အခန်း ၃၅
Viewers 26k

အခန်း(၃၅) - သူမရဲ့မီးခံသေတ္တာကို ဘယ်သူ လက်ဆော့ထားတာလဲ(၃)


သူမသည် ကြိုးကြာဖြူကလပ်လိုနေရာမျိုးမှာ အလုပ်လုပ်ခဲ့သည့်တိုင် သူမ၏စင်ကြယ်မှုကို ထိန်းသိမ်းထားခဲ့ပြီး သူဌေးများနှင့် အာဏာရှိသောသူများ၏ ခြေသလုံးကို ဖက်တွယ်ဖို့ စဉ်းစားခြင်း မရှိခဲ့ပေ။ ထို့အပြင် သူမကို အခြားသူများက အထင်လွဲမှားနေသည့်တိုင် သူမသူငယ်ချင်းအား အကူအညီ‌ပေးရန် ဆိုသည့် လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားရန်အတွက် သူမကိုယ်တိုင် ရှင်းပြခဲ့ခြင်း မရှိပေ။


လီရှစ်ကျီသည် သူ ငယ်ရွယ်စဉ်ကတည်းက အမျိုးသမီးများစွာကို တွေ့ဆုံခဲ့ဖူးပေမယ့် အပြင်ဖက်တွင် အားနည်းကျိုးပဲ့လွယ်ပြီး အတွင်းစိတ်က ခေါင်းမာအလျော့မပေးတတ်သော ကျန်းယာ့ကောလို မိန်းကလေးမျိုးကိုတော့ လုံးဝ မတွေ့ဖူးပေ။ ထို့ပြင် သူ့မိခင်နှင့်ညီမသည် ကျန်းယာ့ကောကို သိသိသာသာမနှစ်သက်ပဲ အိမ်တွင် အနိုင်ကျင့်ကြသည်။ သူသည် သူမအတွက် စိတ်မကောင်းသလိုခံစားခဲ့ရပေမယ့် သူမကို အဆင်ပြေအောင် ကူညီနိုင်စွမ်းမရှိပေ။


သေချာပေါက် သူလည်း ကျုံးရီကို အပြစ်တင်ခဲ့တာပေါ့။ အကယ်၍ ကျုံးရီသည် ကျန်းယာ့ကော၏ မကောင်းကြောင်းများကိုသာ သူ့မိခင်နှင့်ညီမရှေ့တွင် အမြဲတမ်းမပြောဆိုခဲ့ပါက သူမအပေါ် ထိုကဲ့သို့သောဆိုးရွားသည့်ထင်မြင်ချက်မရှိနိုင်ပါ။


သူသည် ထိုအကြောင်းကိုစဉ်းစားခဲ့ပြီးနောက် အတတ်နိုင်ဆုံး စကားနည်းသူ အမျိုးသားတစ်ဦးအဖြစ် သူ့ပုံရိပ်ကို ထိန်းသိမ်းထားခဲ့သည်။ သူသည် အများရှေ့တွင် ဂရုတစိုက်ဖြင့်သာ စကားပြောဆိုခဲ့သည်။


"ယာ့ကော"


ကျန်းယာ့ကောသည် လီရှစ်ကျီအား ကြည်လင်သောမျက်ဝန်းလေးများဖြင့် ကြည့်လိုက်သည်။ သူမ၏မျက်ဝန်းများသည် သူမအသွင်အပြင်အားလုံးထဲမှာ အကောင်းဆုံးဖြစ်သည်။ သူတို့ဟာ စကားပြောနိုင်နေသလိုပဲ။ သူမ၏အကြည့်ဟာ အချစ်ဇာတ်လမ်းတစ်ပုဒ်နှင့် အရူးအမူးစွဲလမ်းနေမှုကို အရိပ်အမြွက်ပြော‌ကြားနေခဲ့သလိုပင်။ သူမ၏မျက်ဝန်းများသည် သူမကို သာမာန်ကြည့်ကောင်းသည့် မိန်းကလေးကနေ မိန်းမလှတစ်ဦးအဖြစ်သို့ ပြောင်းသွားစေခဲ့သည်။


လီရှစ်ကျီသည် သူမကို ပြောလိုက်သည်။ "ငါ စိတ်မကောင်းပါဘူး။ ကိုယ့်အမေ သူ့မလက်ကောက်ကို ဘယ်နေရာမှာထားမှန်း ကိုယ် ရှာကြည့်ခဲ့ပေမယ့် ရှာမတွေ့ခဲ့ဘူး။"


လီရှစ်ကျီသည် တစ်နေ့၌ ကျန်းယာ့ကောငိုနေသည်ကိုတွေ့ရှိခဲ့၍ သူမကို မေးကြည့်ခဲ့ရာ သူမ၏လက်ကောက် ပျောက်ဆုံးသွားလို့ ဝမ်းနည်းနေတာ ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုလက်ကောက်သည် သူမတွင် ယခင်ကတည်းက ရှိခဲ့တာ မဟုတ်ပေမယ့် သူမမိဘဖြစ်သူများ၏ သူငယ်ချင်းကောင်းက စေ့စပ်လက်ဆောင်အဖြစ် ပေးခဲ့ခြင်း ဖြစ်သည်။ ကလေးနှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် မနှစ်သက်ခဲ့ဘူးဆိုရင် သူတို့ပေးထားခဲ့သော စေ့စပ်လက်ဆောင်အသီးသီးကို ပြန်ပေးပြီး စေ့စပ်ထားတာကို ဖျက်သိမ်းရမှာဖြစ်သည်။


ကျန်းယာ့ကော၏မျက်ဝန်းထဲက မျှော်လင့်ချက်မီးတောက်ငယ်လေးများ သေဆုံးသွားခဲ့သည်။ "ကျွန်မမှာ သူ့အတွက် ခံစားချက်လုံးဝမရှိဘူး။ သူ့ကို လက်မထပ်ချင်ဘူး။ ဒါပေမယ့် ကျွန်မ သူတို့ကို လက်ကောက်ကိုပြန်မပေးနိုင်ခဲ့ရင်..."


