အခန်း ၄၁
Viewers 25k

အခန်း (၄၁) – ရှင် ကျွန်မတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးကို အဲ့လိုသတ်မှတ်ထားတာ ကျွန်မ မယုံနိုင်ဘူး (၃)


စုမိန်၏အပြုံးတွင် နက်ရှိုင်းသောအဓိပ္ပာယ်များ ပါရှိနေ‌သည်။ “ပြီးခဲ့တဲ့ရက်အနည်းငယ်က သူဌေးလီကို အခြားမိခင်နှင့်သမီးအတွဲလိုက်နဲ့ အတော်လေး ရင်းရင်းနှီးနှီး တွေ့လိုက်ရတယ်။ သူတို့ကိုကြည့်ရတာ သားအမိ သားအဖသုံးယောက်ရှိတဲ့ မိသားစုဝင်သုံးယောက်နဲ့တူတယ်။” စုမိန်သည် ကျန်းယာ့ကောနှင့် ဝမ်စစ်ရှန်းတို့အကြား ဆွေမျိုးတော်စပ်မှုကို မသိခဲ့ပေ။ သူတို့ဟာ တစ်ဦးနှင့် တစ်ဦး ရုပ်ချင်းဆင်တဲ့အတွက် သားအမိဖြစ်တယ်လို့ ထင်ခဲ့တယ်။ သူမသည် ငယ်ရွယ်သောမိန်းမပျိုကို လီဝမ့်ကျင်းအပြင်မှာ ဖောက်ပြန်၍မွေးထားသော သမီးဖြစ်တယ်လို့ ယူဆထားလေသည်။ သူမသည် ထိုအကြောင်းကို တွေးမိလိုက်တော့ သူမစိတ်ခံစားချက်ဟာ နေလို့ပိုကောင်းလာတယ်။ သူမခင်ပွန်းက သူ့ချစ်သူများကို ပေါ်တင်တွဲ၍ ချစ်မြတ်နိုးပြပေမယ့် အနည်းဆုံးတော့ သူ့မှာ တရားမဝင်ကလေးများ မရှိခဲ့ပါ။


ဖန့်ကျွင်းရုံသည် လီဝမ့်ကျင်းကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။


လီဝမ့်ကျင်းက အရမ်းအေးဆေးနေခဲ့တယ်။ သူက ဒီအချိန်အခိုက်အတန့်ကို ဖြေရှင်းဖို့ ပြင်ဆင်ထားခဲ့သည်။ သူကပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ “မဟုတ်ဘူး။ အဲ့တာက ယာ့ကောနဲ့ သူမအဒေါ်ပါ။ သူမအဒေါ်က ဒီကိုပြန်ရောက်လာခဲ့တယ်လေ။ ယာ့ကောက ခုတစ်လောက စိတ်အခြေအနေသိပ်မကောင်းတာကို မြင်ရတော့ ကိုယ် သူမကို စိတ်ပြေလက်ပျောက် သူမအဒေါ်ဆီ လိုက်ပို့ပေးတာ။ ကိုယ် မင်းကို အရင်တကည်းက အဲ့အကြောင်းကို ပြောထားပြီးသားလေ။”


ဖန့်ကျွင်းရုံသည် ထိုအကြောင်းကို သတိရသွားပုံဖြင့် ပြောလိုက်သည်။ “အိုး... အဲ့တာလား။ ဟုတ်တယ်... ကျွန်မ အဲ့အကြောင်းကို မေ့နေတာပဲ”


သူမသည် စုမိန်ကိုလှည့်ကြည့်လိုက်ပြီးတော့ ပြောလိုက်သည်။ “အိုး... စုမိန် နင် ဒီလိုအကြောင်းတွေကို မပြောခင် အရင်စုံစမ်းစစ်ဆေးသင့်တယ်။ နင် ကြားသမျှကို မယုံနဲ့။ နင်ပြောတဲ့သူတွေက ငါတို့ရဲ့မွေးစားသမီးနဲ့ သူမအဒေါ်ပဲ။  ငါတို့နှစ်ပေါင်းများစွာ ခင်မင်လာခဲ့ကြပြီး တစ်ယောက်အကြောင်း တစ်ယောက်သိကြတယ်လေ။ ငါ နင်ပြောချင်တဲ့ အဓိပ္ပာယ်ကို နားလည်လို့သာပဲ။ ဒါပေမယ့် ငါ့ နင့်အကြောင်းကို သေချာမသိရင် နင် ရည်ရွယ်ချက်ရှိရှိနဲ့ မဟုတ်သတင်းဖွတယ်လို့ ငါ တွေးမိမှာ”


