အခန်း ၃၂
Viewers 25k

အခန်း (၃၂) သဘောကောင်းရိုးသားဖြောင့်မတ်သော အမျိုးကောင်းသား (၃)


စုမိန်သည် ဖန့်ကျွင်းရုံအရင်ရောက်နှင့်နေတာ ဖြစ်သည်။ သူမသည် အနီရင့်ရောင်ဂါဝန်ကို ဝတ်ဆင်ထားပြီး လက်ဝတ်ရတနာအများကြီးကို ဝတ်ဆင်ထားကာ ချမ်းသာကြွယ်ဝတဲ့ ပုံစံပေါက်နေ‌သည်။ ဟုတ်တယ်။ ဒါပေမယ့် အရေးအကြောင်းများက သူမရဲ့အသက်အရွယ်ကို မဖုံးကွယ်ထားနိုင်ခဲ့ပေ။ သူမသည် ဖန့်ကျွင်းရုံနှင့် အသက်အရွယ်ချင်း တူပေမယ့် သူမလိမ်းခြယ်ထားသောမိတ်ကပ်ထူထူကပင် သူမရဲ့မျက်ဝန်းထောင့်ရှိ ကျီးကန်းခြေထောက်များကို မဖုံးနိုင်ဘူး။


ဖန့်ကျွင်းရုံက သူမနှင့်မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး ပြုံးပြလိုက်သည်။ "ငါ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်။ ငါ မထွက်လာခင်က ငါ့သမီးနဲ့ စကားနည်းနည်း ပြောနေလို့။"


စုမိန်၏အကြည့်သည် ဖန့်ကျွင်းရုံရဲ့မျက်နှာဆီမှ စူးစူးနစ်နစ်စိုက်ကြည့်ကာ အကြည့်မလွှဲနိုင်ခဲ့ပေ။ ဖန့်ကျွင်းရုံက ဘယ်လိုကြောင့် ပိုပြီးငယ်နေတဲ့ပုံပေါက်နေရတာလဲ။ အချိန်က သူမအပေါ်မှာ အမှတ်အသားတွေ မချန်ထားခဲ့ပဲ သူမကို ကောင်းမွန်စွာ ကုသပေးနေတာလား။ သူမကိုယ်တိုင်မှာတော့ အိုမင်းရင့်ရော်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အရေးအကြောင်းတွေကို မတားဆီးနိုင်ခဲ့ဘူး။


သူမသည် ဖန့်ကျွင်းရုံကို အလွန်မနာလိုဖြစ်နေသော်လည်း ခပ်တည်တည်အမူအရာဖြင့် မေးလိုက်သည်။ "နင် ဘယ်အမျိုးအစား foundationကိုသုံးနေတာလဲ။ နင်ရဲ့မိတ်ကပ်က အရမ်းသဘာဝကျလွန်းတယ်။"


ဖန့်ကျွင်းရုံ၏အပြုံးဟာ နက်ရှိုင်းသွားခဲ့သည်။ "ဒီနေ့က အရမ်းပူနေတော့ ငါ ဘယ်မိတ်ကပ်ကိုမှ မလိမ်းခဲ့ဘူး။ ငါတို့က မိတ်ဆွေဖြစ်‌ခဲ့တာကြာပြီးမလို့ ဒါက အဆင်ပြေမယ်လို့ ငါ ထင်တယ်။" သူမသည် သူမရဲ့မျက်နှာကိုညွှန်ပြကာ ပြောလိုက်သည်။ "အာ...ဟုတ်တယ်။ ငါကလည်း သဘာဝမျက်နှာလို့ပဲ ထင်တာပါ။"


စုမိန်: "......"


သူမက အရမ်းဒေါသထွက်သွားတယ်။ ဒါပေမယ့် သူမသည် သူမရဲ့အပြုံးမျက်နှာကို ထိန်းသိမ်းရန် လိုအပ်နေဆဲဖြစ်သည်။


သူမသည် ဖန့်ကျွင်းရုံကို အပြင်အတူထွက်ရန် ပြောဆိုခဲ့ခြင်း၏အကြောင်းအရင်းကို သတိရကာ နောက်ဆုံးတွင် သူမ၏မနာလိုမှုကို ထိန်းချုပ်နိုင်ခဲ့သည်။ သူမ၏မျက်လုံးများသည် ဖန့်ကျွင်းရုံ၏ ကံဆိုးမိုးမှောင်ကျတဲ့ အကြောင်းကြောင့် သိသာစွာ ပျော်ရွှင်နေပြီး တောက်ပနေခဲ့ကာ သူမသည် ပြောလိုက်သည်။ "အိုးရ်... ငါတို့ ကိုယ့်ကိုကိုယ် ဂရုစိုက်နေသလိုပဲ ငါတို့ရဲ့ယောကျာ်းတွေကိုလည်း ဂရုစိုက်သင့်တယ်။ အမျိုးသားတွေက အသက်ငယ်‌ငယ်လေးတွေကိုပဲ ဘာကြောင့် အမြဲတမ်း‌သဘောကျတာလဲဆိုတာကို နားလည်ထားရမယ်။"


ဖန့်ကျွင်းရုံသည် မျက်မှောင်အနည်းငယ်ကြုတ်ကာ မေးလိုက်သည်။ "နင်ပြောနေတာ နင့်ယောကျာ်းအကြောင်းကိုလား။ ငါကတော့ ငါ့ယောကျာ်းလီဝမ့်ကျင်းနဲ့ပတ်သက်ပြီး စိုးရိမ်စရာမလိုဘူး။ သူက အဲ့လိုလူမျိုးမဟုတ်ဘူး။"


