အခန်း ၂၈
Viewers 25k

အခန်း(၂၈) - သူ အရမ်းဒေါသထွက်ပြီး ဆဲလ်ဖုန်းကိုပေါက်ခွဲခဲ့တယ် (၂)


စတော့ရှယ်ယာများကိုလွှဲပြောင်းရာတွင် အဆင့်အနည်းငယ်ပါဝင်ပြီး အချိန်ယူရသည်။ ဒါ့အပြင် လီအိမ်တော်က စတော့ရှယ်ယာအချို့ကိုရောင်းချချင်သည်ဆိုတော့ သူတို့ပတ်ဝန်းကျင်မှာ တော်တော်လေး လှုပ်ခတ်သွားခဲ့သည်။ ထို့အပြင် ဖန့်ကျွင်းရုံက လီဝမ့်ကျင်းအတွက် ဒီအကြောင်းကို လျှို့ဝှက်ထားပေးဖို့ အစီအစဉ်မရှိခဲ့ပါ။ လူအများစုက လီဝမ့်ကျင်းသည် ရှုဖန့်ဝမ်၏ လက်ရာများအပေါ် ရူးသွပ်ကာ ဝယ်ယူရန်အတွက် သူတို့ပိုင်အစုရှယ်ယာအချို့ကို ရောင်းချနေသည်ကို ရှာတွေ့ရန် အချိန်မကြာမြင်ခဲ့ချေ။


သူ့ရှေ့မှာတော့ လီဝမ့်ကျင်းသည် ကောင်းမွန်သည့်အရသာခံအာရုံရှိပြီး ငွေက အရာရာမဟုတ်ကြောင်းကို ချီးကျူးခဲ့ကြသည်။ သို့သော် သူတို့သည် သူ့နောက်ကျောတွင် လှောင်ပြောင်ကြလိမ့်မည်မှာ မြေကြီးလက်ခတ်မလွဲပင်။ လူချမ်းသာတိုင်းတွင် ဝါသနာအနည်းငယ်ရှိကြပြီး သဘာဝကျစွာပဲ အချို့ကတော့ အခြားသူများထက် ငွေကုန်ကြေးကျပိုများလေသည်။ ဒါပေမယ့် ဘယ်သူကမှ လီဝမ့်ကျင်းလုပ်နေသလိုမျိုး ပိုက်ဆံမဖြုန်းတီးပေ။


သေချာတာပေါ့။ သူတို့ထဲက တော်တော်များများက ဖန့်ကျွင်းရုံဟာ လီဝမ့်ကျင်းအတွက် အသုံးစရိတ်သုံးစွဲတဲ့အ‌ေလ့အကျင့်က အရမ်းအလိုလိုက်လွန်းသည်ဟု ခံစားခဲ့ရသည်။ သူတို့က ဖြစ်နိုင်ရင် လီဝမ့်ကျင်းကို အနည်းဆုံး ထိုအကျင့်အား ရပ်တန်ဖို့ ကြိုးစားချင်ကြတယ်။ ထိုအ‌ကြောင်းကြောင့် ဖန့်ကျွင်းရုံသည် လူအများစု၏မျက်လုံးထဲတွင် လိုချင်ကြသော အံ့ဩဖွယ်ရာတရုတ်ဇနီးမယားပုံရိပ် ဖြစ်လာခဲ့သည်။


ဖန့်ကျွင်းရုံ၏ ရင်းနှီးသော မိတ်ဆွေအချို့က သူမကိုဖုန်းခေါ်ခဲ့ပြီး အိမ်မှာ ငွေကြေးအချို့ကို ထိန်းသိမ်းထားသင့်ကြောင်း ယောကျာ်းလိုချင်သော ငွေကြေးပမာဏတိုင်းကို မပေးသင့်ကြောင်း သတိပေးခဲ့သည်။


ဖန့်ကျွင်းရုံသည် သူမကို အမြင်ကောင်းများရရှိစေရန် အမြဲတမ်း သည်းခံနေတတ်သော အမူအရာလေးဖြင့် "အိုး... သူပျော်နေရင် ပြီးတာပဲ" ဟုပြန်ဖြေခဲ့သည်။ သေချာတာပေါ့။ ဒါကို သူမက ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့တာပဲ။ သူတို့ကွာရှင်းပြီးတာနဲ့ လီဝမ့်ကျင်းအပေါ် လူထု၏ထင်မြင်ချက်ကောင်းရှိဖို့ကို အိမ်မက်တောင်မက်လို့ရနိုင်မှာမဟုတ်ဘူး။