လီဝမ့်ကျင်းသည် သူနှင့် သူ့ဇနီးအကြား သွေးထိုးလှုံဆော်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့ပြီး သူ့နောက်ကွယ်ဇာတ်လမ်းကို ဖော်ထုတ်လုနီးပါး အခြေအနေကိုရောက်ရှိစေခဲ့သည့် စုမိန်ကို မုန်းတီးလေသည်။ သူက ထိုအဖြစ်အပျက်ကို ဂရုစိုက်နိုင်သေးပဲ သူရဲ့နူးညံ့နွေးထွေးတဲ့ပုံရိပ်ကို ပုံမှန်အတိုင်း ထိန်းသိမ်းထားသည်။ သူသည် သူမကို အေးစက်စွာ ပြောလိုက်သည်။ “မင်းမှာ အချိန်တွေ အရမ်းပေါနေရင် မင်းရဲ့ယောကျာ်းအပေါ်မှာ သုံးသင့်တယ်။ အမြဲတမ်း သွေးထိုးလှုံဆော်နေဖို့ပဲ လုပ်မနေနဲ့။ ဒါကြောင့် သူဌေးစုက မင်းအနားနေရတာ မကြိုက်တာ နေမယ်။”


ရှေးဆိုရိုးစကားတွေအရ ငြင်းခုံစကားပြောဆိုနေစဉ်အတွင်း တစ်စုံတစ်ယောက်၏ အနာကျင်ဆုံးသောအရာကို ဘယ်တော့မှ မထိသင့်ပါ။ လီဝမ့်ကျင်းသည် စုမိန်အား ထိုစကားထက် ပိုမိုဆိုးရွားသော စကားတစ်ခွန်းမှ ထပ်ပြောစရာပင် မလိုတော့ပေ။ သူမသည် ဖန်ခွက်ထဲရှိဝိုင်များကို ဒေါသထွက်ပြီး ပက်မိတော့မလို ဖြစ်သွားခဲ့သည်။ သူမသွားကိုကြိတ်လိုက်သည်မှာ အသံကျယ်လောင်စွာ ကြားလိုက်ရသည်။ ထိုအချိန်တွင် လီဝမ့်ကျင်းသည် စုမိန်၏နံပါတ်တစ်အမုန်းဆုံးလူသားနေရာတွင် ဖန့်ကျွင်းရုံအစား အောင်မြင်စွာ အစားထိုးနိုင်ခဲ့လေသည်။


ထိုအချိန်တွင် စုမိန်က လီဝမ့်ကျင်းကို နှစ်ဆယ့်လေးနာရီ တစ်ပတ်လုံး အချိန်ပြည့် စောင့်ကြည့်ရန် တစ်စုံတစ်ယောက်ကို ငှားရမ်းပေလိမ့်မည်။ သူမမှာ ဒီပြဿနာအတွက် သက်သေအထောက်အထား အတိအကျရှိတဲ့အခါကျရင် သူ ဘယ်လိုပြောမယ်ဆိုတာကို ကြည့်ချင်တယ်။


ဖန့်ကျွင်းရုံသည် လီဝမ့်ကျင်းက သွားရင်းလာရင်းဖြင့် စုမိန်၏မုန်းတီးမှုအဆင့်ကို မြှင့်တင်လိုက်မိမယ်ဆိုတာကို မမျှော်လင့်ထားပေ။ သူမသည် အလွန် အံ့အားသင့်နေခဲ့သည်။ စုမိန်သည် အနာဂတ်တွင် လီဝမ့်ကျင်း၏ အတင်းအဖျင်းများကို ဖြန့်ဝေရာတွင် နံပါတ်တစ်အ‌ထောက်အကူဖြစ်လာလိမ့်မည်ဟု ယူဆရသည်။ သူမ၏သွေးထိုးလှုံ‌ဆော်မှုဟာ အချည်းနှီးတော့ မဟုတ်ခဲ့ပေ။


ထို့ကြောင့် ဖန်ကျွင်းရုံသည် စားသောက်ပွဲတက်ရောက်ရသည့် ကျန်ရှိနေသောအချိန်များတွင် စိတ်အ‌ခြေအနေ ကောင်းမွန်နေခဲ့သည်။


