အပိုင်း ၃၃
Viewers 14k

Chapter 33




ရှဲ့ဝမ်လင်သည် ဆယ်စုနှစ်တစ်စုစာခန့်အိုစာသွားဟန်ရှိသည်။ 


သူသည်ပြတင်းအပြင်သို့ငေးကြည့်လျက် လက်ထဲမှဓားကိုပြင်းပြစွာဖြင့်ပွတ်သပ်နေပြီး သွားကိုကြိတ်ကာ: "ငါဘယ်လိုလုပ် ဒီလိုအရူးကိုမွေးထားမိရတာလဲ"


ရှဲ့ကျီလည်းရှုံးသွားပြန်ပြီထင်သည်။


ရှဲ့ကျစ်ယောင်သည် မနက်ဖြန် တစ်ယောက်ချင်းပြိုင်ပွဲကိုမစောင့်နိုင်တော့သည့်အပြင် သူ့အားသေစေချင်နေသည့် ဖခင်ဖြစ်သူအပေါ်လည်းလေးစားမှုဟူ၍မြမှုန်မျှပင်မရှိတော့ချေ။ သူက တစ်ညလုံးဘိုးဘေးပူဇော်ရာခန်းမတွင်အပြစ်ပေးခံရမည့်အမိန့်ကိုမနာခံဘဲ သည်းထန်သောလေနှင့်မိုးကိုအခွင့်အရေးယူကာ ရှဲ့ကျီကိုသူ၏ဓားနှင့်ခုတ်ပိုင်းခဲ့ပြီး မမျှော်လင့်ဘဲအဆုံးသတ်အောင်မြင်မှုကိုဖမ်းဆုပ်နိုင်ခဲ့သည်။


ယင်းက လင်းရုဖေးမျှော်လင့်သည်ထက်ကျော်လွန်သွားခဲ့သည်။ အနည်းဆုံး နေ့ဘက်တွင်ရှဲ့ကျစ်ယောင်သည်ရှဲ့ဝမ်လင်အပေါ်လေးစားသေးသည်။ သို့သော် နောက်ဆုံးအချိန်အထိအသက်ရှင်နိုင်ခဲ့သူသည်သူမြင်ရသလောက် ရိုးရှင်းမှာမဟုတ်ပေ။


မိုးကားဆက်ရွာနေဆဲ၊ ရှဲ့ဝမ်လင်သည်ခေါင်းလှည့်ကာလင်းရုဖေးကိုကြည့်လာသည်။


အနှီသူသည် မကြာသေးခင်ကလင်းရုဖေးအား စဥ့်တီတုံးပေါ်မှအသားတုံးတစ်တုံးနှယ်ကြည့်နေခဲ့သည်ဆိုပါက ယခုအချိန်တွင် ရှဲ့ဝမ်လင်သည်လင်းရုဖေးအား လူသေတစ်ယောက်ကဲ့သို့ကြည့်နေခြင်းသာ။


ရှဲ့ဝမ်လင် : "အာ...သူတို့အကုန်လုံးအသက်ရှင်တယ် သခင်လေးလင်း ကျွန်တော့်ကိုအပြစ်တင်လို့မရတော့ဘူး သခင်လေး အပြစ်တင်ချင်ရင်တော့ အဲဒီရှဲ့ကျစ်ယောင်ကိုသာအပြစ်တင်လိုက်တော့"


လင်းရုဖေးသည် သူ၏ပါးစပ်ကိုအုပ်ကာ ချောင်းအသာဆိုး၏။


ရှဲ့ဝမ်လင်က သူ၏အမူအရာကိုပြန်ထိန်းကာ လက်ထဲမှဓားရှည်ကိုနင့်နင့်နဲနဲကြည့်သည်။ လင်းရုဖေးခန္ဓာကိုယ်၏မည်သည့်အပိုင်းကို ဓားဝင်သွားလျှင် လင်းရုဖေးနာနာကျင်ကျင်ဖြင့်သေနိုင်မည်ကိုတွေးနေပုံရ၏။


ရှဲ့အိမ်တော်တစ်ခုလုံးသည် အဆုံးမဲ့အမှောင်ထုတွင်း၌ ပိတ်မိနေ၏။လင်းရုဖေး၏အခန်းတစ်ခန်းတည်းသာ ဖယောင်းတိုင်မီး၏အလင်းရောင်ဖျော့ဖျော့လေးရှိနေသည်။ ယင်းကပိုးဖလံများကို တောင်ပံတဖျတ်ဖျတ်ခတ်ကာ ပျံသန်းလာနိုင်ရန်ဆွဲဆောင်နေ၏။


