတ်ရမိခဲ့သည်။  ပြီးတော့ လွန်ခဲ့သောရက်အနည်းငယ်အတွင်းက ဖန့်ကျွင်းရုံသည် သူမ၏တူဖြစ်သူကို ကုမ္ပဏီထဲကို ထည့်သွင်းဖို့ လုပ်ခဲ့သည်။   သူမသည် ကုမ္ပဏီထဲစတင်ဝင်ရောက်ပြီး ထိန်းချုပ်မှုအချို့ကိုရယူရန် ကြိုးစားခဲ့သည်မှာ ထင်ရှားသည်။  သူက ဆုံးဖြတ်ချက်ကို ရဲရဲချလိုက်သည်။ "အိုကေ 'မြစ်ကမ်းဘေးက ဆီးနှင်း' ပန်းချီကားကိုပဲ အရင် လက်စသတ်လိုက်တော့။ မင်းမှာ တခြားရစရာရှိတာတွေထက် ဒါက ပိုရလိမ့်မယ်။ ဒါကို ယွမ်တစ်ဘီလီယံခွဲရအောင် လုပ်ကြတာပေါ့။"


သူသည် ဟဲမင်ကို အလွန်ယုံကြည်ပြီး သူ့ကို သစ္စာဖောက်လိမ့်မည်မဟုတ်ကြောင်းကို သေချာနေသည်မှာ သူ့လက်ထဲတွင် ‌ဟဲမင်၏တစ်ဦးတည်းသောသားရှိပြီး ထိုသားသည် ဟဲမင်အတွက်အရမ်းအရေးကြီးသောကြောင့်ဖြစ်သည်။ မကြာသေးမီက သူ၏စတော့ရှယ်ယာအချို့ကို ‌ရောင်းချလိုသော ကုမ္ပဏီရှယ်ယာရှင်တစ်ဦးရှိသည်။ သူသည် ဒီငွေကိုရရှိပြီးနောက် ထိုအစုရှယ်ယာရှင်ထံမှ စတော့ရှယ်ယာများကို ဝယ်ယူနိုင်လိမ့်မည်။ ထို့နောက် သူ့ရဲ့ စတော့ရှယ်ယာ ပိုင်ဆိုင်မှုက ဖန့်ကျွင်းရုံ၏ ‌စတော့ရှယ်ယာပိုင်ဆိုင်မှုထက် ပိုများသွားလိမ့်မည်။


ဟဲမင်သည် အနည်းငယ်တွန့်ဆုတ်ပြီးနောက် ပြောလိုက်သည်။ "ငါ အကောင်းဆုံးကြိုးစားကြည့်မယ်။"


သူပြောခဲ့တဲ့ ယွမ်တစ်ဘီလီယံခွဲကိစ္စကိုသာ ရှောရှောရှူရှူဖြစ်သွားခဲ့ရင် ဖန့်ကျွင်းရုံက ဟဲမင်နှင့်သူ့သားကို နိုင်ငံခြားကို ပို့ပေးရုံသာမက ယွမ်ဆယ်မီလီယံကိုပါပေးမယ်လို့ ပြောခဲ့သည်။ သူမသည် လီဝမ့်ကျင်းထက် ပိုမိုရက်ရောသည်။ သူသည် လီဝမ့်ကျင်းအတွက် သူ ပန်းချီကားတွေဆွဲပေးသည့်နှစ်များတစ်လျှောက်လုံးတွင်မှ ယွမ်မီလီယံအနည်းငယ်လောက်သာ ရရှိခဲ့တယ်။ ပြီးတော့...


လီဝမ့်ကျင်းအတွက် ပန်းချီဆွဲပေးနေသော အခြား‌ သူ့သူငယ်ချင်းတစ်ယောက်သည် တစ်ရက်တွင် ပျောက်ဆုံးသွားခဲ့သည်။ ဟဲမင်သည် သူ့တွင်လည်း ထပ်တူညီသည့်အဖြစ်အပျက်မျိုး မဖြစ်ချင်ပါ။


ထိုစကားကိုကြားလိုက်ရတော့ လီဝမ့်ကျင်းသည် အပြုံးခပ်ပါးပါးဖြင့့် ပြောလိုက်သည်။ "စိတ်မပူပါနဲ့။ မင်းရဲ့သားကို အကောင်းဆုံး‌ကျောင်းတတ်ဖို့ကို စီစဉ်ပေးပြီးတော့ နောင်အနာဂတ်မှာ သူ့ကို နိုင်ငံခြားကိုပို့ဖို့ ငါစီစဉ်ပေးမယ်။"


ဟဲမင်သည် သူ့ခေါင်းကိုငုံ၍ ကျေးဇူးတင်သည့်အသံဖြင့် ပြောလိုက်သည်။ "အရမ်း ကျေးဇူးတင်ပါတယ်။"


စားပွဲခုံအောက်က သူ့လက်တွေကတော့ လက်သီးကို တင်းတင်းဆုပ်ထားခဲ့သည်။


သူသည် ရုတ်တရတ် လီဝမ့်ကျင်းကိုကြည့်၍ ပြောလိုက်သည်။ "အိုး ဟုတ်သားပဲ။ နိုင်ငံခြားက ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ဝမ်စစ်အာနဲ့ တော်တော်တူတဲ့အမျိုးသမီးကို တွေ့လိုက်ရတယ်တဲ့။ သူက လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က ကျွန်တော့်ဆီလာရင်း စတူဒီယိုထဲက ဝမ်စစ်အာရဲ့ပုံတွေကိုမြင်တော့ မှတ်မိသွားပြီး ပြောပြခဲ့တာ။"


အတိတ်တုန်းက လီဝမ့်ကျင်းသည် ဝမ်စစ်အာ၏ပုံတွေကို ဟဲမင်ဆီယူသွားခဲ့ဖူးကာ ထိုပုံတွေကို ဟဲမင်က ဆွဲ‌ေပးခဲ့ဖူးသည်။ စတူဒီယိုထဲမှာ တစ်ချို့တစ်လေ ကျန်နေသေးသည့်အတွက် ဟဲမင်သည် ဝမ်စစ်အာနှင့်ပတ်သက်ပြီး ရင်းနှီးမှုရှိတာ ဖြစ်သည်။


လီဝမ့်ကျင်း၏မျက်လုံးများသည် အံ့ဩတုန်လှုပ်မှုကြောင့် ပြူးကျယ်လာခဲ့သည်။ သူ့ပါးပြင်ကြွက်သားများဟာ အနည်းငယ်တုန်ခါသွားခဲ့ပြီး သူ့အသွင်အပြင်သည် တော်တော်လေး ကြောက်စရာကောင်းသွားသည်။ "မင်းပြောတဲ့ဟာက သေချာရဲ့လား။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။" သူပြောနေရင်းနဲ့ တစ်စုံတစ်ရာကို မှတ်မိသွားခဲ့ပြီး "သူမက ဘယ်မှာလဲ။" ဟုမေးခဲ့သည်။


"Rတိုင်းပြည်မှာ"


ဒါက ဟုတ်လိမ့်မယ်။ စစ်အာမှာ အမြွှာအစ်မတစ်ယောက်ရှိတယ်။ သူမက လွန်ခဲ့သောနှစ်အနည်းငယ်က တိုင်းပြည်ကနေထွက်သွားခဲ့တယ်လို့ သူ ကြားမိခဲ့သည်။ ဒါက သူမဆိုတာ သေချာပေါက် ဖြစ်နိုင်တယ်။