အခန်း ၃၀
Viewers 25k

အခန်း (၃၀) သဘောကောင်းရိုးသားဖြောင့်မတ်သော အမျိုးကောင်းသား (၁)


သူ့မျက်လုံးတွေဟာ ဒေါသစိတ်ကြောင့် ပြူးကျယ်လာသည်။ ဒီခွေးကောင်ဟဲမင်ကထွက်ပြေးပြီးတာတောင် ခြိမ်းခြောက်ငွေညှစ်ဖို့လုပ်ရဲသေးတာလား။


သူ ဟဲမင်ကို တရားရုံးသို့ဆွဲ‌ေခါ်သွားမှာကို မစိုးရိမ်ခဲ့ဘူးလား။


ထိုအချိန်၌ပင် လီဝမ့်ကျင်းသည် ရဲများထံတွင် တိုင်ကြားရန် သွားရောက်လိုသော စိတ်ဆန္ဒများ ပြင်းပြခဲ့ပြီး သူ့ဆန္ဒအား အလျင်အမြန် ဖိနှိပ်လိုက်ရသည်။ သူ လုပ်လို့မရနိုင်သည့်အမှန်တရားကို ဝမ်းနည်းစွာ သဘောပေါက်သွားခဲ့သည်။ သူသာ အဲဒီလိုလုပ်လိုက်မယ်ဆိုရင် အရာအားလုံး ပျက်စီးသွားနိုင်ပြီး သူ့ဂုဏ်သိက္ခာလည်း ကျသွားပါလိမ့်မည်။ သူ့လိုလူတစ်ယောက်အတွက် မျက်နှာပျက် အရှက်ရတာထက် ပိုစိုးရိမ်သည့်အရာ ဘာမှမရှိပေ။


သူ့ကို ဟဲမင်တောင်းသော ငွေပမာဏသည် ပြီးခဲ့သည့် ဆယ်နှစ်တာကာလအတွင်း သူ့ဘဏ်စာရင်းထဲသို့ လွှဲပြောင်းခဲ့သောပမာဏ၏ ထက်ဝက်ကို ဆုံးရှုံးသွားစေမည်‌ ဖြစ်သော်လည်း သူ့အနေဖြင့် မစွန့်စားရဲပေ။ ဟဲမင်သည် သူနှင့်ဆယ်နှစ်ကြာ အလုပ်တွဲလုပ်ဖူးသူဖြစ်သည်။ သူက ဟဲမင်အကြောင်းကို သိလေသည်။


လီဝမ့်ကျင်းသည် ဟဲမင်သားကို သူ့လက်ထဲထားရှိပြီး ဟဲမင်ကိုစောင့်ကြည့်ရန် လူအနည်းငယ် စီစဉ်ထားခြင်းက လုံလောက်သည်ဟုအမြဲထင်ခဲ့သည်။ လီဝမ့်ကျင်းသည် မိမိကိုယ်မိမိ ဟဲမင်၏အထက်တွင်ရှိသည်ဟု အမြဲထင်ခဲ့သည်။ သု့ကို သစ္စာဖောက်ပြီး သူ့နေရာတွင် အခြားသူကိုအစားထိုးလိမ့်မည်မဟုတ်ဟု ယူဆထားခဲ့သည်။


လီဝမ့်ကျင်းသည် အသက်ကို ပြင်းပြစွာရှုရှိုက်နေရသည်။ သူ့လက်ပေါ်ကသွေးကြောများသည် အဆပ်ရှိသောမြွေများကဲ့သို့ ထောင်ထနေသည်။


ဒီရက်တွေမှာ သူသည် ဟဲမင်ကို ပြန်ဖမ်းမိချင်သည်။ ဟဲမင်သည် ထာဝရပုန်းကွယ်နိုင်မှာ မဟုတ်ဘူး။


သူ့မျက်လုံးများသည် စိတ်ဆင်းရဲမှုများဖုံးလွှမ်းနေလေသည်။


ယာဉ်မောင်းသည် နောက်ကြည့်မှန်ကို မတော်တဆကြည့်မိလိုက်သောအခါ လီဝမ့်ကျင်း၏ပုံရိပ်ကို တွေ့လိုက်ရသည်။ သူသည် တုန်လှုပ်သွားခဲ့ပြီး သူ၏မောင်းနှင်နေမှုမှာ နှေးကွေးသွားသည်။