မိုးရေတွင်းမှ ပိုးဖလံများမှာ ငါးစာဟပ်မိသွားချေပြီ။


ထိုသူ၏အနက်ရောင်ဝတ်စုံသည် ညအမှောင်ထဲတွင်ရောယှက်နေသည်။ သည်းကြီးမည်းကြီးရွာသွန်းနေသောမိုးက သူ၏အနက်ရောင်ဝတ်စုံထက်မှသွေးကွက်များကိုဆေးချသွားသော်ငြား ပြင်းထန်သောသတ်ဖြတ်ခြင်းအရှိန်အဝါကိုမူမဆေးကြောနိုင်ချေ။


ရှဲ့ဝမ်လင်၏ အမုန်းတရားအပြည့်ဖြင့်အကြည့်အောက်တွင် ရှဲ့ကျစ်ယောင်သည် လင်းရုဖေး၏တံခါးဝ၌ ဆီးနှင်းဖြူအရိုးသွားဓားကိုကိုင်လျက်ပေါ်လာသည်။ သူ၏မျက်နှာမှာမိုးကြောင့် ဖြူဖတ်ဖြူလျော်နှင့်ရွှဲစိုနေစေကာမူ သူ၏အနက်ရောင်မျက်ဝန်းများက အေးစက်မှုနှင့်အတူတောက်ပနေလေ၏။


ရှဲ့ကျစ်ယောင်က လင်းရုဖေးအိပ်ရာအရှေ့တွင်ထိုင်နေသည့် ရှဲ့၀မ်လင်ကိုမြင်လိုက်ခြင်းအားအံ့ဩပုံမရပေ။ သူကအခန်းထဲသို့ အလုံးတစ်ခုကိုပစ်ထုတ်လိုက်သည်။ ၎င်းကရှဲ့ဝမ်လင်၏ခြေထောက်အနားသို့တဒေါက်ဒေါက်ဖြင့်လိမ့်လာသော်ငြား ရှဲ့ဝမ်လင်၏ခံစားချက်ကင်းမဲ့နေသည့်မျက်နှာဖြင့် ကန်ထုတ်ခြင်းကိုခံလိုက်ရသည်။


လိမ့်လာသည်မှာ ရှဲ့ကျီ၏ခေါင်းပင်။ ရွှန်းစိုမှုမရှိတော့သည့် မျက်လုံးအိမ်သည်တဝက်တပျက်ပွင့်နေဆဲဖြစ်ကာ အလျင်စလိုနိုင်မှုနှင့်အတူအေးချမ်းမှုတို့ကင်းမဲ့နေလေ၏။ ထို့နောက် ယင်းခေါင်းပြတ်ကြီးက ကြမ်းပြင်မှဖုန်မှုန်များကပ်ငြိလျက်သားဖြင့်ထောင့်သို့လိမ့်သွားလေသည်။


ရှဲ့ကျစ်ယောင် : "အဖေ ကျွန်တော်နိုင်ပြီ"


ရှဲ့ဝမ်လင်က မျက်လုံးပင့်ကာသူ၏နောက်ဆုံးကျန်သောသားဖြစ်သူအားကြည့်လိုက်သည်။ ၎င်းတို့အတွင်း ပျော်ရွှင်ကျေနပ်မှုအရိပ်အယောင်မှာစိုးစဉ်းမျှမရှိ၊ ကြောက်မက်ထိတ်လန့်ဖွယ်ကောင်းအောင် သတ်ဖြတ်လိုမှုများဖြင့်သာပြည့်လျှံနေ၏။


ရှဲ့ကျစ်ယောင်ကပြုံးလိုက်ပြီး : "အဖေဘာလို့မပျော်ရတာလဲ အားလုံးပြီးသွားပြီလေ ရှဲ့မိသားစုကနောက်ထပ်နှစ်ပေါင်းရာချီကျော်ကြားနေအုံးမှာ အဖေဘာလို့မပျော်တာလဲ"


ရှဲ့ဝမ်လင် : "ပျော်ရမယ်ဟုတ်လား ငါကပျော်ရမှာလား ရှဲ့မိသားစုက ဒီလောက်ရွံစရာကောင်းနေတာ မကျော်ကြားတာကပိုတောင်ကောင်းသေးတယ်"


ရှဲ့ကျစ်ယောင်မှာအရယ်လွန်ပြီးမျက်ရည်များပင်ထွက်လာသည်။ 


ရှဲ့ဝမ်လင်၏မျက်နှာကမည်းပုပ်သွားရပြီး: "မင်းကဘာအတွက် ရယ်နေတာလဲ"


