အခန်း ၂၆
Viewers 25k

အခန်း(၂၆) - မင်း ငါ့ကို မင်းရဲ့အစ်ကိုကြီးတစ်ယောက်လို့ သတ်မှတ်နိုင်တယ် (၃)


လီဝမ့်ကျင်းသည် အိမ်သို့ပြန်ရောက်လာသောအခါ သူ့ခြေလှမ်းများဟာ ပုံမှန်ထက် ပို၍သက်တောင့်သက်သာရှိပြီး သွက်လက်နေသည်။ ဒီနေ့မှာ သူက ငယ်ရွယ်စဉ်ကအချိန်တွေကို ပြန်ရောက်သွားခဲ့သည် ဟုခံစားခဲ့ရသည်။ ဒီခံစားချက်ဟာ အရမ်း‌ဆန်းကြယ်ပြီး ဝိုင်ကောင်းကောင်းအချို့ကို ရလိုက်သလိုပဲ။ အချိန်အကြာကြီးသိမ်းဆည်းထားတဲ့ သက်တမ်းရင့်ဝိုင်ရဲ့ အငွေ့အသက်ကို ရလိုက်သလိုမျိုးပေါ့။


သူ အိမ်ထဲကိုဝင်သွားလိုက်တော့ ဧည့်ခန်းထဲတွင် သူ့ဇနီးသည် သူတို့၏ နောက်ထပ် မွေးစားသမီးတစ်ယောက်ဖြစ်သည့် ကျုံးရီနှင့်အတူထိုင်နေကာ မဂ္ဂဇင်းတစ်ခုကို လှန်‌ကြည့်နေကြသည်။ ကျုံးရီသည် ဒီအိမ်တော်မှာနေတာ ရက်အနည်းငယ်ခန့် ကြာပြီဖြစ်သော်လည်း သူမ၏အချိန်အများစုကို သူမအခန်းထဲမှာသာ ကုန်ဆုံးခဲ့ပြီး ဘယ်တော့မှ ထင်ထင်ပေါ်ပေါ်မနေခဲ့ပေ။ အချိန်ကြာလာတော့ လီဝမ့်ကျင်းသည် ယာ့ကောအပြင် နောက်ထပ်မွေးစားသမီးတစ်ယောက်ပါရှိသေးကြောင်းကို မေ့လုနီပါးဖြစ်နေခဲ့သည်။


"မင်းတို့ မဂ္ဂဇင်းဖတ်နေကြတာလား။" သူက ထိုအရာကို လှမ်းစပ်စုကြည့်လိုက်တော့ အဲဒါဟာ ဖက်ရှင်မဂ္ဂဇင်းတစ်ခုဖြစ်ပုံရသည်။


ဖန့်ကျွင်းရုံသည် သူ့ကိုလှမ်းကြည့်လိုက်ကာ သူ့နှုတ်ခမ်းထောင့်စွန်းလေးကိုတွန့်၍ပြုံးပြရင်း ပြောခဲ့သည်။ "ကျုံးရီနဲ့ ကျွန်မ သူမ သဘောကျနှစ်သက်မယ့် အဝတ်အစားတချို့ကို ရွေးနေကြတာ။ နမူနာတွေရောက်လာရင် ကျွန်မ သူမကိုစမ်းဝတ်ကြည့်ပေးပြီး သူမ အရွယ်အစားနဲ့ အံဝင်ဂွင်ကျဖြစ်အောင် လုပ်ပေးရဦးမယ်လေ။"


လီဝမ့်ကျင်းသည် ကျန်းယာ့ကောကို တန်းစဉ်းစားမိခဲ့သည်။ "ယာ့ကောက အိမ်မှာမရှိဘူးလား။ မင်း သူမရောလိုချင်လားဆိုတာကို နည်းနည်းလေးမှ မမေးခဲ့ဘူးလား။" သူက ကျီစယ်သည့်အသံဖြင့် ပြောလိုက်သည်။ "မင်း ကျုံးရီကိုပိုသဘောကျတာ ကိုယ်သိပါတယ်ကွာ။ ဒါပေမယ့် သူတို့နှစ်ယောက်စလုံးက ကိုယ်တို့ကလေးတွေလေ။ မင်း သူတို့နှစ်ယောက်စလုံးကို မျှမျှတတဆက်ဆံသင့်တယ်။ ဘယ်သူ့ကိုမှ မျက်နှာသာမပေးသင့်ဘူးလေ။"


