အခန်း ၃၉
Viewers 25k

အခန်း (၃၉)- ရှင် ကျွန်မတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးကို အဲ့လိုသတ်မှတ်ထားတာ ကျွန်မ မယုံနိုင်ဘူး 


ဖန့်ကျွင်းရုံသည် ကုမ္ပဏီစီးပွားရေးတွင် ပါဝင်လေ့မရှိသော်လည်း ရံဖန်ရံခါမှာတော့ သူမသည် လီဝမ့်ကျင်းကို ဖိတ်ကြားသည့် အချို့စားသောက်ပွဲများတွင် အတူတက်ရောက်ပေးလေ့ရှိသည်။ အတိတ်ဘဝတွင် သူမသည် လုပ်ငန်းသဘော သွားရောက်ခဲ့ပြီး ထိုစားသောက်ပွဲများတွင် ကုမ္ပဏီအကျိုးအမြတ်ရရှိစေမည့် ကန်ထရိုက်စာချုပ်အနည်းငယ်ကို ချုပ်ဆိုပေးနိုင်ခြင်းရှိခဲ့သည်။ ဒါပေမယ့် ယခုအချိန်မှာတော့...


သူမသည် လီဝမ့်ကျင်းလူများသာ လွှဲပြောင်းရယူထားသော ကုမ္ပဏီကို စိတ်ဝင်စားခြင်းမရှိတော့ပေ။ သူမ ကွာရှင်းပြီးနောက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း မစတင်ရသေးသည့်ကာလပတ်လုံး ထိုစီးပွားရေးလုပ်ငန်းထဲဝင်ပါရန် လုံးဝဂရုမစိုက်တော့ပေ။ ယခင်ကဲ့သို့သော အဖြစ်အပျက်မျိုးကို ထပ်မံမပြုလုပ်တော့ပဲ သူမသည် စားသောက်ပွဲတွင် ဝိုင်ခွက်လေးကိုင်ပြီး သက်တောင့်သက်သာနေကာ တစ်ခါတစ်ရံ စကားဝင်ပြောခြင်းမှအပ ဘာမှမလုပ်ပေ။


အတိတ်ကာလတုန်းက လီဝမ်ကျင်းသည် သူ့ဇနီးသည်ဟာ ကုမ္ပဏီစီးပွားရေးတွင် အမြဲဝင်ရောက်စွက်ဖက်ကူညီတတ်ပေမယ့် အ‌ရေးမစိုက်ခဲ့ပေ။ ယခုမူကား သူမသည် အိမ်ထောင်ရှင်မတစ်ဦးလိုသာ နေလိမ့်မည်။ ဒါပေမယ့် အခုတော့ လုံးဝသက်တောင့်သက်သာပဲနေနေတာကို သူတွေ့လိုက်ရ‌တော့ သူ့ကို အနည်းငယ် မကျေမနပ်ဖြစ်စေသည်။


ယခုနှစ်အတွင်း မူဝါဒအသစ်အချို့ကို ထုတ်ပြန်ခဲ့ရာ ကုမ္ပဏီဟာ အခြားသူများကို လိုက်မှီရန် အခက်အခဲရှိခဲ့သည်။ ဒီသုံးလပတ်အတွင်းမှာ ကုမ္ပဏီက အနည်းငယ် ဆုတ်ယုတ်မှုတွေရှိခဲ့တယ်။ သြဇာအာဏာရှိတဲ့ ဒုတိယမျိုးဆက်သူဌေးတွေလည်း ဒီပွဲကို တက်ရောက်လာခဲ့ကြတယ်။ ဖန့်ကျွင်းရုံနဲ့ အထက်တန်းအတူတက်ခဲ့ဖူးပြီး ကောင်းမွန်သောဆက်ဆံရေးရှိတဲ့သူများလည်း ပါဝင်ကြသည်။ ဖန့်ကျွင်းရုံသည် သူမ၏သူငယ်ချင်းဟောင်းများထံမှ သတင်းအချက်အလက်အချို့ ရရှိနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သောကြောင့် သူသည် သူမကို သူနှင့်အတူခေါ်လာခဲ့ခြင်းဖြစ်သည်။


သူသည် အခြားသူဌေးအချို့နှင့် စကားစမြည်ပြောဆိုခဲ့ပြီး နောက်ဆုံးတွင် သူဟာ မနေနိုင်တော့ပဲ ဖန့်ကျွင်းရုံထံသို့ လမ်းလျှောက်လာခဲ့လေသည်။ သူဟာ နူးညံ့သိမ်မွေ့သောအပြုံးတစ်ပွင့်ကို တင်ထားခဲ့တယ်။ သူက သူမကို လန့်စေမှာစိုးရိမ်သည့်အလျား သူ့အသံဟာ သိမ်မွေ့တိုးညင်းစွာ ဆိုလိုက်လေသည်။ “ကျွင်းရုံ ကိုယ် မင်းသူငယ်ချင်းဟောင်းစုံတွဲတစ်တွဲကို တွေ့လိုက်တယ်။ မင်း သူတို့နဲ့ စကားသွားမပြောချင်ဘူးလား။”