ရှဲ့ကျစ်ယောင် : "အဖေကသိပ်ရယ်ရတာပဲဗျာ အစ်ကိုကြီးသာနိုင်သွားရင်အဖေအပျော်လွန်ပြီး စားပွဲသောက်ပွဲကြီးနဲ့အောင်ပွဲခံနေမှာကို ကျွန်တော့်မှာစိုးရိမ်မိတယ်ရယ် ကျွန်တော်လည်းနိုင်သွားရော ရှဲ့မိသားစုကဘာလို့ရွံစရာကောင်းတယ်ဖြစ်သွားရပြန်တာလဲ"


သူကခေါင်းငုံ့ပြီးလက်ထဲမှအရိုးသွားဓားကိုကြည့်သည်။


သူ၏အသံကနွေးထွေးမှုများနှင့်ပြည့်နေ၏။ 


"မထူးဆန်းပါဘူးလေ ကျွန်တော်ကအဖေ့ရဲ့အချစ်ခံရတာအနည်းဆုံးသားပဲကို စိတ်မကောင်းတော့ဖြစ်မိတယ်ရယ်"


ရှဲ့ဝမ်လင် : "စိတ်မကောင်းဖြစ်တယ်ဟုတ်လား"


ရှဲ့ဝမ်လင်အားကြည့်နေသောရှဲ့ကျစ်ယောင်၏အသံနှင့်အကြည့်မှာအေးစက်လာသည်။ 


"အခုနေရာမှာ ခင်ဗျားဖြစ်နေတာကိုက စိတ်မကောင်းစရာပဲ ခင်ဗျားကရှဲ့မိသားစုကိုဖျက်ဆီးဖို့ဆိုတာ လုံး၀မဖြစ်နိုင်ဘူး"


ရှဲ့ဝမ်လင်သည်ထိုစကားကြားသည့်အခါ အသံကျယ်ကျယ်ဖြင့်ရယ်မောလိုက်ပြီး "မဟုတ်ရင် ငါကဘာလို့ဒီနေရာမှာရှိနေတယ်လို့မင်းထင်နေတာလဲ ငါကတော့မင်းကိုမောင်းထုတ်လို့မရဘူး ဒါပေမဲ့ အခြားလူဆိုရင်တော့ရတယ်...ပြောရရင်....ခွန်းလွန်တောင်ကလင်းမိသားစုပေါ့ သူတို့အိမ်ကအချစ်ဆုံးသားလေးသာ ရှဲ့အိမ်တော်မှာ ရုပ်ပျက်ဆင်းပျက်သေသွားခဲ့ရင် မင်းရဲ့ငယ်သူငယ်ချင်းတွေဖြစ်တဲ့ လင်းမင်ကျစ်နဲ့အခြားလူတွေကမင်းကိုပြဿနာရှာကြမှာသေချာပေါက်ပဲ"


ရှဲ့ကျစ်ယောင်က အေးစက်သောအသံဖြင့်ဆို၏။


"ခင်ဗျားကလင်းရုဖေးကိုသတ်မလို့လား"


ရှဲ့ဝမ်လင်သည်ရက်စက်ယုတ်မာဟန်အည့်ဖြင့်ပြုံးလိုက်ပြီး "သိပ်ကိုကောင်းတဲ့နည်းပဲမဟုတ်လား ငါလက်တွေ့အကောင်အထည်မဖော်ခင် အကြာကြီးစဉ်းစားခဲ့ဖူးတယ်"


ရှဲ့ဝမ်လင်သည် အမှန်တကယ်ကိုရူးသွပ်သွားလေပြီ။ သူက သူနှင့်အတူ ရှဲ့မိသားစုတစ်စုလုံးကိုပါမြေကြီးအတွင်းသို့မြုပ်သွားစေချင်နေ၏။ သူရှဲ့ကျစ်ယောင်ကို ဤမျှမုန်းတီးနေမည်ဟုမည်သူမှမသိခဲ့ကြချေ။


ရှဲ့ကျစ်ယောင် : "ကျွန်တော်လေ အဖေဒီလောက်ရက်စက်လိမ့်မယ်လို့အရင်ကမထင်ခဲ့ဘူး ဒီလိုတွေသာဖြစ်လာရင် ရှဲ့မိသားစုတစ်ခုလုံးက မီးမြိုက်ခံရမှာသေချာပေါက်ပဲ"


ရှဲ့ဝမ်လင်ကနောက်တစ်ကြိမ်အော်ဟစ်ရယ်နေလျက်ဖြင့် ဓားကိုဓားအိမ်ထဲမှဆွဲထုတ်လိုက်သည်။ ရှဲ့ကျစ်ယောင်က တိုးညှင်းစွာတခစ်ခစ်ရယ်မောနေသော်လည်း သူ၏နှုတ်ခမ်းများမှာမူ မျဉ်းဖြောင့်တစ်ကြောင်းနှယ်တင်းစေ့သွားသည်။ 