သူသည် ကျုံးရီကို မနှစ်သက်ပေ။ ဖြစ်နိုင်သည်မှာ ကျုံးရီသည် ကျန်းယာ့ကောကို သူမ အိမ်တော်ကိုစရောက်လာသည့် ပထမဆုံးနေ့က အရှက်ရစေခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် သူ့ဇနီးက ကျုံးရီနှင့် ပိုနီးကပ်လာတာနဲ့အမျှ သူ့အား ပိုခပ်တန်းတန်းဆက်ဆံလာကြောင်းကို ခံစားခဲ့ရသည်။ ဒါက သူ့ကို ပိုလို့တောင် သူမကို သဘောမကျစေခဲ့ဘူး။


ဖန့်ကျွင်းရုံသည် သူမကိုယ်သူမ ရေရွတ်လိုက်သည်။ "အိုး...ဟုတ်သားပဲ။ ဒါကို ပြောကြတဲ့သူ‌ေတွထဲ ရှင်က နောက်ဆုံးလူပဲ။"


သူမအပြုံးဟာ ပြီးပြည့်စုံနေဆဲပင်။ သူမသည် အလွန်လေးနက်သောအသံဖြင့် ပြောသည်။ "ဒါက ယာ့ကောအတွက် မသင့်တော်ဘူးလေ။"


"ပြီးတော့ ဘာလို့ မရတာလဲ။" သူမသည် ယာ့ကောအား တိုတောင်းတဲ့အဆုံးသတ်တစ်ခုကို ပေး‌ေတာ့မယ်ဆိုတာကို လီဝမ့်ကျင်းသည် သူ တစ်ခုခု ဝင်ပြောဖို့လိုသည်ဟု ခံစားခဲ့ရသည်။


ဖန့်ကျွင်းရုံသည် ညင်သာစွာ ပြောလေသည်။ "ကျွန်မ ကျုံးရီကို ရှင်းယွင်မွေးနေ့ပွဲမှာ မိတ်ဆက်ပေးဖို့ လုပ်နေတာ။ ဒါကြောင့် ကျွန်မတို့ သူမကို ကောင်းကောင်းမွန်မွန် ဝတ်စားပြင်ဆင်ပေးဖို့ လိုအပ်တယ်လေ။"


"ယာ့ကောကရော ဒီလိုလုပ်ပေးဖို့ မလိုအပ်ဘူးလား။"


ဖန့်ကျွင်းရုံသည် သူ ဘယ်လို‌မျိုး ကလေးကလားနိုင်တာကို မြင်လိုက်တော့ တခစ်ခစ်ရယ်မောလိုက်သည်။ သူမ သူ့ကို အရူးတစ်ယောက်ကို ကြည့်နေသလိုမျိုး ကြည့်နေတာကို မြင်လိုက်ရတော့ သူ့ကို အလွန်စိတ်မသက်မသာဖြစ်စေခဲ့သည်။


"ရှင် မမှတ်မိဘူးလား။ အဲ့နေ့က ယာ့ကောမိဘတွေဆုံးတဲ့ တစ်နှစ်ပြည့်တဲ့နေ့လေ။ ယာ‌့ကောက သူမ့မိဘတွေကို ဂါရဝပြု အလေးထားမှုအချို့ကို ပြသင့်တယ်လေ။ ဒါကြောင့် သူမ ဧည့်ခံပွဲတက်ရောက်ဖို့ သင့်လျော်လိမ့်မယ်လို့ ကျွန်မ မထင်ဘူး။"


