အခန်း ၂၅
Viewers 25k

အခန်း(၂၅) - မင်း ငါ့ကို မင်းရဲ့အစ်ကိုကြီးတစ်ယောက်လို့ သတ်မှတ်နိုင်တယ် (၂)


"သူမ‌အခြေအနေ ဘယ်လိုလဲ။" သူသည် သက်ပြင်းတစ်ချက် အသာချလိုက်သည်။ သူမသည် စစ်အာ၏အစ်မဖြစ်သည်။ စစ်အာကွယ်လွန်သွားတဲ့အခါ ယာ့ကောသည် သူမအ‌ဒေါ်ကို အများကြီး လွမ်းဆွတ်တမ်းတနေခဲ့သည်။ သူမသာ မည်သည့်အကူအညီမဆို လိုအပ်သည်ဆိုပါက သူသည် ကူညီပေးရန် ဆန္ဒရှိသည်။


ဟဲမင်သည် သူ့ကိုပြောခဲ့သည်။ "သူမက ကျွန်တော့်သူငယ်ချင်းရဲ့အိမ်နီးနားချင်းလေ။ သူမယောကျာ်းမှာ အကြွေးတွေအများကြီးရှိပြီးတော့ သူမကို လိမ်သွားခဲ့တယ်။ နောက်ဆုံးတော့ သူမက သူ့ကို ကွာရှင်းဖို့အတွက် မနည်းကြိုးစားခဲ့ရတယ်။ ဒါပေမယ့် သူမက အတော်အသင့်ကြည့်ကောင်းပြီး လူလွတ်လည်းဖြစ်နေတော့ သူမ ဒေသခံတွေ အနိုင်ကျင့်တာ ခံနေရတယ်။"


လီဝမ့်ကျင်းသည် ထိုသတင်းကိုကြားလိုက်ရတော့ သူသည် အလွန်စိုးရိမ်ပူပန်သွားခဲ့သည်။ သူက လေး‌နက်စွာ ပြောလိုက်သည်။ "ငါ့ကို သူမလိပ်စာပေး။ ငါ သူမကို ကြိုဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်။"


လီဝမ့်ကျင်းသည် စစ်အာအတွက် သူမအစ်မအား သူ့မျက်စိရှေ့တွင်ထားပြီး ဂရုစိုက် စောင့်ရှောက်ပေးသင့်သည်ဟု ခံယူထားခဲ့သည်။


ဟဲမင်သည် လီဝမ့်ကျင်းကို လိပ်စာရေးထားသော စာရွက်အပိုင်းလေးအား ကမ်းပေးလိုက်သည်။


လီဝမ့်ကျင်းသည် ထိုစာရွက်အပိုင်းလေးအား လက်ခံရယူလိုက်ပြီး "ဒီနေ့ကစပြီး မင်းရဲ့ ပန်းချီကားအားလုံးကို ယွမ်ငါးသောင်းကနေ ယွမ်ခြောက်သောင်းကို တိုးပေးလိုက်မယ်။" ဟုထပ်ပေါင်းပြောလိုက်သည်။


သူသည် မျက်နှာသာပေးလိုက်သလိုမျိုး အထက်စီးကနေ ပြောသည့်လေသံဖြင့် ပြောလိုက်သည်။


"ကျေးဇူးပါ သူဌေးလီ"


***


လီဝမ့်ကျင်းသည် တစ်စုံတစ်ယောက်အား လျင်မြန်စွာစေလွှတ်၍ လေယာဉ်လက်မှတ်ဖြတ်စေကာ လီစစ်အာ၏အစ်မ လီစစ်ရှောင်းကို သွားခေါ်ခဲ့သည်။ Sတိုင်းပြည်ကနေ Rတိုင်းပြည်ကို လေယာဉ်ဖြင့် သွားရောက်ရန် နာရီအနည်းငယ်ခန့်သာ ကြာမြင့်လေသည်။ နောက်‌တစ်နေ့တွင် လီဝမ့်ကျင်းသည် ဝမ်စစ်ရှန်းနှင့် တွေ့ဆုံခဲ့သည်။ 