ရှဲ့ကျီနှင့်တိုက်ခိုက်စဉ်က သူဒဏ်ရာအနည်းငယ်ရထားခဲ့သဖြင့် အရူးရှဲ့ဝမ်လင်ကိုရပ်တန့်ချင်လျှင် သိပ်မလွယ်ပေ။ ရှဲ့ဝမ်လင်ကသူ့အားမတိုက်ခိုက်သရွေ့ ရှဲ့မိသားစု၏အစဉ်အဆက်တားမြစ်ချက်များက အသက်ဝင်မည်မဟုတ်ပေ။ သူလင်းရုဖေးအားသတ်ချင်လျှင်ပင် လွယ်ကူမည်မဟုတ်ချေ။


လင်းရုဖေးက ထိုသူနှင့်တွေ့ဆုံစဥ်တုန်းက ဓားမသုံးနိုင်ဘူး ဟုပြောခဲ့သည်။ သို့သော် သူပင်ရှဲ့ဝမ်လင်လက်မှလွတ်ချင်ပါက ကျင့်ကြံဆင့်အဌမအဆင့်ရှိသူကို လွယ်လင့်တကူအနိုင်မယူနိုင်ချေ။


လင်းရုဖေးသာ ရှဲ့ဝမ်လင်ဓားအောက်တွင်သေခဲ့သည်ဆိုလျှင် လင်းမိသားစု၏သည်းသည်းလှုပ်ညီအစ်ကိုမောင်နှမများက နောက်တစ်နေ့တွင်ရှဲ့အိမ်တော်ကို ဇောက်ထိုးလုပ်ပစ်ကြပေလိမ့်မည်။


ရှဲ့ဝမ်လင်သည်ရှဲ့ကျစ်ယောင်၏စိတ်လှုပ်ရှားနေမှုကိုတွေ့ပြီးနောက်ဝါးလုံးကွဲရယ်မောလေ၏။


ရှဲ့ကျစ်ယောင်ကအံတင်းတင်းကြိတ်လိုက်ပြီး "ရုဖေး ငါသူ့ကိုတားထားနှင့်မယ် မင်းဝေးဝေးပြေးတော့"


ရှဲ့ဝမ်လင်ကအလွန်အမင်းတက်ကြွနေ၏။


"ပြေးမယ်ဟုတ်လား ဘယ်သူမှပြေးလို့မလွတ်စေရဘူးကွ"


ပြောပြီးပြီးချင်း သူကဓားကိုလွှဲယမ်းပစ်လိုက်သည်။


အဆုံး၌မူ သူသည်အဌမအဆင့်ကျင့်ကြံသူဖြစ်နေဆဲပင်။ အနှီသူသည်ဓားကိုအားကုန်လွှဲလိုက်ခြင်းဖြစ်ကာ ရှဲ့ကျစ်ယောင်တွင် ပုံမှန်ကဲ့သို့အကောင်းဆုံးအခြေအနေမျိုးတွင်ရှိနေလျှင်ပင် ၎င်းကိုတားနိုင်မည်ဟုအာမ မခံနိုင်ချေ။ သူက အပြင်းအထန်ဒဏ်ရာရထားချိန်တွင် ပြောနေစရာပင်မလိုတော့ပေ။ 


ရှဲ့ဝမ်လင်ကိုတားချင်သည်မှာမဖြစ်နိုင်လုနီးပါးပင်။ ချီစွမ်းအင်လှိုင်းလုံးကြီးကမျက်တောင်တခတ်စာအတွင်း ပြန့်ကားလာကာ ဆီးနှင်းဖြူဓား၏အလင်းတန်းများက လင်းရုဖေး၏ခေါင်းကိုထက်ခြမ်းပိုင်းပစ်လိုက်သည်။ ရှဲ့ကျစ်ယောင်က အော်ဟစ်ကာ ဓားကိုတားဆီးရန်ကြိုးစားလင့်ကစား အရာအားလုံးကနောက်ကျသွားချေပြီ။


ရှဲ့ကျစ်ယောင် : "ရှဲ့ဝမ်လင် ခင်ဗျားကြီးကို ကျွန်တော်သတ်မယ်"