လီဝမ့်ကျင်းသည် ဖန့်ကျွင်းရုံ၏လိမ္မာပါးနပ်သောအကြံအစည်များကို မသိခဲ့ပါ။ သူသည် သူတို့၏ အစုရှယ်ယာအချို့ကို ရောင်းချခဲ့ပြီး သူ့လက်ထဲ ပိုက်ဆံများရရှိခဲ့သောကြောင့် အတော်လေး ပျော်ရွှင်နေခဲ့သည်။ သူက ဟဲမင်ထံ ယွမ်တစ်ဘီလီယံခွဲကို လွှဲပြောင်းပေးခဲ့သည်။ ယခု သူလုပ်ရန်လိုအပ်သည်မှာ ဟဲမင်က ထိုငွေသားများကို သူ့ထံ ပြန်လွှဲပေးမှာကို စောင့်နေရုံပင်။


သူသည် ဟဲမင်နှင့် နှစ်ပေါင်းများစွာအလုပ်လုပ်ခဲ့သော်လည်း ဟဲမင်အား ရာခိုင်နှုန်းပြည့် မယုံကြည်သေးပေ။ ဟဲမင်ကို စောင့်ကြည့်ဖို့ လူအချို့ကို ငှားရမ်းထားခဲ့သည်။ သူ ငှားရမ်းထားသောသူများက မျက်နှာများပေါ်တွင် ဒဏ်ရာများအပြင် စိုးရိမ်ဖွယ် အခြား‌သော ဒဏ်ရာဒဏ်ချက်များဖြင့်ပါ ပြန်လာကြမည်ဟုမမျှော်လင့်ထားခဲ့ပေ။


လီဝမ့်ကျင်းသည် ဆိုးရွားတဲ့ခံစားချက်ကို ခံစားမိနေခဲ့သည်။ "ဘာဖြစ်‌နေကြတာလဲ။"


"ဟဲမင် ထွက်ပြေးသွားတယ်"


လီဝမ့်ကျင်းသည် သွေးပွက်ပွက်အန်ကာ မြေပေါ်သို့ လဲကျသွားခဲ့သည်။ သူသည် သူ့နဖူးပေါ်တွင် သွေးကြောများကို ထင်ထင်ရှားရှားမြင်နေရသည်အထိ အသက်ပြင်းပြင်းရှူနေမိခဲ့သည်။ "မင်းတို့ အကုန်လုံးကောင်းကြရဲ့လား။ မင်းတို့မှာ ဒီလောက်လူအများကြီးရှိနေကြတာကို သူက ဘယ်လိုလုပ် သူ့ဖာသာသူ ထွက်ပြေးနိုင်မှာလဲ။"


ငှားရမ်းထားသောသူများသည် အလွန်မတရားသည်ဟု ခံစားလိုက်ရသည်။ "ဟဲမင်ကို ကူညီပေးတဲ့သူတွေ အများကြီးရှိနေတယ်။ ကျွန်တော်တို့ကို ရိုက်နှက်ခဲ့ပြီးတော့ ကျွန်တော်တို့ သတိပြန်ရချိန်မှာ သူမရှိတော့ဘူး။"


လီဝမ့်ကျင်းသည် သူ့ရဲ့ ယွမ်တစ်ဘီလီယံခွဲကို စဉ်းစားမိသောအခါ နှလုံးထဖောက်လာတော့သည်။ သူ ငှားရမ်းထားသောသူများကို ညွှန်ပြနေသည့် သူ့လက်ချောင်းများဟာ ပြင်းထန်စွာ တုန်ခါနေပြီး နောက်ဆုံးတွင် စကားလုံးအချို့ကို ထုတ်ပြောနိုင်ခဲ့သည်။ "သူ့ကိုသွားရှာကြ။ မြန်မြန်သွားရှာကြလေ။ မင်းတို့ သူ့ကို မြေကြီးအနက်သုံးပေလောက်အထိ တူးရှာသင့်ရင် ရှာကြ။"


သူ့အတွက် ညစ်ပတ်သောအလုပ်များကို လုပ်ရန် သူတို့ကို လိုအပ်သေးတယ်ဟုသာ မတွေးထားခဲ့လျှင် လီဝမ့်ကျင်းသည် ထိုအသုံးမကျသည့်အရှုံးသမားအားလုံးကို သူကိုယ်တိုင် ရိုက်နှက်ပြစ်မိလိမ့်မည်။


သူသည် ငွေအများကြီးဖြင့် ထွက်ပြေးသွားခဲ့သော ဟဲမင်အကြောင်းစဉ်းစားမိတော့ အရမ်းဒေါသထွက်လာပြီး သူ့မျက်လုံးများဟာ နီရဲလာခဲ့သည်။ လီအိမ်တော်၏ အသားတင် ချမ်းသာကြွယ်ဝမှုသည် ဘီလီယံဆယ်ချီလောက်သာရှိပြီး သူတို့၏ပိုင်‌ဆိုင်မှုအများစုဟာ အိမ်ခြံမြေကွက်ပင် ဖြစ်၏။ ချက်ချင်းပင် ထိုငွေသားများကိုဆုံးရှုံးသွားရခြင်းက သူ့နှလုံးကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။