ဝမ်စစ်ရှန်းနှင့် ဝမ်စစ်အာတို့သည် အမြွှာများဖြစ်ကြပြီး ရုပ်ရည်မှာ အလွန်ဆင်တူကြသည်။ လီဝမ့်ကျင်းသည် သူမနှင့်တွေ့သောအခါ ဝမ်စစ်အာ အသက်ပြန်ရှင်လာခဲ့သည် ဟုခံစားခဲ့ရသည်။


ဝမ်စစ်ရှန်းသည် သူ့ကိုတွေ့လိုက်ရသောအခါ သူမမျက်နှာတွင် မျက်ရည်များတသွင်သွင်ကျလာပြီး အနီးသို့ကပ်လာပြီး သူ့ကို ဖက်ထားခဲ့သည်။


လီဝမ့်ကျင်းသည် အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။ သူ၏ပထမဆုံးတုံ့ပြန်မှုအနေဖြင့် သူမကို တွန်းထုတ်ချင်ခဲ့သည်။ သို့သော် သူ့လည်ပင်းမှာ စိုစွတ်နေတဲ့ သူမမျက်ရည်တွေဟာ ဘယ်လောက် ပူပန်သောက ရောက်နေကြောင်းကို ခံစားခဲ့ရသည်။ သူတို့သည် သူ့နှလုံးသားထဲကို တိုက်ရိုက်ထိမှန်သွားခဲ့သည်။ သူသည် သူမကို မတွန်းထုတ်တော့ပဲ သူမနောက်ကျောကို ညင်ညင်သာသာပုတ်၍ နှစ်သိမ့်ပေးခဲ့သည်။


"ဒါက အဆင်ပြေသွားပါပြီ။ မင်း ငါနဲ့ပြန်လိုက်ခဲ့။ မင်းညီမအစား ငါ မင်းကို ကာကွယ်ပေးမယ်။"


"မင်း ငါ့ကို မင်းအစ်ကိုကြီးတစ်ယောက်လို သဘောထားနိုင်တယ်။"


"ကျေးဇူးတင်ပါတယ်။ တကယ့်ကို အရမ်းကျေးဇူးတင်ပါတယ်။" ဝမ်စစ်ရှန်းသည် သူ့လည်ပင်းနားမှာ အသက်ရှူနေခဲ့သည့်အတွက် သူ့အား ထူးဆန်းတဲ့ခံစားချက်တစ်မျိုးကို ဖြစ်စေခဲ့သည်။


ဝမ်စစ်ရှန်းသည် လီဝမ့်ကျင်းအား ဒီနှစ်များတစ်လျှောက် သူမကြုံတွေ့ခဲ့ရသည် အဖြစ်အပျက်များကို ပြောပြခဲ့ပြီး ၎င်းတို့သည် ကြေကွဲစရာဇာတ်လမ်းများ ဖြစ်ကြသည်။ သူမဆီက တိုက်ရိုက်ပြောပြခဲ့သော အဖြစ်အပျက်များသည် ဟဲမင်ထံမှ ကြားခဲ့ရသည့်အဖြစ်အပျက်ထက် ပိုဆိုးဝါးသည်။ ဝမ်စစ်ရှန်း၏ခင်ပွန်းဟောင်းသည် လောင်းကစားစွဲကာ သူမအပေါ်လိမ်လည်ရုံသာမက အိမ်တွင်းအကြမ်းဖက်မှုတွေကိုပါ ပြုလုပ်ခဲ့သည်။ သူမသည် ကိုယ်ဝန်နှစ်ကြိမ်ပျက်ကျခဲ့သည်။


"မင်း ဘာလို့ သူ့ကို စောစီးစွာ မကွာရှင်းရတာလဲ။" လီဝမ့်ကျင်းသည် နှုတ်မှလွတ်ခနဲ ထွက်သွားခဲ့သည်။ ဝမ်စစ်ရှန်း‌ငိုနေချိန်တွင် သူမသည် သူမညီမနှင့်တူကာ လီဝမ့်ကျင်းသည် သူ မမြင်ဟန်ဆောင်ဖို့ မလုပ်နိုင်ပါ။


ဝမ်စစ်ရှန်းသည် သူမနှုတ်ခမ်းကိုကိုက်ပြီး သူမပြောပြချင်သည့် အကြောင်းအရာတစ်ခုခုရှိသော်လည်း အသေးစိတ်ကို ပြောပြရန် ငြင်းဆိုခဲ့သည်။