ရှဲ့ဝမ်လင်က ရူးနေသည့်ပမာရယ်မောတော့သည်။


ဓားကအောက်ဘက်သို့ကျလာသည့်အခါ ခန္ဓာကိုယ်ကိုထက်ရှသည့်လက်နက်တစ်ခုကခုတ်ပစ်သွားသည့်အသံအစား ကျောက်တုံးကိုရွှေတုံးတစ်တုံးကထိမိပြီးနောက် ကွဲသွားသောအသံမျိုးသာထွက်လာသည်။ ရှဲ့ဝမ်လင်၏မျက်နှာပေါ်မှအပြုံးကအေးခဲသွားသည်။ သူကလင်းရုဖေးကိုင်ထားသောလက်ထဲမှဓားကိုမယုံနိုင်စွာကြည့်နေမိသည်။ အဖြူရောင်ဓားသွားသည်လင်းရုဖေး၏လှပသောအသားအရေကိုစုတ်ဖြဲပစ်သည်။ တောက်ပသည့် အနီရောင်သွေးရည်များက လက်ကောက်ဝတ်မှတဆင့်လက်မောင်းသို့စီးကျသွားပြီး အဝကျယ်ဝတ်ရုံလက်ပေါ် စွန်းထင်းသွားစေ၏။


လင်းရုဖေး၏လက်ဖမိုးပေါ်မှ ဖျော့တော့သည့်သွေးကြောများမှာအနည်းရုန်းကြွလာပြီးဖြည်းဖြည်းချင်းဖျက်ဆီးပစ်သည်။ သူလွှတ်လိုက်သည့်အခါ ရှဲ့ဝမ်လင်၏ရွှေကိုပင် ပိုင်းနိုင်သည့်ဓားသွားက အပိုင်းအစများအဖြစ်ပျက်စီးသွားချေ၏။


ဓားကတချွင်ချွင်အသံများဖြင့် မြေကြီးပေါ် သို့ကျလာပြီးနောက် သံတိုသံစများအဖြစ်ပြောင်းသွားတော့သည်။


"မင်း...မင်း..."


ရှဲ့ဝမ်လင်သည် လင်းရုဖေးအားသရဲကိုတွေ့လိုက်သလို ပြူးကျယ်နေသောမျက်လုံးဖြင့်ကြည့်ကာ ထိတ်လန့်မှုအပြည့်ဖြင့်မေးလိုက်သည်။


"မင်းကဘယ်သူလဲ"


လင်းရုဖေးမဖြေရသေးခင် ရှဲ့ဝမ်လင်၏ကိုယ်ကကိုင်းသွားပြီးဒူးထောက်ကျသွားသည်။ သူကမြေကြီးပေါ်ဓားအကျိုးအပဲ့များကိုကြည့်ပြီးအံ့အားသင့်နေဟန်ဖြင့်ပြောလာသည်။


"မဖြစ်နိုင်ဘူး ဘယ်လိုမှမဖြစ်နိုင်ဘူး လင်းရုဖေးကဘာမှမလုပ်နိုင်တဲ့ အပိုလူတစ်ယောက်ပဲလေ သူကဘယ်လိုလုပ်ငါ့ရဲ့ဓားကိုတားနိုင်ရတာလဲ...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."


ရှဲ့ကျစ်ယောင်၏ရေခဲတမျှအေးစက်နေသည့်အသံက သူ့အနောက်ဘက်မှထွက်လာသည်။


"ခင်ဗျားသူ့ကိုအလကားလူလို့ပြောတယ် ဟုတ်စ သူ့ကိုတောင်မသတ်နိုင်တဲ့ ခင်ဗျားကသူ့ထက်ပိုဆိုးနေတာပဲမဟုတ်လား ရှဲ့ဝမ်လင်..ခင်ဗျားကခင်ဗျားရဲ့အချစ်ဆုံးသားလေးကိုတောင်မကာကွယ်နိုင်တာ ခင်ဗျားကမှတကယ့် လူ့အမှိုက်ပဲ"


ရှဲ့ဝမ်လင် : "မဟုတ်ဘူး...မဟုတ်ဘူး အဲဒီလို မဟုတ်ဘူး...မင်း..."


သူကဆက်ပြောချင်သေးသော်ငြားရပ်တန့်သွားသည်။ တောင့်တောင့်ကြီးဖြင့်သူ့ရင်ဘတ်ကိုငုံ့ကြည့်သည်။


ဆီးနှင်းဖြူဓားသည် သူ၏နှလုံးနေရာမှဖောက်ထွက်လာသည်။ နှလုံးသွေးများက မျက်စိကျိန်းဖွယ်နီမြန်းနေလျက် ဓားသွားထက်တွင်စွန်းထင်းသွား၏။


ရှဲ့ကျစ်ယောင်၏ဓားက ရှဲ့ဝမ်လင်အသက်ကိုနှုတ်ယူသွားသည်။ လွန်ခဲ့သော အချိန်များစွာကတည်းက သူ့ထံတွင်သွေးရင်းချာအဖေဟူသည်မှာမရှိတော့တာကြာခဲ့နေပြီဖြစ်သည်။