ဖန့်ကျွင်းရုံသည် သူညွှန်ပြသည့်လမ်းကြောင်းအတိုင်းကို ကြည့်လိုက်သည်။ လူအုပ်စုလိုက်တစ်ခု၏ပတ်ဝန်းကျင်၌ သူမ၏အထက်တန်းကျောင်းတုန်းကသူငယ်ချင်း ဟဲကျန့်ပင်းကို တွေ့လိုက်ရသည်။ ဟဲကျန့်ပင်းသည် City S၏ငွေကြေးချမ်းသာသော ထိပ်တန်းမိသားစုဝင်တစ်ဦးဖြစ်သည်။ သူမမိသားစုသည် ဆယ်စုနှစ်များစွာကနေ ယခုလက်ရှိထိတိုင်အောင် အောင်မြင်ကျော်ကြားထင်ရှားလေသည်။ ထို့အပြင် သူမမိသားစုသည် မြို့တော်ရှိထိပ်တန်းအာဏာရှိလူပုဂ္ဂိုလ်များနှင့် ရင်းနှီးသည့်ဆက်ဆံရေးမျိုးရှိပြီး မကြာခဏ စီးပွားရေးသတင်းဦးများရတတ်သည်။


ဖန့်ကျွင်းရုံသည် ဟဲကျန့်ပင်းနှင့် တော်တော်လေးရင်းနှီးတဲ့ ဆက်ဆံရေးမျိုး ရှိခဲ့သည်။ သူတို့က သူမနှင့် ရှုဝေဝေကဲ့သို့ မနီးစပ်သော်လည်း တော်တော်လေးတော့ ရင်းနှီးနေဆဲပင်။ လီကုမ္ပဏီသည် ဤမျှလောက် ကြီးထွားအောင်မြင်လာရသည့်အကြောင်းရင်း၏ အဓိကအစိတ်အပိုင်းမှာ ဖန့်ကျွင်းရုံ၏လူမှုရေးကွန်ယက်ကြောင့် ဖြစ်သည်။


သူမသည် City Sရှိ ဟိုယခင်ကတည်းက အောင်မြင်ကျော်ကြားလာခဲ့သော ဟဲအိမ်တော်အကြောင်းကို ပြန်တွေးကြည့်သောအခါ ဟဲကျန့်ပင်း၏တူမ ဟဲရှုဟွာသည် မြေအောက်လောကမင်းသား ဝမ်ရှောင်းအပေါ် ချစ်မိသွားခဲ့ရာမှ ဟဲအိမ်တော်သည် စီးပွားပျက်သွားခဲ့လေသည်။ သူမသည် ဘယ်လိုပင်လုပ်ရပါစေ ဝမ်ရှောင်းနှင့် စေ့စပ်ထားချင်ခဲ့သည်။ ကျန်းယာ့ကောကို သူမ သတိပြုလိုက်မိသည်နှင့်တပြိုက်နက် သူမကို စတင်ပစ်မှတ်ထားခဲ့သည်။ ကျန်းယာ့ကောကို အရူးအမူးစွဲလမ်းနေသော ဝမ်ရှောင်းသည် ကျန်းယာ့ကောကို ကျောထောက်နောက်ခံပြုပေးကာ ဟဲအိမ်တော်ကို စတင်တိုက်ခိုက်တော့သည်။ နောက်ဆုံးတွင် သူသည် ဟဲမိသားစုဝင်များစွာကို ထောင်ထဲသို့ အရောက်ပို့ခဲ့သည်။ ထို့နောက် သူသည် ဟဲအိမ်တော်ပိုင်ဆိုင်သည့်အရာများကို သိမ်းပိုက်ခဲ့ပြီးတော့ City S၏ထိပ်တန်းခွေး(အချမ်းသာဆုံး) ဖြစ်လာခဲ့သည်။


နောက်တဖန် ဒီအချစ်ဇာတ်လမ်းဟာ ဦးနှောက်ကို အလွန်တရာဆိုးရွားစေနိုင်တယ်။ အထူးသဖြင့် ဟဲကျန့်ပင်းရဲ့တူမအတွက်ဆိုရင်ပေါ့။ သူမဟာ ဝမ်ရှောင်း၏နှစ်သက်မှုကိုရရှိစေရန်အတွက် သူမမိသားစု၏ လျှို့ဝှက်ချက်အချို့ကိုတောင် ခိုးယူခဲ့ပြီး သူ့အား လွှဲပြောင်းပေးခဲ့သည်။ သူမသည် ဟဲအိမ်တော်ကို ပျက်စီးသွားစေသည့်အခန်းကဏ္ဍတွင် အရေးကြီးဆုံးနေရာမှာ ပါဝင်ခဲ့လေသည်။


ဝမ်ရှောင်းအတွက်ကတော့ ဖန့်ကျွင်းရုံသည် သူ့ကို အူထဲအသည်းထိအောင် မုန်းလေသည်။ သူသည် သူမသမီးဖြစ်သူသေဆုံးခြင်း၏ အဓိကလက်သည်တရားခံဖြစ်ရုံသာမက အလွန်နှလုံးသားကင်းမဲ့ပြီး ရက်စက်သောလူတစ်ဦးပင်ဖြစ်သည်။ သူသည် ကိုယ်ကျင့်တရားနှင့် ဥပဒေများကို လေးစားလိုက်နာမှုမရှိပဲ သူ နှစ်သက်ရာကိုသာ လုပ်ဆောင်တတ်သည်။ ကျန်းယာ့ကောကို မနှစ်သက်သော ဘယ်သူ့ကိုမဆို ပစ်မှတ်ထားရန်အတွက် သူဟာ တွန့်ဆုတ်လိမ့်မည်မဟုတ်။ သူသည် မိသားစုပေါင်းများစွာကိုလည်း ဖျက်ဆီးခဲ့လေသည်။