လီဝမ့်ကျင်းသည် မစပ်စုခဲ့ပေ။ သူသည် သူမကို အိပ်ခန်းသုံးခန်းပါ အိမ်တစ်လုံးထံ ခေါ်သွားခဲ့သည်။ လောင်စွင်းသည် လီဝမ့်ကျင်း၏ကားဒရိုင်ဘာဖြစ်ပြီး လီဝမ့်ကျင်းထံတွင် လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက အလုပ်လုပ်ခဲ့သည်။ သူသည် ဖန့်ကျွင်းရုံထံမရောက်အောင် သူတို့၏လျှို့ဝှက်ချက်များကို ထိန်းသိမ်းထားပေးသည်အထိ အလွန်တော်သည်။ လီဝမ့်ကျင်းသည် သူ့ကို အများကြီးယုံကြည်ခဲ့သည်။


လီဝမ့်ကျင်းသည် ဝမ်စစ်ရှန်းနှင့်အတူ ကားနောက်ခန်းတွင် ထိုင်နေခဲ့သည်။


သူတို့ သွားလိုသည့်နေရာကိုရောက်တော့ ဝမ်စစ်ရှန်းသည် ကားထဲမှထွက်လာလာတဲ့အခါ သူမပိုက်ဆံအိတ်က မြေကြီးပေါ်ထွက်ကျသွားပြီး ပွင့်သွားခဲ့သည်။ လီဝမ့်ကျင်းသည် သူမပိုက်ဆံအိတ်ကို ကောက်ပေးလိုက်တော့ ထိုအိတ်အထဲတွင် ဓာတ်ပုံများကို တွေ့လိုက်ရသည်။


ပိုက်ဆံအိတ် တစ်ဖက်စီမှာ ဓာတ်ပုံတစ်ပုံစီရှိသည်။ သူတို့ထဲက တစ်ပုံကတော့ လီဝမ့်ကျင်း၏ ငယ်ရွယ်သောအချိန်ကပုံဖြစ်သည်။ ထိုစဉ်က သူသည် အလွန်ဉာဏ်ကောင်းကာ ခန့်ညားချောမောသည်။ သူသည် သစ်ပင်အောက်၌ သူ၏ဓာတ်ခွဲခန်းစာတမ်းနှင့်အတူ မတ်တပ်ရပ်ရိုက်ထားသော ပုံဖြစ်သည်။


နောက်တစ်ပုံကတော့ လီစစ်ရှန်းနှင့် အခြားအမျိုးသားတစ်ယောက်၏ပုံဖြစ်သည်။ ထိုအမျိုးသားသည် လီဝမ့်ကျင်းနှင့် ရုပ်ချင်းဆင်သည်။


ဝမ်စစ်ရှန်းသည် လီဝမ့်ကျင်းလက်ထဲမှ သူမပိုက်ဆံအိတ်ကို အလျင်အမြန် ဆွဲယူလိုက်ပြီး သူမလည်ပင်းနီသွားခဲ့သည်။ ရာသီဥတုကြောင့်လား တစ်စုံတစ်ခုကြောင့်လားဆိုတာကို ဘယ်သူမှ မသိပေ။


"အဲ့တာ မင်းအမျိုးသားလား။"


ဝမ်စစ်ရှန်းသည် အလွန်နူးညံ့သောအသံဖြင့် "..… ဟုတ်တယ်"


လီဝမ့်ကျင်းသည် အရူးတစ်ယောက်မဟုတ်ပေ။ အထူးသဖြင့် ထိုဓာတ်ပုံနှစ်ခုသည် တစ်ခုတည်းသော အမှန်တရားကို မီးမောင်းထိုးပြနေသည်။


အံ့ဩစရာ မဟုတ်ဘူး။ ၎င်းကြောင့်သာ သူမသည် ကွာရှင်းဖို့ ဒီလောက်ကြာခဲ့တာ အံ့ဩစရာ မဟုတ်ဘူး။


သူမကိုကြည့်ရသည်မှာ သူ ကိုယ့်ကိုကိုယ် ပြန်မြင်နေရသလိုပဲ။ သူ့မျက်နှာအမူအရာကို ခက်ခဲရှုပ်ထွေးသွား‌စေခဲ့သည်။