သူက အမူအရာကင်းမဲ့လျက် ရေခဲတမျှအေးစက်နေလေ၏။ အဌမအဆင့်ကျင့်ကြံသူဖြစ်သည့်ရှဲ့ဝမ်လင်သည်မခုခံနိုင်ခဲ့ပေ။ သူကမြန်ဆန်စွာဖြင့်အသက်နှင့်ကိုယ်အိုးစားကွဲသွားစေခဲ့သော သူ၏ရင်ဘတ်မှဓားကိုစိုက်ကြည့်နေမိသည်။


ဤသည်မှာ သာမန်သေဆုံးမှုမျိုးမဟုတ်။ ရှဲ့ဝမ်လင်၏ဝင်သက်ထွက်သက်များက လုံးဝပြတ်တောက်သွားပြီးနောက် ရှဲ့ကျစ်ယောင်၏အားမှာလည်းကုန်ဆုံးသွားချေပြီ။ တစ်ဆက်တည်းဆိုသလို ထိုသူသည် ပဉ္စမကျင့်ကြံဆင့်မှအဌမကျင့်ကြံဆင့်အထိ ခုန်တတ်သွားခဲ့၏။


ရှဲ့ဝမ်လင်၏အလောင်းက အလျှင်အမြန်စတင်ခြောက်သွေ့လာသည်။ မူလကချောမွေ့သောအသားအရေသည်တစ်လွှာချင်း အကျည်းတန်စွာရှုံ့တွလာကာ အရိုးစုအဖြစ်ပြောင်းလဲသွားလေသည်။ ရှဲ့ကျစ်ယောင်ကအကြင်နာတရားကင်းမဲ့စွာဖြင့် ဓားကိုဆွဲထုတ်သည်။ အလောင်းကကြမ်းပြင်ပေါ်သို့ကျကာ အမှုန်များအဖြစ်ပြောင်းလဲသွား၏။


ဖြစ်ရပ်တွေက အသက်တစ်ရှိုက်စာအတွင်း အလျှင်အမြန်ပြီးဆုံးသွားပြီးရှဲ့ကျစ်ယောင်အနိုင်ရသွားခဲ့သည်။ သို့သော် သူ၏အမူအရာက မပျော်သည့်အပြင် မည်းမှောင်နေသည်။


ရှဲ့ကျစ်ယောင် : "ရုဖေး မင်းရဲ့ဒဏ်ရာကအဆင်ပြေရဲ့လား"


"မပြင်းပါဘူး"


လင်းရုဖေးက လက်ပေါ်မှသွေးများကိုခါထုတ်လိုက်သည်။ ရှဲ့ဝမ်လင်ကသူ့အားဓားနှင့်ထိုးချိန်တွင် သူလှမ်းဆွဲလိုက်သည်။ သူဓားကိုဖမ်းကိုင်နိုင်သည့်အပြင် ယင်းကအပိုင်းပိုင်းကျိုးသွားလိမ့်မည်ဟုမည်သူကထင်ခဲ့မည်နည်း။ သူ၏လက်ကဓားထိသွားရုံသာဖြစ်၍ အပြင်းစားမဟုတ်ဘဲအပေါ်ယံသာရှပ်ထိသွားခဲ့သည်။


ရှဲ့ကျစ်ယောင် : "ငါတကယ်လန့်သွားတာ ငါမင်းနဲ့မတွေ့ခဲ့ရတာနှစ်တွေအတွင်း မင်းဒီလောက် စွမ်းအားကြီးလာလိမ့်မယ်လို့ ငါတကယ်မထင်ထားမိခဲ့ဘူး ရှဲ့ဝမ်လင်ရဲ့လှုပ်ရှားပုံတွေက ငါတောင်မမီနိုင်ဘူး မင်းကအမိအရကိုင်နိုင်ပြီးဓားကိုချိုးပစ်နိုင်မယ်လို့ဘယ်သူကထင်ခဲ့မှာလဲ..."


လင်းရုဖေးကအကူအညီမဲ့နေဟန်ဖြင့်ဆိုလိုက်၏။


"ငါလည်းဒီလိုဖြစ်မယ်လို့မထင်ထားခဲ့ဘူး"


ရှဲ့ကျစ်ယောင် : "မင်းငါ့ကိုသာမန်ကာလျှံကာလေးပါဆိုတဲ့ ပုံစံနဲ့ပြောဖို့မလိုပါဘူး"


ထိုသူကကြမ်းပြင်ပေါ်မှရှဲ့ဝမ်လင်၏ပြာမှုန်များကိုကြည့်ကာသက်ပြင်းချလိုက်ပြီး "ထားပါတော့ ငါရှင်းရဖို့ကိစ္စတွေအများကြီးရှိနေသေးတယ်.."