လီဝမ့်ကျင်းသည် ကားထဲမှထွက်လာချိန်တွင် သူသည် မိမိကိုယ်မိမိ ပြန်ထိန်းချုပ်နိုင်နေပြီဖြစ်သည်။ သူသည် ဝမ်စစ်ရှန်း၏ရှေ့တွင် လူကြီးလူကောင်းဆန်လိုခဲ့သည်။ သူသည် စားသောက်ဆိုင်သို့ မရောက်မီ သူ့အတွက် ဖုန်းတစ်လုံးနှင့် သူ့ယာဉ်မောင်းအတွက် ဖုန်းတစ်လုံး ဝယ်ခဲ့သည်။


သူသည် သူ့စိတ်ခံစားချက်များကို ဖုံးကွယ်ရန် ကြိုးစားနိုင်သလောက် ဝမ်စစ်ရှန်းကလည်း သူ့စိတ်ခံစားချက်ကို အနည်းငယ်ပြေ‌ပျောက်စေနိုင်ခဲ့သည်။ သူမ၏အသံက ပိုပြီး နူးညံ့သိမ်မွေ့တယ်။ 


အဲ့တာက လီဝမ့်ကျင်း၏စိတ်အတွင်းရှိတဲ့ မှောင်မိုက်မှုတွေကို ဖယ်ရှားပစ်လိုက်နိုင်သည်။


လီဝမ့်ကျင်းသည် ဝမ်စစ်ရှန်းကို ပြန်ခေါ်လာနိုင်သည့်အတွက် ဝမ်းသာမိခဲ့သည်။ သူသည် သူ့ဇနီးရှေ့မှာရှိနေလျှင် သူ့စိတ်အတွင်းရှိဖိအားများကို ထိန်းချုပ်နိုင်စွမ်း ရှိ မရှိ သူမသိနိုင်ပေ။


ထမင်းစားချိန်အတွင်း သူတို့နှစ်ဦးကြားရှိလေထုမှာ ပိုပြီးလိုက်လျောညီထွေဖြစ်လာခဲ့သည်။ ဝမ်စစ်ရှန်းက သူမတိုင်းပြည်သို့ပြန်မလာခင်က ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များကို လီဝမ့်ကျင်းအား နူးညံ့စွာ ဖြည်းဖြည်းချင်း ပြန်ပြောပြနေခဲ့သည်။ လီဝမ့်ကျင်းသည် သူက ကျန်းယာ့ကောအားမွေးစားခဲ့ပြီး သူမနှင့်အတူ လာမည့်ရက်အနည်းငယ်အတွင်း သူတို့နှစ်ယောက် အတူလာရောက်လည်ပတ်မည်ဟုပြောခဲ့သည်။


သူတို့သည် စကားပြောဆိုနေရင်း သူတို့ခေါင်းတွေဟာ နီးသထက် နီးကပ်လာခဲ့သည်။ သေချာ‌တာပေါ့။ လီဝမ့်ကျင်းသည် ဒါကို လုံးဝ လျစ်လျူရှုထားခဲ့တာ ဖြစ်သည်။ သူသည် ဝမ်စစ်ရှန်းအား အလွန်စဥ်းစားတတ်တဲ့သူတစ်ဦးဖြစ်ပြီးတော့  သူမပြောသမျှအရာအားလုံးက သူ့ကိုပျော်ရွှင်စေတယ်လို့ ခံစားလိုက်ရသည်။


"သူဌေးလီ" အတော်လေးရင်းနှီးလှတဲ့ အမျိုးသားတစ်ဦး၏အသံကို ကြားလိုက်ရသည်။


လီဝမ့်ကျင်းသည် ထိုအသံလာရာဆီသို့ လှည့်လည်ကြည့်ရှုလိုက်သောအခါ ဝတ်စုံပြည့်ဝတ်ဆင်ထားသည့်သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ သူသည် ထိုသူဟာ သူနှင့် စီးပွားဖက်တစ်ဦးဖြစ်သူသူဌေးစုဖြစ်ကြောင်းကို လျင်မြန်စွာသတိပြုမိလိုက်သည်။


သူသည် ဝမ်စစ်ရှန်းနှင့်အကြည်ဆိုက်နေရာမှ သတိပြန်ဝင်လာပြီး သူ့ခေါင်းကို အနည်းငယ်ညိတ်၍ “သူဌေးစု” လို့နှုတ်ဆက်လိုက်သည်။ 