"ငါက ငါ့ယောကျာ်းအကြောင်းသိပြီးသားပဲလေ။ ငါ နင့်ယောကျာ်းလီဝမ့်ကျင်းအကြောင်းကို ပြောနေတာ။ ငါတို့က မိတ်ဆွေတွေဖြစ်နေတော့ မင်းကို သတိပေးတာပါ။ ငါ နင့်ကိုပြောချင်တာက လီဝမ့်ကျင်းတစ်ခုခုကိုလုပ်နေတယ်။ နင် ကြည့်ကြည့်။ ငါ့မှာ ဒီဓာတ်ပုံတွေတောင်ရှိတယ်။" ဟု စုမိန်က ပြောလိုက်သည်။


သူမသည် သူမ၏ဆဲလ်ဖုန်းကိုဖွင့်ပြကာ ဖန့်ကျွင်းရုံ၏မျက်နှာအပြောင်းအလဲကို မျက်ခြေမပြတ်ကြည့်ကာ နောက်ပုံတစ်ပုံကို ပြလိုက်သည်။ ဒီဓာတ်ပုံတွေဟာ သူမယောကျာ်း သူမထံ ပို့‌ပေးခဲ့တာဖြစ်သည်။ သူမသည် ဖန့်ကျွင်းရုံထံမှ ဒေါသထွက်‌နေတာရော မနာလိုဖြစ်နေတာရော မတွေ့လိုက်ရတာကြောင့် မပျော်ရွှင်ပေ။ သူမ စိတ်ကျေနပ်စရာကောင်းမည့် ဘယ်အရာကိုမှ မခံစားခဲ့ရပါ။


"နင် ငါ့ကို မယုံဘူးလား။ နင် သူ့ကို အရမ်းယုံကြည်နေတာပဲ။ နင် သူ့ကို ယွမ်ဘီလီယံချီပြီး သုံးခွင့်ပြုပေးခဲ့တယ်။ သူက အဲဒီငွေတွေနဲ့ အပြင်မှာအမျိုးသမီးတွေ အတူရှိနေတာကို ဘယ်သူသိမှာလဲ။"


ဖန့်ကျွင်းရုံသည် သူမခေါင်းကို ခါလိုက်သည်။ "ငါ ဝမ့်ကျင်းကို ယုံတယ်။ သူ ငါ့ကို ဘယ်တော့မှ လိမ်မှာမဟုတ်ဘူး။ လူတိုင်းမှာ ဆန့်ကျင်လိင်သူငယ်ချင်း အနည်းငယ်တော့ ရှိကြတာပဲ။ အဲဒီပုံလေးလောက်နဲ့ အခု နင် ငါ့ကို ဆွပေးစရာမလိုဘူး။"


သူမသည် စုမိန်ကိုကြည့်ပြီး အသံတည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်သည်။ "ငါ နင်တို့အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး နင် မပျော်ရွှင်ရဘူးဆိုတာကို သိပါတယ်။ နင် အခြားသူတွေရဲ့ အိမ်ထောင်ရေး‌ကိုပါ ဘာဖြစ်လို့ အဆင်မပြေဖို့ ဆန္ဒရှိနေရတာလဲ။ ငါ အဲ့ဒီလှည့်ကွက်ထဲ ဝင်မှာ မဟုတ်ဘူး။"


စုမိန်သည် အရမ်းဒေါသထွက်သွားပြီး စားပွဲကို လှန်ချလိုက်လုနီးပါးဖြစ်သွားခဲ့သည်။ သူမသည် ဖန့်ကျွင်းရုံး စူးစူးရဲရဲစိုက်ကြည့်ကာ ပြောလိုက်သာ်။ "ငါ နင့်စိတ်ထဲ ဘာရှိမလဲဆိုတာကိုပဲ စိတ်ဝင်စားတယ်။ ငါ့မှာ သက်သေများများရတဲ့အထိ စောင့်နေလိုက်။ အဲ့အခါကျရင် နင် ဘာပြောမလဲဆိုတာ စောင့်ကြည့်ရတာပေါ့။"


ထိုသို့ပြောလိုက်ရင်း သူမလက်ကိုင်အိတ်ကိုဆွဲကိုင်ကာ ထွက်သွားခဲ့သည်။


သူမ၏နောက်ကျောကိုကြည့်နေရင်း ဖန့်ကျွင်းရုံ၏နှုတ်ခမ်းလေးများက တွန့်ကွေးသွားခဲ့သည်။ စုမိန်က တကယ်ကောင်းပြီး ကူညီတတ်တဲ့လူပဲ။ သူမသာ သက်သေအထောက်အထား များများစုဆောင်းပြီးတဲ့အခါကျရင် သူမသည် စုမိန်ထံမှ ထိုသက်သေအထောက်အထား မိတ္တူတစ်စောင်ကိုရရှိဖို့က သေချာသည်။


အားလုံးပြီးနောက် လီဝမ့်ကျင်း၏အမူအကျင့်နှင့် ပတ်သက်ပြီး သတင်းပြန့်ရန် စုမိန်လို အတင်းပြောတတ်သောပါးစပ်ကို လိုအပ်လိမ့်မည်။ ဒီဘဝတစ်လျှောက်မှာ လီဝမ့်ကျင်းဟာ သူမ ယခင်ဘဝကလို ဖြောင့်မတ်ပြီးအပြစ်ကင်းမဲ့သူအဖြစ် မရှိတော့ဘူး။