လင်းရုဖေး : "မင်းတို့အချင်းချင်းတိုက်ခိုက်နေတာကိုအိမ်ထဲကလူတွေသိကြလား"


ရှဲ့ကျစ်ယောင် : "သူတို့သိပါတယ် အိမ်ကအစေခံတွေအကုန်လုံး ရှဲ့ဝမ်လင်ကအကြောင်းပြပြီးနှင်ထုတ်လို့ရှင်းသွားကြတာ ဒါပေမဲ့ငါကတော့အားလုံးကဖြစ်လာမှာတွေကိုကြိုသိမယ်လို့ထင်တာပဲ"


လင်းရုဖေး : "မင်းဘယ်လိုရှင်းပြမှာလဲ"


ရှဲ့ကျစ်ယောင်ကခေါင်းကိုက်နေပုံဖြင့် : "ဟား...နည်းလမ်းကအမြဲရှိပါတယ် ဒီရှဲ့ဝမ်လင်ကငါ့ကိုဘယ်လိုဒုက္ခပေးရမလဲတော့အတော်သိတယ်လို့ပြောရမယ်"


သာမန်အခြေအနေတွင်မူ နည်းလမ်းတကျဖြင့် နေရာလွှဲပြောင်းပေးသည့်လုပ်ထုံးလုပ်စဉ်များသာရှိသည်။ ပုံမှန်ဆိုလျှင် ရှဲ့ဝမ်လင်သည် ရှဲ့အိမ်တော်တစ်ခုလုံး၏အရေးကိစ္စများကိုရှဲ့ကျစ်ယောင်ထံလွှဲပေးရမည်ဖြစ်၏။ 


သို့သော် ယခုမူ ရှဲ့ဝမ်လင်ကပုံမှန်လမ်းစဉ်ကိုမလိုက်ခဲ့သည့်အပြင် လင်းရုဖေးအားတိုက်ခိုက်ရန်ကြိုးစားခဲ့သဖြင့် ရှဲ့ကျစ်ယောင်၏သတ်ဖြတ်ခြင်းကိုခံလိုက်ရသည်။


ကောင်းသွားသည့်အချက်မှာ ရှဲ့ကျစ်ယောင်၏ ကျင့်ကြံဆင့်မှာအတော်လေးမြင့်မားနေခဲ့သည်ပင်။ သို့ဖြစ်၍ ရှဲ့အိမ်တော်ရှိမည်သူကမှ နောက်တစ်ကြိမ် ကန့်ကွပ်သည့်စကားများဟရဲတော့မည်မဟုတ်ချေ။


ရှဲ့ကျစ်ယောင်သည် သူ့ရဲ့ သွေးထွက်နေသေးသောလက်ကိုမြင်သွားပြီးနောက် ပတ်တီးစည်းပေးမည်ဆို၏။ လင်းရုဖေးကသူ၏ဝတ်ရုံလက်အစဖြင့်ဖြစ်သလိုသုတ်လိုက်သည်တွင် သွေးထပ်မထွက်တော့ပေ။


"ဒဏ်ရာသေးသေးလေးပါ ပျာယာခတ်နေစရာမလိုဘူး ရှဲ့ဝမ်လင်က ဖူဟွားနဲ့ယွီရွေ့ကိုခေါ်သွားတယ် သူတို့ကိုဘယ်မှာဖမ်းထားတာလဲဆိုတာမင်းသိလား"


ရှဲ့ကျစ်ယောင်ကမျက်မှောင်ကြုတ်လိုက်ပြီး "ကြည့်ရတာ စာဖတ်ခန်းထဲကလျို့ဝှက်ခန်းမှာနဲ့တူတယ် ငါသွားကြည့်လိုက်ရမလား"


လင်းရုဖေး : "အင်း ကျေးဇူးပဲ"


ရှဲ့ကျစ်ယောင်ကသက်ပြင်းအသာချပြီးနောက်ဆို၏။ 


"မင်းကအရမ်းယဉ်ကျေးပြနေတော့တာပဲ ငါ့မိသားစုရဲ့ကိစ္စတွေမှာမင်းပါ ရောပါလိုက်ရတဲ့အတွက် ငါတကယ်စိတ်မကောင်းပါဘူး"


လင်းရုဖေး : "ဒါကမင်းဖြစ်ချင်ခဲ့တာလည်းမဟုတ်ဘူးလေ"


ရှဲ့ကျစ်ယောင်ကလှည့်ထွက်သွားပြီး လင်းရုဖေးကအနှီသူ၏မိုးရေထဲတွင် တဖြည်းဖြည်းပျောက်ကွယ်သွားသောပုံရိပ်ကိုကြည့်နေမိ၏။