စားသောက်ပွဲပြီးသွားသောအခါ လီဝမ့်ကျင်းသည် ဖန့်ကျွင်းရုံနှင့်အတူ ပြန်လာခဲ့သည်။


သူတို့အိမ်ကိုပြန်ရောက်ပြီးနောက် လီဝမ့်ကျင်းသည် မေးခွန်းအနည်းငယ်ကို ဂရုတစိုက် မေးခဲ့သည်။ “မင်းနဲ့ ဟဲကျန့်ပင်း ဘာအကြောင်းတွေ ပြောဖြစ်ခဲ့လဲ။ သူမ မင်းကို အတွင်းသတင်းတချို့ ပေးခဲ့သေးလား။”


ဖန့်ကျွင်းရုံသည် သူမအပြုံးတစ်ချို့ကို သိမ်းဆည်းလိုက်ကာ ခပ်တည်တည် ပြန်ဖြေလိုက်သည်။ “မပေးခဲ့ဘူး။ ကျွန်မတို့ ဒီနှစ်အတွင်းက ဖက်ရှင်ရှိုးတွေအကြောင်း စကားစမြည်ပြောခဲ့ကြရုံပါပဲ။”


လီဝမ့်ကျင်း၏မျက်နှာသည် လုံးဝမကောင်းတော့ပေ။ “မင်းတို့နှစ်ယောက်က သူငယ်ချင်းကောင်းတွေလို့ ကိုယ်ထင်ထားတာ။ သူမက မင်းကို သတင်းတချို့ မပေးဘူးလား။”


ဖန့်ကျွင်းရုံသည် ဟမ့်ဟု လည်ချောင်းရှင်းကာ ပြောလိုက်သည်။ “သေချာတာပေါ့။ ကျွန်မတို့က သူငယ်ချင်းကောင်းတွေဖြစ်တာကြောင့် သူမ မဝေမျှချင်ရင် ကျွန်မကလည်း နှိုက်နှိုက်ချွတ်ချွတ် မေးမှာ မဟုတ်ဘူး။ သူမက အသုံးဝင်တာကြောင့် မဟုတ်ပဲ ကျွန်မတို့ တစ်ဦးနဲ့တစ်ဦး ကောင်းကြတဲ့အတွက် သူငယ်ချင်းကောင်းတွေ ဖြစ်နေကြတာလေ။” 


သူမသည် လီဝမ့်ကျင်းကို အလွန်စိတ်ပျက်သောအကြည့်ဖြင့် ကြည့်လိုက်သည်။ “ဒီမှာ ကျွန်မက ရှင် ကျွန်မသူငယ်ချင်းနဲ့ ကျွန်မအကြား ဖြူစင်သန့်ရှင်းတဲ့ဆက်ဆံရေးကို နားလည်သဘောပေါက်တယ်လို့ ထင်ခဲ့မိတာ။ ရှင် ကျွန်မတို့ကို ဘယ်လိုရှုမြင်တယ်ဆိုတာကို မယုံနိုင်ဘူး။ ရှင် ကျွန်မကို အရမ်းစိတ်ပျက်စေမိတာပဲ။” 


အတိတ်တုန်းက ကျန်းယာ့ကောက သူမနဲ့ သူတို့(ဇာတ်လိုက်မရဲ့ယော်ကျားလေးသူငယ်ချင်းများကို ဆိုလိုသည်)အကြား ရင်းနှီးတဲ့ ဆက်ဆံ‌ရေးကို အမြဲတမ်း ပြောဆိုခဲ့ဖူးပြီး သူတို့(လီသားအဖ)က သူမကို အပြစ်မတင်ခဲ့ဖူးပေ။ သူမက သန့်ရှင်းပြီးကြင်နာတယ်လို့ပင် လူအများက ချီးကျူးခဲ့ကြသည်။


ကျန်းယာ့ကော၏ ထိုကဲ့သို့သော ရွံ့ရှာဖွယ်ကောင်းသော စကားလုံးများသည် လီဝမ့်ကျင်းကို မဆန့်ကျင်နိုင်စေသော စကားများဖြစ်ကြောင်းကို ဖန့်ကျွင်းရုံကို နားလည်လာစေသည်။


လီဝမ့်ကျင်းသည် ချက်ချင်းပင် ဆွံအသွားတော့သည်။