သူဌေးစုသည် သူ့ရှေ့သို့ လျှောက်လာခဲ့သည်။ သူသည် ဝမ်စစ်ရှန်းထံအကြည့်တစ်ချက်ပို့၍ အရိပ်အမြွတ်ပြသည့်အပြုံးဖြင့် ပြောလိုက်သည်။ "ဒါက သူဌေးလီရဲ့အကြိုက်မျိုးလား။"


ဝမ်စစ်ရှန်းသည် ဘာပြောရမှန်းမသိသောကြောင့် သူမခေါင်းကို ငုံ့ထားခဲ့သည်။


လီဝမ့်ကျင်းသည် ရှင်းပြဖို့ ကြိုးစားခဲ့သည်။ "မဟုတ်ပါဘူး။ သူမက ကျွန်တော့်ရဲ့ အသိမိတ်ဆွေတစ်ယောက်ပါ။"


သူဌေးစုက သူ့ကို ပြုံးပြလိုက်သည်။ "ငါသိပါတယ်။ ငါ့မှာလည်း ဒီလိုမျိုး သူငယ်ချင်းကောင်းတွေ ရှိတယ်။ ငါ ကောင်းကောင်းနားလည်တယ်။" သူသည် လီဝမ့်ကျင်းနှင့် သူတို့၏ စီးပွားရေးကိစ္စအချို့ကို ပြောဆို‌ပြီးနောက် ထွက်သွားဖို့လုပ်သည်။ မထွက်သွားခင် သူသည် ဝမ်စစ်ရှန်းအား အကြည့်တစ်မျိုးဖြင့် ကြည့်ကာ ပြောလိုက်သည်။ "သူဌေးလီ ငါတို့လိုလူမျိုးတွေဆီမှာ အဲဒီလိုမိတ်ဆွေကောင်းတွေရှိတာ ပုံမှန်ပါပဲ။ ဒါပေမယ့် အရေးကြီးဆုံးကတော့ မင်းရဲ့ဇနီး အိမ်မှာကျန်နေသေးတယ်ဆိုတာကို မှတ်ထားရမယ်။"


"သူဌေးမဖန့်က အမြဲတမ်း မင်းအပေါ် အရမ်းဂရုစိုက်ပြီး အရမ်းချစ်တာ။ ကြည့်ပါလား။ မင်းဝါသနာအတွက် ဘီလီယံချီပြီး သုံးစွဲခဲ့တာကိုတောင် ဘာတစ်ခွန်းမှမပြောခဲ့ဘူး။ ဒါက သူမအပေါ်မှားတယ်လို့ မထင်မိဘူးလား။"


"ဒါ့အပြင် အပြင်ကအမျိုးသမီးတွေက မင်းရဲ့ပိုက်ဆံကြောင့်ပဲ မင်းကို ကပ်တာ။ အဲ့တာကို အလေးအနက်မထားနဲ့။" သူက ထိုစကားကိုပြောနေစဉ် ဝမ်စစ်ရှန်းအား ကြည့်လိုက်သည်။ ဝမ်စစ်ရှန်းသည် သူ့စကားများကြောင့် အလွန်စိတ်အနှောင့်အယှက်ဖြစ်ခဲ့ပြီး သူမမျက်လုံးများဟာ နီရဲလာခဲ့သည်။


သူဌေးစုသည် လီဝမ့်ကျင်းနှင့်ထိုအမျိုးသမီးကြား အပြန်အလှန်ဆက်ဆံရေးတစ်ချို့ရှိနေတာကို သတိထားမိတာကြောင့် လီဝမ့်ကျင်းကို သတိပေးခဲ့တာဖြစ်သည်။ သူသည် ထိုအမျိုးသမီး ဘယ်လိုခံစားရမယ်ဆိုတာကို လုံးဝဂရုမစိုက်ပေ။


လီဝမ့်ကျင်း၏မျက်နှာ ချက်ချင်းစိမ်းသွားခဲ့သည်။ ရှေးဟောင်းပစ္စည်းတွေနှင့် ပန်းချီကားတွေအတွက် သူ ငွေကြေးဘယ်လောက် သုံးစွဲခဲ့တယ်ဆိုတာကို လူတိုင်း ဘယ်လိုလုပ်ပြီး သိနေကြတာလဲ။