"ကျွန်မတို့ သူမကို ဧည့်ခံပွဲကြောင့် ဝမ်းမနည်းစေချင်ဘူး။ အဲ့တာကြောင့် သူမကို အဲဒီနေ့ကျရင် တခြားနေရာမှာနေခိုင်းဖို့ကို ဆုံးဖြတ်လိုက်တယ်။ ကျွန်မက သူမခံစားချက်တွေကို အလေးအနက်ထားဖို့ ကြိုးစားနေတာပဲ။" သူမက လီဝမ့်ကျင်း ပြောခဲ့သမျှကို ပြန်ပြောလိုက်ကာ သူ့မျက်နှာကို ချက်ချင်းဖြတ်ရိုက်သလိုမျိုး ဖြစ်စေခဲ့သည်။


လီဝမ့်ကျင်း၏မျက်နှာသည် နီသွားခဲ့သည်။ ထိုမှတစ်ဖန် နီရာမှ စိမ်းသွားခဲ့ပြန်သည်။ ထို့အပြင် ဖန့်ကျွင်းရုံသည် သူ ပြောခဲ့သမျှကိုသာ ပြန်သုံးခဲ့သည်။ သူက ယခုမှ ဒါကို ပြန်ချေပလိုက်မယ်ဆိုရင် သူသည် ကိုယ့်ပါးကိုကိုယ်တိုင်ပြန်ရိုက်သလိုမျိုး ဖြစ်သွားလိမ့်မည်။


အဲ့ဒီအစား သူလုပ်နိုင်တာက အတင်းဖျစ်ညှစ်ကာ ကသိကအောက်ပြုံးရင်း ပြောလိုက်သည်။ "အိုး...ဟုတ်သားပဲ။ မင်းလုပ်တာမှန်တယ်။ ကိုယ် မေ့သွားတာ။ မင်းက အရမ်းစဉ်းစားတတ်တာပဲ။"


သူက ကျုံးရီကိုတောင်မှ လှမ်းပြောလိုက်သေးသည်။ "မင်းကြိုက်တာမှန်သမျှကို ရွေးလိုက်။ ငါတို့ အားလုံးကို ဝယ်လိုက်ရုံပဲ။"


သူ ပြောလိုက်တာကို ကြားလိုက်ရတော့ ကျုံးရီသည် သူ့ကိုကြည့်ကာ ပြုံးပြလိုက်သည်။ "ကျေးဇူးပါ ဖေဖေ" သူမသည် ပြောပြီးတာနဲ့ခေါင်းငုံ့ပြီး မဂ္ဂဇင်းကို ဆက်လှန်‌ေနခဲ့သည်။


လီဝမ့်ကျင်းသည် မည်သည့်အဝတ်အစားစတိုင်မျိုးက လှတယ် ကြည့်ကောင်းတယ်ဆိုပြီး ဆွေးနွေးနေသည့်နှစ်ယောက်အားကြည့်၍ ယာ့ကောက အလွန်ကံခေသည် ဟုခံစားမိခဲ့သည်။ ရှင်းယွင်မွေးနေ့ပွဲတွင် ဧည့်သည်အမြောက်အများလာရောက်မှာဖြစ်ပြီး ယာ့ကောအားမိတ်ဆက်ပေးဖို့အတွက် လုံးဝပြီးပြည့်စုံသည့်အခွင့်အရေးကြီးတစ်ခုဖြစ်သည်။ ယခုတော့ သူ့မှာ နောင်အနာဂတ်တွင် အခြားတစ်ခုကို စီစဉ်ရန် လိုအပ်လာသည်။


ဝမ်စစ်ရှန်းအကြောင်းအား ထပ်မံစဉ်းစားမိလိုက်သောအခါ သူရဲ့ယိုယွင်းနေသောစိတ်အခြေအနေဟာ တိုးတက်လာခဲ့သည်။ ယခုအခါ ဝမ်စစ်ရှန်းသည် တိုင်းပြည်ကိုပြန်ရောက်လာခဲ့ပြီး ယာ့ကောနှင့် မကြာခဏတွေ့ဆုံနိုင်ပြီး ယာ့ကောကို စိတ်သက်သာရာရစေသည်။