လီရှစ်ကျီသည် သူမကို ပြောလိုက်သည်။ "စိတ်မပူပါနဲ့။ ကိုယ် အဲ့လက်ကောက်နဲ့တူတဲ့ လက်ကောက်တစ်ကွင်းကို ရှာတွေ့ပြီး ဝယ်ပေးနိုင်မှာပါ။ ဒါက ပြဿနာတစ်ခုတော့ မဟုတ်ဘူး။ ပိုက်ဆံသာရှိရင် ပစ္စည်းတစ်ခုကို ဝယ်မရနိုင်တာမျိုးမရှိဘူး။"


ကျန်းယာ့ကော၏မျက်လုံးများသည် အနည်းငယ်နီရဲနေခဲ့သည်။ "မဟုတ်ဘူး။ အမေ့ဆီမှာကလွဲရင် ဘယ်နေရာမှာမှ အဲ့လိုလက်ကောက်မျိုးကို မတွေ့ဖူးဘူး။ လက်ကောက်ရဲ့အလယ်မှာ အစိမ်းရောင်အစိတ်အပိုင်းလိုပုံစံမျိုးလေးရှိပြီးတော့ တောင်တန်းတစ်ခုလိုအသွင်နှင့်တူတယ်လေ။"


လီရှစ်ကျီသည် ကျန်းယာ့ကောက သူ့အမေ၏လက်ကောက်အား သိနေခဲ့တာကို ထူးဆန်းသည်ဟု မထင်ခဲ့ပါ။ အရင်တုန်းက သူ့အမေ ထိုလက်ကောက်ကိုဝတ်ဆင်ခဲ့တာကို မြင်ခဲ့ဖူးတာပဲ ဖြစ်ရမည်။ သူသည် သူမ စိတ်မပူအောင် အားပေးစကားပြောခဲ့သည်။ "စိတ်မပူပါနဲ့။ ငါ့အမေဆီမှာရှိရင် ငါ မင်းကို ပေးဖို့ တွန်းအားပေးပေးမယ်။ ဒီလိုစေ့စပ်ထားတာမျိုးက အခုခေတ်အချိန်အခါမှာ သိပ်အရေးမကြီးတော့ပါဘူး။" လီရှစ်ကျီသည် သူ့မိခင်၏လက်ကောက်ကို ရယူဖို့ဟာ ကြီးမားတဲ့သဘောတူညီမှုတစ်ခုလို့ မခံစားရပေ။ သူ့မိဘများပိုင်ဆိုင်သည့်အရာများသည် သူပိုင်ဆိုင်သည့်အရာများအဖြစ် အနှေးနှင့်အမြန်ဖြစ်လာမှာပဲဖြစ်သည်။ သူအလိုရှိရာအားလုံး အလျင်အမြန်ဖြစ်လာလိမ့်မည်။


သူသည် ယာ့‌ကောက အခြားတစ်ယောက်ကို လက်ထပ်တာကို မမြင်ချင်ပေ။ သူ့အမေကို သူမလက်ကောက်အကြောင်းကို မေးတဲ့အခါမှာ ကျန်းယာ့ကောနှင့် သူ ဘာမှမပတ်သက်တဲ့အကြောင်းကို သေချာအောင်လုပ်ဖို့လိုသည်။ သုသည် သူ့မိခင်က ယာ့ကောနဲ့ပတ်သက်တဲ့အကြောင်းကိုသိလျှင် ထိုလက်ကောက်ကို တစ်ခုခုလုပ်ပြစ်လိုက်မှာကို သူစိုးရိမ်မိခဲ့သည်။


ကျန်းယာ့ကောသည် ‌သူပြောလိုက်သည့်စကားတွေ ကြားပြီးတဲ့နောက်မှာ ပြုံးသွားခဲ့သည်။ "ကျေးဇူးတင်ပါတယ်။ ကျွန်မအနားမှာ ရှင်ရှိတဲ့အတွက် အရမ်းဝမ်းသာတာပဲ။"


လီရှစ်ကျီ၏နှုတ်ခမ်းများသည် အပြုံးတစ်ပွင့်ဖြစ်ပေါ်လာပြီး သူ့အသွင်အပြင်ဟာ နူးညံ့သိမ်မွေ့လာခဲ့သည်။ တစ်ခါတစ်ရံမှာ သူပြုံးလိုက်တဲ့အခါ ရေခဲများအရည်ပျော်ကျသွားသလို အပြုံးမျိုးနဲ့ဆင်တူတယ်။ ကျန်းယာ့ကောသည် ထိုအပြုံးအောက်တွင် ဆွဲဆောင်ခံလိုက်ရသည်။ သူမ၏ပါးပြင်များဟာ ပန်သွေးရောင်ထသွားပြီးတော့ သူမသည် သူ့ကိုကြည့်နေပုံမှာ ယုံကြည်မှုနှင့် ပျော်ရွှင်မှုတွေ ပြည့်နေခဲ့သည်။