သူပုံမှန်စိတ်ပြန်မဖြစ်လာခင် အေးစက်နေသောလက်တစ်ဖက်ကသူ၏လက်အားဆွဲလိုက်သည်ကိုခံစားလိုက်ရသည်။ သူလှည့်ကြည့်လိုက်သည့်အခါ ကုရွှမ်းတုကမျက်နှာသေဖြင့်သူ၏လက်မှဒဏ်ရာအားကြည့်နေသည်ကိုတွေ့လိုက်ရ၏။


အချို့အကြောင်းအရင်းများကြောင့် လင်းရုဖေးသည်စိတ်မသန့်ဖြစ်မိသွားပြီးတိုးဖွစွာရေရွတ်မိ၏။


"ဒဏ်ရာသေးသေးလေးပါပဲ"


ကုရွှမ်းတုကမျက်ခွံပင့်လိုက်ပြီး: "ဒက်ရာသေးသေးလေး ဟုတ်လား သူ့ဓားကြောင့်မင်းရဲ့လက်ချောင်းငါးချောင်းလုံးပြတ်ထွက်သွားမယ့်အစား မင်းလက်နဲ့တင်ရှဲ့ဝမ်လင်ရဲ့ဓားကိုတားလို့ရတာ မင်းသိလား"


လင်းရုဖေးကရှက်ပြုံးလေးပြုံးကာ : "ကျွန်တော်လည်းအများကြီးတွေးဖို့အချိန်မရလိုက်ဘူးလေ"


ကုရွှမ်းတု : "မင်းနောက်ကိုပိုစဉ်းစားသင့်တယ် နောက်ကျရင် မင်းရဲ့အရှေ့မှာ တစ်ယောက်ယောက်ကဓားဆွဲထုတ်ရင် ခါးပေါ်ကမင်းရဲ့ဓားကိုဆွဲထုတ် ကာဖို့ဆိုပြီးလက်ကိုမသုံးနဲ့ သေချာမှတ်ထား"


လင်းရုဖေးကစဉ်းစားရကြပ်သွားမိသဖြင့်မေးလိုက်၏။ 


"ဒါပေမဲ့ ကျွန်တော့်ခါးပေါ်မှာဓားမှမရှိတာ"


ကုရွှမ်းတု : "ကိစ္စမရှိဘူး ကိုယ့်ဓားကိုသုံးလို့ရတယ်"


အနှီသူသည် အရှက်မရှိစွာဖြင့်ထပ်ဖြည့်ပြောလိုက်ပါသေး၏။


"မင်းကို ကိုယ့်ခါးကိုထိခွင့်ပေးမယ်"


လင်းရုဖေး : "အကြီးအကဲ..."


သူက တစ်ခုခုကမှားနေသယောင်ခံစားနေရသည်။


ကုရွှမ်းတုကယုံကြည်မှုအပြည့်ဖြင့်ဆက်ပြောနေဆဲပင်။ 


"မရှက်ပါနဲ့ ဒီလိုရွေးချယ်ရခက်နေတဲ့အခြေအနေမှာ မင်း ကိုယ့်ကိုတစ်ခါထက်ပိုထိရင်တောင် ကိုယ် လုံး၀ဗွေမယူဘူးရယ်"


လင်ရုဖေးခမျာ စွံ့အသွားရသည်။ သူနောက်ဆုံးပြန်တုံ့ပြန်နိုင်ချိန်တွင် ကုရွှမ်းတု၏မျက်နှာပေါ်မှအပြုံးကိုမြင်လိုက်ရပြီး နောက်တစ်ကြိမ် ကုရွှမ်းတုကျီစယ်တာကိုခံလိုက်ရပြီမှန်း သဘောပေါက်သွား၏။



......



စာရေးသူမှာ ပြောစရာရှိတယ်~


ကုရွှမ်းတု : ရှောင်ကျို့ နောက်ကျရင်ကိုယ့်အပေါ်မယဉ်ကျေးနေနဲ့တော့နော်...


လင်းရုဖေး : ယဉ်ကျေးတယ် ဟုတ်လား...?


ကုရွှမ်းတု : ကိုယ်ကမင်းရဲ့ညာဘက်လက်ထက်ပိုကောင်းတာတော့သေချာတယ်...


လင်းရုဖေး : ခင်ဗျားကားမောင်းချင်နေတယ်လို့တော့သံသယရှိမိတယ်...သက်သေမရှိဘူးဆိုပေမယ့်ပေါ့ 🤨


__ __ __


T/N - သိတယ်မလား ညာလက်ကို HJ ရည်ညွှန်းပြီး ကားမောင်းတာက S*x ကိုရည်ညွှန်းတယ်ဆိုတာ🌚



•••


Translated By IQ-Team.